လူတွေအတွက် အကျိုးရှိစေသော ကြယ်သေဆုံးမှုများ (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 2)

(Part 1 အရင်ဖတ်ပေးပါ) Part 1 မှာတော့ ကျွန်တော်တို့ရဲ့နေ (အလယ်အလတ်အရွယ်အစားရှိတဲ့ ကြယ်) တစ်ခု သေဆုံးတဲ့အကြောင်းရေးပြီးပါပြီ။အခုဆက်ရေးမှာက နေထက်အစပေါင်းများစွာကြီးတဲ့ ကြယ်တွေသေဆုံးတဲ့အကြောင်းပါ။ နေကို ကြီးလှပြီလို့ထင်ကြပေမယ့် နေထက်အဆပေါင်းများစွာ ကြီးတဲ့ကြယ်တွေ (Massive Stars) စကြဝဠာထဲမှာ အများကြီးပါပဲ။ (ဒီအကြောင်းကို ရေးမှာမဟုတ်လို့ ထားခဲ့လိုက်ပါပြီ)ဒီကြယ်တွေဟာလည်း ဆွဲအားနဲ့တွန်းအား မျှခြေဖြစ်နေတဲ့အခါ တည်မြဲနေတတ်တယ်။ ဒါပေမယ့် သူတို့က အရမ်းကြီးမားတဲ့အတွက် သက်တမ်းတော့ သိပ်မရှည်လှဘူး။ နှစ်ပေါင်း မီလီယံ တစ်ခုအထိပဲ အသက်ရှင်နိုင်ကြတယ်။ (အသုံးအဖြုန်းကြီးတော့ မြန်မြန်မွဲသွားသလိုပါပဲ) သူတို့မှာရှိတဲ့ Hydrogen တွေ Helium တွေကုန်သွားတဲ့အခါ ထုံးစံအတိုင်းပဲ Gravity က အနိုင်ရသွားတယ်။ ဒီတော့ ဆွဲအားများလာတဲ့အတွက် ကြယ်က ကျစ်လျစ်သိပ်သည်းလာတယ်။ဒီလိုအခြေအနေမျိုးတွေမှာ Periodic Table မှာရှိတဲ့၊ ပိုပြီးလေးပင်တဲ့Continue reading “လူတွေအတွက် အကျိုးရှိစေသော ကြယ်သေဆုံးမှုများ (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 2)”

ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ဘယ်လိုအဆုံးသတ်သွားမလဲ? (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 1)

ဒီ Topic ကိုရေးခိုင်းတဲ့သူများလို့ ရေးလိုက်ပါတယ်။ စိတ်ဝင်စားစရာတော့ တော်တော်ကောင်းပါတယ်။ နားလည်ရအလွယ်ဆုံးဖြစ်အောင် အတတ်နိုင်ဆုံးရေးထားပါတယ်။ ကြယ်တွေဘယ်လို သေဆုံးကြလဲ မသိခင် သူတို့တွေ ဘယ်လိုတည်မြဲနေကြလဲ အရင်သိဖို့လိုပါတယ်။ကျွန်တော်တို့ရဲ့ နေနဲ့ဥပမာ ပေးပြီး ပြောချင်ပါတယ်။နေက အစိုင်အခဲမရှိတဲ့ ဓာတ်ငွေ့လုံးကြီးဆိုတာ သိကြမှာပါ။ ဓာတ်ငွေ့လုံးကြီးက ဘယ်လောက်တောင် ကြီးလဲဆိုရင် သူ့အထဲကို ကမ္ဘာအလုံးပေါင်း ၁သန်းကျော်လောက်ထည့်လို့ရပါတယ်။ ဒီဓာတ်ငွေ့လုံးကြီး ဘယ်လိုတည်မြဲနေလဲဆိုတော့ ဆွဲအားနဲ့တွန်းအားမျှခြေမှာ ရှိနေလို့ပါ။ဆွဲအားကတော့ Gravity ပါ။ သူ့ကြောင့် နေမှာရှိတဲ့ လောင်ကျွမ်းနေတဲ့ ချော်ရည် (Hot Plasma) တွေဟာ တဖြည်းဖြည်းနဲ့ အလယ်အူတိုင်နားကို ရောက်လာပါတယ်။ (ဆွဲအားဆိုတော့ ဆွဲချတာပေါ့…) အောက်ရောက်လေလေ ဖိသိပ်ခံရလေလေဖြစ်လို့ Hydrogen တွေကနေ Helium တွေဖြစ်ကုန်ပါတယ်။အဲ့လိုဖြစ်တဲ့အခါ စွမ်းအင် (Energy) ထွက်ပါတယ်။ အဲ့ဒီစွမ်းအင်က GravityContinue reading “ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ဘယ်လိုအဆုံးသတ်သွားမလဲ? (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 1)”

