အကြွေစေ့တစ်ခုကို ခေါင်းပန်းလှန်မယ်ဆိုရင် “ခေါင်း” ကြီးပဲ ၅ခါကျနေတဲ့အခါ ၆ခါမြောက်မှာ ဘာကျမယ်လို့ ထင်ပါသလဲ?တော်တော်များများကတော့ “ပန်း” ကျသင့်တယ်လို့ စိတ်ထဲက ထင်ကြမှာပါ။ ကိုယ်ဟာ သေချာ Logic ကျကျတွေးခေါ်တတ်ရင်တောင်မှ “ပန်း” ကျသင့်တယ်လို့ တွေးမိနေတတ်ပါတယ်။ လောကကြီးမှာ “ခေါင်း” တွေအများကြီးကျပြီးရင် “ပန်း” ကျအလှည့်လို့ ထင်ကြတာပါ။ ဒါကို Gambler’s Fallacy လို့ခေါ်ပါတယ်။ တချို့ကလည်း ဒါကို Monte Carlo Fallacy လို့ခေါ်ပါတယ်။ အကြောင်းတော့ ၁၉၁၃ ခုနှစ်က Casino တစ်ခုမှာ Roulette Game ကစားကြတော့ “အမည်း” ချည်းပဲ ၂၆ ခါတိတိကျပါတယ်။ ကိုယ်သာ ကစားတဲ့သူတစ်ယောက်ဆိုရင် အမည်း ၁ဝခါလောက် ဆက်တိုက်ကျလာတဲ့အချိန်ကို စဉ်းစားကြည့်ပါ။ ၁၁ခါမြောက်မှာ အမည်းကိုContinue reading “ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာ ထိန်းချုပ်ခြင်းနဲ့ နောက်ကွယ်က စိတ်ပညာ”
Author Archives: Science Nuts
သေခါနီးအလင်းတန်းကြီးကိုမြင်ခြင်း နောက်ကွယ်က စိတ်ပညာအယူအဆ
လူတွေ သေခါနီးမျောနေတဲ့အခါ အလင်းတန်းကြီးကို မြင်တတ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုသိလဲဆိုတော့ မျောနေပြီး မသေတဲ့သူတွေက ပြန်ပြောပြလို့ပါ။ ဒီအကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါနဲ့ဆက်နွယ်နေတဲ့ စိတ်ပညာအယူအဆတစ်ခု ရှိပါတယ်။ အဲ့ဒီအကြောင်းကို အခုပြောပြချင်တာပါ။ ဒီအကြောင်းကို မပြောခင် အဖြစ်အပျက်တစ်ခုကို အရင်ပြောပြချင်ပါတယ်။ စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ အသက်ကြီးကြီး ယောက်ျား ၃ယောက်ဟာ ငြင်းခုန်နေကြပါတယ်။ ဘာကို ငြင်းနေကြတာလဲဆိုတော့ သူတို့ဟာ ယေရှုဖြစ်တဲ့အကြောင်းပါ။ သူတို့တစ်ယောက်စီ ဆေးရုံတက်ရခြင်းအကြောင်းကလည်း ဒီလိုထင်ယောင်ထင်မှားဖြစ်နေလို့ပါ။ ဒီတော့ စိတ်ပညာရှင်က သူတို့သူယောက်ကို အမြဲတတွဲတွဲဖြစ်အောင် စီစဉ်ပေးလိုက်ပါတယ်။ ကုတင်တွေကိုပါ ဘေးချင်းကပ်ရပ်ထားပေးထားတာပါ။ရည်ရွယ်ချက်ကတော့ ဒီ ၃ယောက် အချင်းချင်းစကားပြောမိကြရင် သူတို့ ထင်ယောင်ထင်မှားဖြစ်နေတာကို သိသွားလိမ့်မယ်လို့ ယုံကြည်လို့ပါ။ သူတို့ ၃ယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက် သိသွားကြတဲ့အချိန်မှာ ဘယ်သူက ယေရှုအစစ်လဲဆိုတာ ငြင်းခုန်ကြပါတော့တယ်။ ပထမအကြိမ်Continue reading “သေခါနီးအလင်းတန်းကြီးကိုမြင်ခြင်း နောက်ကွယ်က စိတ်ပညာအယူအဆ”
Artificial Intelligence (AI) နဲ့လူတွေ သဟဇာတဖြစ်နိုင်လား?
Artificial Intelligence ဆိုတာဘာလဲ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုန်းတွေ၊ ကားတွေထဲမှာ လူတွေပြောတာကို နားထောင်ပေးပြီး ခိုင်းသလိုလုပ်ပေးတာဟာ AI တွေဆိုတာ သိကြမှာပါ။ ဒါပေမယ့် ဒါက ရိုးရှင်းပါသေးတယ်။ အခုပြောပြချင်တာက AI တွေ ကြီးစိုးမယ့် အနာဂတ်တစ်ခုအကြောင်းပါ။ ဒီနယ်ပယ်မှာ အလုပ်လုပ်နေကြတဲ့ ပညာရှင်တွေ အကုန်လုံး သဘောတူထားတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အနာဂတ်မှာ လူတွေအတွက် ဆုံးဖြတ်ချက်ချဖို့ AI တွေလက်ထဲကို ထည့်ရမယ်ဆိုတာပါ။ ဒီနေရာမှာ AI ဆိုတာ စက်ရုပ်တစ်ခုဖြစ်နိုင်သလို၊ လူတွေတိုင်ပင်နိုင်မယ့် ကွန်ပြူတာ တစ်လုံးလည်း ဖြစ်နိုင်ပါတယ်။ အခု ပညာရှင်တွေ ငြင်းခုန်နေကြတာက AI တွေဟာ လူတွေဆီကနေ ဆုံးဖြတ်နိုင်ခွင့်ကို လုယူသွားမလား… ငြင်ငြင်သာသာပဲလွှဲပြောင်းသွားမလား ဆိုတာပါ။ အနာဂတ်ဆိုတော့ ဘယ်လောက်ဝေးဝေးလဲလို့Continue reading “Artificial Intelligence (AI) နဲ့လူတွေ သဟဇာတဖြစ်နိုင်လား?”
