Part 1, 2 ကိုအောက်က link တွေမှာပြန်ဖတ်လို့ရပါတယ်။ သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)https://ouo.io/T2uFrk သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 2)https://ouo.io/r2xvHh ၆။ နေမကောင်းရင် ရေချိုးလို့မရဘူးဆိုတာဟုတ်လား? ဒီကိစ္စကလဲ အတော်ကို ဒွိဟဖြစ်စရာကိစ္စပါ။ဆရာဝန်တွေအချင်းချင်းမှာလဲ တယောက်တပေါက်ပြောနေကြတာ ကြုံဖူးမှာပါ။ လူတွေက သွေးနွေးသတ္တဝါတွေဖြစ်ကြပါတယ်။ ဆိုလိုတာက ပတ်ဝန်းကျင်က ပူပဲပူပူ အေးပဲအေးအေး body ထဲက အပူချိန်ကိုအများကြီးလိုက်မပြောင်းအောင် ထိန်းပေးထားပါတယ်။ အဲ့လိုထိန်းပေးတာက brain ကလုပ်ပေးတာပါ။ Brain က ကိုယ်အပူချိန်ကို 37°C (သို့) 98.6°F လောက်နားကိုပဲ အမြဲဖြစ်နေအောင်ထိန်းပေးထားပါတယ်။ ဖျားလာပြီ ကိုယ်ပူတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ယောင်ယမ်းမှုကိုဖြစ်စေတဲ့ chemical တွေထွက်လာလို့ပါ။ ဆေးပညာမှာတော့ proinflammatory cytokines လို့ခေါ်ပါတယ်။ အဲ့ဒီ chemicalContinue reading “သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 3)”
Author Archives: Science Nuts
သံယောစဉ်မပြတ်ခြင်း၊ ကြိုးရှည်ရှည်နဲ့ လှန်ထားခြင်းနောက်ကွယ်က စိတ်ပညာ
ဘုရင့်နောင်ဖောက်ဖျက် ဆိုတဲ့သဘောကို နားလည်ကြမှာပါ။ နောင်ရိုးတိုက်ပွဲမှာ ဖောင်တွေအကုန်လုံးကို ဖျက်လိုက်တဲ့အတွက် သူ့လူတွေက နိုင်အောင်တိုက်ဖို့ Moti ရသွားတာပေါ့။ ဒီလိုအဖြစ်အပျက်တွေက သမိုင်းတစ်လျှောက်မှာ အများကြီးပါပဲ။ လူတွေက Options တွေများများရှိတာကို သဘောကျပါတယ်။ All or none သွားရတာကို သိပ်သဘောမကျတတ်ပါဘူး။ ဘုရင့်နောင် ဥပမာအရပြောရရင် သူ့လူတွေက နိုင်အောင်တိုက်မှရတော့မယ်… မနိုင်ရင် သေဖို့ပဲရှိတော့တယ်ဆိုတဲ့ အသိမျိူးဝင်သွားတဲ့အခါ နိုင်အောင်တိုက်ကြတာပေါ့။ ကျွန်တော်တို့ ဖုန်းအကောင်းစားတွေ ကိုင်ချင်ကြတယ်။ ကွန်ပြူတာကောင်းတာတွေကို လိုချင်ကြတယ်။ တီဗွီကောင်းကောင်းလိုချင်ကြတယ်။ ဒါပေမယ့် ကိုယ်ဘာအသုံးလိုလဲဆိုတာကို သေချာမသိတဲ့အခါ စျေးကြီးပေးပြီး Function များများပါတဲ့ ဖုန်း၊ ကွန်ပြူတာကို ဝယ်မိတတ်တယ်။ ကျွန်တော်ကိုင်တဲ့ဖုန်းဆို စျေးအလယ်အလတ်ပါပဲ… ဒါပေမယ့် သူ့မှာ ပါသမျှ Function တွေအကုန်လုံးကို ကျွန်တော့အနေနဲ့ မသုံးပါဘူး။ သေချာလည်းမသိဘူး။Continue reading “သံယောစဉ်မပြတ်ခြင်း၊ ကြိုးရှည်ရှည်နဲ့ လှန်ထားခြင်းနောက်ကွယ်က စိတ်ပညာ”
ဘီလူးစီးခြင်း (Sleep Paralysis) အကြောင်း
အိပ်နေရင်း တစ်ယောက်ယောက်က ကိုယ့်ကိုလာဖိပြီး လုံးဝ လှုပ်မရတာ၊ အော်နေလဲ အသံထွက်မလာတာ မျိုးကြုံဖူးကြမှာပါ။ဘီလူးစီးတယ်လို့ ခေါ်လေ့ရှိကြပါတယ်။ ကံနိမ့်လို့၊ မကောင်းဆိုးဝါးတွေ ရှိနေလို ကိုယ့်ကိုယ် လာဒုက္ခပေးတယ်လို့ ထင်လေ့ရှိကြတယ်။ ဒါပေမယ့် တကယ်က အဲ့လိုမဟုတ်ပါဘူး။ဆေးပညာမှာတော့ sleep paralysis လို့ခေါ်ပါတယ်။Sleep paralysis က sleep disorders ထဲမှာပါပါတယ်။ တော်တော်များများဖြစ်လေ့ဖြစ်ထရှိပြီး စိုးရိမ်စရာလဲ မလိုပါဘူး။ဘီလူးစီးတယ်ဆိုတာ တကယ်တော့ ခန္ဓာကိုယ်မနိုးခင် ဦးနှောက်က အရင်နိုးလာတဲ့သဘောပါ။ လူတွေ လှုပ်ရှားသွားလာဖို့ ခန္ဓာကိုယ်က ကြွက်သားတွေက ကျုံခြင်း၊ ဆန့်ခြင်းတွေ ပြုလုပ်ပေးရပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာတော့ အသက်ရှုဖို့လိုတဲ့ ကြွက်သားတွေကလွဲလို့ ကျန်တဲ့ကြွက်သားတွေက ပြေလျော့(relaxed state) နေပါတယ်။ ဦးနှောက်ကလဲ သိစိတ်မှာ မရှိတော့ပါဘူး။ခန္ဓာကိုယ်က ပြေလျော့နေပေမယ့် ဦးနှောက်က သိစိတ်ရှိလာတဲ့ အခါမှာတော့ ဘီလူးစီးခြင်းကိုContinue reading “ဘီလူးစီးခြင်း (Sleep Paralysis) အကြောင်း”
Gut Feeling တွေဟာ လက်တွေ့မှာ မှန်ကန်နေနိုင်လား?
