စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Short Version)

The Big Bang Theory ဆိုရင် ခုခေတ်မှာ လူတွေရိပ်ဖမ်းသံဖမ်းတော့ ကြားဖူးနေကြပါပြီ။ (Physicists တွေကြောင့်တော့ မဟုတ်ဘူး၊ Sitcom ကြောင့်ပါ…)စကြဝဠာကြီး အစပြုခဲ့တယ်ဆိုတော့ တော်တော်ကြီးကျယ်ခမ်းနားတဲ့ Theory တစ်ခုလို့ထင်စရာရှိပါတယ်။ဟုတ်ပါတယ်။ ဒါပေမယ့် အပေါ်ယံထက် ပိုနားလည်ဖို့အတွက် ခေါင်းတော့ အရှုပ်ခံရပါမယ်။ အတိုဆုံးပြောရရင် စကြာဝဠာကြီးက လွန်ခဲ့သောနှစ်ပေါင်း 13.8 billion years ကတည်းက စတင်ဖြစ်ပေါ်လာခဲ့တာပါ။အဲ့ဒီအချိန်တုန်းက ခုမြင်နေရတဲ့စကြဝဠာတစ်ခုလုံးဟာ အမှတ်ကလေးတစ်စက်အနေနဲ့ ကြပ်တည်းစွာရှိခဲ့ပါတယ်။ Singularity လို့ခေါ်ပါတယ်။အဲ့ဒီ Singularity လေးက အတိုင်းအဆမရှိပူလောင်ပြီး အတိုင်းအဆမရှိသိပ်သည်းပါတယ်။ (Infinite Heat & Density)(စကြဝဠာတစ်ခုလုံးကို ထည့်ထားရတာမို့ပါ) ဒီနေရာမှာ ပြောစရာရှိတာက စကြဝဠာတစ်ခုလုံးကို ထည့်ထားရတယ်ဆိုတာ နေသန်းပေါင်းများစွာ၊ ဂြိုလ်သန်းပေါင်းများစွာလို့ မမြင်စေလိုပါဘူး။Hydrogen အနည်းငယ်နဲ့ ပေါင်းစုံနေတဲ့အား (Unified Forces)Continue reading “စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Short Version)”

ကြောက်အောင်ခြောက်မလား၊ မြောက်အောင်မြှောက်မလား?

ဆရာဝန်တွေ၊ စားသောက်ဆိုင်ဝန်ထမ်းတွေအတွက် ဘယ်အရာက ဆတူ အရေးကြီးတယ်လို့ထင်ပါသလဲ။ သန့်ရှင်းရေးပါ။သူတို့တွေ သန့်ရှင်းမှ လူနာတွေ၊ စားသုံးသူတွေ ရောဂါမရမှာဖြစ်တယ်။ဒါပေမယ့် သူတို့တွေ လက်ကို သေချာဆေးကြရဲ့လား။ အမေရိကန်မှာတော့ ဆရာဝန်တွေ၊ နာ့စ်တွေ တော်တော်များများဟာ လူနာကြည့်ပြီးတိုင်း လက်မဆေးပါဘူးလို့ လေ့လာမှုတွေကဆိုတယ်။လူနာနေရာကတွေးကြည့်ရင် စိတ်မချမ်းသာစရာပါ။အဲ့ဒီတော့ သူတို့ကို လက်ဆေးအောင် ခြောက်မလား၊ မြှောက်မလား ရွေးရပါတယ်။ ခြောက်တဲ့နည်းကို စသုံးကြည့်ပါတယ်။ ဆရာဝန်တွေရဲ့ Ward တွေထဲမှာ ကင်မရာတွေတပ်လိုက်ပြီး စောင့်ကြည့်နေတဲ့အဖွဲ့ဆီကို Live လွှင့်ပါတယ်။ (ဒါကို ဆေးရုံဝန်ထမ်းတွေ အကုန်သိပါတယ်)သူတို့တွေကို စောင့်ကြည့်နေတာသိပေမယ့် လက်ဆေးတဲ့အရေအတွက် သိသိသာသာတိုးမလာဘူး။ ဒီလိုနဲ့ မြှောက်တဲ့နည်းသုံးကြည့်တယ်။ Ward ထဲမှာ Score Board ကြီးထောင်ပြီး လက်ဆေးရင်ဆေးသလို အမှတ်တွေတက်လာအောင် လုပ်လိုက်တယ်။ဒီတော့ Shift တစ်ခုနဲ့တစ်ခုအပြိုင်အဆိုင်ဖြစ်လာပြီး တော်တော်များများ လက်ဆေးလာကြတယ်။Continue reading “ကြောက်အောင်ခြောက်မလား၊ မြောက်အောင်မြှောက်မလား?”

