ဒီစာကိုဖတ်နေတဲ့သင်ဟာ တကယ်ပဲသင်လို့သေချာရဲ့လား?

ပုံပြင်လေးတပုဒ်နဲ့ အစပြုချင်ပါတယ်။ တခါတုန်းက တိုင်းပြည်တပြည်မှာ Theseus လို့နာမည်ရတဲ့ ဘုရင်တပါးရှိပါတယ်။ ဘုရင်ကြီးဆီမှာ တိုက်သင်္ဘောကြီးတစင်းရှိပြီး အဲ့သင်္ဘောကြီးနဲ့ တိုက်ပွဲအလီလီဝင်ခဲ့ဖူးပါတယ်။ တိုက်သင်္ဘောကြီးမှာ လှော်တက်အချောင်း ၃၀ရှိပြီး သင်္ဘောကိုယ်ထည်ကြီးကို သစ်သားပျဥ်ပြားတွေနဲ့ အဓိကဆောက်လုပ်ထားပါတယ်။ Thesus ဘုရင်ပိုင်ဆိုင်တဲ့ သင်္ဘောကြီးမို့ The ship of Theseus လို့အစွဲပြုခေါ်ပါတယ်။ တိုက်ပွဲမဝင်ခင်ဆိုရင် သင်္ဘောကြီးကို လိုအပ်တာတွေပြုပြင်ရပါတယ်။ကြမ်းပြင်ကသစ်သားတွေဆွေးနေရင် ပျဥ်ပြားတွေအသစ်လဲရတယ်။ ရွက်တိုင်တွေကျိုးနေရင် ရွက်တိုင်အသစ်လဲရတယ်။အကုန်ပြင်ဆင်ပြီးမှ တိုက်ပွဲဝင်ပါတယ်။ ဒီလိုပဲတိုက်ပွဲကပြန်လာရင်လဲ အပျက်အစီးတွေကို ပြုပြင်မွမ်းမံရတယ်။ လှော်တက်တွေကျိုးကုန်လို့ အသစ်လဲတပ်ရတယ်။ သံဆူးကြိုးတွေအသစ်တပ်ရတယ်။ ပိုခိုင်ခံ့အောင် ရေနဲ့ထိတွေ့ရတဲ့နေရာက ပျဥ်ပြားတွေကို ထပ်ထပ်လဲရတယ်။ ဒီလိုနဲ့ တိုက်ပွဲဝင်လိုက် ပြုပြင်လိုက် တိုက်ပွဲဝင်လဲ ပြုပြင်လိုက်နဲ့ နှစ်တွေကြာလာရင် အခုမြင်နေရတဲ့သင်္ဘောကြီးက the ship of Theseus ရောဟုတ်သေးရဲ့လား။ ပျဥ်ပြားတွေရောContinue reading “ဒီစာကိုဖတ်နေတဲ့သင်ဟာ တကယ်ပဲသင်လို့သေချာရဲ့လား?”

အမြင်အာရုံကိုလာလာရှုပ်နေတတ်တဲ့ တီကောင်လေးများ (သို့) floaters များအကြောင်း

တခါတခါ လင်းနေတဲ့မျက်နှာပြင် ကိုကြည့်မိရင် မြင်ကွင်းထဲမှာအောက်ကပုံထဲကလို တီကောင်လိုအကောင်လေးတွေရှိနေတာကို ခံစားဖူးပါသလား။ အဲ့အကောင်လေးတွေက မျက်စိကြည့်တဲ့အခါ လာလာရှုပ်နေတတ်ပြီး သူတို့ကိုမြင်အောင်လှမ်းကြည့်လိုက်ရင် ပျောက်သွားတတ်ပါတယ်။တခြားနေရာကိုပြောင်းကြည့်လိုက်တော့မှ သူတို့တဖန်ပြန်ပေါ်လာပြန်ပါတယ်။ အများအားဖြင့် ရှည်မျောမျောပုံစံရှိပြီး အစက်အပြောက်ပုံစံ၊ အခက်အလက်ပုံစံ၊ ချည်လုံးပုံစံ စသဖြင့် ပုံစံအမျိုးမျိုးပြောင်းနေတတ်ပါတယ်။ ဒီလိုအကောင်လေးတွေကို Floaters လို့ခေါ်ပါတယ်။ ဒီ floaters လေးတွေက အပြင်လောကမှာရှိနေတာမဟုတ်ဘဲ သင့်မျက်လုံးထဲမှာရှိနေတာပါ။ ဒီလိုပြောလို့မလန့်သွားပါနဲ့ဦး။ဒီလို floaters တွေက တကယ့်တီကောင်အစစ်တွေမဟုတ်ပါဘူး။ Floaters တွေကဘာတွေလဲဆိုတာ ရှင်းပြပါ့မယ်။ Floaters ရဲ့ သိပ္ပံနာမည်ကတော့ Muscae Volitantes ဖြစ်ပြီး Flying flies လို့အဓိပ္ပာယ်ရပါတယ်။ ကျနော်တို့မျက်လုံးထဲမှာ အခန်းငယ်လေးတွေရှိပြီး အရှေ့ခန်းထဲမှာ Aqueous humour လို့ခေါ်တဲ့အရည်တွေရှိပြီး အနောက်ခန်းထဲမှာတော့ vitreous humour လို့ခေါ်တဲ့ အရည်တွေပြည့်နေပါတယ်။ အဲ့Continue reading “အမြင်အာရုံကိုလာလာရှုပ်နေတတ်တဲ့ တီကောင်လေးများ (သို့) floaters များအကြောင်း”

သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)

အများကမှန်တယ်လို့ ယူဆထားတဲ့ကျန်းမာရေးအကြောင်းအရာတချို့က ဆေးပညာအရလွဲနေပါတယ်။ဒါတွေကို အပိုင်းလိုက်ရေးသွားပေးမှာဖြစ်ပါတယ်။ ၁။ အစပ်များများစားရင် အစာအိမ်မှာအနာဖြစ်တတ်သလား? ဒီအချက်က အစပ်ကြိုက်တတ်သူတွေမကြာခဏပြောတတ်တဲ့ကိစ္စပါ။ အစပ်တွေစားမိလို့ အစာအိမ်မှာအနာဖြစ်တယ်ဆိုတာ ဆေးပညာအရမမှန်ပါဘူး။ Stomach ulcer ဆိုတဲ့ အစာအိမ်မှာအနာဖြစ်ရခြင်းက Helicobacter pylori လို့ခေါ်ဘက်တီးရီးယားပိုးကြောင့်အဓိကဖြစ်တာပါ။ဒါ့အပြင် အကိုက်အခဲပျောက်ဆေးတွေခဏခဏသောက်ရင်လဲ အစာအိမ်အနာဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်တတ်တဲ့သူတွေမှာလဲ အစာအိမ်အနာပိုဖြစ်တတ်ပါတယ်။နောက်ပြီးစိတ်ဖိစီးတာကြောင့်ဖြစ်စေ ၊ Physical stress တခုခုကြောင့်ဖြစ်စေ အစာအိမ်ကိုသွေးရောက်တာနည်းပြီး အနာဖြစ်တတ်ပါတယ်။ ဒါကြောင့် အစပ်စားလို့ အစာအိမ်ကိုအနာဖြစ်တယ်ဆိုတာ မမှန်ပါဘူး။သို့သော် အပူအစပ်များများစားရင် နဂိုရှိပြီးသားအနာကိုတော့ ပိုဆိုးစေ ပိုနာစေပါတယ်။အရက်သောက်တာဖြစ်ဖြစ်၊ အပူအစပ်တွေအများကြီးစားလိုက်တာဖြစ်ဖြစ် ရှိပြီးသားအနာက အစပ်နဲ့ထိပြီး ပိုနာတတ်ပါတယ်။ ဥပမာ ပါးစပ်ထဲမှာ အနာတခုခုရှိရင် အစပ်စားတဲ့အခါ ပိုစပ်တဲ့သဘောပဲဖြစ်ပါတယ်။ စပ်တာစားရင် ရှိပြီးသားအနာကိုတော့ ပိုစပ်စေပေမယ့် အနာကိုတော့မဖြစ်စေပါဘူး။ အစာအိမ်အနာရှိရင် ဆရာဝန်နဲ့ပြပြီး လိုအပ်တဲ့ဆေးကုသမှုခံယူသင့်ပါတယ်။ ၂။ အတွင်းခံဘောင်းဘီကြပ်ကြပ်ဝတ်ရင်Continue reading “သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)”

