Lucy ဆိုတဲ့ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီအကြောင်းကို ကောင်းကောင်းသိမှာပါ။ ရုပ်ရှင်ထဲမှာ ကျနော်တို့ရဲ့အချစ်တော်မင်းသားကြီး မော်ဂန်ဖရီးမန်းက စကားတခွန်းပြောလိုက်ပါတယ်။ “ဦးနှောက်ရဲ့ ၂၀%” ကိုသုံးလို့ရတယ်လို့ ယူဆလိုက်ကြရအောင်” တဲ့။ ပုံမှန်ဆို ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးလို့ရတယ်ပေါ့။ ပိုပြီးသာ သုံးလို့ရလာရင်ဘယ်လိုဖြစ်လာမလဲဆိုတာကို ဆွေးနွေးနေကြတာပါ။ ဒါဆို ကျနော်တို့ တကယ်ပဲ ၁၀% သောဦးနှောက်ကိုသာသုံးလို့ရနေတာလား။ လုံးဝ မဟုတ်ပါဘူး။တကယ်တော့ ကျနော်တို့အားလုံး ဦးနှောက်ရဲ့ ၁၀၀% ကိုသုံးနေကြတာပါ။ ၁၀% ပဲကွက်ပြီး သုံးလို့မရပါဘူး။ ဒါဖြင့်ရင် ဘာလို့ ဒီအယူအဆမှားကြီးက လူတွေကြားထဲမှာ ပြန့်နှံ့နေရတာပါလဲ။ ဒီဂျင်းစကားကြီးကဘယ်ကစတာလဲ၊ ဘယ်သူစပြောတာလဲဆိုတာ သေချာမသိကြပါဘူး။ ဖြစ်နိုင်တာတခုကတော့ ကြော်ငြာတွေက လျှောက်ကြော်ငြာကြရင်း ပြန့်လာတာဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး လူတယောက်ရဲ့ ဦးနှောက်က 1400 ဂရမ် (3 ပေါင်) လောက်လေးပါတယ်။ တကယ်လို့သာContinue reading “သင့်ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးလို့ရသေးတာ တကယ်ပဲလား?”
Tag Archives: သိပ္ပံဗဟုသုတ
Chaos Theory (Butterfly Effect)
ဒီအကြောင်းကိုရေးခိုင်းတဲ့သူတွေများလာလို့ ရေးလိုက်ပါတယ်။ စာကိုဖတ်ပြီးတဲ့အခါ သူ့ရဲ့ဆိုလိုရင်းကို အပေါ်ယံသဘောလောက်တော့ မြင်သွားမယ်ထင်ပါတယ်။ ဒီသီအိုရီကို Butterfly Effect လို့လည်းခေါ်ကြပါတယ်။ လေးဖြူရဲ့ ကစဉ့်ကလျားသီအိုရီ သီချင်းမှာလည်း “ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ လိပ်ပြာလေး အတောင်တစ်ချက်ခတ်ခြင်းက အစပြုတဲ့ လေပွေမုန်တိုင်းများ” လို့ ဆိုခဲ့ပါတယ်။ ဒီသီချင်းကို နားထောင်တော့ ဘာအဓိပ္ပါယ်ကြီးလဲလို့ တွေးခဲ့မိပြီး သူပြောချင်တဲ့ ဆိုလိုရင်းကို သိပ်နားမလည်ခဲ့ပါဘူး။ ဒီသီအိုရီကို ဘယ်လိုဥပမာပေးကြလဲဆိုတော့ Brazil က လိပ်ပြာလေးတစ်ကောင် အတောင်ပံခတ်လိုက်တာ American Texas မှာ လေပွေမုန်တိုင်းတွေ ဖြစ်လာတယ်တဲ့။ ဒါကို နားလည်အောင် ပြောပြချင်ပါတယ်။ ဒီသီအိုရီကို Lorenz ဆိုတဲ့ ပုဂ္ဂိုလ်ဟာ Research Paper တစ်ခုအနေနဲ့တင်ခဲ့ရာက ဒီအကြောင်းကို လူသိများလာတာပါ။Paper ရဲ့အဓိက ဆိုလိုရင်းကတော့ သေးသေးဖွဲဖွဲကိစ္စလေးတွေဟာ အနာဂတ်မှာContinue reading “Chaos Theory (Butterfly Effect)”
သိပ္ပံနည်းကျ Telepathy
