သံသရာခရီးသွားများနှင့် ဝမ်းနည်းမှတ်တမ်း

ဘဝသံသရာကို ခရီးတခုလို့ဆိုကြရင် ကျနော်တို့အားလုံးက ခရီးသွားတွေပါပဲ။ ခရီးသွားနေကြရင်း ကြုံလာသမျှကိစ္စတွေက ပျော်စရာတွေလဲရှိသလို ဝမ်းနည်းစရာတွေလဲ မလွဲမသွေကြုံရမှာပါ။ ဝမ်းသာစရာကြုံရင် လူတွေအတွက် ရင်ဆိုင်ဖို့ မခက်ခဲပေမယ့် ဝမ်းနည်းပူဆွေးစရာတွေကြုံလာရင်တော့ ဖြတ်ကျော်ဖို့ အတော်လေးခက်ခဲပါတယ်။ စိတ်ညစ်စရာတွေကလဲ တချိန်ချိန်တော့ လူတိုင်းကြုံရမှာပဲမို့ စိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါမယ်။ လမ်းမှာချော်လဲတာ ၊ ပိုက်ဆံအိတ်ကျပျောက်တာ စတဲ့ အသေးစားစိတ်ညစ်စရာတွေရှိသလို မိသားစုဝင်နဲ့ ခွဲခွာရတာ၊ မိဘတပါးပါး ကွယ်လွန်သွားတာ ၊ ချစ်ခင်ရတဲ့ သူတယောက်ယောက်ကို လက်လွတ်ဆုံးရှုံးရတာ စတဲ့ ကြီးမားတဲ့ စိတ်ဒုက္ခတွေကိုလဲ ကြုံကြရမှာပါ။ ဒီလိုကြုံလာရင် စိတ်ပညာအရ ဖြစ်ပေါ်လာတတ်တဲ့ဝမ်းနည်းမှုဖြစ်စဥ် (Normal Grief stages) တွေကို သိထားပါက မိမိကိုယ်ကို ဆင်ခြင်တွေးတောမိပြီး အနည်းငယ်စိတ်သက်သာရာရအောင် နေထိုင်နိုင်မှာပါ။ ပုံမှန်လူတယောက်ရဲ့ ဝမ်းနည်းမှုအဆင့် ၅ဆင့်မှာ ပထမအဆင့်ကတော့“Denial” (လက်မခံနိုင်ခြင်း) ဖြစ်ပါတယ်။Continue reading “သံသရာခရီးသွားများနှင့် ဝမ်းနည်းမှတ်တမ်း”

မိုးရာသီနှင့် သင့်ကျန်းမာရေး

ဒီ post လေးမှာ မိုးရာသီရောက်လာပြီမို့ သတိထားသင့်တဲ့အချက်လေးတွေကို Awareness ရအောင် ပြောပြချင်ပါတယ်။ ၁။ သွေးလွန်တုပ်ကွေးရောဂါ များလာပါတယ်။ ခြင်ကိုက်လို့ ကူးစက်တဲ့ သွေးလွန်တုပ်ကွေး (Dengue fever) ရောဂါက မိုးရာသီမှာ အလွန်အဖြစ်များပါတယ်။ မိုးရေတင်ကျန်ခဲ့တဲ့ နေရာတွေမှာ ရေဝပ်ပြီး ခြင်တွေအများကြီးပေါက်လာလို့ သင်ခြင်ကိုက်ခံရဖို့ သေချာသလောက်ရှိနေပါတယ်။ ခြင်ထဲမှာမှ သွေးလွန်တုပ်ကွေးရောဂါသယ်ဆောင်လာတဲ့ခြင်က Aedes ခြင်ကျားဖြစ်ပါတယ်။ ထူးခြားချက်က မနက်ပိုင်းနဲ့ နေ့လယ်နေ့ခင်းမှာပဲ ကိုက်တတ်တဲ့ ခြင်မျိုးဖြစ်လို့ နေ့လယ်မှာ တရေးအိပ်တဲ့အခါ ခြင်ထောင်ချအိပ်ဖို့လိုပါမယ်။ ခြင်ကိုက်မခံရအောင် အိမ်ကိုအလင်းကောင်းကောင်းဝင်အောင်ထားပြီး ခြင်အောင်းနိုင်မယ့် နေရာတွေကိုရှင်းလင်းထားဖို့လိုပါမယ်။ သွေးလွန်တုပ်ကွေးရောဂါက ကလေးတွေနဲ့ လူငယ်လူရွယ်တွေမှာ ပိုအဖြစ်များပြီး သွေးလွန်တုပ်ကွေးအရင်နှစ်တွေက ဖြစ်ဖူးထားရင် ပိုသတိထားသင့်ပါတယ်။ နောက်တခေါက် သွေးလွန်တုပ်ကွေးထပ်ဖြစ်တဲ့အခါ ပြင်းထန်သွေးလွန်တုပ်ကွေးအဆင့် ရောက်သွားနိုင်လို့ တခါဖြစ်ဖူးထားလို့ ခုခံအားရှိမှာပဲလို့ တွေးပြီးContinue reading “မိုးရာသီနှင့် သင့်ကျန်းမာရေး”

