အိမ်မြှောင်ပုံမပါသော မောင်အိမ်မြှောင့်ပုံပြင်

စာဖတ်သူတွေထဲက တခါလာမေးဖူးတဲ့ကိစ္စလေးကို ဖတ်မိသွားလို့ ရေးပေးလိုက်တာပါ။ အိမ်မြှောင်အကြောင်း ထူးဆန်းတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ အိမ်မြှောင်က ကိုယ့်အမြီးကိုပြန်စားတာ တွေ့ဖူးလို့… အဲ့တာဟုတ်လားလို့ စာဖတ်သူတယောက်ကလာမေးထားတာပါ။ အဲ့အကြောင်းကိုပြောဖို့ဆို အိမ်မြှောင်နဲ့သူ့အမြီးကိစ္စကို စပြောရပါမယ်။ အိမ်မြှောင်က သူအတိုက်ခိုက်ခံရတဲ့အခါ ထွက်မပြေးခင် သူ့အမြီးကို အရင်းကဖြတ်ချ ထားခဲ့ပါတယ်။ ကျန်ခဲ့တဲ့အမြီးက တဆက်ဆက် ခုန်နေလို့ ရန်သူကအမြီးကိုပဲ အာရုံစိုက်နေတဲ့အချိန် အိမ်မြှောင်က တချိုးတည်းလစ်ပြေးသွားပါပြီ။ အဲ့လို မိမိ ခန္ဓာကိုယ်ကို မိမိဘာသာဖြတ်ချနိုင်တဲ့အစွမ်းရှိတာကို Autotomy လို့ခေါ်ပါတယ်။ Auto- ဆိုတာ self (မိမိဘာသာမိမိ) ဖြစ်ပြီး -tomy ဆိုတာက amputation (ဖြတ်တောက်ခြင်း) ဖြစ်ပါတယ်။ အိမ်မြှောင်သာမက တခြားသော ဖွတ်မျိုးနွယ်ဝင်တွေ ပုတ်သင်မျိုးနွယ်ဝင်တွေမှာလဲ ဒီလို autotomy အစွမ်းရှိကြပါတယ်။ ထူးခြားချက်က အိမ်မြှောင့်အမြီးက ခန္ဓာကိုယ်နဲ့ တဆက်ထဲမဟုတ်ဘဲ အဆစ်ကလေးတွေနဲ့ချိတ်ထားတာမို့Continue reading “အိမ်မြှောင်ပုံမပါသော မောင်အိမ်မြှောင့်ပုံပြင်”

အာလူးက လျှပ်စစ်ထုတ်ခြင်းနဲ့ Biomass Energy အကြောင်း

The Big Bang Theory ကြည့်ဖူးရင် ကျွန်တော်ခုပြောမယ့် အကြောင်းကိုသိကြမှာပါ။ Season 6, Episode 22 က Dialogue အချို့ကို ပြောပြချင်ပါတယ်။ Episode နာမည်က The Proton Resurgence ပါ။အဲ့ဒီအထဲမှာ Professor Proton က နာရီတစ်လုံးကို အာလူးနဲ့ လည်အောင်လုပ်လို့ရတယ်လို့ ပြောပါတယ်။ အဲ့တော့ Penny က အလန့်တကြားနဲ့ “ဒီလိုဆိုကမ္ဘာကြီးရဲ့ စွမ်းအင်လိုအပ်ချက်တွေ ပြည့်မီသွားတာပေါ့…” ဆိုပြီးပြောပါတယ်။ အခု ဒီအကြောင်းကို ပြောပြချင်တာပါ။ Professor Proton ပြောတာ မမှားပါဘူး။ အာလူးကနေ လျှပ်စစ်ဓာတ် အမှန်တကယ်ထုတ်လို့ရပါတယ်။ လျှပ်စစ်ဘယ်လိုထွက်လဲ မပြောခင် လျှပ်စစ်ဆိုတာ ဘာလဲအရင်ပြောချင်ပါတယ်။ လျှပ်စစ်ထွက်လာဖို့ အဓိကလိုအပ်တာ Electron ပါပဲ။ ငယ်ငယ်ကတော့Continue reading “အာလူးက လျှပ်စစ်ထုတ်ခြင်းနဲ့ Biomass Energy အကြောင်း”

ကြောင်နဲ့ခွေးကဘယ်လိုကြောင့် အိမ်မွေးတိရစ္ဆာန်ဖြစ်လာကြတာလဲ?

