(Part 1, 2, 3 ကို မဖတ်ရသေးဘဲ ဒီစာကိုမဖတ်သင့်ပါ) Copenhagen Interpretation က Superposition ဖြစ်နေတဲ့ Electron တစ်ခု Wave Function Collapse ဖြစ်သွားရင် ဖြစ်တန်စွမ်းတွေထဲကတစ်ခုခုမှာ Electron ရောက်သွားတယ်လို့ဆိုတယ်။(ကြောင်ကလေး သေတယ်၊ ရှင်တယ်ဆိုပြီး ဖြစ်တန်စွမ်း ၂မျိုးပဲရှိတဲ့အထဲက ၁မျိုးမျိုးဖြစ်သွားခြင်းကို ဆိုလိုချင်တာပါ) Many Worlds Theory ကတော့ အဲ့ဒီလိုမယူဆဘူး။“Anything that can happen does happen” လို့ဆိုပါတယ်။တိုင်းတာလိုက်ခြင်းကြောင့် ကြောင်လေး သေတာရော၊ ရှင်တာရော ၂မျိုးလုံးဖြစ်သွားတယ်လို့ဆိုလိုချင်တာဖြစ်တယ်။ သေတဲ့ကြောင်ရော၊ ရှင်တဲ့ကြောင်ရောကို လေ့လာသူက မြင်တွေ့ရမယ်လို့ဆိုလိုခြင်းမဟုတ်ပါ။ ကြောင် ၂ကောင်ဖြစ်သွားမှာလည်းမဟုတ်ပါ။မြင်အောင်ပြောရရင် ကမ္ဘာနှစ်လုံးကွဲသွားတာကို ဆိုလိုပါတယ်။ (ထပ်ရှင်းအောင်ပြောရရင် စကြဝဠာကြီးနှစ်ခုဖြစ်သွားတာပါ)Earth No. 1 မှာကြောင်လေးသေပြီးContinue reading “Many Worlds Theory (Quantum Mechanics Part 4)”
Tag Archives: သိပ္ပံဆိုင်ရာ ဗဟုသုတ
အချိန်ခရီးသွားသော Electron (Quantum Mechanics Part 3)
(Part 1 နဲ့ Part 2 ကိုမဖတ်ဘဲ ခုရေးမယ့်စာကိုကျော်မဖတ်သင့်ပါ) Double Slit Experiment မှာ Detector တစ်ခုကို ကတ်ထူပြားပေါ်မှာထားခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။အဲ့ဒီအတွက်ကြောင့် စောင့်ကြည့်ခံရတဲ့ Electron က အပြုအမူပြောင်းလဲသွားပါတယ်။ ဉာဏ်ကြီးရှင်တွေက ဘယ်လိုထပ်စဉ်းစားလဲဆို Detector ကို ကတ်ထူပြားအနောက်နားမှာ ထားလိုက်ရင်ရောဆိုပြီး တွေးလာကြတယ်။အဲ့ဒီလိုဆိုရင် Electron ကလည်း သူ့ကိုစောင့်ကြည့်နေတဲ့ Detector မရှိဘူးအထင်နဲ့ Wave အဖြစ် ကတ်ထူပြားပေါ်က အပေါက် ၂ပေါက်ကနေဝင်လာမှာပဲ။ကတ်ထူပြားကနေ Wave အဖြစ်နဲ့ကျော်လာပြီး တိတ်တိတ်လေးပုန်းနေတဲ့ Detector နားရောက်မှ စောင့်ကြည့်ခံနေရပြီဆိုတာ သိသွားလိမ့်မယ်။ (နားလည်လွယ်အောင်ပြောနေခြင်းဖြစ်တယ်၊ Electron မှာအသိရှိတယ်လို့ပြောလိုခြင်းမဟုတ်ပါ)ဒီလိုဆို Electron Superposition ဖြစ်နေတာ မြင်ရပြီပေါ့။မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ကြပါဘူး။Detector ဖွင့်ထားတာကို မြင်တာနဲ့ Electron ရဲ့ WaveContinue reading “အချိန်ခရီးသွားသော Electron (Quantum Mechanics Part 3)”
