ဒီမေးခွန်းက စိတ်ဝင်စားစရာပါ။ မကြာသေးခင်က British ကျန်းမာရေးဝန်ကြီးဟာ Covid စည်းကမ်းတွေကို ချိုးဖောက်လို့ ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါကြောင့် Covid စည်းကမ်း ချိုးဖောက်မှုဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆိုင်နေသလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတော့တယ်။ လေ့လာမှုတွေအရ ရှေးရိုးဆန်သူတွေက Covid စည်းကမ်းကို ချိုးဖောက်တတ်ပါသတဲ့။ ရှေးရိုးဆန်ပြီး ပျင်းရိနေတတ်တဲ့သူတွေက ပိုချိုးဖောက်ပါသတဲ့။ ပျင်းတယ်ဆိုတာ Lazy ကို ပြောတာ မဟုတ်ဘဲ Boredom ကို ပြောချင်တာပါ။ ငြီးငွေ့တယ်လို့ ဘာသာပြန်ရင်လည်း နည်းနည်းတော့ လွဲနေမလားလို့ပါ။ Boredom ကို သိပ္ပံပညာရှင်တွေက လူတစ်ယောက်ရဲ့ သူရဲ့လုပ်ငန်းကိုင်ငန်းတွေ ပြန်လုပ်ချင်လာတဲ့ အခြေအနေတစ်ခုလို့ သတ်မှတ်ကြပါတယ်။ ဥပမာ – စာကျက်နေရင်း ပျင်းလာတယ်ဆိုတာဟာ စာကျက်ရမှာ Lazy ဖြစ်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွက် လုပ်ရတာContinue reading “ဘယ်သူတွေက Covid စည်းကမ်းတွေကို ပိုချိုးဖောက်တတ်ပါသလဲ?”
Tag Archives: အတွေးအပိုင်းအစများ
Causal Loop
ဒဿနသမိုင်းမှာ Principle of Causality လို့ ခေါ်တဲ့ ကျိုးကြောင်းပြ စည်းမျဥ်းက တော်တော်လေး နာမည်ကြီးပါတယ်။ ဒီစည်းမျဥ်းက ဘာကိုပြောလဲဆိုတော့ အရာရာတိုင်းဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်လို့ ပြောတာပါ။ ပန်းသီး ဘာကြောင့်ကြွေ၊ Gravity ကြောင့်စကြာဝဠာ ဘာကြောင့်ဖြစ်လာ၊ ဘုရားသခင်က ဖန်ဆင်းလို့ဘာက ဘာကြောင့်ဖြစ်လာ၊ ဘာကြောင့် ဘာကြောင့် စသဖြင့် ဖြစ်လာတဲ့ အကျိုးတရားတိုင်းမှာ အကြောင်းတရားက ရှိနေပါတယ်လို့ ပြောပါတယ်။ ဒါကို အလယ်ခေတ်နှောင်းပိုင်း Philosopher တွေက စကြာဝဠာ ဘာကြောင့်ဖြစ်လာ၊ ဘုရားသခင်က ဖန်ဆင်းတယ်ဆိုတာကို ဖျက်ဆီးပစ်ဖို့ ကြိုးစားကြပါတယ်။ Principle of causality ကို မငြင်းပေမယ့် Universe ရဲ့ Cause ဆိုတာ ဘုရားသခင် မဟုတ်ဘူးဆိုတာကို သက်သေပြခဲ့ကြပါတယ်။ ဒါဟာလည်းContinue reading “Causal Loop”
အာခိလိနဲ့ လိပ် အပြေးပြိုင်ဖူးခဲ့တယ်
