Part 1 နဲ့ Part 2 ကိုအရင်ဖတ်ပြီးမှ ဒါကိုဖတ်ပါ။ The Dark Ages (380,000 years to 150 million years) Atom တွေစဖြစ်တဲ့အချိန်နဲ့ ကြယ်တွေစဖြစ်တဲ့အချိန်ကြားက ကာလကို Dark Ages လို့ခေါ်တာပါ။Photon တွေရှိနေပြီဖြစ်ပေမယ့် အမှောင်ခေတ်လို့ပဲ ခေါ်ကြပါတယ်။ဒီကာလမှာ Cold Dark Matter (Hypothetical Dark Matter) တွေရှိမယ်လို့ဆိုကြတယ်။ လွယ်လွယ်ပြောရရင် Dark Matter တွေက စကြဝဠာကြီး ပြန့်ကားတာကို ပိုပြီးပြန့်ကားအောင် လုပ်ပေးတာပါ။ (Dark Matter အကြောင်းကလည်း Article တစ်ခုစာရေးရမှာမို့ ကျော်လိုက်ပါပြီ) Reionization (150 million years to 1 billion years)Continue reading “စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 3)”
Tag Archives: သိပ္ပံဗဟုသုတ
စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 2)
Part 1 မဖတ်ဘဲ ဒါကိုဖတ်မိရင်တော့ တခြားကမ္ဘာရောက်သွားတယ်လို့ ထင်သွားပါလိမ့်မယ်။ အောက်ပါပုံကို Part 3 မှာလည်းဆက်ပြီး အသုံးပြုသွားမှာပါ။ Electroweak Epoch (10-32second to 10-12second) နာမည်အတိုင်းပါပဲ။ Electroweak ဆိုတာ Electromagnetic Force နဲ့ Weak Nuclear Force ၂ခုပေါင်းနေတာကိုခေါ်တာပါ။Strong Nuclear Force က အား ၃ခုထဲကနေခွဲထွက်သွားခဲ့တုန်းက Quarks တွေအချင်းချင်း React လုပ်ကြပြီးတော့ Exotic Particles (eg. W and Z bosons, Higgs bosons) တွေဖြစ်လာကြပါတယ်။(Bosons တွေအကြောင်းထပ်ရေးရင်လည်း နောက် Article တစ်ခုလိုဦးမှာပါ) Electroweak Symmetry Breaking & Quark EpochContinue reading “စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 2)”
မျောက်တွေက အယုတ်တမာတွေလား?
မျောက်တွေနဲ့ပတ်သက်လာရင် ကျွန်တော့စိတ်ထဲမှာ ဒီမေးခွန်းတစ်ခု ပေါ်ပေါ်လာတယ်။ဒီကောင်တွေက အယုတ်တမာတွေလား? သူတို့ရဲ့ Video တွေ Youtube မှာကြည့်ရင် တော်တော်များများက လုပ်ချင်တာလုပ်နေကြတာများတယ်။ကမ်းခြေမှာ ချွတ်ထားတဲ့အင်္ကျီ၊ ဘောင်းဘီတွေကို မ သွားတဲ့ကောင်နဲ့၊ ခရီးသွားတွေဆီက ပစ္စည်းလုတဲ့ကောင်နဲ့၊ သူ့ဘာသာလမ်းလျှောက်နေတဲ့သူကို ဗလိုင်းကြီးပြေးကန်တဲ့ကောင်နဲ့ ဆိုတော့ ဒီကောင်တွေရဲ့စိတ်ရင်းက ဘယ်လိုရှိလဲဆိုတာ စိတ်ဝင်စားမိတယ်။အထူးခြားဆုံးကတော့ တိရစ္တာန်ရုံကမျောက်တွေပေါ့။သူတို့ရဲ့မစင်တုံးကို ကိုင်ပြီး လာသမျှ ဧည့်သည်တွေရဲ့မျက်နှာတည့်တည့်ကို ဆော်ကြတဲ့ကောင်တွေလေ။ လိမ္မာတဲ့အကောင်လေးတွေလည်း ရှိတယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ကျွန်တော်ခုရေးချင်တဲ့မျောက်တွေက လူတွေ လေ့ကျင့်ပေးထားတာမဟုတ်တဲ့ မျောက်အရိုင်းတွေ အကြောင်းပါ။ဒီအကြောင်းကို ပညာရှင်တွေလည်း စိတ်ဝင်တစားရှိကြပါတယ်။မျောက်တွေဘာလို့ မစင်တုံးနဲ့ လူတွေကို လိုက်ထုလည်းဆိုတာ သူတို့လေ့လာထားတာရှိပါတယ်… မျောက်တွေကြောက်လာရင် သူတို့ရဲ့ အနားမှာရှိတဲ့ ကျောက်ခဲတွေ၊ သစ်ကိုင်းခြောက်တွေနဲ့ သူတို့ကိုကြောက်အောင်လုပ်တဲ့အရာကို ပစ်တတ်ကြတယ်။တိရစ္တာန်ရုံထဲမှာကြတော့ အဲ့ဒီလိုပစ်စရာက လွယ်လွယ်ကူကူမရှိဘူး။အဲ့ဒီတော့ လွယ်လွယ်ရတာနဲ့ ဆော်တော့တာပေါ့။ အစပိုင်းမှာတော့Continue reading “မျောက်တွေက အယုတ်တမာတွေလား?”
