“သက်ရှိတွေ ဘယ်က စ ပေါ်လာ သလဲ?” ဆိုတဲ့ မေးခွန်းက လူတိုင်း တွေးမိကြတဲ့ မေးခွန်းပါ။ Life ဆိုတာကတော့ Biology နဲ့ အသက်ဆိုင် ဆုံးပေါ့။ ဒါပေမယ့် ဒီ article မှာတော့ သက်ရှိတွေ ဘယ်လို စပေါ်လာ သလဲ ဆိုတာကို Physics ရဲ့ ရှုထောင့် က နေ သုံးသပ် ကြည့်မှာ ဖြစ်ပါတယ်။ “Life” ကို နားလည်ဖို့ အတွက် Physics က “entropy” ဆိုတာကို နားလည်ဖို့ လိုပါတယ်။ Entropy ဟာ ဘာလဲ? Entropy ဆိုတာ “disorder” ပါ။ Second law of Thermodynamics အရContinue reading “How did life begin? သက်ရှိတွေ ဘယ်လို စ ဖြစ်လာတာလဲ? (From Physics perspective)”
Tag Archives: သိပ္ပံဗဟုသုတ
အိုင်ကျူ test လား၊ ဂျင်းတက်လား?
အိုင်ကျူစစ်ဆေးတဲ့နည်းလမ်းဆိုပြီး online မှာ ခဏခဏတွေ့ရပါတယ်။ ဒီတိုင်းရိုးရိုး newsfeed မှာပေါ်လာရင် သိပ်စိတ်မဝင်စားပေမယ့် ကိုယ်နဲ့သိတဲ့ဘော်ဒါတယောက်ကများ My IQ score is 130 ဆိုပြီးများ share ထား တင်ထားရင် အတော်လေး စိတ်လှုပ်ရှားလာပါတယ်။ ဟာ..ဒီကောင်ဖြေတာတောင် IQ 130မှတ်ရတယ်။ငါဆို ပိုများမှာပဲ…ဝင်ဖြေကြည့်ဦးမှဆိုပြီး ပြိုင်ဆိုင်ချင်စိတ်ကလေး ကြွားချင်စိတ်ကလေးဝင်လာတတ်ပါတယ်။ ဒီလိုနဲ့ ဘုမသိဘမသိ IQ test ဆိုတာဝင်ဖြေရော။ Test ထဲမှာက ကိန်းဂဏန်းတွေရွေးရတာပါမယ်။Pattern တွေရွေးရတာ….တြိဂံပုံ လေးထောင့်ပုံရွေးရတာတွေ အစုံပဲပါပါတယ်။ ဖြေရင်း ခေါင်းမူးရင်း ရမ်းဖြေရင်း အဖြေတခုထွက်လာပါတယ်။ Your IQ score is 110 ပေါ့… အဲ့တာနဲ့ ရလာတဲ့အမှတ်ကို ဘဝင်ကျမှာမဟုတ်ပါ။ သူများတွေဖြေတာကျ အမှတ်ကောင်းတယ်… ငါကျအမှတ်က သူတို့လောက်မများဘူး… ဘာလဲContinue reading “အိုင်ကျူ test လား၊ ဂျင်းတက်လား?”
တွင်းနက်များနှင့် Information Paradox
တွင်းနက်တွေ ဘယ်လိုဖြစ်လာလဲဆိုတာ အရင်ကရေးပြီးသားမို့ မပြောတော့ပါဘူး။ စိတ်ဝင်စားရင် ဒီမှာ သွားဖတ်ပေးပါ။ အာကာသတွင်းနက်များ (Black Holes) အကြောင်း (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 3)https://ouo.io/lPx7Pcn တွင်းနက် (Black Hole) ဆိုတာ Gravity (ဆွဲအား) အလွန်များတဲ့အတွက် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဟင်းလင်းပြင်အချိန် (Spacetime) ကွေးညွတ်လွန်းသွားပြီး ကိုယ်ပိုင်စကြဝဠာ အသေးစားလေးတစ်ခုဖြစ်သွားတာပါ။စကြဝဠာထဲမှာ အမြန်ဆုံးလို့သတ်မှတ်ထားတဲ့ အလင်းတောင်မှ သူ့ဆီက ပြေးမလွတ်ပါဘူး။ အလင်းတောင်မလွတ်မှတော့ သူ့ကိုလည်း မမြင်ရဘူးဆိုပါတော့။ သူ့ရဲ့ အလယ်ဗဟိုမှာ အမှတ်စက် (Singularity) ရှိတယ်ဆိုပြီး ပြောကြတယ်။ အဲ့ဒီအမှတ်စက်လေးဟာ သိပ်သည်းဆ အဆမတန်များလွန်း (Infinite density) တဲ့အတွက် သူ့ဆီကို လာသမျှ အရာအကုန်လုံးကို အခြေခံအမှုန်တွေ အဖြစ်ပြောင်းပြစ်နိုင်တယ်။ရှင်းအောင်ပြောရရင် လူတွေဟာလည်း Cells တွေContinue reading “တွင်းနက်များနှင့် Information Paradox”
