သင်ဟာ တကယ်ပဲ သူများနဲ့မတူဘူးလား?

Facebook ပေါ်မှာ တစ်ခါက “တို့က သူများနဲ့မတူဘူး” ဆိုတာကို ဝိုင်း Share ကြ၊ Comment မှာလည်း ထောက်ခံကြဆိုတော့ Unique ဖြစ်တဲ့လူတွေ တော်တော်များပါလားလို့ ထင်လိုက်မိတယ်။Biology အရပြောမယ်ဆို လူတွေရဲ့ DNA က 99.9% တူတူပဲလို့ဆိုတယ်။ ကျန်ခဲ့ 0.1% ကြောင့် လူအမျိုးမျိုး၊ စိတ်အထွေထွေဖြစ်လာကြတာပါ။ပြီးတော့ လက်ဗွေရာ (Finger Print) ၊ သွား (Dental Record) တွေကလည်း အချင်းချင်း မတူညီဘဲ Unique ဖြစ်တယ်လို့ဆိုပါတယ်။ဒါဆို မျိုးရိုးဗီဇ (Genetic) အရတော့ လူတစ်ယောက်ချင်းဆီက ထူးခြားတယ်လို့ ဆိုရမှာပေါ့။ စိတ်တွေကရော တစ်ယောက်တစ်မျိုးပဲလား။ တစ်ယောက်နဲ့တစ်ယောက် တကယ်မတူကြဘူးလား။ ဒီအတွက် အကောင်းဆုံး ဥပမာကတော့ Apple ကွန်ပြူတာတွေ စျေးကွက်ထဲစရောက်ခါစကContinue reading “သင်ဟာ တကယ်ပဲ သူများနဲ့မတူဘူးလား?”

ကိုယ့်ကို ဘယ်အရာက Trigger ဖြစ်စေလဲ?

နိဒါန်းတွေသိပ်ပြောမနေတော့ဘဲ ရေးလိုက်ပါတယ်။ သပိတ်လွယ်ငှက် (Robin) အထီးတွေဟာ သူတို့ပိုင်နက်ထဲကို တခြားအထီးတစ်ကောင်ဝင်လာရင် ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်ကြတယ်။ဝင်လာတဲ့အထီးရဲ့ ရင်ဘတ်ကအမွှေးအရောင်က တိုက်ခိုက်ရမယ်လို့ သိစေတာပါ။ (လိမ္မော်ရောင် ရင်ဘတ်မွှေးမြင်လိုက်ရုံနဲ့ Triggered ဖြစ်ပြီး ဒေါသူပုန်ထတာပေါ့…) ဒီတော့ ပညာရှင်တွေက သူ့ကို ရင်ဘတ်အမွှေးပဲ သွားပြလိုက်တယ်။ အကောင်အထည်မရှိပေမယ့် အဲ့ဒီအမွှေးကို တိုက်ခိုက်တာပဲ။ဒါနဲ့တမျိုးပြောင်းစမ်းကြပြန်တယ်။အမွှေးလိမ္မော်ရောင်မဟုတ်တဲ့ Robin ငှက်ပုံစံအရုပ်လေးကို သွားချပေးထားရင်တော့ ဘာမှမလုပ်ဘူး။ဒီအမွှေးကိုမြင်ရင် သူ ဒေါသထွက်တာသေချာသွားတယ်။ တိရစ္ဆာန်တွေမှာ အလိုအလျောက်တုံ့ပြန်မှု (Reflex) တွေရှိကြတယ်။သူတို့ဦးနှောက်ကသေးတော့ လူတွေလို အသေးစိတ်မစဉ်းစားနိုင်ဘဲ ဒါမြင်ရင် ဒါလုပ်၊ ဟိုဟာမြင်ရင် ဒါမလုပ်နဲ့ ဆိုတာမျိုး Instruction သီးသန့်ရှိကြတယ်။ရှေ့မှာ ရေးခဲ့ဖူးသလိုပဲ အန္တရာယ်ကြုံလာရင် တိရစ္ဆာန်တွေက ပြေးမလား၊ ပြန်ချမလား (Fight or flight) ရွေးကြပေမယ့် လူတွေကတော့ ဒီ ၂ခုထဲကတင်မဟုတ်ဘဲContinue reading “ကိုယ့်ကို ဘယ်အရာက Trigger ဖြစ်စေလဲ?”

ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?