Dimension များကို နားလည်ကြည့်ခြင်း
2D, 3D, 4D ဆိုပြီးကြားဖူးနားဝရှိကြတော့ Dimension ဆိုတာ ကျွန်တော်တို့တွေနဲ့ အရမ်းမစိမ်းကားကြဘူးလို့ထင်ပါတယ်။သိပ္ပံဇာတ်လမ်းတွေ၊ Science Documentary တွေထဲမှာ Dimension ဆိုပြီး ပြောကြဆိုကြတာ ကြားဖူးကြမှာပါ။ဒါဆို Dimension ဆိုတာဘာလဲ။အရွယ်အစား၊ ထုထည်ပမာဏဆိုတာမျိုး အကြမ်းအားဖြင့်ပြောနိုင်ပါတယ်။ မြင်အောင်ပြောရရင် အမှတ်စက် တစ်ခုကို Zero Dimension လို့သတ်မှတ်ကြတယ်။ ဘယ်အရပ်ကိုမှ မရွေ့နေ မညွှန်ပြနေလို့ဖြစ်တယ်။ မျဉ်းတစ်ကြောင်းကို One Dimension လို့သတ်မှတ်တယ်။ သူ့မှာအနက် (Depth) မရှိဘူး။ဒါဆို Two Dimensions ကိုသိနိုင်ကြမယ်ထင်ပါတယ်။ စာရွက်ပေါ်မှာ ဆွဲလိုက်တဲ့ ထောင့်မှန်စတုဂံတစ်ခုကို မြင်ကြည့်ပါ။ Three Dimensions မှာတော့ အလျား၊ အနံ၊ အမြင့် ၃ခုလုံး ရှိနေပါပြီ။ မြင်တွေ့ရသမျှ လောကကြီးက 3D ပါပဲ။(ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာContinue reading “Dimension များကို နားလည်ကြည့်ခြင်း”
တနေ့စာအလွဲများနဲ့ Murphy Law မိတ်ဆက်
ဆူပါမားကတ်တစ်ခုမှာ ငွေရှင်းဖို့တန်းစီတဲ့ အခါ သင်ရွေးလိုက်မိတဲ့ကောင်တာက ဘာလို့အမြဲလိုလိုနှေးနေရတာပါလဲ။ ဘာလို့ အိမ်သာတက်တဲ့အချိန် ရေချိုးခန်းဝင်တဲ့အချိန်မှ တယ်လီဖုန်းတွေ ခဏခဏလာရတာပါလဲ။ မီးပွိုင့်တွေက ကိုယ်အလျင်လိုအရေးကြီးပြီဆို မီးနီပဲပြလေ့ရှိတာလဲ? ကားပိတ်နေတဲ့အခါ ကိုယ့်လမ်းကြောကပဲ အမြဲနှေးပြီး ဘေးကလမ်းကြောက ကားတွေကျော်တက်ကြကုန်တာပါလဲ။ အရေးပေါ် တခုခုလိုအပ်လာပြီဆို ရှာနေတဲ့ပစ္စည်းက အမြဲပျောက်နေပြီး ရှာမတွေ့တာမျိုး ကြုံဖူးပါသလား။ ထီးမပါတဲ့နေ့တွေ မိုးရွာပြီး ထီးပါတဲ့နေ့ဆို မိုးမရွာတဲ့အပြင် ယူလာတဲ့ ထီးပါ တနေရာရာမှာ မေ့ကျန်ခဲ့တာမျိုးရော ကြုံဖူးပါသလား။ ဒါတွေက ကံဆိုးမှုသက်သက်လား?တိုက်ဆိုင်မှုများလား ဒါမှမဟုတ် အကြောင်းပြချက်တခုရှိနေမလား? အပေါ်ကအကြောင်းရာတွေထဲက သင်တခုခုကြုံဖူးပါက Congratulations ပါ။သင့်လိုပဲ လူတိုင်းအဲ့လိုကြုံဖူးပါတယ်။သင်တစ်ယောက်ထဲကွက်ပြီး ကံဆိုးနေတာမဟုတ်ပါဘူး။သင်ကလဲ ကံဆိုးတတ်တဲ့လူအများထဲက လူတစ်ယောက်ပါပဲ။ ဒီဖြစ်ရပ်အများစုကို နိယာမတစ်ခုက ရှင်းပြခဲ့ပါတယ်။ဒါကို Murphy ဆိုတဲ့ ပုဂ္ဂိုလ်ကစတင်ထောက်ပြခဲ့လို့Murphy’s Law လို့ လူသိများကြပါတယ်။ MurphyContinue reading “တနေ့စာအလွဲများနဲ့ Murphy Law မိတ်ဆက်”