72 နာရီဆေးလို့ လူသိများတဲ့ အရေးပေါ်တားဆေးကို မြန်မာနိုင်ငံမှာ အများစုက Ecee2 , Lydia စတဲ့ brand နာမည်တွေနဲ့ အသိများလေ့ရှိပါတယ်။ တခြားသော brand အမျိုးအစားနဲ့ ဆေးတွေလည်း ရှိပေမဲ့ ဒါတွေက လူသိအများဆုံး ဆေးတွေပါ။ ဒီဆေးတွေမှာ ဘယ်ဆေးက ကောင်းလဲလို့မေးရင် လိင်ဆက်ဆံပြီး စောစောသောက်တဲ့ဆေးက အကောင်းဆုံးပါ။ အထူးသဖြင့် လိင်ဆက်ဆံပြီး 24 နာရီအတွင်းသောက်ရင် ကိုယ်ဝန်မရအောင် 95-98% လောက် ကာကွယ်နိုင်ပါတယ်၊ နောက်ကျလေလေ တားဆေးကာကွယ်နိုင်စွမ်းကျလာပြီးတော့ 72 နာရီအတွင်းသောက်ရင် 80-85% လောက်ပဲ ကာကွယ်နိုင်ပါတယ်။ အတိုချုပ်ပြောရရင်တော့ စောစောသောက်လေ ပိုစွမ်းလေ ဖြစ်ပြီး နောက်ကျလေလေ အာနိသင်ကျလေပါ။ ဆေးကို ဘယ်လိုသောက်ရမလဲမေးရင် တချို့ဆေးတွေက ဆေးတစ်လုံးထဲ လာတယ် ၊ တချို့ကContinue reading “အရေးပေါ်တားဆေး Emergency Contraception ဆိုတာ ဘာလဲ”
Author Archives: Science Nuts
လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 1)
ခေါင်းစဉ်ကြည့်ပြီး လိမ်နေတာဖြစ်မယ်လို့ တွေးမိရင်တော့ လိမ်တာမဟုတ်ဘဲ တကယ်ပါလို့ ဦးစွာပထမ ပြောထားပါရစေ။ ဒါပေမယ့် စာဖတ်သူအတွေးမလွန်ခင် ဒါလေးတစ်ခုတော့ ကြိုပြောချင်ပါတယ်။ရောဂါဆိုမှတော့ မကောင်းတာလေးတွေလည်း ပါတာပေါ့။ ဒါပေမယ့် ကောင်းတဲ့အချက်တွေလည်း တပါတည်း ရှိနေတာကိုပြောချင်တာပါ။(ဒါကြောင့် quote, unquote ထည့်ထားတာပါ) ပြောတဲ့အခါမှာ ရောဂါအကြောင်း အကျဉ်းပဲပြောပါမယ်။ရောဂါလက္ခဏာတွေ၊ စစ်ဆေးတဲ့နည်းတွေ၊ ကုသတဲ့နည်းတွေကတော့ ဆေးကျောင်းသားတွေကို စာသင်နေတာမဟုတ်လို့ မပြောတော့ပါဘူး။ဒီလောက်ဆိုရင် ဆက်ပြောလို့ရပြီထင်ပါတယ်။ Hyperthymesia ဒီရောဂါရှိတဲ့သူတွေက ကိုယ်ဖတ်ဖူးသမျှ၊ ကြည့်ဖူးသမျှ၊ ကြုံဖူးသမျှ အရာတွေအကုန်လုံးကို အသေးစိတ်မှတ်မိနေတာပါ။သူတို့ဟာ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတစ်ခုလုံးမှာ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်ပြန်ပြောနိုင်ကြပါတယ်။ဒီရောဂါရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် သူ ၇ရက်သမီးဘဝက ပန်းရောင်စောင်လေးနဲ့ အိပ်ခဲ့ဖူးတယ်ဆိုတာထိပါ မှတ်မိနေတာပါ။သူဖတ်ဖူးတဲ့ Harry Potter စာအုပ်တွေထဲက စာကြောင်းတွေကို တစ်လုံးမကျန်ပြန်ရွတ်နိုင်ပါတယ်။ အားကျမစောပါနဲ့ဦး။ သူတို့ရဲ့ Superpower ကပဲContinue reading “လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 1)”
သင်ဟာ အားနာတတ်သူတစ်ယောက်လား?