ကျောက်ချဥ်က တကယ်ပဲချွေးနံ့ပျောက်စေသလား
အရပ်ထဲမှာ စျေးထဲမှာ ကျောက်ချဥ်အတုံးလေးတွေက အလွယ်တကူ ဝယ်ယူရှာဖွေနိုင်တဲ့ အရာလေးတခုပါ။ ကျောက်ချဥ် (Alum) ရဲ့ Chemical name ကတော့Hydrated double sulfate salt of aluminium ဖြစ်ပြီး အဓိကပါဝင်တဲ့ သတ္တုကတော့ Aluminium ပါ။ Potassium နဲ့ပေါင်းနေတဲ့ alum ကို potassium alum လို့ခေါ်ပြီး (ရှင်းသွားမှာပဲ) Sodium alum တို့ Ammonium alum တို့လဲရှိပါတယ်။ Alum လို့ခေါ်တဲ့ ကျောက်ချဥ်က ရေဆိုးတွေကို သန့်စင်တဲ့နေရာမှာ (water purification) မှာသုံးကြတာတော့ သိကြမှာပါ။ ဒါပေမယ့် ကျောက်ချဥ်ကို ချွေးနံ့ပျောက်အောင် လိမ်းကြတာလဲရှိပါတယ်။ ဒါကတကယ်ပဲ အလုပ်ဖြစ်ရဲ့လား။ ကျောက်ချဥ်ကိုသွေးပြီးဖြစ်ဖြစ် ရေနဲ့စိမ်ထားပြီးပဲဖြစ်ဖြစ် ရလာတဲ့အရည်ကို ချိုင်းကြားမှာContinue reading “ကျောက်ချဥ်က တကယ်ပဲချွေးနံ့ပျောက်စေသလား”
စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Short Version)
The Big Bang Theory ဆိုရင် ခုခေတ်မှာ လူတွေရိပ်ဖမ်းသံဖမ်းတော့ ကြားဖူးနေကြပါပြီ။ (Physicists တွေကြောင့်တော့ မဟုတ်ဘူး၊ Sitcom ကြောင့်ပါ…)စကြဝဠာကြီး အစပြုခဲ့တယ်ဆိုတော့ တော်တော်ကြီးကျယ်ခမ်းနားတဲ့ Theory တစ်ခုလို့ထင်စရာရှိပါတယ်။ဟုတ်ပါတယ်။ ဒါပေမယ့် အပေါ်ယံထက် ပိုနားလည်ဖို့အတွက် ခေါင်းတော့ အရှုပ်ခံရပါမယ်။ အတိုဆုံးပြောရရင် စကြာဝဠာကြီးက လွန်ခဲ့သောနှစ်ပေါင်း 13.8 billion years ကတည်းက စတင်ဖြစ်ပေါ်လာခဲ့တာပါ။အဲ့ဒီအချိန်တုန်းက ခုမြင်နေရတဲ့စကြဝဠာတစ်ခုလုံးဟာ အမှတ်ကလေးတစ်စက်အနေနဲ့ ကြပ်တည်းစွာရှိခဲ့ပါတယ်။ Singularity လို့ခေါ်ပါတယ်။အဲ့ဒီ Singularity လေးက အတိုင်းအဆမရှိပူလောင်ပြီး အတိုင်းအဆမရှိသိပ်သည်းပါတယ်။ (Infinite Heat & Density)(စကြဝဠာတစ်ခုလုံးကို ထည့်ထားရတာမို့ပါ) ဒီနေရာမှာ ပြောစရာရှိတာက စကြဝဠာတစ်ခုလုံးကို ထည့်ထားရတယ်ဆိုတာ နေသန်းပေါင်းများစွာ၊ ဂြိုလ်သန်းပေါင်းများစွာလို့ မမြင်စေလိုပါဘူး။Hydrogen အနည်းငယ်နဲ့ ပေါင်းစုံနေတဲ့အား (Unified Forces)Continue reading “စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Short Version)”