လကမ္ဘာပေါ်လူတွေရောက်ခဲ့တယ်ဆိုတာ တကယ်ရောဟုတ်လို့လား?

၁၉၆၉ခုနှစ်၊ ဇူလိုင် ၂၀ တုန်းက လကမ္ဘာပေါ်လူသားတွေအခြေချနိုင်ခဲ့ပြီဆိုပြီး သတင်းတွေ ဓာတ်ပုံတွေဆက်တိုက်ကို တက်လာခဲ့ပါတယ်။ တီဗီတွေ ရေဒီယိုတွေထဲမှာ လကိုသွားခဲ့တဲ့ ခရီးစဥ်အကြောင်းတွေပဲ အချိန်တိုင်း ထုတ်လွှင့်ခဲ့ပါတယ်။ ပထမဆုံးလပေါ်ခြေချခဲ့သူအဖြစ် အာကာသယာဥ်မှူး နေးလ်အမ်ထရောင်း (Neil Armstrong) ကိုဖော်ပြကြပြီး ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ သို့သော် လူအများစုစိတ်ထဲမှာ ယုံရခက်လွန်းနေပြီး ဒါဟာ မဖြစ်နိုင်ဘူးလို့ပဲ ထင်ကြပါတယ်။ လဆိုတာလှမ်းမြင်ရတာတောင် သေးသေးပဲမြင်ရတာ အာကသထဲရောက်အောင်သွားဖို့ဆိုတာမဖြစ်နိုင်ဘူး နာဆာက ဂျင်းထည့်နေတာပဲလို့ထင်ကုန်ပါတယ်။ နာဆာက ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံတွေကိုကြည့်ပြီး ဓာတ်ပုံအတုတွေလို့စွပ်စွဲကြပါတယ်။ သူတို့စွပ်စွဲချက်တွေကို National Geographic ကဆောင်းပါးတပုဒ်မှာ ရှင်းပြထားတာသဘောကျလို့ ရေးသားတင်ပြလိုက်ရပါတယ်။ ပထမဆုံး အချက်က ဓာတ်ပုံထဲမှာ အမေရိကန်အလံကြီးက ဘာလို့တလူလူလွင့်နေရတာပါလဲတဲ့။ တကယ်ဆို လေမရှိတဲ့ လေဟာပြင်အာကသထဲမှာ အလံကလွင့်နေစရာအကြောင်းမရှိပါဘူး။ ဒါသက်သက် လုပ်ကြံပြီး ကမ္ဘာပေါ်မှာပဲ ရိုက်ထားတဲ့ဓာတ်ပုံလို့ဆိုကြပါတယ်။Continue reading “လကမ္ဘာပေါ်လူတွေရောက်ခဲ့တယ်ဆိုတာ တကယ်ရောဟုတ်လို့လား?”

