ကျနော်ငယ်ငယ်လေးထဲက အဲ့မေးခွန်းရဲ့အဖြေကိုသိချင်တာပါ။သူများတွေကလိလာထိုးရင် ယားပြီး ကိုယ့်ဘာသာထိုးရင် မယားတာ ဘာလို့လဲပေါ့။ တကယ်က အဲ့လိုဖြစ်ရခြင်းဟာ Self နဲ့ other ကိုခွဲသိလို့ပါတဲ့။ သူများက ကလိလာထိုးရင် သူများရဲ့လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းလို့မရပါဘူး။ ကိုယ့်ဦးနှောက်က ကြိုပြီးမသိနေတော့ Surprise ဖြစ်ပြီး ယားသွားပါတယ်။ ကိုယ့်ဘာသာ ကလိထိုးရင်ကျ ကိုယ်လှုပ်ရှားသမျှကို brain ကသိနေပါတယ်။ တိတိကျကျပြောရရင် cerebellum လို့ခေါ်တဲ့ ဦးနှောက်ငယ်က ကိုယ်ခန္ဓာလှုပ်ရှားသမျှကို သိနေတာပါ။ အဲ့လိုကြိုသိတဲ့အတွက် cerebellum က ယားတယ်လို့ခံစားရမယ့် ဦးနှောက်အပိုင်း (somatosensory cortex of the brain) ကို ကြိုပြီးသတင်းပို့ထားပါတယ်။ “ဒီကောင့်လက်က ယားတဲ့နေရာကိုရောက်တော့မယ် အသင့်ပြင်ထား”ဆိုပြီး သတင်းလှမ်းပို့ထားတော့ surprise လို့မခံစားရတော့ဘဲ ကြိုသိနေလို့ မယားတော့တာပါ။ သင့်ကိုယ်သင် self မှန်းသိနေသမျှContinue reading “သင့်ကိုယ်သင်ကလိပြန်ထိုးရင် ဘာလို့မယားတာလဲ?”
Author Archives: Science Nuts
ဟာသဇာတ်လမ်းတွေမှာ နောက်ခံရယ်သံထည့်ရခြင်းအကြောင်းရင်း
နိုင်ငံခြားဟာသစီးရီးတွေကြည့်တဲ့အခါ တဝါးဝါးရယ်သံတွေပါလေ့ရှိတာ စာဖတ်သူတို့ သတိထားမိလောက်မှာပါ။ ဒီရယ်သံတွေက ဘယ်သူစထွင်လိုက်တာလဲနဲ့ ဘာလို့ထည့်ထားရတာလဲဆိုတာ စိတ်ဝင်စားစရာပါ။ လူတွေရဲ့စိတ်အခံက သူများလုပ်တာမြင်ရင် ကြည့်ပြီးလိုက်လုပ်တတ်တဲ့သဘောရှိပါတယ်။ လူတွေက ဘာမဆိုလိုက်ပြီးအတုခိုးတတ်တာပါ။သူများရယ်ရင် လိုက်ရယ်ချင်တယ်။သူများသမ်းတာမြင်ရင် လိုက်သမ်းချင်တယ်။ သူများ မုန့်စားနေရင် ကိုယ်လဲအဲ့မုန့်လိုက်စားချင်တယ်။ ဒါက လူတွေရဲ့ social learning behavior တမျိုးပါပဲ။ ကိုယ့်ဘေးကလူတွေလုပ်တာမြင်ရင် လိုက်လုပ်တတ်တဲ့သဘောလဲရှိပါတယ်။ဥပမာ လူတွေအပြည့်ရှိနေတဲ့ ကွင်းပြင်တခုထဲကို သင်ရောက်နေပြီး နာမည်ကြီး rock stage show တခုကိုနားထောင်နေတယ်လို့တွေးကြည့်ပါ။ ဘေးကလူအုပ်ကြီးတွေက အမိုက်စားရော့ခ်သံစဥ်တွေနဲ့ ကခုန်ပြီး အားပေးနေကြတာသင်မြင်တဲ့အခါ သင့်စိတ်တွေလဲတက်ကြွလာကာ သူတို့လိုပဲ အားတက်သရော လိုက်ဆို လိုက်ကမိမှာပါ။ သင်လဲ အများနဲ့အတူတူ energy အပြည့်နဲ့ ခုန်ပေါက်နေမိမှာပါ။ အဲ့လိုတွေးနေရာကနေ ရုတ်တရက်လူတွေအကုန်ဖျောက်လိုက်ပါ။ အခု stage show မှာ သင်တယောက်ထဲပဲကျန်ပါတော့တယ်။RockContinue reading “ဟာသဇာတ်လမ်းတွေမှာ နောက်ခံရယ်သံထည့်ရခြင်းအကြောင်းရင်း”
ကိုယ်ခံစားနေရတာတွေကို တဖက်လူက လွယ်လွယ်နဲ့သိသလား?
