ပင်လယ်ထဲမှာနေပြီး ကြောက်စရာကောင်းတဲ့ ရုပ်ဆိုးဆိုးပုံစံနဲ့ ဒီအကောင်ကို မြင်းခွာဂဏန်း (Horseshoe crab) လို့ခေါ်ကြပြီး တချို့ကလဲ ကင်းဖိုကင်းမလို့ခေါ်သလို မိုင်းဒါး/ဗီလား စသဖြင့်လဲခေါ်ကြပါတယ်။ ဒီအကောင်တွေက ရေနေသတ္တဝါထဲမှာ ရှေးဘိုးဘေးဘီဘင် ကမ္ဘာဦးအစလောက်ထဲက ရှိခဲ့တဲ့ အကောင်တွေဖြစ်ပါတယ်။ မြင်းခွာပုံ အခွံမာမာကြီး ရှိပြီး အမြီးရှည်တချောင်းရှိပါတယ်။ ရေကူးရင် ပက်လက်ကူးပြီး အမြီးနဲ့ထောင့်ချိုးကာ ကူးခတ်တတ်ပါတယ်။ ထူးခြားတာက သူ့နာမည်မှာ ဂဏန်းပါပေမယ့် သူကဂဏန်းအုပ်စုဝင်မဟုတ်ဘဲ ပင့်ကူတို့ ကင်းမြှီးကောက်တို့ အနွယ်ဝင်တမျိုးဖြစ်ပါတယ်။ မြင်းခွာဂဏန်းတွေက မျက်လုံး ၉ လုံးတောင်ရှိလို့ အမြင်အာရုံကောင်းမွန်ပြီး မျက်လုံး ၂ လုံးက compound eyes တွေဖြစ်ပါတယ်။ သူ့ရဲ့သွေးက သူ့ကိုနာမည်ကြီးစေတဲ့အချက်လဲဖြစ်သလို သူ့ကိုမျိုးတုံးစေတော့မယ့် အကြောင်းလဲဖြစ်နေပါတယ်။ လူနဲ့အခြားတိရစ္ဆာန်တွေမှာ သွေးလှည့်အဖွဲ့ circulation system က closed systemContinue reading “သင်မသိသေးတဲ့ သင့်အသက်ကျေးဇူးရှင် မြင်းခွာဂဏန်း (သို့) ကင်းဖိုကင်းမ”
Category Archives: လင်းမူ
“ဖူးးး”လို့ မှုတ်တဲ့လေကအေးပြီး “ဟာာ” လို့မှုတ်တဲ့လေက ဘာလို့ပူရတာလဲ?
မနေ့က Science nuts page cb မှာ စာဖတ်သူတယောက်က အပေါ်ကခေါင်းစဥ်ရဲ့ အဖြေသိချင်လို့ဆိုပြီး လာမေးပါတယ်။ ကျနော်တို့လဲ အထင်တလုံးနဲ့ ထင်တာဖြေပေးမိလိုက်ပါတယ်။ ညကျအဲ့ကိစ္စရဲ့ အဖြေကို မကျေနပ်နိုင်သေးပဲ ထပ်ရှာကြည့်မိပါတော့တယ်။ ဟိုက်ရှားပါး… တခြားတိုင်းပြည်ကလူတွေကလဲ အဲ့လို ကြံကြံဖန်ဖန် မေးထားကြတာပဲ။ ဖြေတဲ့သူတွေကလဲ အများကြီးနဲ့ အဖြေတွေကလဲ အစုံပါပဲ။ ဘယ်သူ့အဖြေမှန်လဲဆိုတာကို ကျနော်တို့လိုက်ရှာကြတဲ့အခါ လက်ခံနိုင်ဖွယ်ရှိတဲ့ အဖြေတချို့ကိုတွေ့လာပါတယ်။ အဲ့အဖြေလေးတွေကို ဒီနေ့စုပြီး ပြန်ပြောပြသွားပါမယ်။ ပထမဆုံးဖြစ်နိုင်တဲ့ အဖြေက ပါးစပ်အကျဥ်းအကျယ်ကွာတဲ့ ကိစ္စကြောင့်ပါ။ ဖူးးး လို့မှုတ်ရင် နှုတ်ခမ်းကိုစူပြီး ပါးစပ်ကျဥ်းထားရပါတယ်။ ဟာာ လို့မှုတ်ရင်ကျ ပါးစပ်ကျယ်ကျယ်ဖွင့်ထားရပါတယ်။ Physics သဘောအရ ကျဥ်းတဲ့နေရာကို လေကဖြတ်တဲ့အခါ pressure ကျပြီး အရှိန်မြန် (velocity) လာပါတယ်။ ဖူးးး လို့မှုတ်ရင်Continue reading ““ဖူးးး”လို့ မှုတ်တဲ့လေကအေးပြီး “ဟာာ” လို့မှုတ်တဲ့လေက ဘာလို့ပူရတာလဲ?”
