အချိန်ခရီးသွားသော Electron (Quantum Mechanics Part 3)

(Part 1 နဲ့ Part 2 ကိုမဖတ်ဘဲ ခုရေးမယ့်စာကိုကျော်မဖတ်သင့်ပါ) Double Slit Experiment မှာ Detector တစ်ခုကို ကတ်ထူပြားပေါ်မှာထားခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။အဲ့ဒီအတွက်ကြောင့် စောင့်ကြည့်ခံရတဲ့ Electron က အပြုအမူပြောင်းလဲသွားပါတယ်။ ဉာဏ်ကြီးရှင်တွေက ဘယ်လိုထပ်စဉ်းစားလဲဆို Detector ကို ကတ်ထူပြားအနောက်နားမှာ ထားလိုက်ရင်ရောဆိုပြီး တွေးလာကြတယ်။အဲ့ဒီလိုဆိုရင် Electron ကလည်း သူ့ကိုစောင့်ကြည့်နေတဲ့ Detector မရှိဘူးအထင်နဲ့ Wave အဖြစ် ကတ်ထူပြားပေါ်က အပေါက် ၂ပေါက်ကနေဝင်လာမှာပဲ။ကတ်ထူပြားကနေ Wave အဖြစ်နဲ့ကျော်လာပြီး တိတ်တိတ်လေးပုန်းနေတဲ့ Detector နားရောက်မှ စောင့်ကြည့်ခံနေရပြီဆိုတာ သိသွားလိမ့်မယ်။ (နားလည်လွယ်အောင်ပြောနေခြင်းဖြစ်တယ်၊ Electron မှာအသိရှိတယ်လို့ပြောလိုခြင်းမဟုတ်ပါ)ဒီလိုဆို Electron Superposition ဖြစ်နေတာ မြင်ရပြီပေါ့။မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ကြပါဘူး။Detector ဖွင့်ထားတာကို မြင်တာနဲ့ Electron ရဲ့ WaveContinue reading “အချိန်ခရီးသွားသော Electron (Quantum Mechanics Part 3)”

Personality disorder အကြောင်း ပြောကြရာဝယ် (Part 1)

အောက်ပါအကြောင်းရာများသည် စာရေးသူဖတ်ရူနားလည်သလောက် ပြန်လည်တင်ပြခြင်းဖြစ်ရာ မိမိထက် တတ်သိနားလည်သောပညာရှင်များ အနေဖြင့်နားလည်သည်းခံ ထောက်ပြအကြံပြုနိုင်ပါသည်။ Personality ဆိုတဲ့စကားလုံးကို ဗမာလို ကိုယ်ရည်ကိုယ်သွေးလို့ ဘာသာပြန်ထားကြပေမယ့်အဓိပ္ပာယ်ကျယ်ပြန့်လှပါတယ်။ Personality ကို တချို့က“What makes you is your personality”လို့ဆိုပြီး သင့်ကို သင်လို့ သိသာစေတဲ့ ၊ ဖြစ်တည်စေတဲ့ ဝိသေသလက္ခဏာ အပြုအမူစိတ်ထား အားလုံးအကျုံးဝင်ပါတယ်။ သင်ဟာ ဘဝမှာ ပေါ့ပေါ့ပါးပါးနေထိုင်တတ်သူလား? အရာရာကို စိတ်ပူစိုးရိမ်ပြီး အတွေးများတတ်သူလား? အကောင်းမြင်တတ်သူလား? အဆိုးမြင်တတ်သူလား? စိတ်ဓာတ်ကြံ့ခိုင်ပြီး တော်ရုံမတုန်လှုပ်တတ်သူလား? တချိန်လုံး drama ဆန်နေတတ်သူလား? ဘယ်လို အကျင့်စရိုက်မျိုးပဲ ဖြစ်ဖြစ်အားလုံးဟာ သင့်ကိုယ်ပိုင် personality typeပါပဲ။ သင်ဟာသင်ပါပဲ။ သင့် personality ဟာ ဘယ်လောက်ပဲ ကောင်းကောင်း ဘယ်လောက်ပဲဆိုးဆိုး သင့်အတွက်တော့Continue reading “Personality disorder အကြောင်း ပြောကြရာဝယ် (Part 1)”

လူ

လူဆိုတာ ဘာလဲ။ ဇီဝပညာရှင်တွေက သက်ရှိလို့ခေါ်မယ်။ ခြေနှစ်ချောင်းလို့ ပြောမယ်။ ဓာတုဗေဒ ပညာရှင်တွေက ဓာတ်အစုအဝေးလို့ ခေါ်မယ်။ ခေါ်ချင်တဲ့သူ မျိုးစုံခေါ်နေကြတာပဲ။ ဒါပေမယ့် လူဆိုတာက ဘာလဲ။ ဘယ်အရာကို လူလို့ ခေါ်တာလဲ။ ပတ်ဝန်းကျင်က ကိုယ်နဲ့ ဆင်တူတဲ့ သက်ရှိကို ဆွဲခေါ်ပြီး လူပါလားလို့ မေးရင် လူပေါ့လို့ဖြေမယ်။ ဒါပေမယ့် တခါတလေ “မင်းလုပ်ရပ်က လူနဲ့တောင် မတူတော့ဘူးကွ” ဆိုသလို…“မင်းက လူစိတ်ပျောက်နေတာပဲ” ဆိုသလို…“သူတို့လုပ်နေတာ လူမဆန်တော့ဘူး” ဆိုသလို…အမျိုးမျိုး ပြောကြပါတယ်။ ဒါဖြင့်ရင် လူဆိုတာ တကယ်တမ်းဘာလဲ။ တိရိစ္ဆာန်နဲ့ လူကြားက ကွာခြားမှုက ဘာလဲ။ လက်တွေ့ကျကျနဲ့ ဓမ္မဓိဌာန်ကျကျ တွေးကြည့်ရအောင်။ လူနဲ့ အခြားသက်ရှိတွေက လွန်ခဲ့တဲ့ နှစ် ၅၀၀၀ ပတ်ဝန်းကျင်အထိ ဘာမှမကွာဘူး။ စားမယ်၊Continue reading “လူ”

