Genetic Engineering နဲ့ ကမ္ဘာကြီးရဲ့အနာဂတ် (Super-soldier တွေဖြစ်လာနိုင်မလား?)

လူတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက သဘာဝကို ပြောင်းလဲဖို့ ကြိုးစားခဲ့ကြပါတယ်။ သိလို့၊ နားလည်လို့တော့ မဟုတ်ပါဘူး။ မတော်တဆပါ။ဥပမာ ဝံပုလွေတွေကို ယဉ်ကျေးအောင်လုပ်ရင်းကနေ လူတွေနဲ့ အရမ်းနီးစပ်တဲ့ ခွေးတွေဖြစ်လာသလိုပါပဲ။ အပင်တွေ၊ အသီးတွေကိုလည်း ဒီလိုနည်းနဲ့ စားလို့ရတဲ့အဆင့်ရောက်အောင် ပြောင်းလဲခဲ့ကြပါတယ်။ ဒါပေမယ့် ၂၁ ရာစုကို ရောက်လာတဲ့အထိ သေချာနားလည်တယ် လို့တော့ မဟုတ်ပါဘူး။ ဒါတွေဟာ DNA ထဲမှာရှိတယ်ဆိုတာလောက်ပဲ သိကြတာပါ။DNA ထဲမှာ ဒီ သတင်းအချက်အလက်တွေကို သိမ်းထားတယ်ဆိုတာတော့ နားလည်ခဲ့ကြပါတယ်။ လူတွေလုပ်သမျှအရာရာဟာ DNA ထဲမှာသိမ်းထားတဲ့ Information တွေကြောင့် တကယ်ဖြစ်လာနိုင်တာပါ။ မျိုးပွားခြင်း၊ အစာစားခြင်း၊ တွေးခေါ်ခြင်း၊ အသက်ရှုခြင်း အစုံပါပဲ။ DNA ကိုစတွေ့တဲ့ ၁၉၆၀ ခုနှစ်လောက်မှာ ပညာရှင်တွေဟာ အပင်တွေနဲ့ စမ်းသပ်ခဲ့ကြပါတယ်။ ဓာတ်ရောင်ခြည်ပေးရင် DNAContinue reading “Genetic Engineering နဲ့ ကမ္ဘာကြီးရဲ့အနာဂတ် (Super-soldier တွေဖြစ်လာနိုင်မလား?)”

ဦးနှောက်က စိတ်ရောဂါသမားတွေဆီမှာ ပြောနေတဲ့ ပုံပြင်များအကြောင်း

ဦးနှောက်ဟာ ပုံပြင်တွေပြောတဲ့နေရာမှာ ကျွမ်းကျင်ကြောင်းအရင်က ရေးခဲ့ဖူးပါတယ်။ အခုပြောပြချင်တာက ပုံပြင်အပြောကောင်းလွန်းလို့ စိတ်ရောဂါတွေ ဖြစ်ကုန်တဲ့အကြောင်းပါ။ ၁၈၇၀ ခုနှစ်က ဆရာဝန်တစ်ယောက်ဟာ စကားမပြောနိုင်တဲ့လူနာတွေကို လေ့လာနေတယ်။ စကားမပြောနိုင်ဘူးဆိုလို့ “အ” နေတယ် မထင်ပါနဲ့။ ဆေးပညာအရတော့ ဒါကို Aphasia လို့ခေါ်ပါတယ်။ ဦးနှောက်ကြောင့် ခဏတဖြုတ် စကားတွေနားမလည်တော့လို့ ပြန်မပြောနိုင်တာမျိုးပါ။ လေဖြတ်တဲ့လူနာအချို့ကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါပေမယ့် ဒီဆရာဝန်လေ့လာနေတာ လေဖြတ်တဲ့လူနာတွေ မဟုတ်ပါဘူး။ အကြောင်းတစုံတရာမရှိဘဲ စကားမပြောကြတော့တဲ့သူတွေပါ။ သူက ဒါကို Negotiation Delirium လို့ခေါ်ပါတယ်။သူ့ရဲ့အဆိုအရ လူတစ်ယောက်ရဲ့ဦးနှောက်ကို ထိခိုက်မိတဲ့အခါ သူဟာ သေသွားပြီလို့ ယုံကြည်သွားစေတယ်လို့ ပြောပါတယ်။ ဘယ်လိုပဲ ရှင်းပြရှင်းပြ လုံးဝလက်မခံတော့ပါဘူး။ ခုချိန်မှာတော့ ဒီရောဂါကို ခံစားနေရတဲ့ Case ပေါင်း ၁၀၀ ကျော်မှတ်တမ်းတင်ထားပါတယ်။ ဒါကိုContinue reading “ဦးနှောက်က စိတ်ရောဂါသမားတွေဆီမှာ ပြောနေတဲ့ ပုံပြင်များအကြောင်း”

လူတွေဟာ AI တွေနဲ့ ယှဉ်ပြိုင်နိုင်မလား?