စာဖတ်သူတွေထဲမှာ တိရစ္ဆာန်ချစ်သူတွေပါကြမှာပါ။ကြောင်ချစ်သူတွေ၊ ခွေးချစ်သူတွေကို ဒီစာလေးကရည်ရွယ်ပါတယ်။ ဘာကြောင့်ဘယ်လို ခွေးလေးရယ် ကြောင်လေးတွေရယ်က လူတွေရဲ့အချစ်တော် pet လေးတွေဖြစ်လာကြတာပါလဲ။ ကြောင်တွေအကြောင်းအရင်စပြောရရင် ကြောင်တွေက ခွေးနဲ့ယှဥ်ရင် လူတွေနားကိုရောက်လာတာနည်းနည်းနောက်ကျပါတယ်တဲ့။ လူ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် ကြောင်နဲ့လူရဲ့ ဆက်ဆံရေးကို မြင်နိုင်ပါတယ်။ နှစ်ပေါင်း ၁သောင်းလောက်ကြာပြီလို့ယူဆရတဲ့ လူအရိုးစုတွေကို ဆိုက်ပရပ်ကျွန်းမှာ တွေ့ရှိရတုန်းက လူအရိုးဘေးမှာ ကြောင်အရိုးတွေကိုပါမြှုပ်ထားတာကို အံ့အားသင့်စွာ တွေ့ရပါတယ်။ ကြောင်က ကျွန်းပေါ်ရောက်အောင် ပင်လယ်ကိုတော့ ရေကူးမလာလောက်တဲ့အတွက် ကြောင်ကို လူတွေကခေါ်လာတာလို့ယူဆကြပါတယ်။ ကြောင်ကိုမြှုပ်ထားတာကလဲ ဖြစ်ကတတ်ဆန်းမဟုတ်ဘဲ သေချာမြှုပ်ပေးထားလို့ ကြောင်ချစ်သူ ဒါမှမဟုတ် ကြောင်သခင်ရှိလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ ဒီအထောက်အထားအရ ကြောင်တွေကို Pet အဖြစ်မွေးခဲ့တာ ဒီထက်မကကြာပြီလို့ယူဆနိုင်ပါတယ်။ အိမ်မွေးကြောင်တွေရဲ့ မူလဇာစ်မြစ်ကိုတော့ အရှေ့အလယ်ပိုင်း Middle East ဒေသကနေစခဲ့တယ်လို့ ဆိုကြပါတယ်။ Middle East ဒေသဆိုတာကContinue reading “ကြောင်နဲ့ခွေးကဘယ်လိုကြောင့် အိမ်မွေးတိရစ္ဆာန်ဖြစ်လာကြတာလဲ?”

သင့်ကိုမှရွေးပြီး ဘာလို့ခြင်ပိုကိုက်နေရတာလဲ?