အာကာသထဲ ဘယ်လိုချီးပါ သေးပေါက်ကြလဲ? (Part 4)

အပိုင်း ၃ မှာ လေစုပ်အားကိုအခြေခံပြီး အိမ်သာဆောက်တာကို အကြမ်းဖျင်းပြောပြခဲ့ပါတယ်။ အိမ်သာအပြင် ကိုယ်လက်သန့်စင်ခန်း (ရေချိုးခန်း) ကိုပါ တွဲလျက်တည်ဆောက်ခဲ့ပါတယ်။ သေးပေါက်ဖို့အတွက်က ကတော့ပုံစံခွက်လေး (Funnel)လုပ်ပေးထားပြီး ပိုက်နဲ့ဆက်ကာ လေစုပ်အားနဲ့ စုပ်ယူပေးပါတယ်။ ကတော့ခွက်တွေကတော့ size စုံရှိပြီး အာကာသယာဥ်မှူးတယောက်စီမှာ ကိုယ်ပိုင်ကတော့ခွက်လေးတွေရှိကြပါတယ်။ ဒီကိစ္စမှာလဲ size အကြီးဆုံး ကတော့ခွက်ကိုပဲ ရွေးယူကြပြန်ပါသတဲ့။ အမျိုးသားတွေကတော့ ကတော့ထဲပေါက်ထည့်လို့ရပေမယ့် အမျိုးသမီးတွေကတော့ အနည်းငယ်အခက်တွေ့နိုင်ပါတယ်။ ဘာလို့ဆို ကတော့ပုံခွက်က အမြဲလေအားနဲ့စုပ်နေမယ့်သဘောဖြစ်နေတော့ ထိုင်ပေါက်တဲ့အခါ လေစုပ်အားအရမ်းမပြင်းအောင် လေထွက်ပေါက်ပြန်ဖောက်ပေးထားတယ်လို့ ဆိုပါတယ်။ အမျိုးသမီးသုံးခွက်နဲ့ အမျိုးသားသုံးခွက် ပုံစံမတူဘူးလို့ထင်ပါတယ်။ အီအီးပါတာကတော့ ဘိုထိုင်အိမ်သာပုံစံကိုမှ လေစုပ်အားထည့်ထားပြီး အောက်မှာ အိတ်နဲ့ဆက်ထားတာမို့ အထုပ်ကလေးတထုပ်စီဖြစ်နေမှာပါ။ အထုပ်ထဲမှာ ပိုးသတ်ဆေးရည်တခါထဲပါပြီးသားဖြစ်လို့ အနံ့မထွက် ပိုးမပေါက်တော့ပါဘူး။ တခုပဲထူးခြားတာက အိမ်သာပေါ်ထိုင်မယ်ဆို ပေါင်ကိုကြိုးနဲ့ ချည်ထိန်းထားရပါတယ်တဲ့။Continue reading “အာကာသထဲ ဘယ်လိုချီးပါ သေးပေါက်ကြလဲ? (Part 4)”

အာကာသထဲ ဘယ်လိုချီးပါ သေးပေါက်ကြတုန်း? (Part 3)