မနေ့က ရေးခဲ့တဲ့ AI အကြောင်းကို သဘောကျကြလို့ ဝမ်းသာပါတယ်။ Artificial Intelligence (AI) နဲ့လူတွေ သဟဇာတဖြစ်နိုင်လား?https://ouo.io/8MkZSqR အဲ့ဒါကြောင့် အခုနောက်တစ်ပုဒ် ထပ်ရေးလိုက်ပါတယ်။ ဒီအပုဒ်မှာတော့ လူတွေလို တွေးခေါ်တတ်တဲ့ AI တွေမှာ ဘာတွေလိုမလဲ… လူတွေအပေါ်ဘယ်လို အကျိုးသက်ရောက်မှုတွေရှိမလဲ ဆွေးနွေးသွားမှာပါ။ ပညာရှင်တွေကတော့ AI ပြဿနာဟာ Trial & Error သဘောနဲ့ သွားမရဘူးလို့ ပြောကြပါတယ်။ အဓိကကတော့ ဖြစ်ပြီးရင် ပြန်ပြင်လို့မရဘူးလို့ ပြောချင်တာပါ။ ဒီတော့ တခါတည်းနဲ့ မှန်ကန်အောင် ကြံစထားနိုင်ဖို့ လိုပါတယ်။ပညာရှင်တစ်ယောက်က ဘယ်လောက်ထိ ပြောထားလဲဆိုရင် “AI တွေဟာ လူတွေကို မမုန်းသလို ချစ်လည်းမချစ်ပါဘူး။ ဒါပေမယ့် သင်ဟာ သူတို့အတွက် တစ်နေရာရာမှာ သုံးလို့ရမယ့် Atom တွေနဲ့ဖွဲ့စည်းထားပါတယ်”Continue reading “လူတွေဟာ AI တွေနဲ့ ယှဉ်ပြိုင်နိုင်မလား?”

သိစိတ်ကို ကွန်ပြူတာပေါ် Upload လုပ်လို့ရလား?

ဂြိုလ်သားတွေ ဘယ်မှာလဲ? ဆိုတဲ့ Article အဆုံးမှာ Civilization တစ်ခုဟာ သူတို့ရဲ့သိစိတ်ကို ကွန်ပြူတာပေါ် Upload လုပ်ပြီး နေထိုင်သွားလို့ရတယ်လို့ ရေးခဲ့ပါတယ်။အခု လူတွေအနေနဲ့ရော အဲ့လိုလုပ်လို့ ရမရ ပြောချင်တာပါ။ စကြဝဠာက အကျယ်ကြီးဆိုရင် ဂြိုလ်သားတွေဘယ်မှာလဲ?https://ouo.io/YZewKM ပထမဦးဆုံး မေးခွန်းတစ်ခုနဲ့ စရပါလိမ့်မယ်။ ဘာကို Upload လုပ်မှာလဲ? သိစိတ်ကို လုပ်မှာပေါ့။ဒီတော့ သိစိတ်ဆိုတာ ဘာလဲမေးရပြန်ပါတယ်။ သိစိတ်ဆိုတာ ဦးနှောက်ထဲက အာရုံကြောလေးတွေမှာ ဖြတ်စီးသွားတဲ့ လျှပ်စီးကြောင်းတွေကနေ ဖြစ်ပေါ်လာတာပါ။ဦးနှောက်ရဲ့ဘယ်အပိုင်းမှာ သိစိတ်ရှိလဲဆိုတာ ပြောဖို့ခက်ပါတယ်။ တချို့အပိုင်းတွေဟာ သိစိတ်နဲ့ ဆက်စပ်မှုရှိတယ်လို့ သိကြပေမယ့် တခါတခါလည်း အစိတ်အပိုင်း ၂ခုပေါင်းလိုက်မှ သိစိတ်လိုဖြစ်လာတာတွေလည်း ရှိပါတယ်။ ဒီတော့ Upload လုပ်ဖို့ ယူဆချက် ၃ခုရှိဖို့ လိုအပ်ပါတယ်။ ပထမတစ်ခုက PhysicalismContinue reading “သိစိတ်ကို ကွန်ပြူတာပေါ် Upload လုပ်လို့ရလား?”

ကြောင်တွေ ခွေးတွေက သခင်နဲ့အပြင်လောကကို ဘာအရောင်တွေအနေနဲ့မြင်ရသလဲ?

Colourblind အကြောင်းရှာဖတ်ရင်းနဲ့ ရုတ်တရက်သိချင်လာတာက ခွေးလေးတွေ ကြောင်လေးတွေကရော သူတို့သခင်နဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုအရောင်နဲ့မြင်ရသလဲဆိုတာ တွေးမိပြီး ရှာဖတ်မိပါတယ်။ ခွေးတွေကြောင်တွေကရော colour blind များရှိကြသလားပေါ့။ အရင်ဆုံး ကြောင်လေးတွေအကြောင်း ပြောပြချင်ပါတယ်။ ကြောင်နဲ့ လူတွေရဲ့ colour vision ကခပ်ဆင်ဆင်တူပါတယ်။ လူတွေရဲ့ မြင်လွှာ (retina) မှာ အလင်းရောင်ကိုသိတဲ့ ဆဲလ် ၂မျိုးရှိပါတယ်။ တုတ်ချောင်းနဲ့တူတဲ့ဆဲလ်တွေကို rod receptors လို့ခေါ်ပါတယ်။ rods တွေက အလင်းအားနည်းတဲ့အခါမှာ ကြည့်လို့မြင်အောင်ကူညီပေးပါတယ်။ ကန်တော့ခွက်ပုံနဲ့တူတဲ့ ဆဲလ်တွေကိုတော့ cone receptors လို့ခေါ်ပါတယ်။ Cone receptors တွေကတော့ အရောင်ကိုသိပြီး colour vision မှာအသုံးကျပါတယ်။ ကြောင်တွေမှာက rods တွေပိုများလို့ ညဖက်အလင်းရောင်နည်းတဲ့အခါ night visionContinue reading “ကြောင်တွေ ခွေးတွေက သခင်နဲ့အပြင်လောကကို ဘာအရောင်တွေအနေနဲ့မြင်ရသလဲ?”

Design a site like this with WordPress.com
Get started