ခြင်ကလူရွေးကိုက်တယ်လို့သင်တွေးဖူးရင် အဲ့တာတကယ်ပဲဟုတ်ပါတယ်။ “ငါ့အသားကိုကချိုလို့လားမသိပါဘူး။ ခြင်ကြိုက်တတ်တဲ့အသား” ဆိုပြီး တချို့ခဏခဏ ပြောတတ်ကြပါတယ်။ သင်ကသူငယ်ချင်းပေါတယ်ဆို မေးကြည့်ကြည့်ပါ။ သူငယ်ချင်းတွေထဲမှာမှတချို့လူတွေက ခြင်ပိုအကိုက်ခံရတဲ့ ခြင်အချစ်တော်တွေဖြစ်ပါတယ်။တချို့ကျတော့လဲ ခြင်ဆိုတာချိုနဲ့လားလို့မေးရလောက်အောင် ခြင်အကိုက်မခံရတဲ့သူတွေရှိပါတယ်။ဘာလို့ ဒီလိုကွဲပြားနေရတာလဲဆိုတာ အကြမ်းဖျင်း ပြောပြပေးသွားပါမယ်။ ခြင်ထဲမှာမှ ခြင်အမကပဲကိုက်တယ်ဆိုတာအများသိကြမှာပါ။ ခြင်ကလူကိုကိုက်ဖို့ အနံ့ခံတဲ့အခါ အသက်ရှူထုတ်တဲ့ထဲမှာပါတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုအနံ့ခံပြီး လူကိုရှာတာပါ။ ခြင်ကိုက်တာနဲ့ပတ်သက်ပြီး စမ်းသပ်ချက်တခုလုပ်ထားတာပြောပြပါဦးမယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ လုပ်အားပေး ၈၀၀ကျော်ခေါ်ပြီး ခြင်ကိုက်တဲ့ကိစ္စကို လေ့လာစမ်းသပ်ကြပါတယ်။ ဘယ်လိုစမ်းကြတာလဲဆိုတော့ ခြင်ပေါတဲ့နေရာမှာ လက်မောင်းတွေဖော်ထားစေပြီး ၃မိနစ်လောက်ငြိမ်ငြိမ်နေခိုင်းပါတယ်။ အဲ့လိုခြင်စာကျွေးတဲ့အခါ ပထမတကြိမ်မှာ အကိုက်မခံရတာဆိုလို့ volunteer 17 ယောက်ပဲရှိပါတယ်။ ကျန်တဲ့သူတွေအကုန်အကိုက်ခံရပါတယ်။ အဲ့တာနဲ့နောက်တကြိမ်ထပ်ပြီး ခြင်စာကျွေးကြပြန်ပါတယ်။ ဒီတခါတော့အကုန်နီးပါး အကိုက်ခံရပြီး တယောက်ပဲအကိုက်မခံရပါဘူးတဲ့။ အဲ့လိုမျိုး နောက်ထပ် ၉ကြိမ်လောက်ထပ်စမ်းကြတဲ့အခါ အဲ့မောင်ကံကောင်းတယောက်က သူပဲလုံးဝအကိုက်မခံရပါဘူး။ ကျန်တဲ့သူတွေအားလုံး ခြင်ကိုက်ဖုကိုယ်စီနဲ့ကုတ်ဖဲ့နေချိန်မှာ သူကတော့ အပြုံးမပျက်ပါဘူးတဲ့။Continue reading “သင့်ကိုမှရွေးပြီး ဘာလို့ခြင်ပိုကိုက်နေရတာလဲ?”

ကမ္ဘာကြီးလုံးရာမှ ပြားလာရခြင်းအကြောင်း

ကျွန်တော့အနေနဲ့ စကြဝဠာအကြောင်းရေးချင်ပေမယ့် စိတ်ပညာအကြောင်း ရေးတာလောက် မဖတ်ကြလို့ မရေးဖြစ်တာပါ။ အဲ့တော့ နောက်တစ်ခေါက် Try ကြည့်တဲ့အနေနဲ့ သာမန်လူနားလည်လောက်တဲ့ အကြောင်းအရာတွေကနေ စပြီးပြန်ရေးချင်ပါတယ်။ဒီအကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေကတော့ ဒါတွေသိပြီးသား ဖြစ်နေနိုင်ပါတယ်။ ဒါက မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ထားတာပါ။ ခေတ်အဆက်ဆက် စကြဝဠာကြီးဘယ်လိုပုံစံရှိသလဲဆိုတာ လူတွေတွေးတောခဲ့ကြပါတယ်။ စကြဝဠာက ဒီလိုရှိပါလားဆိုပြီး သိလာတာ နှစ် ၁၀၀ လောက်ပဲရှိပါသေးတယ်။ ဒီမတိုင်ခင်တုန်းက အလွဲပေါင်းများစွာရှိခဲ့ပါတယ်။ အဲ့ဒီအလွဲတွေကနေ ဒီနေ့ထိ အဆင့်ဆင့် ပြောင်းလဲလာပုံကို ပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက စကြဝဠာဆိုတာ ဘာလဲမပြောနဲ့… ကမ္ဘာကဘယ်လိုလဲဆိုတာတောင် သေချာမသိခဲ့ပါဘူး။ “ကမ္ဘာကအောက်မှာ ကောင်းကင်ကြီးက အပေါ်မှာ” ဆိုတဲ့သဘောလောက်ပဲ နားလည်ခဲ့ကြတာပါ။ ကမ္ဘာကြီးက အပြားကြီးလို့ပဲထင်ခဲ့ကြပါတယ်။ ဒီတော့ ခုခေတ်မှာ ကမ္ဘာပြားတယ်လို့ ယုံသေးတဲ့သူတွေ (Falt Earthers) ကိုမြင်ရတဲ့အခါContinue reading “ကမ္ဘာကြီးလုံးရာမှ ပြားလာရခြင်းအကြောင်း”

Design a site like this with WordPress.com
Get started