ဟိုတစ်နေ့က လူတွေကိုယ့်ကို ဝိုင်းကြည့်နေတယ်လို့ ကိုယ့်ဘာသာတွေးမိတတ်တဲ့ အကြောင်း ရေးပြီးပါပြီ။ စိတ်ဝင်စားရင် ဒီမှာဖတ်ပေးပါ။ “ငါတော့… အရှက်ကွဲတော့မှာပဲ…” နှင့် ခေါင်းထဲက အတွေးများစွာhttps://ouo.io/KqsXbNI ဒီနေ့ပြောချင်တာက အဲ့ဒီရဲ့အဆက်လို့ ပြောလို့ရပါတယ်။ ကျွန်တော့အတွေ့အကြုံနဲ့ပဲ ပြောပြချင်ပါတယ်။ ဆေးကျောင်းပထမနှစ်ရောက်တဲ့အချိန်မှာ ငယ်ငယ်ကတက်ခဲ့တဲ့ မူလကျောင်းက ဆယ်တန်းမှာ ဂုဏ်ထူးပါတဲ့သူတွေကို ပြန်ခေါ်ပြီး ဆုပေးပါတယ်။ အဲ့ဒီတော့ ကျောင်းကိုပြန်ရောက်သွားတာပေါ့။ ငယ်ငယ်က ပေါင်းခဲ့တဲ့သူတွေနဲ့လည်း အဲ့ကျတော့မှ ပြန်တွေ့ရတယ်။ ကလေးတွေကို ဆုမပေးခင် ကြီးကောင်ကြီးမားတွေကို အရင်ဆုပေးတာပေါ့။ ဆုပေးပြီးရင် ပြီးပြီလို့ ထင်ခဲ့ပေမယ့် ကျွန်တော်နဲ့ခင်တဲ့ ကျောင်းစောင့်ကြီးက ကျွန်တော့အတွက် Surprise ကြီးတစ်ခုစီစဉ်ထားတာကိုတော့ ကြိုမသိခဲ့ပါဘူး။ Surprise ကတော့ ကျေးဇူးတင်စကား စင်ပေါ်တက်ပြောခိုင်းတာပါ။ အဲ့လိုပြောခိုင်းတာကို ဘယ်အချိန်မှသိလဲဆိုတော့ “ကို_____ ကျေးဇူးတင်စကား ပြောကြားပေးဖို့အတွက် စင်မြင့်ပေါ်ကိုကြွပါ” ဆိုပြီးContinue reading “ကိုယ်ခံစားနေရတာတွေကို တဖက်လူက လွယ်လွယ်နဲ့သိသလား?”
အရှုံးပေးရင် နှလုံးအေးတယ်ဆိုတာ မှန်လား?