Causal Loop

ဒဿနသမိုင်းမှာ Principle of Causality လို့ ခေါ်တဲ့ ကျိုးကြောင်းပြ စည်းမျဥ်းက တော်တော်လေး နာမည်ကြီးပါတယ်။ ဒီစည်းမျဥ်းက ဘာကိုပြောလဲဆိုတော့ အရာရာတိုင်းဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်လို့ ပြောတာပါ။ ပန်းသီး ဘာကြောင့်ကြွေ၊ Gravity ကြောင့်စကြာဝဠာ ဘာကြောင့်ဖြစ်လာ၊ ဘုရားသခင်က ဖန်ဆင်းလို့ဘာက ဘာကြောင့်ဖြစ်လာ၊ ဘာကြောင့် ဘာကြောင့် စသဖြင့် ဖြစ်လာတဲ့ အကျိုးတရားတိုင်းမှာ အကြောင်းတရားက ရှိနေပါတယ်လို့ ပြောပါတယ်။ ဒါကို အလယ်ခေတ်နှောင်းပိုင်း Philosopher တွေက စကြာဝဠာ ဘာကြောင့်ဖြစ်လာ၊ ဘုရားသခင်က ဖန်ဆင်းတယ်ဆိုတာကို ဖျက်ဆီးပစ်ဖို့ ကြိုးစားကြပါတယ်။ Principle of causality ကို မငြင်းပေမယ့် Universe ရဲ့ Cause ဆိုတာ ဘုရားသခင် မဟုတ်ဘူးဆိုတာကို သက်သေပြခဲ့ကြပါတယ်။ ဒါဟာလည်းContinue reading “Causal Loop”

အတူနေအမျိုးသမီးများတွင် ရာသီစက်ဝန်းတူလာတတ်ခြင်းနှင့် Evolution ကိုလေ့လာကြည့်ခြင်း

အဆောင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အမျိုးသမီးများစုပေါင်းနေထိုင်ကြတဲ့အခါ ရာသီစက်ဝန်းစတင်သည့်ရက်များ တူလာတတ်ကြတာကို သတိထားမိကြပါလိမ့်မယ်။ ဒါဟာ ဘာကြောင့်ပါလဲ။ ဒီလိုဖြစ်တာကို သာမန်ပြည်သူများသာမက သိပ္ပံပညာရှင်များကပါ သတိထားမိကြပြီး ဆွေးနွေးငြင်းခုန်စရာ ခေါင်းစဥ်တခုဖြစ်လာရပါတယ်။ အထင်ရှားဆုံး Theory တခုကတော့ “Pheromones” သီအိုရီပဲဖြစ်ပါတယ်။ Pheromones ဆိုတာ မျိုးစိတ်တူ သတ္တဝါအချင်းချင်း ထုတ်လွှတ်အသိပေးသော အချက်ပေး အမှုန်လေးများ (odorant particles) ဖြစ်ပါတယ်။ ဒီအချက်ပေးအမှုန်လေးတွေက လူနဲ့ပရိုင်းမိတ်တွေထက် အဆင့်နိမ့်တဲ့တိရစ္ဆာန်တွေမှာ အလွန်အရေးပါလှပါတယ်။ မျိုးစိတ်တူ အချင်းချင်း အဆိုပါ အမှုန်များထုတ်လွှတ်ကာ အန္တရာယ်ကိုအချက်ပေးခြင်း ၊ မိတ်လိုက်ဖို့ လှုံ့ဆော်ခြင်း ၊ အုပ်စုအချင်းချင်းအသိပေးခြင်း ၊ လမ်းပြခြင်း စတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ပါတယ်။ အဆိုပါ တိရစ္ဆာန်တွေရဲ့ နှာခေါင်းအတွင်းဖက်မှာVomeronasal organ (VNO) ဆိုတဲ့ အစိတ်အပိုင်းပါရှိပြီး အနံ့ခံတဲ့နေရာတခု အပိုပါနေသလိုဖြစ်နေပါတယ်။Continue reading “အတူနေအမျိုးသမီးများတွင် ရာသီစက်ဝန်းတူလာတတ်ခြင်းနှင့် Evolution ကိုလေ့လာကြည့်ခြင်း”

