ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 2)

လူတိုင်း သင့်တော်တဲ့အစာကို ရွေးချယ်စားသုံးတတ်ဖို့ အရေးကြီးတယ်။ဒီအပြင် ကိုယ်တစ်နေ့ကို စွမ်းအင်ဘယ်လောက်လိုအပ်လဲဆိုတာ အကြမ်းဖျင်းသိသင့်ပါတယ်။နေ့စဉ်စွမ်းအင်ဘယ်လောက်လိုအပ်လဲ သေချာမသိရင် စွမ်းအင် အပို၊ အလိုများရှိနေနိုင်ပြီး ကိုယ့်ဆန္ဒမပါဘဲ ပိန်ခြင်း၊ ဝခြင်းများကိုဖြစ်စေနိုင်ပါတယ်။ကိုယ်နေ့စဉ်လိုအပ်တဲ့ စွမ်းအင် (Calorie) ပမာဏကို တွက်ချက်ပြီး စားသုံးနိုင်ရင် ပိုကောင်းတယ်။အဲ့တော့ တစ်နေ့စွမ်းအင်ဘယ်လောက်လိုအပ်လဲ ဘယ်လိုတွက်ကြမလဲ။ ကိုယ်အလေးချိန်ကိုသိရုံနဲ့ အောက်ပါဇယားကိုကြည့်ပြီး တွက်ချက်ကြည့်နိုင်ပါတယ်။ ဥပမာ သင်ဟာ 50kg (110 ပေါင်) ရှိတဲ့ အသက် ၁၈-၃၀ ကြားအမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုပါစို့။(14.7 x 50) + 496 = 1231 calories (အခြေခံလိုအပ်သော စွမ်းအင်) ပြီးရင် ကိုယ်ဘယ်လောက် ခန္ဓာကိုယ်လှုပ်ရှားမှုရှိလဲ တွက်ဆကြည့်ရမယ်။အထိုင်များတဲ့လူ – 0.2လမ်းအနည်းငယ်လျှောက်သူ (၂မိုင်ထက်မပို) – 0.3အထိုင်နည်းပြီး လှုပ်ရှားမှုများတဲ့သူ (စက်ဘီးနင်း၊ တင်းနစ်ကစား)Continue reading “ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 2)”

အိပ်လျှင်ဟောက်ခြင်းနှင့် ကျန်းမာရေးပြဿနာများ

သင်သည် ဟောက်တတ်သူဖြစ်ပါက အချိန်ခဏပေးပြီး အောက်ပါမေးခွန်းများနဲ့ ကျန်းမာရေးအခြေနေကိုဆန်းစစ်ကြည့်လိုက်ပါ။ အိပ်စက်နေတုန်း ဟောက်တတ်သူများက ရုတ်တရက်အသက်ဆုံးရှုံးနိုင်ခြေပိုများတယ်ဆိုတာဟုတ်ပါသလား? ဟုတ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ အိပ်ရင်းဟောက်တတ်သူများဟာ သာမန်လူများနဲ့နှိုင်းယှဥ်တဲ့အခါ ရုတ်တရက်သေဆုံးနိုင်ခြေပိုမြင့်မားတာကိုတွေ့ရပါတယ်။ ဆေးပညာမှာ အိပ်ရင်းဟောက်တတ်တာကို Obstructive Sleep Apnea (OSA) လို့ ခေါ်ပါတယ်။ ဗမာလိုတော့ “အိပ်ဟောက် ရှုပိတ်”ရောဂါလို့ သုံးနှုန်းတတ်ကြပါတယ်။ ဒီရောဂါခံစားရသူများက မိမိဘာသာသတိမထားမိကြဘဲ အခြားသောရောဂါများနဲ့တွဲလာတဲ့အခါမှ သိကြတာများပါတယ်။ Obstructive Sleep Apnea ရောဂါရှိနေပါက -နှလုံးစည်းချက်မမှန်သောရောဂါ-နှလုံးသွေးကြောကျဥ်းရောဂါ-သွေးတိုးရောဂါ-ဆီးချိုသွေးချိုရောဂါ-လေဖြတ်ခြင်းစသော နောက်ဆက်တွဲရောဂါများ ဆက်စပ်ဖြစ်ပွားနိုင်သောကြောင့် မိမိမှာ OSA ရောဂါရှိမရှိ ကြိုတင်ဆန်းစစ်ရှာဖွေဖို့လိုအပ်ပါသည်။ သင့်မှာ ဒီရောဂါရှိမရှိကို အောက်ပါမေးခွန်းများနှင့် အကြမ်းဖျင်း ဆန်းစစ်ကြည့်၍ရပါသည်။ သင့်အနေနဲ့ အောက်ပါ ဘယ်လိုအခြေနေတွေမှာ အိပ်ငိုက်လေ့ (သို့) ငိုက်မြည်းလေ့ ၊ အိပ်ပျော်သွားလေ့ရှိတတ်ပါသလဲ? (၁) စာထိုင်ဖတ်နေတဲ့အခါ(၂)Continue reading “အိပ်လျှင်ဟောက်ခြင်းနှင့် ကျန်းမာရေးပြဿနာများ”

ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 1)

ဝိတ်တက်လိုက်ကြလိုက်၊ ဖောင်းလိုက်ပိန်လိုက်နဲ့ သံသရာလည်နေသူတွေ ပတ်ဝန်းကျင်မှာ အမြဲတွေ့နေရမှာပါ။ဝိတ်ချတုန်းခဏ ပိန်သွားပြီး ရပ်လိုက်တဲ့အခါ ဆက်ပိန်မနေတော့ဘဲ ပြန်ဝလာသူတွေလည်း ဒုနဲ့ဒေးပါပဲ။လူအတော်များများရဲ့စိတ်ပျော်ရွှင်မှုဟာ မိမိရဲ့ကိုယ်အလေးချိန်ပေါ်မှာ မီတည်တယ်လို့ မိမိဘာသာ သိသိနဲ့ဖြစ်စေ၊ မသိဘဲဖြစ်စေ သတ်မှတ်ထားတတ်ကြတယ်။အရင်က ဝတယ်ပြောရင်ဂုဏ်ယူခဲ့ကြတဲ့ မျိုးဆက်တစ်ခုရှိခဲ့ဖူးပေမယ့် ယနေ့လူငယ်တွေမှာတော့ အဲ့လိုခံယူချက်မျိုးမရှိကြတော့ပါဘူး။ပိန်ချင်ပိန်၊ ဝချင်ဝ မိမိအခွင့်အရေးပဲလို့ခံယူကြပါတယ်။ ဒါဟာလက်ခံသင့်တဲ့ အမှန်တရားတစ်ခုပါ။ဒါပေမယ့် ပိန်ခြင်း၊ ဝခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို သိထားသင့်ပါတယ်။ ပိန်လွန်းရင် ဗီတာမင်နဲ့သတ္တုဓာတ်တွေချို့တဲ့တယ်။ ကိုယ်ခံအားလည်းမကောင်းလို့ ရောဂါပိုးတွေ ခဏခဏဝင်နိုင်တော့ မကြာမကြာဖျားနာတတ်တယ်။ အိမ်ထောင်ပြုရင် ကလေးမရနိုင်တဲ့ အကြောင်းအရင်းထဲမှာ ပိန်လွန်းတာလည်း တစ်ခုအပါအဝင်ပဲ။ ငယ်စဉ်ဘဝကတည်းက အာဟာရမပြည့်ခဲ့ရင် လူကောင်သေးသေးညှက်ညှက်ဖြစ်နိုင်တယ်။ ဝလွန်းရင်ဖြစ်နိုင်တဲ့နောက်ဆက်တွဲများကိုတော့ လူတိုင်းနီးပါး ကြားဖူးနားဝရှိကြမှာပါ။ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ သည်းခြေအိတ်မှာ ကျောက်တည်၊ လေဖြတ်၊ အရိုးနာရောဂါတွေ ဖြစ်နိုင်တယ်။ အိပ်ရင်ဟောက်ပြီး အသက်ရှုခဏရပ်သွားတတ်တယ်။Continue reading “ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 1)”