မောင်ရေခဲဘာကြောင့် ရေပေါ်ပေါ်နေရသလဲ?
ရေခဲတုံးက အစိုင်အခဲဖြစ်ပေမယ့် ရေပေါ်မှာကျ ပေါလောပေါ်နေတာကို သတိထားမိပါသလား။ ဘာလို့ဒီလိုဖြစ်ရတာလဲ။ ဒီလိုဖြစ်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေရသလဲ။ အရည်တခုမှာ ပေါလော ပေါ်တယ်မပေါ်ဘူးဆိုတာ အရာဝတ္ထုရဲ့ သိပ်သည်းခြင်း Density ပေါ်မူတည်ပါတယ်။အရည်ထက် သိပ်သည်းတဲ့ပစ္စည်းဆိုရင် မြုပ်သွားမှာဖြစ်ပြီး အရည်ထက် သိပ်သည်းခြင်းနည်းတဲ့ပစ္စည်းဆိုရင် ပေါလောပေါ်နေမှာဖြစ်ပါတယ်။ ဒါဆိုရင် ရေခဲက ရေပေါ်မှာ ပေါ်တယ်ဆိုတော့ ရေခဲက ရေလောက် density မများလို့ဆိုတာ ခန့်မှန်းမိမှာပါ။ တကယ်ပဲ ရေခဲက ရေနဲ့ယှဥ်ရင် 9% လောက် သိပ်သည်းဆပိုနည်းပါတယ်။ ရေကို Hydrogen ရယ် oxygen ရယ်နဲ့ဖွဲ့စည်းထားပြီး H2O ဆိုတဲ့ molecule အနေနဲ့နေပါတယ်။ Water molecules အချင်းချင်းကြားထဲမှာ hydrogen bond တွေက ဖြစ်လိုက်ပျက်လိုက်နဲ့ မတည်မငြိမ်ဖြစ်နေပါတယ်။ ရေကို အပူပေးလိုက်ရင် kineticContinue reading “မောင်ရေခဲဘာကြောင့် ရေပေါ်ပေါ်နေရသလဲ?”
ရေကို ချီးကျူးစကားပြောရင် ပုံဆောင်ခဲလှလှထွက်တယ်ဆိုတဲ့ စမ်းသပ်ချက်နဲ့ Fringe science
ဒီအကြောင်းကို ရေးဖြစ်တာကတော့ ပန်းသီးကောင်း ပန်းသီးဆိုး စမ်းသပ်ချက်နဲ့ ဆင်တူလို့ တခါတည်းဆက်ရေးလိုက်တာပဲဖြစ်ပါတယ်။ ပန်းသီးစမ်းသပ်ချက်ကို ဖတ်ချင်ရင် အောက်မှာဖတ်ပေးပါ။ ပန်းသီးကောင်း၊ ပန်းသီးဆိုး စမ်းသပ်ချက်နဲ့ Junk sciencehttps://ouo.io/Yeh4L5 ကျနော်ငယ်ငယ်တုန်းက မဂ္ဂဇင်းတခုမှာ စမ်းသပ်ချက်တခုကို ဖတ်ရပါတယ်။ စမ်းသပ်တဲ့သူကတော့ ဂျပန်က သိပ္ပံပညာရှင်အမည်ခံ ဒေါက်တာ Masaru Emoto ဆိုသူပါ။ သူစမ်းတာကဘာလဲဆိုတော့ရေ ၂ခွက်ကို ယူပြီး တခွက်ကို ချီးကျူးစကားပြောတယ်။ နောက်တခွက်ကိုကျတော့ ရိုင်းစိုင်းတဲ့စကားတွေပြောတယ်။ အဲ့ ၂ခွက်ကရေကို ရေခဲအောင်လုပ်ပြီး ဓာတ်ပုံရိုက်ကြည့်တဲ့အခါ ထူးဆန်းတာကိုတွေ့ရတယ်တဲ့။ ကောင်းတဲ့စကားပဲကြားရတဲ့ရေက crystal ပုံလှလှလေးတွေ၊ အရောင်ကြည်ကြည်လေးတွေထွက်လာတယ်တဲ့။ ရိုင်းစိုင်းတဲ့စကားကိုပဲ ကြားရတဲ့ရေကတော့ နောက်ကျိလာပြီး ဓာတ်ပုံမှာ ပုံဆိုးပန်းဆိုးတွေထွက်လာတယ်ပေါ့။ အဲ့တာက power of words စကားလုံးတွေရဲ့စွမ်းပကားပါပေါ့။ သက်မဲ့ရေတောင်မှ ကြာလာရင် စကားသံတွေကိုလိုက်ပြီးContinue reading “ရေကို ချီးကျူးစကားပြောရင် ပုံဆောင်ခဲလှလှထွက်တယ်ဆိုတဲ့ စမ်းသပ်ချက်နဲ့ Fringe science”