ကျွန်တော်တို့တွေ ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာမျိုး အခက်ကြုံဖူးကြမှာပါ။ကိုယ်စိတ်ထဲထင်တဲ့အတိုင်း ဖြေရှင်းတတ်တဲ့သူတွေရှိသလို၊ တခြားသူတွေ ဘယ်လိုဖြေရှင်းနေလဲဆိုတာ စနည်းနာပြီး နည်းလမ်းရှာတတ်တဲ့ သူတွေရှိပါတယ်။ သေချာမလေ့လာဘဲ ကိုယ်လုပ်ချင်တာလုပ်လိုက်တဲ့အခါ စိတ်ရှုပ်ရတာ သက်သာသွားပေမယ့် အလျော်အစားတော့များပါတယ်။ အထူးသဖြင့် ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တဲ့အခါ ဒုက္ခပိုများသွားနိုင်ပါတယ်။ဒါကြောင့် လူအများစုကတော့ ပြဿနာကို သူများတွေ ဘယ်လိုဖြေရှင်းလဲဆိုတာ လေ့လာတတ်ကြပါတယ်။ အဲ့ဒီမှာ ပြဿနာနောက်တစ်ခု ထပ်တက်ပါတယ်။ကိုယ်မသိနားမလည်တဲ့ကိစ္စတစ်ခုမှာ အကြံဉာဏ်တောင်းမယ်ဆိုရင် လူအများစုက ဒါကိုလုပ်လို့ပြောပြီး အနည်းစုက ဟိုဟာကိုလုပ်လို့ ပြောရင် ဘယ်ဟာကို ယုံယုံကြည်ကြည်နဲ့လုပ်ရမလဲ ဆိုတာပါ။တော်တော်များများကတော့ လူအများစု ပြောတာပဲ လုပ်မှာပေါ့လို့ ဖြေကြမှာပါ။ ဒါပေမယ့် မြန်မာစကားပုံမှာ အများညီရင် ဤကိုကျွဲဖတ်ဆိုတာရှိတယ်။ဆိုတော့… လူအများက လက်ခံတိုင်း ဒီအမြင်တစ်ခုက အမှန်ဖြစ်သွားရောလား၊ လူနည်းစုတွေ ပြောတာရော အမှန်မဖြစ်နေနိုင်ဘူးလား။ ဒီအမြင် ဘယ်ကစသလဲဆိုတော့ EnglandContinue reading “အများနဲ့တစ်ယောက် ယှဉ်လာရင် ဘယ်သူပြောတာ ယုံသင့်လဲ?”
Tag Archives: အတွေးအပိုင်းအစများ
ဘဝမှာ တစ်ခါလောက် မေးသင့်တဲ့ ဒဿနမေးခွန်း ၁၀ခု
၁။ ဘဝမှာ လက်ရှိအတွက် နေသင့်လား၊ အနာဂတ်အတွက် နေသင့်လား။ ဒီမေးခွန်းကို စိုးရိမ်ပူပန်မှုတွေဆီ ချဥ်းကပ်တဲ့အခါ မေးကြည့်သင့်ပါတယ်။ တချို့က ပျော်ပျော်နေကြတယ်။ တချို့က အနာဂတ်အတွက် တွေးပူနေကြပါတယ်။ တချို့က နောင် ၄၊ ၅၊ ၁၀နှစ်အတွက် ကြိုးစားပြီး ပစ္စပ္ပုန်ကို မေ့လျော့နေကြတယ်။ တချို့က လက်ရှိအတွက်ပဲ ကြိုးစားပြီး အနာဂတ်ကို ထည့်မတွေးပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းကြတယ်။ သင့်ကိုသင် ဒီမေးခွန်းပြန်မေးခြင်းအားဖြင့် သင့်ရဲ့ နေ့စဥ်ဘဝ၊ အလုပ်အကိုင်၊ မိတ်ဆွေများနဲ့ ဆက်ဆံရေး၊ ချစ်မှုရေးရာတွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ၂။ ကျွန်ုပ်တို့မှာ လွတ်လပ်သော စိတ်ရှိလား (သို့) ကိုယ်လုပ်ချင်တာ လုပ်လို့ရလား။ လုပ်ချင်တာ လုပ်လို့ရတာပေါ့လို့ မဖြေခင် အောက်က စာလေးကို စိတ်ရှင်းရှင်းထားပြီး ဖတ်ကြည့်ပါဦး။ မျက်နှာပြင်ခြောက်ခုပါတဲ့Continue reading “ဘဝမှာ တစ်ခါလောက် မေးသင့်တဲ့ ဒဿနမေးခွန်း ၁၀ခု”
Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 2)