ဒီတခါ အီအီးကိစ္စပြောပြပါဦးမယ်။ အာကာသထဲမှာ အိမ်သာမရှိတဲ့ပြဿနာက ရက်ရှည်ခရီးသွားဖို့ကြံတဲ့အခါ ဒုက္ခကောင်းကောင်းပေးပါတော့တယ်။ လပေါ်ကို ပထမဆုံးခြေချသူလို့ အများကသိကြတဲ့ အာကာသယာဥ်မှူး Neil Armstrong ခေတ်က အာကာသထဲ အီးပါဖို့အိမ်သာမရှိလို့ တပိုင်တနိုင်အီးထည့်ဖို့ အိတ်လေးတွေသယ်သွားရပါတယ်တဲ့။ အီးအိတ်ကတော့ ပုံစံကမိုက်သားဗျ။အောက်ကပုံမှာပြထားပါတယ်။ ဗိုက်နာလာရင် အဲ့အိတ်ကလေးကို နေရာမရွေ့အောင် တင်ပါးမှာ တိတ်ကလေးနဲ့ကပ်ထားပြီး ပါရပါတယ်တဲ့။ အပြောသာလွယ်တာဗျ… Gravity မရှိလေတော့ ပါသမျှအီးတုံးတွေက အောက်ကိုတန်းတန်းကျဖို့ခက်ပါတယ်။ လေထဲမှာ ပေါလောမပေါ်နေရင်တောင် အနည်းဆုံး အိတ်ထဲကို သေချာမဝင်ဘဲ ဟိုကပ် ဒီကပ်နဲ့ အိတ်အထဲကိုမရောက်ပါဘူး။ အဲ့တော့ အိတ်မှာ လက်ချောင်းထည့်နှိုက်လို့ရတဲ့ နေရာအပေါက်လေးလုပ်ပေးထားပြီး လိုသလိုပေါ့ဗျာ…ကိစ္စကိုလက်နဲ့ထိထိမိမိကိုင်တွယ် ဖြေရှင်းကြလေသတည်းပေါ့ဗျာ။ ပုံမှာ လက်ချောင်းထည့်တဲ့နေရာလေးရယ် position ရယ်သေချာမြင်ရမှာပါ။ လက်ဗလာနဲ့ အီးကိုကိုင်တာမဟုတ်ဘဲ လက်ချောင်းပုံစံအိတ်ကလေးလုပ်ပေးထားတာပါ။ စနစ်တော့ကျပါတယ်။ အီအီးပါပြီးသွားရင် အဲ့အိတ်ထဲကို ပိုးသတ်ဆေးရည်လောင်းထည့်ပြီးContinue reading “အာကာသထဲ ဘယ်လိုချီးပါ သေးပေါက်ကြတုန်း? (Part 3)”

အာကာသထဲမှာ ဘယ်လိုချီးပါ သေးပေါက်ကြတုန်း? (Part 2)

ပထမပိုင်းရေးအပြီးမှာ စာဖတ်သူတချို့ကမေးကြတယ်။ သေးပေါက်ချလိုက်တော့ စက်တွေရော စိုပြီးထိခိုက်ကုန်လားတဲ့။ အာကာသဝတ်စုံက အကြမ်းဖျင်းခွဲလိုက်ရင် အဓိက ၂ထပ်အနည်းဆုံးပါပြီး ယာဥ်မှူးဝတ်တဲ့အပိုင်း ရယ် စက်တွေတပ်ထားတဲ့အပိုင်းရယ်ဆိုပြီး ၂ထပ် (၂ လွှာ) ပါပါတယ်။ အလွှာ ၂ခုကြားကိုတော့ အောက်ဆီဂျင်ပေးဖြတ်ထားပါတယ်။ ဝတ်စုံကြီးကလှောင်ပိတ်ပြီး အိုက်လို့ ချွေးတွေဘာတွေ ထွက်ရင် oxygen ကအမြဲဖြတ်စီးနေလို့ လေအေးပေးထားသလိုဖြစ်ပြီး ချွေးတွေခြောက်သွားပါရောတဲ့။ အခုလဲ မြေပြင်က မောင်ဉာဏ်ကောင်းသိပ္ပံပညာရှင်တွေက တပ်ထားတဲ့စက်တွေကို ခဏပိတ်ထားလိုက်ပြီး အာကာသယာဥ်မှူးကို သေးပေါက်ခွင့်ပေးလိုက်တယ်။ အလွှာကြားမှာ oxygen flow ကဖြတ်စီးနေလို့ ခဏအကြာမှာ ရှုးရှုးလေးများ ခြောက်တောက်တောက်ဖြစ်လာပါရော။ (ချွေးတွေခြောက်သွားသလိုပေါ့) အဲ့ကျမှ ပိတ်ထားတဲ့ စက်တွေပြန်ဖွင့်ပြီး လိုရာခရီးကိုဆက်သွားနိုင်ပါသတဲ့။ ကဲ မောင်ဉာဏ်ကောင်းတို့ တကွက်ပြလိုက်ပါပြီ။ အစောပိုင်းခေတ်တွေမှာ အာကာသယာဥ်မှူးဖြစ်ရတာက ထင်သလောက်ပျော်စရာမကောင်းတဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ ဒီအညစ်ကြေးစွန့်ရတဲ့ ပြဿနာကလဲ တခုအပါအဝင်ပဲပေါ့။Continue reading “အာကာသထဲမှာ ဘယ်လိုချီးပါ သေးပေါက်ကြတုန်း? (Part 2)”

Design a site like this with WordPress.com
Get started