မသိခြင်းများနဲ့ နေသားကျနေသင့်သလား?

လူတိုင်းဟာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုတော့ သိချင်စိတ်ပျင်းပြကြတာချည်းပါပဲ။ဒါကြောင့်လဲ (Celebrity တစ်ယောက်၏) သင်မသိသေးသော အချက်များ၊ လူ ၉၉% ကမှန်အောင်မဖြေနိုင်သော ပုစ္ဆာ စတဲ့ Clickbait ဆန်ဆန် Post တွေကို လူတွေစိတ်ဝင်စားကြတာဖြစ်တယ်။ဒီလိုလုပ်လိုက်ခြင်းအားဖြင့် Information Gap ကိုဖြစ်သွားစေတယ်။ငါမသိနေတာ ဘာများလဲ၊ ငါက မှန်တဲ့ ၁% ထဲမှာပါနေမလားစတဲ့ အတွေးတွေဝင်သွားပြီး အဲ့ဒီ Post တွေကို ဝင်ဖတ်ကြတာပဲ။(လေ့လာကြည့်ရသလောက် ကျွန်တော်တို့စာတွေကို ခေါင်းစဉ်ပေးတဲ့အခါမှာလည်း ခုလို Information Gap ဖြစ်သွားအောင်ပေးနိုင်ရင် ဖတ်တဲ့သူများတာပဲ) နောက်ပြီး လူတိုင်းကြုံဖူးတဲ့ကိစ္စကတော့ ဆယ်တန်းအမှတ်စာရင်းတွေကို ကြိုသိချင်တဲ့ပြဿနာပါပဲ။ မိဘတွေက ပိုဆိုးတယ်။အဲ့ဒီအတွက်ကြောင့် အမှတ်စာရင်း (သို့) ဂုဏ်ထူးကို ကြိုကြည့်ပေးပြီး ပိုက်ဆံတောင်းတဲ့စျေးကွက်တစ်ခုပေါ်လာတာပဲ။တကယ်ဆိုရင် ကြိုသိလည်း ဒီအမှတ်၊ ကြိုမသိလည်း ဒီအမှတ်ပါပဲ။ ဗေဒင်မေးတယ်ဆိုတာလည်း ဒီစိတ်ကိုပြေပျောက်အောင် လုပ်ဆောင်ခြင်းတစ်မျိုးသာဖြစ်တယ်။ဆိုတော့…Continue reading “မသိခြင်းများနဲ့ နေသားကျနေသင့်သလား?”