ဗုဒ္ဓရဲ့တရားတွေနဲ့ Science အကြောင်းရေးလာတာ ၄ပိုင်းရှိပါပြီ။ဒါကြောင့် ထွေထွေထူးထူး နိဒါန်းချီမနေတော့ပါဘူး။ စိတ်ရှင်းရှင်းထားပြီး ဖတ်ပေးဖို့ပဲ ပြောချင်ပါတယ်။ ဗုဒ္ဓက ကမ္ဘာမြေတည်နေပုံကို ဟောခဲ့ပါတယ်။“မြေထုနှင့်ရေထုကို လေထုကြီးက ပင့်မ သယ်ဆောင်ထားသည်။ ဤလေထုကြီး၏အောက်တွင် အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီးတည်ရှိသည်။ဤကမ္ဘာသည် အထက်ကောင်းကင်၊ အောက်ကောင်းကင် ၂ခုအကြားတွင် တည်ရှိနေသည်။ လေထုကသယ်ဆောင်ထားသောကြောင့် လေ၏သဘာဝအတိုင်း ရွေ့လျားမှုရှိနေမည်။လ စသော အခြားဂြိုလ်များကဲ့သို့ အာကာသတွင်းမှာ တွဲလွဲတည်ရှိနေသည်။ ဤကမ္ဘာမြေအောက်တွင် မီးဟုန်းဟုန်းတောက်လောင်နေသော သံမြေများ၊ ကျိုက်ကျိုက်ဆူပွက်နေသော ရေများ ရှိသည်။” Science နဲ့မချိတ်ခင် ဒီစာကို အရင်ရှင်းရမှာပါ။မြေထုနှင့်ရေထုကို လေထုက ပင့်ထားတယ်ဆိုတာ ဘယ်လိုကြီးလဲလို့ မေးစရာရှိပါတယ်။ တကယ်ဆို ပြောင်းပြန်ဖြစ်သင့်တာမဟုတ်ဘူးလား။ လေထုရဲ့အောက်မှာ အဆုံးမရှိတဲ့ကောင်းကင်ကြီး ရှိတယ်လို့ဆိုပါသေးတယ်။ ဒါကတော့ အာကသ (Space) ကိုပြောချင်တာပါ။ဒီတော့ ဒီစာကိုမြင်ကြည့်ရရင် မြေထုနဲ့ရေထု၊ သူ့အောက်ကContinue reading “ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?”

သင် ကိုယ့်အကြောင်းကိုယ် ဘယ်လောက်သိပြီလို့ထင်ပါသလဲ။

ဒီ post ကို မဖတ်ခင် Id, Ego နဲ့ Superego အကြောင်းရေးထားတဲ့ post ကိုအရင်သွားဖတ်သင့်ပါတယ်။အောက်မှာ link တခါထဲထည့်ပေးလိုက်ပါတယ်။ သင့်ပခုံးထက်မှာ အမြဲရှိနေတဲ့ Angel တပါး နဲ့ Devil တကောင်အကြောင်းhttps://ouo.io/BVg03o သင့် ကိုယ်သင် မေးခွန်းတခွန်းပြန်မေးကြည့်ရအောင်။ သင့်အကြောင်း သင်ဘယ်လောက်သိထားလဲ။ သေချာတာတခုကတော့ ဘယ်သူမှ ရာနှုန်းပြည့် ကိုယ့်ကိုယ်ကို မသိကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသိစိတ်မှာ အဆင့် ၃ဆင့်ရှိနေလို့ပါ။ 1. Conscious mind (သိစိတ်)2. Preconscious or subconscious mind (တိမ်မြုပ်နေသော စိတ်)3. Unconscious mind (မသိစိတ်) ဆိုပြီး ၃ဆင့်ရှိနေပါတယ်။ ကျနော်တို့ တကယ်သိရတာက Conscious mind ဆိုတဲ့ အပေါ်ယံContinue reading “သင် ကိုယ့်အကြောင်းကိုယ် ဘယ်လောက်သိပြီလို့ထင်ပါသလဲ။”

သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 2)

ပထမတပိုင်းမှာ Porphyria cutanea tarda နဲ့ Vampire နဲ့ ဆင်တူကြောင်းပြောခဲ့ပြီးပါပြီ။ နောက်ပိုင်းဆေးပညာမှာတော့ ဒီအယူအဆကို လက်မခံကြပြန်ပါဘူး။ ဥပမာ – Porphyria က တော်တော်လေး ရှားပါးတဲ့ရောဂါတခုမို့ Vampire တွေလို အုပ်စုလိုက်ဖြစ်ရအောင် မပေါများလှပါဘူး။ Porphyria က တံတွေးကနေ မကူးစက်တာမို့သူများကို ကိုက်လိုက်ရင် အကိုက်ခံရတဲ့သူက vampire ဘဝပြောင်းသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်တချက်က သွေးသောက်ရင် ပိုသက်သာတယ်ဆိုတဲ့အချက်က ဆေးပညာအရ နဲနဲလွဲနေပါတယ်။ သွေးထဲမှာ Heme ပါလို့ Heme က လက္ခဏာတွေကိုသက်သာစေတာက အမှန်ပါ။ ဒါပေမယ့် ပါးစပ်ကသောက်လိုက်ရင် အူထဲရောက်သွားတဲ့ အခါ Heme ကို သွေးထဲအလုံးလိုက်မပို့ပေးပါဘူး။ Heme ကို Iron (သံဓာတ်) အဖြစ် ချေဖျက်ပြီးContinue reading “သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 2)”

Design a site like this with WordPress.com
Get started