စိတ်ဓာတ်ကျခြင်း အနုပညာ . . .

ကျွန်​တော်​တို့ဟာ လူသား​တွေပါစိတ်​ဓာတ်​ကျတတ်​ကြပါတယ်​ ဘယ်​အချိန်​တွေမှာ စိတ်​ဓာတ်​ကျတတ်​ပါသလဲ ? လုပ်​ချင်​တာ မလုပ်​ရတဲ့အခါ . . . မလုပ်​ချင်​တာ လုပ်​ရတဲ့အခါ . . . ဖြစ်​ချင်​တာ မဖြစ်​လာတဲ့အခါ . . . မဖြစ်​ချင်​တာ ဖြစ်​လာတဲ့အခါ . . . အထက်​က အချက်​တွေထဲက တစ်​ခုခုကို တစ်​ယောက်​ယောက်​ဆီမှာ ထုတ်​ပြောလို့မရတဲ့အခါ . . . အထက်​က အချက်​တွေ​ကြောင့်​စိတ်​ဓာတ်​ကျ​နေပြီး ကိုယ်​စိတ်​ဓာတ်​ကျ​နေ​ကြောင်း တစ်​ယောက်​ယောက်​ဆီမှာ ထုတ်​ပြောလို့မရတဲ့အခါ . . . ကိုယ်​စိတ်​ဓာတ်​ကျ​နေတဲ့အ​ကြောင်း ထုတ်​ပြောသည့်​တိုင်​အနုတ်​လက္ခဏာ​ဆောင်​တဲ့ အပြုအမူ (Negative manner) ဖြင့်​တုန့်​ပြန်​ခံရတဲ့အခါ . . . ကျွန်​တော်​တို့ စိတ်​ဓာတ်​ကျတတ်​ကြပါတယ်​. . . စိတ်​ဓာတ်​ကျ​နေသူတစ်​ယောက်​ရဲ့Continue reading “စိတ်ဓာတ်ကျခြင်း အနုပညာ . . .”

“လိင်အင်္ဂါကျုံ့ဝင်သွားသောရောဂါဆန်း (သို့) Koro syndrome”

[သတိပေးချက်။ ။ အောက်ပါအကြောင်းရာများသည် လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်သော အသုံးနှုန်းများ အကြောင်းရာများ (adult contents & sensitive issues) ပါဝင်မည်ဖြစ်ရာအသက်မပြည့်သေးသူများနှင့် စိတ်နှလုံးအားနည်းမတည်ငြိမ်သူများ မဖတ်ရူသင့်ပါ။ဖတ်ရူလိုသူများကို အသိပေးလိုသည်မှာ ဤအကြောင်းရာများကို ဆေးပညာနှင့် စိတ်ရောဂါရူထောင့်မှ ရေးသားထားခြင်းဖြစ်ရာ မျိုးဆက်ပွားကျန်းမာရေးဗဟုသုတအဖြစ်သာ တွေးမြင်ဖတ်ရူပေးစေလိုပါသည်။ ] ကျနော်တို့လူသားများကို မိမိတို့နေထိုင်ရာပတ်ဝန်းကျင်ရဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာ အစဥ်အလာများ ၊ ဆိုရိုးစကား ယုံတမ်းပုံပြင်များက အနည်းနှင့်အများဆိုသလို လွှမ်းမိုးထားလေ့ရှိပါတယ်။ ဒီလို ပတ်ဝန်းကျင် ရိုးရာအဆိုအမိန့်တွေရဲ့ လွှမ်းမိုးမှုကြောင့် အချို့သော ကျန်းမာရေးပြဿနာများ ၊ အယူအဆလွဲများ မကြာခဏကြုံတွေ့ရတတ်ပါတယ်။ ကျနော်တို့ ငယ်ငယ်က ရောဂါဆန်းတမျိုးကို အရပ်ထဲမှာ တိုးတိုးတိတ်တိတ်ပြောကြတာ ကြားဖူးကြမှာပါ။ အဲ့ရောဂါကတော့ လိင်အင်္ဂါကျုံ့ဝင်ခြင်းရောဂါ (သို့)အရပ်အခေါ်အရ တိုနာရောဂါ ပဲဖြစ်ပါတယ်။ အရပ်စကားအရ ဒီရောဂါကို ခံစားရသူများဟာContinue reading ““လိင်အင်္ဂါကျုံ့ဝင်သွားသောရောဂါဆန်း (သို့) Koro syndrome””

Design a site like this with WordPress.com
Get started