ဇာတ်တူသားစားခြင်းအလေ့အထ

ဇာတ်တူသားစားတဲ့အလေ့အထကို Cannibalism လို့ခေါ်ပါတယ်။ Cannibalism က တိရစ္ဆာန်တွေထဲမှာတော့ မရှားပါးလှပါဘူး။ ရေနေသတ္တဝါတွေထဲမှာဆိုရင် အသားစားငါးများနဲ့ပုစွန်မျိုးစိတ်တချို့ဟာ ဇာတ်တူသားစားတတ်ကြပါတယ်။ ကုန်းနေရေနေသတ္တဝါထဲမှာဆိုရင် ဖားပြုတ်မျိုးနွယ်တွေနဲ့ အင်းဆက်ထဲမှာဆို ပင့်ကူမျိုးစိတ်တချို့က cannibalism နဲ့နာမည်ကြီးကြပါတယ်။ ဇာတ်တူသားစားတာကောင်းတဲ့အကျင့်လားဆိုရင် ဖြေရခက်ပါတယ်။ သဘာဝတရားကြီးက တချို့အကောင်တွေကို မျိုးစိတ်တူချင်းပြန်စားခွင့်ပေးထားပါတယ်။အသားစားတိရစ္ဆာန်တွေမှာပဲ တွေ့ရတာမဟုတ်ပါဘူး။အပင်စားတိရစ္ဆာန်တွေမှာလဲ ငတ်မွတ်ခေါင်းပါးလာတဲ့အခါ stress တွေပိလာတဲ့အခါ ပြန်စားတတ်တယ်လို့ဆိုပါတယ်။ အမဲလိုက်တတ်တဲ့တိရစ္ဆာန်တွေဆိုရင် အမဲလိုက်စရာတခြားတောကောင်တွေရှားပါးလာတဲ့အခါဖြစ်စေ၊ ကိုယ့်အမျိုးတွေသိပ်များလာတာတဲ့အခါဖြစ်စေ အုပ်စုအရေအတွက်လျော့ကျသွားအောင် ဇာတ်တူသားစားပြီး အမျိုးဖြုတ်ကြပါတယ်။ ဖားပြုတ်သားလောင်းလေးတွေမှာဆိုရင် မောင်နှမအချင်းချင်းပြန်စားတာပါ။ ဖားတပိုင်းငါးတပိုင်းလေးတွေက တကယ်လို့သူတို့ပေါက်ထားတဲ့ရေအိုင် ရေခမ်းခြောက်လာရင် အကုန်သေကုန်မှာဖြစ်ပါတယ်။ အဲ့လိုအကုန်အသေခံကြမယ့်အစား တချို့သားလောင်းတွေက အရွယ်အစားသေးတဲ့သားလောင်းတွေကို ပြန်စားပလိုက်ပါတယ်။အဲ့လိုစားလိုက်တဲ့အခါ အင်အားတွေတိုးလာပြီး တမုဟုတ်ချင်းကို အကောင်ကြီးလာပါတယ်။ အဲ့လိုခွန်အားသန်လာတော့မှ ရေခမ်းလာတဲ့အိုင်ကိုခုန်ကျော်ပြီး လွတ်ရာကျွတ်ရာကို ကူးခတ်သွားနိုင်တာပါ။ ဖားလောင်းအကုန်လုံး အသေခံမယ့်အစား ဇာတ်တူသားစားပစ်ပြီး ရှင်လို့ရသလောက်ရှင်ကြတဲ့သဘောပါ။ဒါကို survival cannibalismContinue reading “ဇာတ်တူသားစားခြင်းအလေ့အထ”

Professionopersonality ကို ဒဿန အမြင်မှ ချဥ်းကပ်ကြည့်ခြင်း (စာအရှည်ကြီး)

Professional တစ်ယောက်ဟာ သူ့ပညာရပ် နယ်ပယ်မှာ ကျွမ်းကျင်သူ ကျင့်ဝတ်သိက္ခာနဲ့ ညီသူလို့ ပြောလို့ရပါတယ်။အဲ့လို professional တစ်ယောက်က ကိုယ်ကျင့်တရား ကောင်းသင့်ပါသလား။အကောင်းတွေပဲ မျှော်လင့်တဲ့ လောကကြီးမှာ Professional တွေဟာ Personal Life လွတ်လပ်စွာ ရှိသင့်လားဆိုတာတွေကို ဒဿန အမြင်ကနေ ချဥ်းကပ်ထားပါတယ် ဒီနေရာမှာ ဒဿနအမြင်ကနေ ချဥ်းကပ်လို့ မင်းက ဒဿနဆရာလား၊ စဆရကလို့ မေးလာရင်တော့ မဟုတ်သေးကြောင်း ပြောပါရစေ။ ဒဿနဆိုတာ Philosophy ဆိုတဲ့ အမှန်တရားကို ချစ်မြတ်နိုးခြင်းကနေ လာပါတယ်။ ဒါပေမယ့် သမိုင်းထဲက ဒဿနဆရာတွေကို ကြည့်ရင် အမှန်တရားကို ရှာဖွေနေကြသူများပါ။ ချစ်တာထက် ရှာဖွေသူများလို့တောင် ယူဆချင်ပါသေးတယ်။ ဒဿနဆရာတွေဟာ သူတို့ရှာဖွေ တွေ့ရှိ ယုံကြည်တဲ့ အမှန်တရား (သို့) အဘိဓမ္မာတွေကို လူထုတွေမှာContinue reading “Professionopersonality ကို ဒဿန အမြင်မှ ချဥ်းကပ်ကြည့်ခြင်း (စာအရှည်ကြီး)”

အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?

ချော်တောငေါ့မနေတော့ဘဲ စလိုက်ချင်ပါတယ်။မောင်မောင်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ချင်တယ်။ ပညာမတတ်လည်း ပိုက်ဆံရှိရင် ပညာတတ်တွေကို ခိုင်းစားလို့ရတယ်လို့ ထင်တယ်။ သူက အခုအချိန်မှာတော့ သူများအလုပ်မှာ အလုပ်သမားဝင်လုပ်နေတယ်။ အားတိုင်း ဒီအကြောင်းကို စိတ်ကူးယဉ်တတ်တယ်။ အမြဲတမ်းခေါင်းထဲမှာ အကြံတွေအပြည့်ပဲ။ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ပြင်ဆင်ချင်တဲ့အတွက် အလုပ်ကနေ ခွင့် ၂ပတ်ယူလိုက်တယ်။ ပထမဦးဆုံးလုပ်တာက Research ပေါ့။ Youtube တွေကြည့်တယ်၊ စာတွေလိုက်ဖတ်တယ်။ သူ့အတွေးကတော့ မစခင် ထောင့်စေအောင်၊ အကုန်သိအောင် ကြိုပြင်ထားသင့်တယ်ဆိုပါတော့။ ဒါပေမယ့် လုပ်စရာတွေ များလွန်းတော့ ဘာမှမလုပ်နိုင်တော့ဘူး။ သူလုပ်ချင်တာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆိုတဲ့ နာမည်ပဲရှိတာ… ဝန်ထမ်းတွေကို ဘယ်လို Manage လုပ်မလဲ၊ လစာဘယ်လောက်ပေးမလဲ၊ ကိုယ့်ပစ္စည်းက စျေးကွက်ရောရှိရဲ့လား၊ အခွန်က ဘယ်လောက်တောင် ဆောင်ရမှာလဲ၊ လုပ်ငန်းကို ဘယ်နေရာမှာလုပ်မှာလဲ…? ဒါတွေContinue reading “အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?”

Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 4)

ယခု Part 4 ကို မဖတ်ခင် Part 1, 2, 3 ကို အရင်ဖတ်ပေးဖို့ အကြံပြုပါတယ်ခင်ဗျ။ https://ouo.io/ouheba (Part 1) https://ouo.io/H09gObh (Part 2) https://ouo.io/m6gNl3 (Part 3) Digital certificates တွေအကြောင်းကို သိဖို့လိုလာပါတယ်။ အရင် အပိုင်းက ပြဿနာကို ကြည့်မယ်ဆိုရင် Server မဟုတ်တဲ့ အခြား entity တစ်ခုက သူ့ရဲ့ public key ကိုသုံး server ယောင်ဆောင်ပြီး client (ကျနော်တို့/လက်ခံသူ) ဆီကို ပေးပို့လာနိုင်ပါတယ်။ အဲ့အခါမှာ client အနေနဲ့ သူ့ဆီရောက်လာတာ server ဆီက public key ပဲလား တခြားဆီကလားဆိုတာ ခွဲခြားလို့မရပါဘူး။Continue reading “Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 4)”

Design a site like this with WordPress.com
Get started