Moral Paradox နဲ့ ပတ်သက်လာရင် ရထားပြသနာက နာမည်ကြီးပါတယ်။ ရထားတစ်စင်းဟာ ရထားလမ်းပေါ်မှာ အရှိန်နဲ့ မောင်းနေလာပါတယ်။ လမ်းပေါ်မှာ လူ၅ယောက်ကို ကြိုးနဲ့ တုပ်ထားပါတယ်။ သင့်မှာ ရထားကို လမ်းလွှဲနိုင်တဲ့ ခလုတ်ရှိပါတယ်။ ဒါပေမယ့် ရထားကို လမ်းလွှဲရင်လည်း နောက်လမ်းမှာ လူတစ်ယောက်က ကြိုးနဲ့ တုပ်လျက်သား ဖြစ်နေပါတယ်။ ဆိုလိုချင်တာ လူ၁ယောက်နဲ့ ၅ယောက်ကို ရွေးရမှာပါပဲ။ သင်သာဆိုရင် ဘာကိုရွေးမှာပါလဲ။ နောက်တစ်ခုကလည်း ဒီရထား ပြသနာပါပဲ။ ဒီတစ်ခါကျတော့ ရထားဟာ ဂုံးကျော်တံတားအောက်က ဖြတ်လာနေတာ ဖြစ်ပြီး ရထားလမ်းမှာ ခုနက အတိုင်းပဲ လူ၅ယောက်ကို ကြိုးနဲ့ တုတ်ထားပါဦးမယ်။ သင်က တံတားပေါ်ကနေ ကျောက်တုံးကို ရထားပေါ် ပစ်ချလိုက်ရင် ရထားကို ရပ်လို့ရပေမယ့် တံတားပေါ်မှာ သင်နဲ့Continue reading “Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 2)”
Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 1)
Paradox နဲ့ ပတ်သက်ပြီး ယနေ့ခေတ် လူငယ်တွေ မစိမ်းလောက်ပါဘူး။ Grandfather paradox လို့ ခေါ်တဲ့ အချိန်ခရီးသွားတာနဲ့ ပတ်သက်ပြီး အဖိုးဝိရောဓိလို့ သိကြပါတယ်။ အကျဥ်းပြောရရင် အတိတ်ကိုသွား၊ အဖိုးကို သတ်လိုက်ရင် အဖိုးသေ၊ အဖေမရှိ၊ ကိုယ်လည်းမရှိရင် ကိုယ်လည်း မရှိနိုင်၊ မရှိရင် အတိတ်ကို သွားလို့မရ ဆိုတဲ့ ရှေ့နောက်မညီညွတ်မှုကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ ဆိုရရင် ဝိရောဓိဆိုတာ ရှေ့နောက်မညီညွတ်ခြင်းလို့ နားလည်ထားလို့ ရပါတယ်။ Morality လို့ ခေါ်တဲ့ ကိုယ်ကျင့်တရားကတော့ အတော် ကျယ်ပြန့်ပါတယ်။ လူမျိုး နိုင်ငံ ယဥ်ကျေးမှု မတူညီတာနဲ့အမျှ ကိုယ်ကျင့်တရားတွေကလည်း မတူနိုင်ဘူးလို့ ယေဘုယျ ယူဆလို့ရပါတယ်။ လူ့သမိုင်းမှာ ကိုယ်ကျင့်တရားဆိုတာ သက်ကြီး ဝါကြီးတွေကနေ တဆင့် ငယ်ရွယ်သူတွေကိုContinue reading “Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 1)”
Nihilism နတ္ထိဝါဒ (Part 2)
ကိုယ်ဟာ Nihilist ဖြစ်နေမလား? ဘာစည်းမျဥ်းစည်းကမ်း ခံယူချက်ရှိမနေဘူးယုံကြည်ခြင်းတွေလည်း ကင်းမဲ့နေမယ်သံယောဇဥ် အတွယ်အတာတွေ မခံစားတတ်ဘူးအရာရာတိုင်းဟာ ဖြစ်နိုင်မလားဆိုတဲ့ ရှုထောင့်ကနေ ကြည့်တတ်နေမယ် ဒါဆိုရင် သင်ဟာ Nihilist ဖြစ်နေပြီလို ပြောလိုရပါတယ်။ ဒါပေမယ့် True Nihilist တော့ မဖြစ်နိုင်ပါဘူး။ Nihilsim ကို ယုံကြည်နေခြင်းကိုကNihilist ဖြစ်စေမလားဆိုတဲ့ ဝိရောဓိကို မွေးဖွားလာပြန်ပါတယ်။ Nihilism အမျိုးအစားတွေ ဆိုခဲ့သလိုပဲ True Nihislist မရှိတာကြောင့် Nihilist တွေက ရွေးချယ်ပြီး မယုံကြည်ရတော့ပါတယ်။ ဒါကြောင့် Nihilism ၄မျိုး ဖြစ်လာပါတယ်။ Moral Nihilism ကိုယ်ကျင့်တရားတွေကို မယုံကြည်တာပါ။ အမှား အမှန်၊ လုပ်သင့် မလုပ်သင့်ကို မယုံကြည်ဘဲ “လုပ်ပြီးမှ ကြည့်” ဆိုတဲ့ စည်းမျဥ်းကို ကိုင်စွဲပါတယ်။Continue reading “Nihilism နတ္ထိဝါဒ (Part 2)”