အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 1)

အိပ်မက်အကြောင်းပြောကြရရင် လူတွေက တော်တော် စိတ်ဝင်စားကြပါတယ်။ အိပ်မက်တွေကလဲ တော်တော်ထူးဆန်းပြီး အခုထိကို သိပ္ပံနည်းအရ အဖြေရှာမရသေးတဲ့ ပုစ္ဆာတပုဒ်ပါပဲ။ ပိုထူးဆန်းတာက Lucid dreamer လို့ခေါ်တဲ့ အိပ်မက်မက်နေတာကို သိနေပြီး မိမိလိုသလို အိပ်မက်ကိုထိန်းချုပ်ခံစားနိုင်ကြတာပါ။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ပျော်စရာကောင်းလောက်တဲ့ကိစ္စမို့ လူတိုင်းလိုလို Lucid dreaming မက်ဖူးချင်ကြပါတယ်။ နာမည်ကြီးဇာတ်ကား inception ထဲမှာဆို Lucid dream ကို ဆေးနဲ့ induce လုပ်ပြီး အိပ်မက်ထဲမှာ လိုသလိုလှုပ်ရှားကြတာကို မြင်ဖူးကြမှာပါ။ သမိုင်းကြောင်းကိုပြန်ပြောရရင် ဟိုးခေတ်ကထဲက အာရှတိုက်မှာ Lucid dream ဆိုတဲ့ အယူအဆရှိခဲ့တယ်လို့ဆိုပါတယ်။ ဟိန္ဒူရှေးဟောင်းကျမ်းဂန်တွေမှာလဲ ပါသလို ဗုဒ္ဓဘာသာဆိုရင် တိဘက်ဘုန်းကြီးတွေရဲ့ကျမ်းစာတွေ ကျင့်စဥ်တွေထဲမှာလဲ ပါဝင်နေတယ်လို့ဆိုပါတယ်။ အနောက်တိုင်းမှာတော့ အိပ်မက်ကိုသိနေခြင်း၊ လိုသလိုထိန်းချုပ်လို့ရခြင်းဆိုတဲ့ အယူအဆကို ဂရိတွေးခေါ်ပညာရှင်Continue reading “အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 1)”

ကြက်တူရွေးတွေက ဘယ်လိုကောင်တွေလဲ?

ခေါင်းစဉ်ဖတ်ပြီး စာရေးတဲ့ကောင်က ရင့်လိုက်တာလို့ မထင်ပါနဲ့။ ကောင်းတဲ့အကြောင်းလေးတွေရေးမှာပါ။ ကြက်တူရွေးလေးတွေက ချစ်စရာတော်တော်ကောင်းပါတယ်။ သူတို့က အသိဉာဏ်မြင့်ပြီးတော့ ပျော်ပျော်နေတတ်ကြတဲ့ အကောင်လေးတွေပါ။သူတို့အကြောင်းကို သို့လော…၊ သို့လော… တော့သိထားကြမှာပါ။ခု ရှင်းရှင်းလင်းလင်း သိရအောင် ရေးလိုက်ပါတယ်။ကြက်တူရွေးမျိုးကွဲပေါင်း ၄၀၀ လောက်ရှိတဲ့အတွက် သူတို့အကုန်လုံးကို ချုံငုံမိအောင် ပြောဖို့တော့ မလွယ်ပါဘူး။ ဒါကြောင့် စိတ်ဝင်စားလောက်မယ့် အကြောင်းတွေကိုပဲ ရွေးထုတ်ထားပါတယ်။ လူစကားကို နားလည်လို့ လိုက်ပြောတာလား၊ အသံတုအရမ်းကျွမ်းကျင်တာလား? ကြက်တူရွေးလို့ပြောလိုက်ရင် စကားသင်ပေးလို့ရတာကို လူတွေသိကြပါတယ်။ ဒါပေမယ့် ဒီကောင်တွေ တကယ်ရောနားလည်ရဲ့လားဆိုတာ သံသယဖြစ်စရာပါ။စားလို့သောက်လို့ ကောင်းအောင် ဖောရှောလုပ်နေတာများလား? ကြက်တူရွေးတွေက ပတ်ဝန်းကျင်နဲ့သူတို့ အဆက်မပြတ်ရလေအောင် အသံလိုက်တုတာလို့ဆိုတယ်။ (စကားမပြောရရင် မနေနိုင်တဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေလိုပေါ့…)စမ်းသပ်ချက်တွေအရတော့ ပစ္စည်းတွေနဲ့ စကားလုံးတွေကို တွဲဆက်မိတယ်လို့ ဆိုပါတယ်။ဥပမာ သော့ယူပေးလို့ပြောရင် သော့ဆိုတာ ဘာမှန်းသူတို့သိကြပါတယ်။Continue reading “ကြက်တူရွေးတွေက ဘယ်လိုကောင်တွေလဲ?”

Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 2)

၃။ Uncle Ugo Luca animation ထဲမှာ ထူးထူးခြားခြားနဲ့ ပရိသတ်တွေ မှတ်မိနေလောက်မယ့် character တကောင်ကတော့ Luca ရဲ့ ဦးလေး Uncle Ugo ပဲဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ရုပ်နဲ့ မျက်လုံးကလဲ စွေစောင်းနေသလို ခန္ဓာကိုယ်ကလဲ ထူးထူးခြားခြား (transparent) ဖောက်ထွင်းမြင်နေရပါသတဲ့။ ဇာတ်လမ်းထဲမှာတော့ Luca ကို သူ့အမေက ဒဏ်ပေးတဲ့အနေနဲ့ သူ့ဦးလေးဆီသွားနေခိုင်းတာဖြစ်ပြီး သူ့ ဦးလေး Ugo က Deep sea ထဲမှာ နေပါသတဲ့။ စာဖတ်သူတို့ သတိထားမိမလားမသိဘူး…Uncle Ugo က Luca တို့မိသားစုနဲ့ ပုံစံချင်း မတူပါဘူး။ တကယ်တမ်းလဲ Luca ဦးလေးကိုဆွဲတဲ့အခါ တခြားတိရစ္ဆာန်တကောင် ပုံစံကို ယူပြီးရေးဆွဲထားတာပါ။ Uncle Ugo ရဲ့Continue reading “Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 2)”

Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 1)

စာဖတ်သူတို့အားလုံး မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Luca ဆိုတဲ့ကာတွန်းကားလေးကို ကြည့်ပြီးလောက်ပြီထင်ပါတယ်။ Disney နဲ့ Pixar တို့ရဲ့ masterpiece animation တခုဖြစ်တဲ့ Luca က တော်တော်လေးအသက်ဝင်တဲ့ ရိုက်ချက်တွေနဲ့ story လေးကလဲချစ်စရာကောင်းလို့ မကြည့်ရသေးရင် အမြန်ကြည့်ဖို့လက်တို့ပါရစေ။ ဒီ animation ထဲမှာပါတဲ့ စိတ်ဝင်စားစရာအကောင်လေးတွေ real life ထဲမှာတကယ်ရှိမရှိ ရှာရှာဖွေဖွေတင်ဆက်ပေးလိုက်ပါတယ်။ ၁။ Mona Lisa, Giuseppe, Enrico ပထမဆုံး ပြောပြမယ့်အကောင်လေးကတော့Luca ထိန်းကျောင်းနေတဲ့ ငါးလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ Luca ရဲ့ နေ့စဥ်အလုပ်က အဲ့ငါးတသိုက်ကို စားကျက်ထဲခေါ်သွားပြီး နွားကျောင်းဆိတ်ကျောင်းသလို ကျောင်းရတာပါ။ ငါးတွေကလဲ မျက်လုံးကပြူးပြူးနဲ့ ကြောင်တောင်တောင် နုံအအရုပ်ကလေးတွေနဲ့ပါ။ အဲ့ငါးလေးတွေကို အပြင်မှာ Goatfish လို့ခေါ်ပါတယ်။ အနီရောင်Continue reading “Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 1)”

Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 2)

ကြို့ထိုးတာကို Burping reflex hypothesis နဲ့ ရှင်းကြတာ ပထမအပိုင်းမှာရေးပြီးပြီမို့ နောက်ထပ် နာမည်ကြီး hypothesis တခုအကြောင်းသွားရအောင်။ Evolution အရ ရေထဲကအကောင်တွေက ကုန်းပေါ်ကိုတက်လာရင်း ကုန်းနေရေနေသတ္တဝါ (Amphibians) တွေဖြစ်လာရပါတယ်။ အဲ့ဒီ Amphibians တွေမှာ ငါးတွေလိုပဲ gills လို့ခေါ်တဲ့ ပါးဟက်တွေပါပါတယ်။ Amphibians တွေက လေကိုရှူတဲ့အခါ အဲ့ဒီ ပါးဟက်နဲ့ ရှိုက်ရှိုက်ပြီး ရှူတဲ့အလေ့အထက လူသားတွေဖြစ်လာတဲ့အခါ ပါလာပြီး Hiccup ဖြစ်လာတာလို့ ယူဆကြပါတယ်။ Amphibians တွေပါးဟက်နဲ့ လေရှူတဲ့အခါ လေထုထဲမှာ Oxygen များများရှိရင် ပိုရှူပြီး လေထဲမှာ Carbon dioxide များလာရင်ရှူတာနည်းသွားတာကိုတွေ့ရပါတယ်။ တကယ်လဲ လူတွေကြို့ထိုးတာကို သက်သာအောင်လုပ်ချင်ရင် Carbon dioxide (5%) ရှူပေးရင်သက်သာတာတွေ့ရပါတယ်။Continue reading “Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 2)”

Design a site like this with WordPress.com
Get started