ကြက်သွန်နီလှီးရင် ငိုနေရတာပဲလား?

အိမ်မှာ ကြက်သွန်နီထိုင်လှီးနေရင်း တွေးမိသွားတဲ့ခေါင်းစဉ်ပါ။ကြက်သွန်နီလှီးရင် မျက်စိပူစပ်ပူလောင်ဖြစ်လာပြီး မျက်ရည်ကကျလာတာပါပဲ။အလှီးအချွတ်မှာ Newbie ပဲရှိသေးတာမို့ ကြက်သွန်လှီးတိုင်း တော်တော်ကို ဒုက္ခရောက်ပါတယ်။ ရှင်းရှင်းပြောရရင် ကြက်သွန်နီဆို မလှီးချင်ပါဘူး။(ကြက်သွန်ဖြူလည်း တရုတ် Boycott မို့ အဆံသေးလေးတွေ ထိုင်သင်နေရတာ ဒုက္ခများတာပါပဲ) အဲ့ဒီအချိန်မှာ မေးခွန်းတစ်ခုခေါင်းထဲပေါ်လာပါတယ်။အမြဲကြက်သွန်လှီးနေရရင် မျက်လုံးအတွက် ဒုက္ခရောက်နိုင်သလား။(တကယ်တော့ မလှီးချင်လို့ အကြောင်းရှာချင်တာပါ၊ ဘဝတူတွေအတွက် မျှော်လင့်ချက်ကောက်ရိုးတစ်မျှင် ဖြစ်ခွင့်ရရင် ဒီစာရေးရကြိုးနပ်ပါပြီ…) ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျစေသလဲဆိုတာ အရင်ပြောပြချင်ပါတယ်။အတိုချုပ်ပြောရရင်တော့ ကြက်သွန်ကထွက်တဲ့အငွေ့ကြောင့်ပါ။ကြက်သွန်နီက မြေကြီးထဲမှာ ပေါက်တာဆိုတော့ အကောင်ဗလောင်တွေရဲ့ ရန်က ကာကွယ်ဖို့အတွက် အဲ့ဒီအငွေ့ကိုထုတ်ရခြင်းဖြစ်တယ်။ ဒါပေမယ့် ထုံးစံအတိုင်း နည်းနည်းတော့ ရှည်ချင်ပါသေးတယ်။ ကြက်သွန်နီကို လှီးလိုက်တဲ့အခါမှာ သူ့ရဲ့ဆဲလ်တွေလည်းကွဲကုန်ပါတယ်။ဆဲလ်ထဲမှာ သိမ်းထားတဲ့ Amino Acid Sulfoxide နဲ့ Enzyme တစ်ခုဓာတ်ပြုပြီး အငွေ့တစ်ခုထွက်လာပါတယ်။Syn-Propanethial-S-Oxide လို့ခေါ်ပါတယ်။(ကျွန်တော်ကတော့Continue reading “ကြက်သွန်နီလှီးရင် ငိုနေရတာပဲလား?”

Design a site like this with WordPress.com
Get started