ပင်လယ်ဂဏန်းတွေက အချင်းချင်းချပြီး ရှုံးသွားရင် တစ်သက်လုံးအရှုံးသမားဘဝနဲ့ နေသွားကြတယ်ဆိုတာ အရင်ကရေးဖူးပါတယ်။အခုပြောချင်တာက အဲ့ဒါနဲ့ ဆက်စပ်မှုရှိပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် ပျောက်ကွယ်ခြင်းhttps://ouo.io/DkMqWo ခေါင်းလောင်းထိုးပြီး ခွေးကိုအစာကျွေးတဲ့စမ်းသပ်မှုကို သိကြမှာပါ။ ခုတစ်ခါတော့ ခွေးကို အစာမကျွေးပဲ ဓာတ်လိုက်အောင်လုပ်ပါတယ်။ ခေါင်းလောင်းထိုးတာနဲ့ ဓာတ်လိုက်တော့မယ်ဆိုတာ သိအောင် Train လုပ်လိုက်တာပေါ့။ ပြီးတော့ ခွေးကို ခြံသေးသေးလေး ၂ခုထဲထည့်လိုက်ပါတယ်။ ဒီတော့ ခေါင်းလောင်းထိုးတာနဲ့ သူပြေးချင်ရင် ခြံကျော်ပြီးပြေးလို့ရပါတယ်။ ဒါပေမယ့် ခွေးတွေက မပြေးကြဘူးလို့ ဆိုတယ်။ ဒီလို Train မလုပ်ထားတဲ့ ခွေးကိုထည့်တဲ့အခါမှာ ဓာတ်လိုက်အောင်လုပ်တော့မယ်ဆိုတာနဲ့ ခြံကျော်ပြီးပြေးတော့တာပေါ့။ လူတွေကလည်း ခွေးတွေလိုပါပဲ။ ခဲမှန်ဖူးတဲ့ စာသူငယ်ဟာ ခဲမြင်ရုံနဲ့ လန့်တတ်ပါတယ်။ ကိုယ့်မှာ ထွက်ပေါက်မရှိတော့ဘူးဆိုတာ သေချာသွားရင် ဘာမှကို မယုံတော့တဲ့ Nihilist တွေဖြစ်လာတော့တာပါပဲ။ စိတ်ကျရောဂါရှိတယ်လို့Continue reading “အရှုံးပေးရင် နှလုံးအေးတယ်ဆိုတာ မှန်လား?”
Motivation မရှိခြင်းပြဿနာ
အောင်မြင်တိုးတက်ရေး သဘောမျိုးပါတဲ့ စာတွေရေးတဲ့အခါ လူတွေက ဘာမေးလဲဆိုတော့ Motivation ရှိအောင်ဘယ်လိုလုပ်ရမလဲတဲ့။ Motivation ရှိပေမယ့် ကောက်ရိုးမီးလိုဖြစ်နေတယ် လို့ပြောကြတယ်။ ဒီတော့ အခု Motivation အကြောင်းပြောချင်ပါတယ်။ ဒီစာကို မနေ့ကရေးခဲ့တဲ့ အတွေးမလွန်ဘဲလုပ်မလား ရဲ့ နောက်ဆက်တွဲအနေနဲ့ မြင်ကြည့်လို့ရပါတယ်။ အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?https://ouo.io/vZ5H4D လူတွေက တခါတခါမှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သေချာမသိကြပါဘူး။ စိတ်ထဲမှာတော့ ငါက စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ချင်တယ်ပေါ့။ ဒါပေမယ့် ဒါကိုလည်း တကယ်ဖြစ်ချင်တာ ဟုတ်ချင်မှ ဟုတ်တာပါ။ မိန်းကလေးသူငယ်ချင်းတွေကို ခုကာလမှာ ဘာဖြစ်ချင်လဲ မေးကြည့်တဲ့အခါ “ယောက်ျားယူချင်တယ်” လို့ တော်တော်များများက ပြောကြပါတယ်၊ ဘယ်အချိန်မေးလိုက်မေးလိုက် ဒီအဖြေပဲရတဲ့အတွက် ဒါဟာ သူတို့ရဲ့ True Passion ဖြစ်နေနိုင်ပါတယ်…။ ဒီတော့ ကိုယ်က သိပ်စိတ်မဝင်စားဘဲContinue reading “Motivation မရှိခြင်းပြဿနာ”