ခေါင်းစဉ်ကြီးက အဓိပ္ပါယ်မရှိဘူးလို့မထင်ကြပါနဲ့။ဂြိုလ်သားတွေဆိုတာ တကယ်ရှိမရှိမသိသေးဘဲနဲ့ “စကားပြောခြင်းလို့” တပ်ထားတော့ အဆင့်တွေကျော်ကုန်ပြီလားလို့ မေးစရာရှိမှာပေါ့။ဒါပေမယ့် ရှိမရှိမသေချာတဲ့ဂြိုလ်သားတွေနဲ့ လူတွေက ဆက်သွယ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ စကားပြောတယ်ဆိုလို့ မျက်နှာချင်းဆိုင်တွေ့တယ်၊ အသံချင်းဆက်သွယ်တယ်လို့တော့ မထင်စေချင်ပါဘူး။သိပ်မရှည်နေချင်တော့ပါဘူး။ ကျွန်တော်အခုပြောချင်တာက Voyager Spacecraft ပေါ်က လူသားတွေရဲ့ Message တွေအကြောင်းပါ။ (ဒီမတိုင်ခင်ကလည်း အခြား Spacecraft တွေပေါ်မှာ Message တွေထည့်ပြီး ပို့ခဲ့ဖူးပါတယ်) Message တွေအကြောင်းကိုမပြောခင် ဂြိုလ်သားဆိုတာ ဘာလဲအရင်ပြောမှရမယ်။ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ Alien ဆိုတာ ခေါင်းတစ်လုံး၊ မျက်စိနှစ်လုံး၊ လက်နှစ်ချောင်း၊ ခြေနှစ်ချောင်းရှိမှာပဲလို့ ထင်တတ်တယ်။ဒါက လူရဲ့အတွေးကို…။မြင်းတစ်ကောင်ကတွေးရင်တော့ ဂြိုလ်သားဆိုတာ ခြေလေးချောင်း၊ အမြီးတစ်ချောင်းနဲ့ သန်သန်မာမာရှိတဲ့အကောင်ကြီးလို့မြင်မှာပေါ့။ကိုယ်နဲ့နှိုင်းပြီးတွေးကြတာကို ပြောချင်တာပါ။ ဂြိုလ်သားတွေဘယ်လိုပုံစံရှိမလဲဆိုတာ မသိနိုင်သလို သူတို့မှာ လူတွေလို အာရုံငါးပါးခံစားနိုင်လားဆိုတာလည်း မသေချာပါဘူး။အာရုံငါးပါးမက ခံစားချင်ခံစားနေနိုင်မယ်၊ လူတွေမမြင်နိုင်တဲ့Continue reading “ဂြိုလ်သားများ (Aliens) နှင့် စကားပြောခြင်း”
Tag Archives: သိပ္ပံဗဟုသုတ
အချိန်ခရီးသွားဖို့ ဖြစ်နိုင်လား?
