Comment မှာ တစ်ယောက်က Nihilism အကြောင်း ရေးပါလားဆိုလို ကြိုးစားပြီး ဖတ်ကြည့်ရာမှ စိတ်ဝင်စားစရာလေးတွေ တွေ့လာလို ကြိုးစားရေးကြည့်ပါတယ်။
Nihilism ဆိုတာဘာလဲ?
Nihil ဆိုတဲ့ Latin စကားက လာတာဖြစ်ပြီး Nothing ဘာမှမရှိခြင်း နတ္ထိလို အဓိပ္ပာယ်ရပါတယ်။ Nihilism ဆိုတာ တကယ်တော့ နတ္ထိကို ယုံကြည်ခြင်းလို ပြောလိုရပါတယ်။
ဘာမှမယုံတဲ့ ဝါဒလို ပြောလည်း ရပါတယ်။ Belief in Nothing လိုလည်း ပြောလိုရပါတယ်။
Anihiliate ဆိုတဲ့ စကားကလာတယ်လိုလည်း ပြောပါသေးတယ်။ အလုံးစုံ ပျက်သုဥ်ခြင်းလို ဘာသာပြန်ရင် နားလည်ကောင်းပါရဲ့။
Nihilism ဘယ်ကစတာလဲ?
ဘာမှမယုံခြင်းဆိုတာဟာ ယုံကြည်ခြင်းက လာရတာ ဖြစ်ပါတယ်။ ခပ်လွယ်လွယ် ပြောရရင် ရည်းစားပေါင်း မြောက်မြားစွာနဲ့ အသည်းတွေ ကွဲပြီးရင် အချစ်ကို အယုံအကြည် မရှိတော့သလိုပါပဲ။ အချစ်ကို အရင် ယုံကြည်ရပါသေးတယ်။ ပြီးမှ မယုံကြည်ခြင်းဆိုတာ ဖြစ်လာရတာပါ။
ယုံကြည်ခြင်းနဲ့ မယုံကြည်ခြင်းကြားမှာ သံသယဆိုတဲ့ အဆင့်တစ်ခု ခံထားပါသေးတယ်။ လူတစ်ယောက်ဟာ မယုံကြည်ဖိုရာ အရင်ယုံကြည်ရပါတယ်၊ ပြီးရင် သံသယဝင် ရပါတယ်။ သံသယဝါဒီ (skeptist) ဖြစ်ပြီးရင် Nihilist ဖြစါလာပါတော့တယ်။
Nihilism ဟာ ဗုဒ္ဓဝါဒီမှာ ပါဖူးသလား?
ပါဖူးပါတယ်။ ထေရဝါဒရော မဟာယနရောမှာ ဒိဌိအနေနဲ့ ပြောဖူးတာတွေ ရှိပါတယ်။ ကံကံ၏ အကျိုးကို အယုံအကြည်မရှိသူတွေကို မိစ္ဆာဒိဌိလို သုံးစွဲကြပါတယ်။ ပြီးတော့ ဗုဒ္ဓဝါဒရဲ့ ပန်းတိုင်ဟာ Nivarana ခေါ် နိဗ္ဗာန် ဖြစ်ပါတယ်။
နိဗ္ဗာန်ဆိုတာ ခံစားချက်တွေ သိစိတ် မသိစိတ်တွေ လုံးဝ ကင်းလွတ်ရာနေရာလို လူတွေ သိကြပါတယ်။ ဆုတောင်းရင်လည်း မြတ်နိဗ္ဗာန်သို ရောက်ရပါလို၏ လို ဆုတောင်းကြပါတယ်။ နိဗ္ဗာန်ရဲ့ သဘောတရားက Nihilism သဘောတရားနဲ့ နီးစပ်ပါတယ်။ ဒီလိုပြောလို Buddhism ဟာ Nihilism လို ပြောချင်း မဟုတ်ပါ။ ကံကံ၏ အကျိုးကို ယုံကြည်ခြင်း၊ သံသရာကနေ လွတ်မြောက်အောင် ကြိုးပမ်းခြင်းဟာ Buddhism ရဲ့ Core concept ဖြစ်ပါတယ်။
Nihilism ကို စာပေမှာ ဘယ်အချိန်စတွေ့?