လူတွေမှာ အာရုံငါးပါးရှိတော့ ဒီ ငါးပါးနဲ့ပဲ အချင်းချင်းဆက်သွယ်ကြတာပေါ့။ ဆက်သွယ်တယ်ဆိုတဲ့ သဘောကိုမြင်အောင် အရင်ပြောချင်ပါတယ်။ကိုယ်က စကားတစ်ခွန်းပြောလိုက်တယ်ဆိုရင် ဒီစကားရဲ့အစဟာ ဦးနှောက်ထဲက လျှပ်စီးကြောင်းတွေပါပဲ။ အဲ့ကနေမှ အသံအဖြစ်နဲ့ တစ်ဖက်လူကကြားရတာပါ။ အသံက နားထဲကို ရောက်သွားပြီး တုန်ခါခြင်းတွေကနေ လျှပ်စီးကြောင်းအဖြစ် ပြောင်းသွားပါတယ်။ ဒီတော့မှ ဦးနှောက်က သိပါတယ်။ မြင်တာ၊ ထိထာ၊ အနံ့၊ အရသာတွေဟာလည်း ဒီသဘောပါပဲ။ ဒီတော့ ကိုယ့်ဦးနှောက်နဲ့ တစ်ဖက်လူရဲ့ဦးနှောက်ကို အာရုံငါးပါးကြားခံပြီး ဆက်သွယ်နေတာပေါ့။ ဒါဆိုရင် အာရုံငါးပါး ကြားမှာခံမနေနဲ့တော့… ဦးနှောက် ၂လုံးကို တိုက်ရိုက်ဆက်သွယ်လို့ရမလား?ပြောချင်တာက ဒီဘက်ဦးနှောက်က လျှပ်စီးကြောင်းကို ဟိုဘက်ဦးနှောက်ထဲ တိုက်ရိုက်ပြောင်းလိုက်လို့ရသလား? ဒါဟာ အရင်ကတော့ သီအိုရီအရဖြစ်နိုင်တယ်လို့ တွက်ခဲ့ကြတယ်။ ခုနောက်ပိုင်းရောက်လာမှ တကယ်လက်တွေ့လုပ်လို့ရကြောင်း သိလာကြတာပါ။ဒါဟာ Telepathy လိုမျိုး Pseudoscience မဟုတ်ဘဲContinue reading “သိပ္ပံနည်းကျ Telepathy”
တရားထိုင်ခြင်းနဲ့ သိပ္ပံအယူအဆ (Mindfulness Meditation)
တရားထိုင်တယ်ဆိုတာ လူကြီးတွေလုပ်တဲ့အလုပ်၊ ဘုန်းကြီးတွေလုပ်တဲ့အလုပ်လို့ တော်တော်များများကထင်ကြတယ်။ ဒါကိုလုပ်လိုက်ရင် ဘာသာရေးနဲ့ဆက်နွယ်သွားပြီလို့ တွေးကြတာလည်း ပါမယ်ထင်တယ်။ဒါပေမယ့် ဗုဒ္ဓဘာသာမဟုတ်တဲ့ နိုင်ငံတွေမှာ မူလတန်းကျောင်းတွေကနေစပြီး တရားထိုင်ဖို့ ကလေးတွေကို သင်ပေးနေကြတယ်။ သူတို့နိုင်ငံတွေက လူတွေလည်း ဒီအလုပ်ကို စိတ်ဝင်တစားနဲ့လုပ်နေတာ မြင်ရတော့ ကျွန်တော်တို့ ဘာလို့ ဒါကို စမ်းမလုပ်ကြပါလိမ့်ဆိုတဲ့ အတွေးဝင်လာတယ်။ တရားထိုင်တာ ငယ်ငယ်တုန်းကပဲ လုပ်ဖူးတာပါ။ ကလေးဆိုတော့ ဘာမှန်းမသိဘူးလေ… ထိုင်ဆိုထိုင်လိုက်တာပဲ၊ စိတ်ကို ဘယ်လိုထားရမယ်တွေ ဘာတွေလည်း မသိဘူး။မဟာစည်မှာ ကိုရင်ဝတ်တော့လည်း တစ်နေ့ ၃ခါ တရားထိုင်ခိုင်းတယ်၊ ဒါပေမယ့် နားမှမလည်တာ…။ သံဃာတွေတရားထိုင်နေတဲ့ ကြားထဲသွားပြီး ချီးပေါက်တဲ့လူကပေါက်၊ တခွိခွိရယ်တဲ့လူကရယ်ဆိုတော့ ဗရုတ်သုတ်ခနဲ့ တရားထိုင်တာ ဘာမှန်းသေချာမသိလိုက်ပါဘူး။ အသက်ကြီးလာတော့လည်း ခုချိန်ထိ အဲ့ဘက်ကို ပြန်မလှည့်ဖြစ်တော့ဘူး။ ဒါပေမယ့် စာအုပ်တစ်အုပ်ဖတ်မိပြီး နည်းနည်းတော့စိတ်ဝင်စားလာတယ်။ နိုင်ငံခြားသားကရေးတာဆိုတော့Continue reading “တရားထိုင်ခြင်းနဲ့ သိပ္ပံအယူအဆ (Mindfulness Meditation)”
How did life begin? သက်ရှိတွေ ဘယ်လို စဖြစ်လာတာလဲ? (From Biology perspective)
(ဒီ article က တော့ Physics perspective က ရေးတဲ့ article ရဲ့ အဆက်ပါ။)မဖတ်ရသေးရင် ဒီ link မှာ ဖတ်နိုင်ပါတယ်။ https://ouo.io/NfeywV Origin of life ဟာ ဘယ်က စတင် ခဲ့တာလဲ? 1952 မှာ Stanley Miller ဆိုတဲ့ scientist ဟာ experiment တစ်ခု လုပ်ခဲ့ပါတယ်။ Methane, Ammonia, Hydrogen စတဲ့ ရိုးရှင်းသော chemical တွေပါတဲ့ “primordial soup” ကို ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ အဲ့ soup ထဲကို လျှပ်စစ် ဖြတ်စီး လိုက်တယ်။ ရက်အနည်း ငယ်ကြာတော့ amino acidContinue reading “How did life begin? သက်ရှိတွေ ဘယ်လို စဖြစ်လာတာလဲ? (From Biology perspective)”