စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 3)

Part 1 နဲ့ Part 2 ကိုအရင်ဖတ်ပြီးမှ ဒါကိုဖတ်ပါ။

The Dark Ages (380,000 years to 150 million years)

Atom တွေစဖြစ်တဲ့အချိန်နဲ့ ကြယ်တွေစဖြစ်တဲ့အချိန်ကြားက ကာလကို Dark Ages လို့ခေါ်တာပါ။
Photon တွေရှိနေပြီဖြစ်ပေမယ့် အမှောင်ခေတ်လို့ပဲ ခေါ်ကြပါတယ်။
ဒီကာလမှာ Cold Dark Matter (Hypothetical Dark Matter) တွေရှိမယ်လို့ဆိုကြတယ်။

လွယ်လွယ်ပြောရရင် Dark Matter တွေက စကြဝဠာကြီး ပြန့်ကားတာကို ပိုပြီးပြန့်ကားအောင် လုပ်ပေးတာပါ။ (Dark Matter အကြောင်းကလည်း Article တစ်ခုစာရေးရမှာမို့ ကျော်လိုက်ပါပြီ)

Reionization (150 million years to 1 billion years)

ဒီကာလမှာ Gravity ကြောင့် matter တွေစုသွားပြီး Quasar ဖြစ်သွားပါတယ်။ Quasar ဆိုတာ စကြဝဠာထဲမှာ အလင်းလက်ဆုံးတွေထဲက တစ်ခုပါပဲ။

Quasar Illustration

Star & Galaxy Formation (300-500 million years to onwards)

Gravity ကြောင့်ပဲ matter တွေစုသွားပြီး ကြယ်တွေဖြစ်ကုန်တာပါ။
ပထမဦးဆုံး စဖြစ်ပေါ်ခဲ့တဲ့ကြယ်တွေဟာ နေထက် အဆ ၁၀၀ ပိုကြီးတယ်၊ အဆ ၂၀ ပိုပူတယ်၊ ၁၀ ဆပိုလင်းတယ်။

အဲ့ဒီကြယ်တွေဟာ Energy တွေအရမ်းသုံးရတော့ နှစ်သန်းအနည်းငယ်ထိပဲ အသက်ဆက်ရှင်နိုင်တယ်။ (အသုံးအဖြုန်းကြီးလို့ မွဲသွားသလိုပေါ့)

သူတို့သေတဲ့အခါ သူတို့မှာရှိသမျှ Element တွေအကုန်လုံးတစ်စစီထွက်လာတယ်။ (Hypernova လို့ခေါ်တယ်)
(အသေခံဗုံးခွဲတဲ့လူတစ်ယောက် တစ်စစီဖြစ်သွားသလိုပေါ့… တခြားဥပမာ စဉ်းစားမရလို့ပါ)

Hypernova Illustration

အဲ့ဒီထွက်လာတဲ့ Element တွေအချင်းချင်း အချိန်တစ်ခုရောက်တဲ့အခါမှာ Gravity ကြောင့်ပေါင်းစည်းသွားကြပြန်တယ်။
နောက်ကြယ်တစ်လုံးထပ်မွေးဖွားလာတာပေါ့။

အဲ့ဒီလို ကြယ်မျိုးဆက်တစ်ခုဖြစ်လာတိုင်း Periodic Table မှာရှိတဲ့ Element တွေ တစ်ခုစီဖြစ်လာစေတယ်။

လူတွေကို အဓိက အခြေခံဖွဲ့စည်းထားတာ Carbon ဆိုတာသိကြမှာပါ။
ကျွန်တော်တို့ Earth မှာ သက်ရှိတွေက Carbon ကို အခြေခံကြပါတယ်။

Carbon က Periodic Table မှာ Number 6 ဖြစ်တဲ့အတွက် စကြဝဠာအစတုန်းကမရှိခဲ့ပါဘူး။
ကြယ်တွေဖြစ်လာလို့ ကြယ်တွေထဲကနေ Carbon ဆိုတာ ဖြစ်လာတာပါ။
ဒါကြောင့် လူတွေကို ကြယ်တွေရဲ့ဖုန်မှုန့်တွေကနေလုပ်တယ်လို့ ဆိုကြတာဖြစ်တယ်။ (ဘာသာပြန်လိုက်တာ မလှတော့ပါဘူး)

“We are made of stardust”

Solar System Formation (8.5 billion years to 9 billion years)

နေက အလယ်အလတ်အရွယ်အစားရှိတဲ့ ကြယ်တစ်ခုဖြစ်ပါတယ်။
ကြယ်မျိုးဆက်ထဲမှာ ၁၀၀ ခုမြောက်မျိုးဆက်လို့ပြောကြတယ်။
နေရဲ့ဆွဲအားကြောင့် သူ့နားမှာ ဂြိုလ်တွေ၊ ဥက္ကာခဲတွေဝန်းရံပြီး Solar System ဖြစ်သွားပါတယ်။

Solar System

Present Day
ခုချိန်ထိ ကြယ်တွေဟာ ဖြစ်လိုက်ပျက်လိုက်ပါပဲ။
ဂြိုလ်အသစ်တွေလည်း ဖွဲ့စည်းနေကြသလို ပျက်စီးကုန်ကြတာလည်း တွေ့နေရပါတယ်။

Timeline of Big Bang Theory

သင်္ချာအရတော့ စကြဝဠာကြီး ဘယ်လိုအဆုံးသတ်သွားမလဲ။ ကြားထဲမှာ ဘယ်လိုခေတ်ကာလတွေကို ဖြတ်သန်းရမလဲဆိုတာ တွက်ထုတ်ထားတာတွေ ရှိပါတယ်။

ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ဘယ်အချိန်မှာ ဘယ်လိုပျက်စီးသွားမလဲဆိုတာကိုပါ အတိအကျတွက်ချက်ထားကြပါတယ်။

ဒီလောက်ဆို တော်တော်ခေါင်းရှုပ်သွားလိမ့်မယ်လို့ထင်ပါတယ်။
ခုထိ စိတ်ပါလက်ပါနဲ့ ဖတ်လာပေးတယ်ဆိုရင်တော့ Physics ကို အမှန်တကယ်စိတ်ဝင်စားတယ်လို့ မြင်မိပါတယ်။
ဆက်လက်ပြီး လေ့လာပေးပါ။

စကြဝဠာကြီးရဲ့နိဒါန်းကို ဒီမှာပဲနိဂုံးချုပ်လိုက်ရပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

One thought on “စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 3)

Leave a reply to goldenpeafowl10001659 Cancel reply

Design a site like this with WordPress.com
Get started