လူတွေဟာ ကိုယ့်အပေါ်မှာ ကျေးဇူးရှိတယ်လို့ ခံစားရရင် တုံ့ပြန်ဖို့ဝန်မလေးကြဘူး။ကိုယ်တတ်နိုင်သလောက် ပြန်ပေးချင်၊ ကျွေးချင်ကြတယ်။ တခြားလူအပေါ်မှာ အားနာတတ်တယ်၊ ကျေးဇူးကြွေးတင်နေတယ်လို့ ခံစားရတာက လူတွေရဲ့ လူမှုရေးဘဝကို တိုးတက်စေတယ်လို့ ပညာရှင်တွေကဆိုတယ်။ပြောချင်တာက ကိုယ်က တစ်ခုပေးလိုက်လို့ ဆုံးရှုံးသွားတယ်ဆိုပြီး ယူဆလို့မရတော့ဘူး။ကျေးဇူးတုံ့ပြန်ခြင်းဆိုတဲ့ စိတ်အခံရှိကြတဲ့အတွက် ကိုယ်က သူ့အပေါ်မှာ ကျေးဇူးရှိသွားတဲ့ သဘောမျိုး သက်ရောက်သွားတယ်။ကိုယ်က နှောင်ကြိုးတွေမပါဘဲ ကူညီခဲ့ရင်တောင် ငါ့အပေါ်မှာ သူ့ ကျေးဇူးရှိတယ်ဆိုတဲ့အသိမျိုး တဖက်လူဆီမှာ ဝင်သွားစေတယ်။ ဒီသဘောကို မြင်သာအောင်ပြရရင် ခုချိန်မှာ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို သူတို့နိုင်သလောက်ကူညီပေးနေတာကို ပြရမှာပါ။တချိန်က သူတို့တွေ ဆန်ပြတ်လတ်နေတဲ့ကာလတစ်ခုမှာ ဝန်ကြီးချုပ်ဦးနုက ဆန်အိတ်တွေ ပို့ပေးခဲ့ဖူးတယ်လို့ ဆိုတယ်။ဒါဟာ ကျေးဇူးတုံ့ပြန်နည်းတစ်မျိုးလို့ တွက်လို့ရတယ်။ (ဒါက အကောင်းမြင်တဲ့အမြင်ပါ၊ အဆိုးမြင်ပြီးပြောရရင်တော့ အကျိုးလိုလို့ ညောင်ရေလောင်းနေတာပေါ့) ဒီလောက်နဲ့ မယုံနိုင်သေးရင် နောက်ဥပမာတစ်ခုပြပါမယ်။၁၉၈၀Continue reading “သင်ဟာ အားနာတတ်သူတစ်ယောက်လား?”
Drone အကြောင်း သိသမျှ (Part 2)
ဒီတစ်ခေါက်မှာတော့ drone အခြေခံ သဘောတရား၊ drone တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ Drone တစ်ခုဟာ သဘောတရား ၃ မျိုးနဲ့ အလုပ်တွေကိုလုပ်ဆောင်ပါတယ်။ (၁) Fixed wing အမျိုးအစားတွေမှာ Bernoulli’s principle ကို အသုံးချပြီး တည်ဆောက်ထားတဲ့ တောင်ပံတွေနဲ့ လေထဲမှာ ပျံဝဲနိုင်အောင် လုပ်ဆောင်ပါတယ်။ Bernoulli’s principle အရ လေထုကို pressure နည်းအောင်လုပ်ခြင်းအားဖြင့် speed များအောင် စွမ်းဆောင်နိုင်ပါတယ်။ လေယာဥ် တောင်ပံတွေရဲ့ တည်ဆောက်ပုံမှာ တောင်ပံရှေ့ပိုင်း (leading edge) နဲ့ အနောက်ပိုင်း (trailing edge) ဆိုပြီးရှိပါတယ်။ တောင်ပံတွေရဲ့ အပေါ်ပိုင်းကို ခုံးထားခြင်းဖြင့် လေဟာ leadingContinue reading “Drone အကြောင်း သိသမျှ (Part 2)”
အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 1)
ညီကိုတို့ နှမတို့… လူငယ်သဘာဝ ချစ်ကြိုက်ကြပြီဆိုရင် ချစ်ခြင်းမေတ္တာတွေယိုဖိတ်ပြီး စည်းကျော်ဘောင်ကျော်အဆင့်ကို ရောက်လာတတ်ကြပါတယ်။ ချစ်သူရည်းစားဘဝကို သန့်သန့်ရှင်းရှင်း စောင့်ထိန်းသွားကြတဲ့ ညီကိုတွေ နှမတွေရှိသလို “သဒ္ဒါလွန်တော့ တဏာကျွန်” ဆိုပြီး ထိတွေ့သာယာမှုနောက် လိုက်မိကြသူတွေ၊ နယ်ကျွံမိသူတွေလဲ ရှိကြမှာ ကိုကြီးနားလည်ပါတယ်။ ချစ်လို့ဖြစ်ကြတဲ့ သာယာမိလို့ဖြစ်ကြတဲ့ ဒီကိစ္စတွေကို မှန်တယ် မှားတယ် မဆိုချင်ပါဘူး။ ချစ်မိကြတာလဲ ရှက်စရာမဟုတ်သလိုအတူနေမိသွားတာကလဲ (ဒီခေတ်ကြီးထဲမှာ) ရှက်စရာမဟုတ်တော့ပါ။ မိမိဆန္ဒ ပဓာနပဲမို့ မိမိချစ်သူနဲ့ မိမိကြည်ဖြူရင် အသက်လဲပြည့်ရင် ဒါဟာ ဓမ္မတာပါပဲ။ အသက်မပြည့်သေးဘဲနဲ့တော့ (၁၈နှစ်ကိုဆိုလိုသည်) ဒီလိုကိစ္စတွေတော့ မဖြစ်သင့်ဘူးလို့ ဆိုပါရစေ။ဒါက ယောကျာ်းမှန်ရင် သတိထားသင့်တဲ့ ရှောင်သင့်တဲ့ကိစ္စပဲ။ ညီကိုတို့…။ အတူနေတဲ့အခါ စိတ်တူကိုယ်တူ ကြည်ဖြူဖို့လိုတယ်။ ရောဂါမရဖို့ နဲ့ ကိုယ်ဝန်မရဖို့လဲလိုတယ်။ တာဝန်မယူနိုင်သေးခင်မှာ တာဝန်တွေမပိဖို့တော့ လိုလိမ့်မယ်Continue reading “အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 1)”