ဆုပေး ဒဏ်ပေးစနစ် (carrot & stick system) နှင့် အပြုအမူကိုပြောင်းလဲကြခြင်း

စိတ်ပညာနှင့် လူသားတို့အပြုအမူကိုလေ့လာကြတဲ့အခါ behaviour တခုကို ဘယ်လိုပြောင်းလဲကြသလဲ (သို့) ဘယ်လိုပြောင်းလဲအောင်လုပ်မလဲဆိုတဲ့အကြောင်းကို conditioning လို့သုံးနူန်းကြပါတယ်။ သက်ရှိများအနေနဲ့ ဆက်လက်ရှင်သန်ဖို့အတွက် evolution နဲ့လိုက်လျောညီထွေဖြစ်ဖို့ အပြုအမူတွေကို အများကြီးပြောင်းလဲခဲ့ရပါတယ်။ အပြုအမူတွေကိုပြောင်းလဲတဲ့အခါ အမှားတွေလုပ်မိရင် မှတ်ထားပြီး မှန်အောင်ပြောင်းလဲသင်ယူလာကြပါတယ်။ ဒါကို trial and error သဘောလို့ဆိုကြပါတယ်။ အပြုအမူတခူကိုပြောင်းလဲအောင်လုပ်တဲ့အခါကျ ဆုပေး ဒဏ်ပေးစနစ် ကိုကျင့်သုံးကြပါတယ်။Carrot & stick approach လို့လဲခေါ်ပါတယ်။ ဒီအကြောင်းကို psychologist B.F. Skinner ကကျယ်ကျယ်ပြန့်ပြန့်လေ့လာရှာဖွေခဲ့ပါတယ်။Psychology မှာ ဆုပေးဒဏ်ပေးစနစ်ကိုသုံးပြီး အပြုမူတွေပြောင်းလဲစေတာကို Operant conditioning လို့ခေါ်ပါတယ်။ ဒီ Operant conditioning မှာ လိုချင်တဲ့ behaviour တခုကို ပိုမိုခိုင်မာစေဖို့ ဆုပေးတဲ့စနစ်(reinforcement or reward) ကိုသုံးပါတယ်။Continue reading “ဆုပေး ဒဏ်ပေးစနစ် (carrot & stick system) နှင့် အပြုအမူကိုပြောင်းလဲကြခြင်း”

ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 2)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) မိန်းမက ယောကျာ်းကို သူကြုံခဲ့ရသောကိစ္စတစ်ခုကို ပြန်ပြောပြနေတယ်လို့ မြင်ယောင်ကြည့်ပါ။ယောကျာ်းက နားထောင်ပြီး အကြံပေး အဖြေရှာပေးသောအခါ မိန်းမကစိတ်ဆိုးသွားလျှင် မိမိကို ယုံကြည်လေးစားမှုမရှိတော့ဟု မှတ်ယူသွားတတ်ကြသည်။ထိုအခါ မိန်းမပြောသော complaint များကို ဆက်လက်နားထောင်လိုစိတ် လျော့နည်းလာသည်။မိန်းမသည်လည်း မိမိပြောသမျှကို နားမထောင်ဘဲ ပြောချင်ရာစွတ်ပြောပြီး အဖြေများကိုသာပေးနေသော ယောကျာ်းကို စိတ်ပျက်လာသည်။ဒီလိုဆိုရင် ပြဿနာကိုစာဖတ်သူ မြင်နိုင်မယ်ထင်ပါသည်။ အနာသိရင်ဆေးရှိဆိုသလို ပြဿနာကိုသိလျှင် ဖြေရှင်းဖို့နည်းလမ်းလည်း ရှိပါသည်။ယောကျာ်းတို့အနေဖြင့် အဖြေ (Solution) များကို မတောင်းဘဲနှင့် မပေးဘဲ မိန်းမတို့ပြောသမျှသေချာနားထောင်ပေးရလိမ့်မည်။လိုအပ်ရင် လိုအပ်သလိုContinue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 2)”

Design a site like this with WordPress.com
Get started