Panic buying နောက်ကွယ်က psychology (Part 1)

ကိုဗစ်ရောဂါကြီးအခြေအနေဆိုးတဲ့ဒီကာလမှာ ရောဂါကူးစက်ခံရသူတွေပဲ ဒုက္ခရောက်တာမဟုတ်ပါ။ ရောဂါမကူးသေးတဲ့ မိသားစုတွေကလဲ ဝယ်စရာခြမ်းစရာ အကုန်ပြတ်လပ်ကုန်တဲ့ ဒုက္ခလှလှကိုကြုံနေရပါတယ်။ ဆေးဝါးတွေရှာဝယ်ရခက်လာတယ်။ စျေးတွေလဲကြီးလာတယ်။ စားစရာကုန်ပစ္စည်းတွေလဲ စျေးတက်ကုန်ပြီး ကြက်ဥတောင်ရှာရခက်လာပါတယ်။ ဒီလိုဖြစ်ရခြင်းမှာ လူတွေရဲ့ Panic buying (လိုလို၊ မလိုလို အလုအယက်ဝယ်ယူခြင်း) က အဓိကတရားခံဖြစ်ပါတယ်။ ဘာလို့ လူတွေက တခုခုဆို panic buying လုပ်ကြတာလဲ? Panic buying ရဲ့နောက်ကွယ်မှာ psychology သဘောတရားတွေအများကြီး ကြိုးကိုင်ထားပါတယ်။ အရေးအကြီးဆုံးအကြောင်းကတော့ Anxiety လို့ခေါ်တဲ့ စိုးရိမ်ပူပန်စိတ်ကြောင့်ပါ။ ဒီကာလကြီး ဘယ်လောက်ဆိုးမယ်၊ ဘယ်လောက်ကြာဦးမယ် ဘယ်သူမှသေချာမသိပါဘူး။ လူတွေက မသိခြင်းတရား နဲ့ မသေချာခြင်းတွေကို အလွန်ကြောက်ပါတယ်။(Fear of the unknown and uncertainty) လူတွေရဲ့စိတ်ထဲမှာ အနာဂတ်ကဝေဝါးလာပါတယ်။ဘာတွေဆက်ဖြစ်ဦးမှာလဲ… ဘာတွေလုပ်ရတော့မှာလဲContinue reading “Panic buying နောက်ကွယ်က psychology (Part 1)”

ဒေါသထွက်တာ ကောင်းလား?

ဒေါသကြီးတဲ့လူတွေကို မြင်ဖူးကြမှာပါ။ ဘာမှမဟုတ်တာလေးကို ပုံကြီးချဲ့ပြီး ပြဿနာရှာဒေါသထွက်တတ်တဲ့ လူတွေပေါ့။ ဒီတော့ လွယ်လွယ်နဲ့ ဒေါသထွက်တတ်တာ ကောင်းလားဆိုတာ ဆွေးနွေးချင်ပါတယ်။ တစ်ခါက ဘွားတော်တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ ကံစမ်းမဲလဲနေတာမြင်ဖူးတယ်။ ဆိုင်က ကံစမ်းမဲကာလ ကုန်သွားပြီမို့ လဲလို့မရတော့ပါဘူးလို့ပြောတယ်။ သူက မကျေနပ်ဘဲ ရစ်နေတာ တော်တော်နဲ့မပြီးဘူး။ ဒီတော့ ကံစမ်းမဲက တော်တော်များမယ်ထင်တယ်လို့ တွေးလိုက်မိတယ်။ အဲ့လိုဟုတ်မနေဘူး။ ကံစမ်းမဲက ၂၀၀ တည်းပါ။ တော်တော်နဲ့မပြီးတော့ ဆိုင်ကလည်း ဘူပြီး လဲပေးလိုက်ပါတယ်။ စိတ်ပညာအရတော့ လူတွေက လုပ်စရာအလုပ်မယ်မယ်ရရ မရှိဘဲ အားယားနေရင် ပြဿနာရှာချင်ကြတယ် လို့ဆိုတယ်။ ဒီဘွားတော်လည်း တော်တော်အားနေတာများလား လို့ တွေးလိုက်မိတယ်။ ၂၀၀ က သူ့အတွက်တန်ဖိုးရှိတာလည်း ဖြစ်နေနိုင်တယ်လို့ တွေးမိပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ပါတယ်။ လူတွေက ဒေါသထွက်ဖို့လွယ်ကြပါတယ်။ သူတို့ရဲ့Continue reading “ဒေါသထွက်တာ ကောင်းလား?”