အာခိလိဆိုတာ ဂရိသူရဲကောင်း တစ်ယောက်ပါ။ မွေးကတည်းက အမေဖြစ်သူရဲ့ ဖနောင့်ကိုင် မြစ်ရေထဲ နှစ်ပေးမှုကြောင့် ဖနောင့်ကလွဲပြီး တစ်ကိုယ်လုံး တုတ်ပြီး ဓားပြီးသူကြီးပေါ့။ နောက်ဆုံးတော့ စစ်ပွဲမှာ ဖနောင့်ကို အဆိပ်လူးမြား မှန်ပြီး သေသွားရပါတယ်။ ဒါကြောင့် ဖနောင့်က အရွတ်တစ်ခုကို Archilles’ Tendon လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ Zeno of Elea ဆိုတဲ့ Elea မြို့က philosopher Zeno ဟာ နာမည်ကြီး ဝိရောဓိတွေကို ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ဝိရောဓိတွေဟာ အခုခေတ်ကနေ ပြန်ကြည့်ရင် အတော့်ကို အူကြောင်ကြောင် နိုင်နေတာကို တွေ့ရပါမယ်။ အာခိလိနဲ့ လိပ်အပြေးပြိုင်တာကိုပဲ ကြည့်ရအောင်ပါ။ အာခိလိနဲ့ လိပ်အပြေးပြိုင်တော့ အာခိလိက သဘောထားကြီးစွာ လိပ်ကို မီတာContinue reading “အာခိလိနဲ့ လိပ် အပြေးပြိုင်ဖူးခဲ့တယ်”
ငါ သူတပါး ယောက်ျား မိန်းမ
ဒါ ဟိုးအရင် မြန်မာရုပ်ရှင် ဇာတ်ကား နာမည်ကို ယူထားတာပါ။ အခုရေးမှာနဲ့ မဆိုင်သလို ဆိုင်သလိုလေး ဖြစ်နေလိုပါ။ ခွဲခြားတယ်ဆိုတာ လူ့သမိုင်းမှာ သိပ်ကို အရေးကြီးတဲ့ အတွေးအခေါ် တိုးတက်မှုမှာ ပါဝင်ခဲ့ပါတယ်။ ရန်သူနဲ့ မိတ်ဆွေ၊ ဆေးနဲ့ အဆိပ်၊ ကောင်းမှုနဲ့ ဆိုးမှု စသဖြင့် အမျိုးမျိုး ခွဲခြားမှုကြောင့် လူ့အဖွဲအစည်း တိုးတက်လာရတာ ဖြစ်ပါတယ်။ ကွဲပြားလို ခွဲခြားတာလား၊ ခွဲခြားလိုက်လို ကွဲပြားတာလားကတော့ အတော်ရှင်းရခက်တဲ့ ဒဿန ပြသနာ တစ်ပုဒ်ပါပဲ။ ခွဲခြား ဆက်ဆံတာ (discrimination) ကလည်း တော်တော့ကို အရေးပါတဲ့ လူ့လုပ်ငန်းစဥ်ပါပဲ။ ဘုရင်နဲ့ အသည်၊ သမ္မတနဲ့ အရပ်သား၊ အုပ်စိုးသူနဲ့ ဖိနှိပ်ခံရသူ စသဖြင့် ခွဲခြားဆက်ဆံနေခဲ့၊ နေကြဆဲ၊ နေကြရဦးမှာပဲ။ ဒါဟာContinue reading “ငါ သူတပါး ယောက်ျား မိန်းမ”
လူ
လူဆိုတာ ဘာလဲ။ ဇီဝပညာရှင်တွေက သက်ရှိလို့ခေါ်မယ်။ ခြေနှစ်ချောင်းလို့ ပြောမယ်။ ဓာတုဗေဒ ပညာရှင်တွေက ဓာတ်အစုအဝေးလို့ ခေါ်မယ်။ ခေါ်ချင်တဲ့သူ မျိုးစုံခေါ်နေကြတာပဲ။ ဒါပေမယ့် လူဆိုတာက ဘာလဲ။ ဘယ်အရာကို လူလို့ ခေါ်တာလဲ။ ပတ်ဝန်းကျင်က ကိုယ်နဲ့ ဆင်တူတဲ့ သက်ရှိကို ဆွဲခေါ်ပြီး လူပါလားလို့ မေးရင် လူပေါ့လို့ဖြေမယ်။ ဒါပေမယ့် တခါတလေ “မင်းလုပ်ရပ်က လူနဲ့တောင် မတူတော့ဘူးကွ” ဆိုသလို…“မင်းက လူစိတ်ပျောက်နေတာပဲ” ဆိုသလို…“သူတို့လုပ်နေတာ လူမဆန်တော့ဘူး” ဆိုသလို…အမျိုးမျိုး ပြောကြပါတယ်။ ဒါဖြင့်ရင် လူဆိုတာ တကယ်တမ်းဘာလဲ။ တိရိစ္ဆာန်နဲ့ လူကြားက ကွာခြားမှုက ဘာလဲ။ လက်တွေ့ကျကျနဲ့ ဓမ္မဓိဌာန်ကျကျ တွေးကြည့်ရအောင်။ လူနဲ့ အခြားသက်ရှိတွေက လွန်ခဲ့တဲ့ နှစ် ၅၀၀၀ ပတ်ဝန်းကျင်အထိ ဘာမှမကွာဘူး။ စားမယ်၊Continue reading “လူ”