Orexins ဟော်မုန်းအကြောင်းသင်ဘာတွေသိထားလဲ?

ကျနော်တို့ ကြားဖူးနားဝသိပ်မရှိတဲ့
hormone တမျိုးအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။

သူ့ကို Orexins လို့ခေါ်ပါတယ်။ သူကတကယ်တော့ hormone ဆိုတာထက် neuropeptide တမျိုးဖြစ်ပြီး lateral and posterior hypothalamus မှာရှိတဲ့ neurons တွေကနေ အဓိကထုတ်ပေးပါတယ်။

Orexin ဆိုတဲ့ name က “Orexis”ဆိုတဲ့ ဂရိစကားကလာပြီး “appetite” လို့အဓိပ္ပါယ်ရပါတယ်။

သူ့ကိုထုတ်တဲ့နေရာကလဲ lateral hypothalamus ဆိုတော့ ကျနော်တို့ ငယ်ငယ်က hypothalamus ရဲ့နေရာတွေကိုမှတ်သလို
“ရှေ့ပူ နောက်အေး ဘေးဆာ လယ်ပြည့်” ဆိုတဲ့အတိုင်း ဒီneuropeptideရဲ့ function က food intake ကိုများစေ ဗိုက်ဆာစေပါတယ်။

Orexin A ရယ် B ရယ်ဆိုပြီး ၂မျိုးရှိပါတယ်။
သူ့ကို “Hypocretin” လို့လဲ ခေါ်ခဲ့ကြပါတယ်။
အကြောင်းကတော့ Hypothalamus မှာတွေ့ရလို့ (Hypo-) ရယ် gut hormone တမျိုးဖြစ်တဲ့ secretin နဲ့ဆင်တူလို့ရယ် (-cretin) ကြောင့်ဖြစ်ပါတယ်။

Research တွေမှာ Orexin တွေကို CNS ထဲရောက်အောင် injection ပေးကြည့်တဲ့အခါ အချက်၂ချက်ကိုတွေ့ရပါတယ်။
Appetite တက်လာပြီး လူကမအိပ်ချင်တော့ဘဲနိုးကြားလာတာကို (Wakefulness) တွေ့ရပါတယ်။
Orexin က REM sleep ကိုလဲ suppress လုပ်တာကိုတွေ့ရပါတယ်။

နောက်ပိုင်းတွေ့ရှိချက်တွေအရ Orexin deficiency ဖြစ်ခြင်းသည် Narcolepsy (အအိပ်လွန်ရောဂါ) နဲ့ဆက်စပ်မှုရှိတာကိုတွေ့ရှိရပါတယ်ဗျ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

4 thoughts on “Orexins ဟော်မုန်းအကြောင်းသင်ဘာတွေသိထားလဲ?

  1. ညီမကဟော်မုန်းနည်ူတဲ့ရောဂါရှိတယ် သွိုင်းရွိုက် လို့‌ေပြာတယ်ဆရာဝန်ကအဲ့တာဘာကြောင့်လဲဆိုတာသိချင်တယ် လည်ပင်းကြီးရောဂါဆိုပေမဲ့ အပြင်ကိုထွက်လာတာမျိူးမရှိဘူး အတွင်းမှာ အကျိအကျိတ်လေးဖြစ်တာကိုယ်ဖြစ်တဲ့ရောဂါအကြောင်းပို ပြည့်”စုံလေးသိချင်လို့ ထပ်ရှိသေးလားရှင့်

    Like

    1. သိုင်းရိုက်ရေးဂါတွေဟာ လည်ပင်းမကြီးတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီအကြောင်းကို ရေးထားတာမရှိသေးပါဘူး။ ပညာပေးသဘောလောက် ရေးဖြစ်ရင် တင်ပေးပါမယ်။

      Like

Leave a reply to Snow Cancel reply

Design a site like this with WordPress.com
Get started