ဇာတ်လမ်းတွေ၊ စာအုပ်တွေထဲမှာတော့ အချိန်ခရီးသွားခြင်း (Time Travel) ဆိုတာ မမြင်ချင်မှအဆုံးပါပဲ။Science ကိုစိတ်မဝင်စားတဲ့သူတွေတောင် အချိန်ခရီးသွားတယ်ဆိုတာ ဘာလဲ သိနေကြပါပြီ။ဒါပေမယ့် ဇာတ်လမ်းတွေတော်တော်များများရဲ့ အချိန်ခရီးသွားတာကိုပြပုံဟာ Physics မှာလက်ခံထားတာနဲ့ တော်တော်ကြီးကို ကွဲလွဲနေတာတွေ ရှိပါတယ်။Physics မှာ အချိန်ခရီးသွားတာကို ဘယ်လိုပြောလဲ ဆက်ပြီးဖတ်ပေးပါဦး။ အနာဂတ်ကို အချိန်ခရီးသွားတာနဲ့ အရင်စဖွင့်လိုက်ချင်ပါတယ်။ဒါက တကယ်ဖြစ်နိုင်ပါတယ်။ သက်သေလည်း အခါခါပြပြီးပါပြီ။ဥပမာကိုတော့ Interstellar ဇာတ်လမ်းနဲ့ပဲပြရမှာပါ။ သူတို့အဖွဲ့ Satellite ပေါ်ကနေ Planet တစ်ခုပေါ်ရောက်သွားတဲ့အခါ အဲ့ဒီ Planet ရဲ့ Gravity က ကမ္ဘာထက် 30% ပိုများပါတယ်။ဒီ Planet က အလင်းအလျှင်ရဲ့ 55% နဲ့ Supermassive Black Hole (အလွန်ကြီးမားသော တွင်းနက်) တစ်ခုကို ပတ်နေပါတယ်။အဲ့ဒီတွင်းနက်ကြီးကContinue reading “အချိန်ခရီးသွားဖို့ ဖြစ်နိုင်လား?”
ရူပဗေဒထဲက ဗာနူးလီနဲ့ လက်တွေ့ဘဝထဲက ကျနော်တို့
ငယ်ငယ်က ဝတ္ထုစာအုပ်တွေထဲမှာ ” ရှေ့နားကမြစ်ကျဉ်းရှိတယ် ရေစီးသန်တယ်ကွ” ဆိုတဲ့စာသားမျိုး ခဏခဏဖတ်ဖူးပေမယ့် အမှုမဲ့အမှတ်မဲ့ပဲ သတိမထားမိခဲ့ပါ ။ ဒါဟာ ဗန်ကျူရီ effect (Venturi effect) ကြောင့်ဆိုတာ မသိခဲ့မိ… လေကြမ်းတိုက်တဲ့ဒေသတွေမှာ အမိုးတွေလန်ကုန်တာပြုတ်ထွက်ကုန်တာတွေလဲ တွေ့ဖူး ကြားဖူးမှာပါ။ ဒီလိုဖြစ်ရတာ လေကြမ်းလို့ ဖြစ်တာလို့ပဲ ပေါ့ပေါ့တွေးမိပေမယ့် ဒါဟာ တကယ်တမ်းကျဗာနူးလီ နိယာမ (Bernoulli Principle) ကြောင့်ဖြစ်လာတာပါ။ ဒါဆို What is Bernoulli Principle? ရှင်းရှင်းပြောရရင် Velocity နဲ့ pressure ပြောင်းပြန်အချိူးကျတယ်ဆိုတဲ့သဘောပါပဲ။ အရှိန်မြင့်ရင် ဖိအားကျပါတယ်။ လေပြင်းတိုက်ရင် ခေါင်မိုးပေါ်မှာ ဖိအား ကျသွားပါတယ်။ အိမ်ထဲက ဖိအားက နဂိုအတိုင်းပဲ ဆိုပေမယ့် ခေါင်မိုးပေါ်နဲ့ အိမ်ထဲမှာ လေဖိအားကွာခြားသွားပါတယ် ဒီလိုနဲ့Continue reading “ရူပဗေဒထဲက ဗာနူးလီနဲ့ လက်တွေ့ဘဝထဲက ကျနော်တို့”
ဗုဒ္ဓရဲ့တရားနဲ့ String Theory တူသလား?