သဘာဝတရားက ဘာလို့ နှာခေါင်း ၂ပေါက်ပေးထားတာလဲ?
ငယ်ငယ်က ဆိုရိုးစကားလေးတခုကြားဖူးမလားမသိဘူး။ “God gives us 2 eyes to observe more,2 ears to listen more, but only 1mouth to talk less” တဲ့။ ဘုရားသခင်က မျက်စိ၂ဖက်ပေးထားလို့ များများလေ့လာကြည့်ရှုပေးပါ။နား၂ဖက်ပေးထားလို့ များများနားစွင့်ထားပါ။ ပါးစပ်တပေါက်ပဲ ထည့်ပေးထားလို့ လျှာမရှည်နဲ့အာမချောင်ပါနဲ့လို့ အဓိပ္ပာယ်ရပါတယ်။ ဘုရားသခင်ကို နောက်တခွန်းလောက်ပြန်မေးရင် ဘယ်လိုဖြေမလဲမသိဘူး။ နှာခေါင်းပေါက် ၂ဖက်ကျဘာလုပ်ဖို့လဲ….လေများများရအောင်လား? လေပိုရှုလို့ရအောင်ဆို အလယ်တည့်တည့်မှာ ခပ်ကြီးကြီး တပေါက်ထဲ ဖောက်ထားပေးလိုက်လို့မရဘူးလားပေါ့။ တော်တော်ကတ်သီးကတ်သပ်လုပ်တယ်မထင်ပါနဲ့ဗျ။ ဒီနေ့မှာ သဘာဝတရားကြီးက ဘာလို့များ နှာခေါင်းပေါက်ကို ၂ဖက် ထားပေးထားရတာလဲ အဖြေရှာကြည့်ရအောင်။ သိပ္ပံပညာရှင်တွေလေ့လာချက်အရ နှာခေါင်းပေါက် ၂ ဖက်က အနံ့ခံနိုင်စွမ်းချင်း မတူတာကို စသတိထားမိကြတယ်။ ညာဖက်နှာခေါင်းပေါက်ကContinue reading “သဘာဝတရားက ဘာလို့ နှာခေါင်း ၂ပေါက်ပေးထားတာလဲ?”
အာကာသထဲ ဘယ်လိုချီးပါ သေးပေါက်ကြလဲ? (Part 4)
အပိုင်း ၃ မှာ လေစုပ်အားကိုအခြေခံပြီး အိမ်သာဆောက်တာကို အကြမ်းဖျင်းပြောပြခဲ့ပါတယ်။ အိမ်သာအပြင် ကိုယ်လက်သန့်စင်ခန်း (ရေချိုးခန်း) ကိုပါ တွဲလျက်တည်ဆောက်ခဲ့ပါတယ်။ သေးပေါက်ဖို့အတွက်က ကတော့ပုံစံခွက်လေး (Funnel)လုပ်ပေးထားပြီး ပိုက်နဲ့ဆက်ကာ လေစုပ်အားနဲ့ စုပ်ယူပေးပါတယ်။ ကတော့ခွက်တွေကတော့ size စုံရှိပြီး အာကာသယာဥ်မှူးတယောက်စီမှာ ကိုယ်ပိုင်ကတော့ခွက်လေးတွေရှိကြပါတယ်။ ဒီကိစ္စမှာလဲ size အကြီးဆုံး ကတော့ခွက်ကိုပဲ ရွေးယူကြပြန်ပါသတဲ့။ အမျိုးသားတွေကတော့ ကတော့ထဲပေါက်ထည့်လို့ရပေမယ့် အမျိုးသမီးတွေကတော့ အနည်းငယ်အခက်တွေ့နိုင်ပါတယ်။ ဘာလို့ဆို ကတော့ပုံခွက်က အမြဲလေအားနဲ့စုပ်နေမယ့်သဘောဖြစ်နေတော့ ထိုင်ပေါက်တဲ့အခါ လေစုပ်အားအရမ်းမပြင်းအောင် လေထွက်ပေါက်ပြန်ဖောက်ပေးထားတယ်လို့ ဆိုပါတယ်။ အမျိုးသမီးသုံးခွက်နဲ့ အမျိုးသားသုံးခွက် ပုံစံမတူဘူးလို့ထင်ပါတယ်။ အီအီးပါတာကတော့ ဘိုထိုင်အိမ်သာပုံစံကိုမှ လေစုပ်အားထည့်ထားပြီး အောက်မှာ အိတ်နဲ့ဆက်ထားတာမို့ အထုပ်ကလေးတထုပ်စီဖြစ်နေမှာပါ။ အထုပ်ထဲမှာ ပိုးသတ်ဆေးရည်တခါထဲပါပြီးသားဖြစ်လို့ အနံ့မထွက် ပိုးမပေါက်တော့ပါဘူး။ တခုပဲထူးခြားတာက အိမ်သာပေါ်ထိုင်မယ်ဆို ပေါင်ကိုကြိုးနဲ့ ချည်ထိန်းထားရပါတယ်တဲ့။Continue reading “အာကာသထဲ ဘယ်လိုချီးပါ သေးပေါက်ကြလဲ? (Part 4)”
အာကာသထဲ ဘယ်လိုချီးပါ သေးပေါက်ကြတုန်း? (Part 3)
ဒီတခါ အီအီးကိစ္စပြောပြပါဦးမယ်။ အာကာသထဲမှာ အိမ်သာမရှိတဲ့ပြဿနာက ရက်ရှည်ခရီးသွားဖို့ကြံတဲ့အခါ ဒုက္ခကောင်းကောင်းပေးပါတော့တယ်။ လပေါ်ကို ပထမဆုံးခြေချသူလို့ အများကသိကြတဲ့ အာကာသယာဥ်မှူး Neil Armstrong ခေတ်က အာကာသထဲ အီးပါဖို့အိမ်သာမရှိလို့ တပိုင်တနိုင်အီးထည့်ဖို့ အိတ်လေးတွေသယ်သွားရပါတယ်တဲ့။ အီးအိတ်ကတော့ ပုံစံကမိုက်သားဗျ။အောက်ကပုံမှာပြထားပါတယ်။ ဗိုက်နာလာရင် အဲ့အိတ်ကလေးကို နေရာမရွေ့အောင် တင်ပါးမှာ တိတ်ကလေးနဲ့ကပ်ထားပြီး ပါရပါတယ်တဲ့။ အပြောသာလွယ်တာဗျ… Gravity မရှိလေတော့ ပါသမျှအီးတုံးတွေက အောက်ကိုတန်းတန်းကျဖို့ခက်ပါတယ်။ လေထဲမှာ ပေါလောမပေါ်နေရင်တောင် အနည်းဆုံး အိတ်ထဲကို သေချာမဝင်ဘဲ ဟိုကပ် ဒီကပ်နဲ့ အိတ်အထဲကိုမရောက်ပါဘူး။ အဲ့တော့ အိတ်မှာ လက်ချောင်းထည့်နှိုက်လို့ရတဲ့ နေရာအပေါက်လေးလုပ်ပေးထားပြီး လိုသလိုပေါ့ဗျာ…ကိစ္စကိုလက်နဲ့ထိထိမိမိကိုင်တွယ် ဖြေရှင်းကြလေသတည်းပေါ့ဗျာ။ ပုံမှာ လက်ချောင်းထည့်တဲ့နေရာလေးရယ် position ရယ်သေချာမြင်ရမှာပါ။ လက်ဗလာနဲ့ အီးကိုကိုင်တာမဟုတ်ဘဲ လက်ချောင်းပုံစံအိတ်ကလေးလုပ်ပေးထားတာပါ။ စနစ်တော့ကျပါတယ်။ အီအီးပါပြီးသွားရင် အဲ့အိတ်ထဲကို ပိုးသတ်ဆေးရည်လောင်းထည့်ပြီးContinue reading “အာကာသထဲ ဘယ်လိုချီးပါ သေးပေါက်ကြတုန်း? (Part 3)”