သင်မသိသေးတဲ့ သင့်အသက်ကျေးဇူးရှင် မြင်းခွာဂဏန်း (သို့) ကင်းဖိုကင်းမ
ပင်လယ်ထဲမှာနေပြီး ကြောက်စရာကောင်းတဲ့ ရုပ်ဆိုးဆိုးပုံစံနဲ့ ဒီအကောင်ကို မြင်းခွာဂဏန်း (Horseshoe crab) လို့ခေါ်ကြပြီး တချို့ကလဲ ကင်းဖိုကင်းမလို့ခေါ်သလို မိုင်းဒါး/ဗီလား စသဖြင့်လဲခေါ်ကြပါတယ်။ ဒီအကောင်တွေက ရေနေသတ္တဝါထဲမှာ ရှေးဘိုးဘေးဘီဘင် ကမ္ဘာဦးအစလောက်ထဲက ရှိခဲ့တဲ့ အကောင်တွေဖြစ်ပါတယ်။ မြင်းခွာပုံ အခွံမာမာကြီး ရှိပြီး အမြီးရှည်တချောင်းရှိပါတယ်။ ရေကူးရင် ပက်လက်ကူးပြီး အမြီးနဲ့ထောင့်ချိုးကာ ကူးခတ်တတ်ပါတယ်။ ထူးခြားတာက သူ့နာမည်မှာ ဂဏန်းပါပေမယ့် သူကဂဏန်းအုပ်စုဝင်မဟုတ်ဘဲ ပင့်ကူတို့ ကင်းမြှီးကောက်တို့ အနွယ်ဝင်တမျိုးဖြစ်ပါတယ်။ မြင်းခွာဂဏန်းတွေက မျက်လုံး ၉ လုံးတောင်ရှိလို့ အမြင်အာရုံကောင်းမွန်ပြီး မျက်လုံး ၂ လုံးက compound eyes တွေဖြစ်ပါတယ်။ သူ့ရဲ့သွေးက သူ့ကိုနာမည်ကြီးစေတဲ့အချက်လဲဖြစ်သလို သူ့ကိုမျိုးတုံးစေတော့မယ့် အကြောင်းလဲဖြစ်နေပါတယ်။ လူနဲ့အခြားတိရစ္ဆာန်တွေမှာ သွေးလှည့်အဖွဲ့ circulation system က closed systemContinue reading “သင်မသိသေးတဲ့ သင့်အသက်ကျေးဇူးရှင် မြင်းခွာဂဏန်း (သို့) ကင်းဖိုကင်းမ”
မျက်စိမမြင်တဲ့သူတွေ လောကကြီးကို ဘယ်လိုမြင်ကြလဲ?
ဒီခေါင်းစဉ်က တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ Daredevil ဇာတ်လမ်းကိုကြည့်ဖူးရင် ကျွန်တော်ပြောချင်တာကို သိမှာပါ။ ဒါပေမယ့် အဲ့ဒီလောက်တော့ အစွမ်းထက်မနေဘူးပေါ့ဗျာ။မျက်စိမမြင်ရတဲ့သူတွေက လုံးဝကြီး မမြင်ရတာတော့ မဟုတ်နေဘူး။ မြင်နေရတာကို ပြောချင်တာလည်း မဟုတ်ပါဘူး။ ခေါင်းရှုတ်သွားမယ်ဆိုတာ သိပါတယ်။ ဆက်ဖတ်ပေးရင် နားလည်လာပါလိမ့်မယ်။ မျက်စိမမြင်ဘူးဆိုတာမှာ အမျိုးအစားတွေ အများကြီးရှိပါတယ်။ပထမတစ်မျိုးက လုံးဝမမြင်တာ (Total Blindness) ပါ။ သူကကျတော့ မျက်စိ (သို့) အမြင်အာရုံကြော (Optic Nerve) တစ်ခုခု ထိခိုက်ပျက်စီးသွားလို့ဖြစ်တာပါ။ မွေးကတည်းက ဖြစ်နိုင်သလို၊ မတော်တဆမှုတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလူတွေမှာ ဘာမြင်ရသလဲလို့ မေးတဲ့အခါ ဘာမှ မမြင်ရဘူးလို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် သာမန်လူတွေက ဒါကို သူတို့မျက်စိမှိတ်လိုက်ရင် မြင်ရသလိုမျိုး ထင်တတ်ကြပါတယ်။ အမည်းရောင်ကြီးကို မြင်နေတယ်ဆိုပါတော့။တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ ဘာမှမမြင်ရဘူးဆိုတာ ဘာမှကိုContinue reading “မျက်စိမမြင်တဲ့သူတွေ လောကကြီးကို ဘယ်လိုမြင်ကြလဲ?”