ကျွန်တော့အတွက် ကြိုးတန်းလမ်းလျှောက်ရတဲ့ နောက်ထပ်ခေါင်းစဉ်တစ်ခုပါပဲ။ဒါကိုရေးတဲ့အတွက် ဘာသာမဲ့တွေရော ဗုဒ္ဓဘာသာဝင်တွေရော ဆဲတာခံရဖို့များပါတယ်။ဒါပေမယ့် စိတ်ဝင်စားစရာကောင်းပါတယ်။စိတ်ရှင်းရှင်းနဲ့ဖတ်ပေးပါ။ အတွေးတစ်ခုရသွားမယ်လို့မျှော်လင့်ပါတယ်။ ဗုဒ္ဓရဲ့ဝါဒမှာ “ရုပ်” ဆိုတဲ့ အနှစ်သာရသဘောမရှိပါဘူး။ရုပ်ဆိုတာ ထင်ယောင်ထင်မှားသာ ဖြစ်တယ်လို့ ဆိုတယ်။ဒါကြောင့် ရုပ်နာမ်ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုရောက်အောင် ဉာဏ်နဲ့ရှုလို့ဟောကြားခဲ့တာဖြစ်တယ်။ ဗုဒ္ဓရဲ့ဟောကြားချက်အရ ရုပ်ဆိုတာ ဓာတ်ကြီး ၄ပါးနဲ့ဖွဲ့စည်းထားတယ်လို့ဆိုတယ်။ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောတို့ပဲဖြစ်တယ်။(ရုပ်ဖြစ်ဖို့ နောက် ၄ခုထပ်လိုသေးပေမယ့် ဘုရားဟောတာကို ဦးတည် ပြောမှာမဟုတ်လို့ ထားခဲ့ပါပြီ) ရုပ် တကယ်မရှိဘူးဆိုတာ သာမန်လူတွေအတွက်တော့ တော်တော်နားလည်ရခက်တဲ့စကားပါ။ခု မြင်နေရတာ ရုပ်မဟုတ်ဘူးလား၊ ကိုင်ကြည့်လို့ရနေတာ ရုပ်မဟုတ်ဘူးလား စသဖြင့် စောဒဂ တက်စရာရှိပါတယ်။ ရူပဗေဒမှာလည်း အဲ့ဒီသဘောရှိပါတယ်။ကျွန်တော်တို့တွေ Fundamental Particles တွေအကြောင်းကို သင်ခဲ့ရဖူးပါတယ်။ဒါပေမယ့် ကျွန်တော်ဆယ်တန်းအောင်တဲ့အထိ Fundamental Particles (ထပ်မံခွဲစိတ်ကြည့်လို့မရတော့သော အမှုန်များ) ဆိုတာ Proton,Continue reading “ဗုဒ္ဓရဲ့တရားနဲ့ String Theory တူသလား?”
သဘာဝတရားရဲ့ လျှို့ဝှက်ချက်တစ်ခုနှင့် Fibonacci Sequence
ပန်းလေးတွေကိုကြည့်ပြီး လှလိုက်တာလို့ တွေးမိဖူးမှာပါ။သူတို့ကို ဒီလျှို့ဝှက်ချက်နဲ့ အလှဆင်ထားပါတယ်။ခုပြောချင်တာကတော့ Fibonacci Sequence အကြောင်းပါ။ ဒီအကြောင်းကို စသိခဲ့တာက India က သင်္ချာပညာရှင်တွေဖြစ်ပါတယ်။ ဒါပေမယ့် အီတလီလူမျိုး Leonardo Fibonacci က ဒီအကြောင်းကို စတွေ့တယ်လို့ လွဲမှားယူဆကြပြီး Fibonacci Sequence လို့ပေးထားတာပါ။(Italian နာမည်နဲ့ဆိုတော့ ကဗျာဆန်သွားသလိုပဲ၊ Indian နာမည်ပေးရင် Kumar Sequence တို့၊ Kapoor Sequence တို့ဖြစ်ချင်ဖြစ်နေမှာ… No offence) Fibonacci Sequence ဆိုတာ ဘာလဲအရင်ပြောပြချင်ပါတယ်။သူတို့က Number လေးတွေပါပဲ။0, 1, 1, 2, 3, 5, 8, 13, 21, 34, 55, …ပထမ Number နဲ့Continue reading “သဘာဝတရားရဲ့ လျှို့ဝှက်ချက်တစ်ခုနှင့် Fibonacci Sequence”