သူများအတွက်ပါ… ဆိုတာရဲ့ နောက်ကွယ်

မြန်မာနိုင်ငံမှာ အနီ၊ အစိမ်းပြဿနာ ရှိခဲ့တာ ကြာခဲ့ပါပြီ။ ခုဆိုရင် အပြာပါ ထပ်တိုးလာပါတယ်။ ဒါပေမယ့် အပြာက သက်တမ်းနုသေးလို့ သူ့ကို ခဏဖယ်ထားလိုက်ပါမယ်။အနီတွေက အစိမ်းတွေကို ပထွေးအားပေးအနေနဲ့ မြင်ကြပါတယ်။ ဒီလောက် ယုတ်မာရိုင်းစိုင်းနေတာကို ဘာလို့များ အစိမ်းကို ထောက်ခံနေရသလဲဆိုပါတော့…။အစိမ်းတွေကလည်း အစိမ်းကိုကြိုက်တာမှာ သူတို့ Reason တွေနဲ့သူရှိကြပါတယ်။ (Rational ဖြစ်မဖြစ်ကိုတော့ မပြောချင်ပါဘူး) သူတို့ကလည်း အနီတွေကို အများယောင်လို့လိုက်ယောင်တယ်၊ ပိန်းတယ်၊ မိန်းမနောက်လိုက်တယ် (ဒါကတော့ Misogynistic ဖြစ်ပါတယ်) စသဖြင့် မြင်ကြပါတယ်။ ဘာလို့များ အနီကိုထောက်ခံနေလဲဆိုပြီး တွေးကြမှာပါ။ အနီတွေကိုလည်း အနီကြိုက်ရခြင်းအကြောင်းမေးကြည့်ရင် တစ်ထောင့်တစ်ညပုံပြင်တွေလို ပြောပြနိုင်ကြပါလိမ့်မယ်။ ဒီတော့ ၂ဖက်လုံးဟာ အခြားတစ်ဖက်က တော်တော်ပိန်းတယ်လို့ ထင်ကြပါတယ်။ လမ်းမှားကို ပို့ဖို့လွယ်လိုက်တာကွာ… ယုံလွယ်လိုက်တာကွာ… ဆိုပြီး မယုံနိုင်လောက်အောင်Continue reading “သူများအတွက်ပါ… ဆိုတာရဲ့ နောက်ကွယ်”

နှိုင်းယှဉ်ပြီးပဲတွေးတတ်တဲ့ လူတွေအကြောင်း

ဒီစာမှာ Relativity အကြောင်းရေးပြချင်ပါတယ်။ Einstein ရဲ့ Relativity မဟုတ်ပါဘူး၊ ဒါက စိတ်ပညာ Relativity ပါ။ဆိုလိုချင်တာက လူတွေဟာ အရာရာကို နှိုင်းယှဉ်ပြီးတော့ပဲမြင်တတ်တယ်၊ ပကတိတန်ဖိုးကို မမြင်တတ်ကြဘူးဆိုတာပါ။ (အရင်က ဒါမျိုး ခပ်ဆင်ဆင် တစ်ပုဒ်ရေးခဲ့ဖူးပါတယ်၊ ဘယ်မှာရေးခဲ့မှန်းမသိလို့ Link မထည့်ပေးတော့ပါဘူး) အောက်မှာပြထားတဲ့ပုံကိုကြည့်ပါ။ Economist သတင်းစာရဲ့ Subscription Fees တွေ အကြောင်းရေးထားပါတယ်။ အင်တာနက်ကနေ Digital Version ကို ၁နှစ်စာယူရင် $59 ကျမယ်။ သတင်းစာပဲယူရင် ၁နှစ်ကို $125 ကျမယ်။ ထူးခြားတာက တတိယ Option ပါ။ အင်တာနက်ကနေရော သတင်းစာရော ၂ခုလုံးယူရင် $125 ကုန်မယ်။ ကိုယ်သာဆို ဘယ်ဟာကိုရွေးမလဲ? တကယ်သာ စျေးသက်သာတာလိုချင်ရင်တော့ ပထမContinue reading “နှိုင်းယှဉ်ပြီးပဲတွေးတတ်တဲ့ လူတွေအကြောင်း”

Delusion, Hallucination နဲ့ Illusion တို့အကြောင်း

စိတ်ပညာအကြောင်းပြောကြတဲ့အခါ စကားလုံး ၃လုံးကို ကွဲကွဲပြားပြားသိဖို့လိုလာပါတယ်။ Delusion ဆိုတာဘာလဲ။Hallucination ကရော ဘာလဲ။Illusion နဲ့ရော ဘာကွာခြားသလဲ။ Delusion ဆိုတာ ဗမာလိုဆိုရင် ယုံမှားခြင်းလို့ဆိုကြပါတယ်။အယူအဆအမှားတခု အတွေးအခေါ်မှားတခုကို မှားယွင်းစွာယုံကြည်နေပြီး ဘယ်လိုမှအမှန်ပြင်မရတာကို Delusion လို့ဆိုပါတယ်။ Delusion ရနေတဲ့သူတွေက psychological disorder တွေနဲ့တွဲရှိနေတတ်ပါတယ်။အထူးသဖြင့် စိတ်ကစဥ့်ကလျားဖြစ်တဲ့ရောဂါ (Schizophrenia) သမားတွေက Delusion အမျိုးမျိုးရှိတတ်ကြပါတယ်။ ဥပမာ ငါက တကယ်တော့ စကြဝတေးမင်းအလောင်းအလျာပဲ… မင်းတို့အကုန်လုံးငါ့ကိုခစားကြဆိုပြီး လျှောက်ပြောနေတဲ့ စိတ်ဝေဒနာရှင်တွေက Delusion of grandiose ရနေတာပါ။ သူများတွေထက် မြင့်မြတ်တယ်၊ ပိုပြီးအစွမ်းထက်တယ်ဆိုပြီး နားထင်သွေးရောက်နေတဲ့သူတွေပါ။ Delusion of jealousy ဆိုတာကကျကိုယ့်ရဲ့အိမ်ထောင်ဖက် (သို့) ချစ်သူက ဖောက်ပြန်နေတယ်လို့ အမြဲတမ်းတွေးပြီး သစ္စာမရှိဘူးလို့ စွပ်စွဲနေတာမျိုးပါ။ပတ်ဝန်းကျင်က ဝိုင်းရှင်းပြလဲContinue reading “Delusion, Hallucination နဲ့ Illusion တို့အကြောင်း”

Design a site like this with WordPress.com
Get started