ပျော်ရွှင်ခြင်း မှတ်ဉာဏ် ၂မျိုး

ဟိုတစ်ရက်က လူတွေမှာ စိတ် ၃မျိုးရှိကြောင်း ရေးခဲ့ပါတယ်။ အခုကတော့ မှတ်ဉာဏ် ၂မျိုးအကြောင်း ပြောပြချင်ပါတယ်။ ကိုယ်ဖျားနေလို့ ၁ပတ်လောက် အိပ်ရာထဲလှဲနေခဲ့တာကို မှတ်မိကြသေးလား? ဒါမှမဟုတ် ဖျားနေတဲ့အခါတိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာရော မှတ်မိလား? ဘာမှမမှတ်မိတာ ဖြစ်ဖို့များပါတယ်။ ဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့ရသမျှကိစ္စတော်တော်များများကို မေ့သွားကြတာများပါတယ်။ ဒီအခါမှာ “ငါကျောင်းတက်နေတာ နောက်ဆုံးနှစ်တောင်ရောက်လာပြီပဲ… အချိန်တွေကုန်တာမြန်လိုက်တာ…” ၊ “၂နှစ်ပြည့်တော့မယ်… နောက်ဆုံးနှစ်ကကို မတက်တော့ဘူး… အချိန်တွေကုန်တာ နှေးလိုက်တာ…” စသဖြင့် အတွေးတွေပေါ်လာတတ်ပါတယ်။“အခု July တောင်ရှိပြီလား… 2021 ကိုခွေးတွေလုပ်တာနဲ့ ဘယ်လိုကုန်သွားမှန်းတောင် မသိဘူး…” ဆိုတာမျိုးပေါ့။ မှတ်ဉာဏ်ဆိုတာ ဒီသဘောပါပဲ။ မှတ်ဉာဏ်အကြောင်းမပြောခင် ကိုယ့်အကြောင်းကိုယ် အရင် နားလည်နေဖို့လိုအပ်ပါတယ်။ ကိုယ်ဘယ်သူလဲဆိုတာကို လူတွေက လက်စုပ်လက်ကိုင်မပြနိုင်ပေမယ့် တိတိကျကျသိတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီလိုမဟုတ်ပါဘူး။ ကိုယ်ဘယ်သူလဲဆိုတာContinue reading “ပျော်ရွှင်ခြင်း မှတ်ဉာဏ် ၂မျိုး”

စေတနာနဲ့ ရှင်းမလား၊ ငွေနဲ့ ရှင်းမလား?

စားသောက်ဆိုင်တစ်ခုမှာ ကိုယ့်ကို သူငယ်ချင်းတစ်ယောက်က လိုက်ပြီး Treat တယ်ဆိုပါတော့။ စားသောက်လည်းပြီးရော “ခုလိုကျွေးတာ ကျေးဇူးတင်တယ်ကွာ… မင်းကို ဘယ်လောက်ပေးရမလဲ… ၁သောင်းဆို လောက်မလား…” လို့မေးလိုက်တယ်ဆိုရင် ရန်ဖြစ်မှာပေါ့။ ရန်မဖြစ်ရင်တောင် ကိုယ့်ကို နောက်တစ်ခါကျွေးတော့မှာ မဟုတ်ဘူး… စေတနာပျက်သွားတာပေါ့။တဖက်က စေတနာနဲ့ကျွေးတာကို ငွေကြေးနဲ့တုံ့ပြန်လိုက်တဲ့အတွက် ပြဿနာတက်သွားတာပါ။ ဒီလိုဖြစ်စဉ်မျိုးတွေ အမြဲတွေ့နေရတာပါပဲ။ စိတ်ပညာအရတော့ Social Norm နဲ့ Market Norm လို့ခေါ်တယ်။ Social Norm ဆိုတာ စေတနာနဲ့ လုပ်ပေးတာမျိုးပေါ့…။ ဥပမာ အိမ်ပြောင်းတော့မယ်ဆိုရင် အလကားအချိန်ပေးပြီး လာကူပေးကြတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေဟာ Social Norm အရလာကူကြတာပါ။ ဒါက နွေးထွေးတဲ့အသွင် ရှိပါတယ်။ Market Norm ကတော့ ငွေကြေးနဲ့လုပ်ပေးတာပါ။ ဥပမာ အိမ်ပြောင်းမယ်ဆိုContinue reading “စေတနာနဲ့ ရှင်းမလား၊ ငွေနဲ့ ရှင်းမလား?”

Design a site like this with WordPress.com
Get started