ရူပဗေဒထဲက ဗာနူးလီနဲ့ လက်တွေ့ဘဝထဲက ကျနော်တို့

ငယ်ငယ်က ဝတ္ထုစာအုပ်တွေထဲမှာ ” ရှေ့နားကမြစ်ကျဉ်းရှိတယ် ရေစီးသန်တယ်ကွ” ဆိုတဲ့စာသားမျိုး ခဏခဏဖတ်ဖူးပေမယ့် အမှုမဲ့အမှတ်မဲ့ပဲ သတိမထားမိခဲ့ပါ ။ ဒါဟာ ဗန်ကျူရီ effect (Venturi effect) ကြောင့်ဆိုတာ မသိခဲ့မိ… လေကြမ်းတိုက်တဲ့ဒေသတွေမှာ အမိုးတွေလန်ကုန်တာပြုတ်ထွက်ကုန်တာတွေလဲ တွေ့ဖူး ကြားဖူးမှာပါ။ ဒီလိုဖြစ်ရတာ လေကြမ်းလို့ ဖြစ်တာလို့ပဲ ပေါ့ပေါ့တွေးမိပေမယ့် ဒါဟာ တကယ်တမ်းကျဗာနူးလီ နိယာမ (Bernoulli Principle) ကြောင့်ဖြစ်လာတာပါ။ ဒါဆို What is Bernoulli Principle? ရှင်းရှင်းပြောရရင် Velocity နဲ့ pressure ပြောင်းပြန်အချိူးကျတယ်ဆိုတဲ့သဘောပါပဲ။ အရှိန်မြင့်ရင် ဖိအားကျပါတယ်။ လေပြင်းတိုက်ရင် ခေါင်မိုးပေါ်မှာ ဖိအား ကျသွားပါတယ်။ အိမ်ထဲက ဖိအားက နဂိုအတိုင်းပဲ ဆိုပေမယ့် ခေါင်မိုးပေါ်နဲ့ အိမ်ထဲမှာ လေဖိအားကွာခြားသွားပါတယ် ဒီလိုနဲ့Continue reading “ရူပဗေဒထဲက ဗာနူးလီနဲ့ လက်တွေ့ဘဝထဲက ကျနော်တို့”

ကွိုင်မဆောင်ရင် အသေလောင်မယ်နှင့် ညီကိုတို့ ဖတ်ဖို့

ညီကိုတို့…. ပိုက်ဆံအိတ်ထဲမှာ ရေမလျှံရင်နေ… ကွိုင်ပါဖို့တော့ လိုလိမ့်မယ်။ ချစ်ရေးချစ်ရာကိစ္စတွေက ဘာမှကြိုတင်ခန့်မှန်းထားလို့ရတာမဟုတ်လို့ ကြိုတင်ပြင်ဆင်ထားတာအကောင်းဆုံးပါပဲ။ ညီကိုက…လိုတော့မှ ကွိုင်ပြေးဝယ်တတ်သူလား…. ကွိုင်အဟောင်းနဲ့ တသက်ဆောင်းတတ်သူလား…. ကွိုင်မပါပေမယ့် အိမ်ပိုင်ပါတယ်ဆိုတဲ့လူလား…. ဘယ်လိုပဲဖြစ်ဖြစ် ကွိုင်မဆောင်ရင်တော့ အသေလောင်တတ်ပါတယ်။ Sex ကိစ္စကို ညီကိုတို့ဆောင်ရွက်တဲ့အခါ သာယာဖို့အရေးကြီးပါတယ်။ Feeling ကောင်းဖို့ သာယာဖို့ဆိုတာsex မတိုင်ခင်ရောsex နေစဥ်မှာရောsex ပြီးသွားတဲ့အခါ အိမ်ပြန်နူတ်ဆက်တဲ့အခါမှာရော စိတ်ရှင်းရှင်းနဲ့ ပေါ့ပါးနေဖို့ နောက်ဆံမတင်းဖို့လိုပါမယ်။ ကွိုင်မဆောင်ရင်တော့ Safe sex ဖြစ်မှာမဟုတ်သလို နောက်ဆက်တွဲပြဿနာသောင်းခြောက်ထောင်နဲ့ လောင်နေရပါလိမ့်မယ်။ အဲ့တော့ ညီကိုတို့ကို “ကြာကြာဝါးမယ့်သွား ဘာစားစားအရိုးကြည့်ရှောင်” လို့မှာပါရစေ။ ချစ်မှုရေးရာဆောင်ရွက်တဲ့အခါ ညီကိုတို့ အချက်၃ချက်ကို မမေ့ပါနဲ့… (၁) သူရောကိုယ်ရော စိတ်ကျေနပ်ရမယ်။ (၂) မလိုလားတဲ့ ကိုယ်ဝန်မရစေဖို့ရယ် (unwanted pregnancy) (၃)Continue reading “ကွိုင်မဆောင်ရင် အသေလောင်မယ်နှင့် ညီကိုတို့ ဖတ်ဖို့”

Design a site like this with WordPress.com
Get started