ယုံကြည်မှုတွေ ပျက်သုဥ်းခြင်းကနေ စတွေ့ပါတယ်။ အထူးသဖြင့် ရုရှားဇာဘုရင်ခေတ် ပျက်သုဥ်းကာနီးမှာ စတွေ့ပါတယ်။ အရှေ့မှာ ပြောခဲ့သလိုပါပဲ၊ မယုံကြည်သူတွေဟာ ယုံကြည်ခဲ့သူများ ဖြစ်ဖူးကြပါတယ်။
ယုံကြည်လို ထိခိုက်ဆိုးကျိုးတွေ ဖြစ်လာတဲ့အခါမှာ ယုံကြည်မှုကို သံသယဝင်လာပြီး မယုံကြည်ဖိုကို ရွေးချယ်လိုက်ကြတာပါ။ ဒီနေရာမှာ မှားတယ် မှန်တယ်ကို မဝေဖန်ပါ။ ဖြစ်နေတဲ့ သဘောတရားကို ရှင်းပြရုံသာ ဖြစ်ပါတယ်။
လူသိများတဲ့ Nihilist များ
ဖရက်ဒရစ် နစ်ရှေး (Friedrich Nietzche) ဟာ Nihilist အဖြစ် လူသိများပါတယ်။ သူက ကျွန်တော်တို နေထိုင်ရာ “ကမ္ဘာကြီးဟာ ကျွန်တော်တို သတ်မှတ်တာတွေကလွဲရင် ဘာမှမရှိဘူး”လို ပြောပါတယ်။ “တစ်ခုခုကို စစ်မှန်တယ်လို ယူဆတာတွေ အပါအဝင် ဘယ်ယုံကြည်မှုမဆိုဟာ အတုအယောင်တွေ အမှားတွေပဲ ဖြစ်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ စစ်မှန်တဲ့လောကဆိုတာ မရှိဘူး” လို့ ဆိုခဲ့ပါတယ်။
ရုတ်တရက် တွေးကြည့်ရင် အတော့ကို အူကြောင်ကြောင် နိုင်ပါတယ်။ Nihilist တစ်ယောက်ဟာ အရာရာကို သံသယနဲ့ ကြည့်ပါတယ်။ အချစ်ကို မယုံကြည်သလို၊ သံယောဇဥ်တွေ၊ အလုပ်၊ ခွန်အား ဘာဆိုဘာမှကို မယုံကြည်တာဖြစ်ပါတယ်။ ဘာသာတရား ယုံကြည်မှုလည်း မရှိသလို လက်တွေ့ဘဝကိုလည်း မယုံကြည်တတ်ပါဘူး။
Skepticism နဲ့ Nihilism ဟာ အတော့ကို ခေါင်းခြောက်တဲ့ သဘောတရားတွေ ဖြစ်ပါတယ်။ မယုံကြည်တော့ ဘဝက အဓိပ္ပာယ်မရှိတော့ဘူး။ ဘယ်လို အသက်ရှင်ရမလဲ စတဲ့ ပြသနာတွေ အများကြီး ပေါ်လာပါတယ်။
ဒါကြောင့် True Nihilism ဟာ လက်တွေ့မှာ ကျင့်သုံးနေတယ်လို ပြောရအင်မတန် ခက်ပါတယ်။ ယုတ်စွအဆုံး အိမ်ကအဖေ အမေကိုတောင် အဖေအမေ အရင်းလို မယုံပါဘူး။ DNA စစ်ပြန်တော့လည်း သိပ္ပံပညာကို မယုံကြည်ပြန်ပါဘူး။ Nihilist အတွက် မိဘဖြစ်ခြင်း မဖြစ်ခြင်းကို ထည့်မတွက်ဘဲ သူ့ကို လက်ရှိရှာဖွေ ကျွေးမွေးနေတဲ့ လူနှစ်ယောက်လိုပဲ မြင်ပါတယ်။
Part 2 မှာ Nihilism အမျိုးအစားနဲ့ ကမ္ဘာ့သမိုင်းထဲက Nihilism အကြောင်းတွေကို ရေးပါဦးမယ်။ Happy Reading ဖြစ်ပါစေ။
Lucifer
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။


Weird
LikeLike
အမှန်ပဲ
LikeLike