တစ်ခါတုန်းက ပြတိုက်တစ်ခုကို လူတစ်ယောက်ဟာ သူပိုင်တဲ့ ရုပ်ထုတစ်ခုကိုရောင်းဖို့ ချဉ်းကပ်ခဲ့တယ်။ ရုက်ထုက ဘီစီ ၆၀၀ ကျော်လောက်ကဆိုတော့ တော်တော်ကြာပြီဆိုပါတော့။ တောင်းစျေးက ဒေါ်လာ ၁၀ သန်းလောက်ရှိတယ်။ ပြတိုက်က အသေးစားဆိုတော့ ဒီလူဟာ လူလိမ်ဖြစ်နေမှာကြောက်တယ်။ အဲ့တော့ စုံစမ်းရေးအရင်စလိုက်တယ်။ ပြတိုက်က မေးတဲ့မေးခွန်းတွေမေးတာပေါ့။ ဒါ့အပြင် တကယ်ပဲ ဘီစီ ၆၀၀ က ရုပ်ထုလားဆိုတာ သိဖို့ သိပ္ပံနည်းပညာကို သုံးပြီးစစ်ဆေးတယ်။ အဖြေကတော့ ရုပ်ထုက သက်တမ်း တော်တော်ကြာနေပြီဆိုတာပါ။ စုံစမ်းစစ်ဆေးမှု ၁၄လ ပြုလုပ်ပြီးတဲ့အခါမှာ ပြတိုက်က ရုပ်ထုကိုဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့ ပြတိုက်တွေရဲ့ထုံးစံအတိုင်း ပြစားတာပေါ့။ သတင်းစာတွေထဲတောင် သတင်းတွေပါလိုက်သေးတယ်။ ဒါပေမယ့် ပြတိုက်က ပညာရှင်တစ်ယောက်ဟာ ဒီရုပ်ထုအစစ်ဆိုတာကို မယုံဘူး။ ရုပ်ထုရဲ့လက်သည်းကိုကြည့်ပြီး သူ့စိတ်ထဲမှာ တမျိုးဖြစ်နေတယ်။Continue reading “Gut Feeling တွေဟာ လက်တွေ့မှာ မှန်ကန်နေနိုင်လား?”
သင်မသိလောက်သေးတဲ့ ဘယ်သန်ညာသန်မျိုးစုံများ
တလောကပဲ စာဖတ်သူတယောက်က ဘယ်ညာကိစ္စတွေရေးပေးဖို့လာပြောပါတယ်။ဘယ်သန်ညာသန်ကိစ္စက လူတိုင်းကြားဖူးနေကျဆိုတော့ သိပ်ထူးဆန်းတဲ့အရာမဟုတ်လို့ ဖတ်ကြပါ့မလားပေါ့။ ဒါပေမယ့် လူသိပ်မသိကြသေးတဲ့ကိစ္စတွေပါ ထည့်ရေးပေးမှာမို့လို့ ဆက်ဖတ်ကြည့်ရအောင်။ ဘယ်သန်ညာသန်ဖြစ်ရတဲ့ကိစ္စကို ဆေးပညာမှာ Lateralization (or) Laterality လို့ခေါ်ပါတယ်။ လူအများက ဘယ်သန်ညာသန်ဆိုရင် လက်ကိုပဲပြေးမြင်ကြပါတယ်။ တကယ်က လက်တခုတည်း ဘယ်သန်ညာသန်ရှိတာမဟုတ်ပါဘူး။ခြေထောက်မှာလဲ ဘယ်ခြေသန်တာ ညာခြေသန်တာ ရှိသလို မျက်လုံးမှာလဲ Dominant eye ဆိုတာရှိပါတယ်။ နောက်ပြီး Language centre (ဘာသာစကားကို ဦးနှောက်ကတုံ့ပြန်တဲ့နေရာ) ကလဲ ဘယ်ညာမတူပါဘူး။ အများသိထားတဲ့အတိုင်း ညာလက်ကို ဘယ်ဖက်ဦးနှောက်အခြမ်းကထိန်းချုပ်ပြီး ဘယ်လက်ကိုတော့ ညာဖက်ဦးနှောက်အခြမ်းက ထိန်းချုပ်ပါတယ်။ ညာသန်သမားတွေမှာ ဘယ်ဖက်ဦးနှောက်က ညာလက်ကိုထိန်းချုပ်ပါတယ်။ဘယ်သန်တွေကတော့ ညာဦးနှောက်က ထိန်းပါတယ်။ စကားပြောတဲ့ language centre ကကျတော့ လူတိုင်းလိုလိုရဲ့ left brain မှာရှိပါတယ်။Continue reading “သင်မသိလောက်သေးတဲ့ ဘယ်သန်ညာသန်မျိုးစုံများ”