သင်က အပေါင်းသွေးအုပ်စုလား အနုတ်သွေးအုပ်စုလား?

အပေါင်းသွေး အနုတ်သွေးဆိုတာဘာလဲ? ဆေးရုံဆေးခန်းသွားပြရင် သွေးအုပ်စုအမေးခံရတဲ့အခါ Aသွေး B သွေး O သွေး ပြောရုံနဲ့မရပါဘူး။ အမြဲလိုလို အပေါင်းသွေးလား အနုတ်သွေးလားဆိုတာပါ ထည့်ထည့် အမေးခံရပါတယ်။ အဲ့ ဆရာဝန် သူနာပြုဆရာမတွေ ပြောနေတဲ့ အပေါင်းသွေးအနုတ်သွေးဆိုတာ ဘာလဲ။ အဲ့အကြောင်းမပြောခင် A,B,O သွေးအုပ်စုအကြောင်းအရင် နဲနဲပြောရအောင်။ သင့်သွေးထဲမှာ သွေးနီဥ (Red blood cell) ဆိုတာရှိတယ်။ အတိုကောက် RBC လို့ခေါ်ရအောင်။ RBC ပေါ်မှာ သကြားမှုန်လေးတွေကပ်နေသလို အမှုန့်လေးတွေရှိပါတယ်။ အဲ့အမှုန်လေးတွေကို 2 မျိုးအဓိကခွဲထားပါတယ်။ A antigen ရယ် B antigen ရယ်ဆိုပြီးA အမှုန် B အမှုန်လို့ ခွဲလိုက်တယ်။ A အမှုန်ကပ်နေတဲ့ လူတွေကို Aသွေးအုပ်စုလို့သတ်မှတ်တယ်။Continue reading “သင်က အပေါင်းသွေးအုပ်စုလား အနုတ်သွေးအုပ်စုလား?”

Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 2)

၃။ Uncle Ugo Luca animation ထဲမှာ ထူးထူးခြားခြားနဲ့ ပရိသတ်တွေ မှတ်မိနေလောက်မယ့် character တကောင်ကတော့ Luca ရဲ့ ဦးလေး Uncle Ugo ပဲဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ရုပ်နဲ့ မျက်လုံးကလဲ စွေစောင်းနေသလို ခန္ဓာကိုယ်ကလဲ ထူးထူးခြားခြား (transparent) ဖောက်ထွင်းမြင်နေရပါသတဲ့။ ဇာတ်လမ်းထဲမှာတော့ Luca ကို သူ့အမေက ဒဏ်ပေးတဲ့အနေနဲ့ သူ့ဦးလေးဆီသွားနေခိုင်းတာဖြစ်ပြီး သူ့ ဦးလေး Ugo က Deep sea ထဲမှာ နေပါသတဲ့။ စာဖတ်သူတို့ သတိထားမိမလားမသိဘူး…Uncle Ugo က Luca တို့မိသားစုနဲ့ ပုံစံချင်း မတူပါဘူး။ တကယ်တမ်းလဲ Luca ဦးလေးကိုဆွဲတဲ့အခါ တခြားတိရစ္ဆာန်တကောင် ပုံစံကို ယူပြီးရေးဆွဲထားတာပါ။ Uncle Ugo ရဲ့Continue reading “Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 2)”

Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 1)

စာဖတ်သူတို့အားလုံး မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Luca ဆိုတဲ့ကာတွန်းကားလေးကို ကြည့်ပြီးလောက်ပြီထင်ပါတယ်။ Disney နဲ့ Pixar တို့ရဲ့ masterpiece animation တခုဖြစ်တဲ့ Luca က တော်တော်လေးအသက်ဝင်တဲ့ ရိုက်ချက်တွေနဲ့ story လေးကလဲချစ်စရာကောင်းလို့ မကြည့်ရသေးရင် အမြန်ကြည့်ဖို့လက်တို့ပါရစေ။ ဒီ animation ထဲမှာပါတဲ့ စိတ်ဝင်စားစရာအကောင်လေးတွေ real life ထဲမှာတကယ်ရှိမရှိ ရှာရှာဖွေဖွေတင်ဆက်ပေးလိုက်ပါတယ်။ ၁။ Mona Lisa, Giuseppe, Enrico ပထမဆုံး ပြောပြမယ့်အကောင်လေးကတော့Luca ထိန်းကျောင်းနေတဲ့ ငါးလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ Luca ရဲ့ နေ့စဥ်အလုပ်က အဲ့ငါးတသိုက်ကို စားကျက်ထဲခေါ်သွားပြီး နွားကျောင်းဆိတ်ကျောင်းသလို ကျောင်းရတာပါ။ ငါးတွေကလဲ မျက်လုံးကပြူးပြူးနဲ့ ကြောင်တောင်တောင် နုံအအရုပ်ကလေးတွေနဲ့ပါ။ အဲ့ငါးလေးတွေကို အပြင်မှာ Goatfish လို့ခေါ်ပါတယ်။ အနီရောင်Continue reading “Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 1)”

Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 1)

ကြို့ထိုးတာကို လူတိုင်းကြုံဖူးတာမို့ တော်တော်စိတ်ရှုပ်စရာကောင်းမှန်းသိကြမှာပါ။ ဒါပေမယ့် ဘာလို့ ကြို့ထိုးရတာလဲ။ သဘာဝတရားကြီးက ဘာလို့ လူတွေ ကြို့ထိုးအောင်လုပ်ထားတာလဲ။ ကြို့ထိုးခြင်း (Hiccup) ဘာလို့ဖြစ်တာလဲဆိုတော့ Diaphragm လို့ခေါ်တဲ့ ဝမ်းခေါင်းထဲကကြွက်သားက သူ့အလိုလို တချက်တချက်ထထညှစ်တာပါ။ Diaphragm ဆိုတဲ့ကြွက်သားပြားကြီးက အသက်ရှူလို့ရအောင် လုပ်ပေးတဲ့ ကြွက်သားဖြစ်ပြီး ဗိုက်နဲ့ ရင်ခေါင်းကို ခြားထားပေးပါတယ်။ ကျနော်တို့ တခါတခါ မျက်ခွံလေးတွေ တဆက်ဆက်လှုပ်သလိုပဲ ဗိုက်ခေါင်းထဲက diaphragm ကြွက်သားကလဲတခါတခါ စိတ်နဲ့ထိန်းလို့မရဘဲ လှုပ်တဲ့အခါ ညှစ်တဲ့အခါ ကြို့ထိုးတယ်ဆိုတာဖြစ်လာတာပါ။ Diaphragm ကြွက်သားက ဘယ်နဲ့ညာဆိုပြီး ၂ခြမ်းရှိပါတယ်။ ကြို့ထိုးရင် အများအားဖြင့် တခြမ်းထဲကပဲ ကျုံ့လေ့ညှစ်လေ့ရှိပါတယ်။ အဲ့လို ကျုံ့လိုက် ညစ်လိုက်တဲ့အခါ ဗိုက်ထဲက လေတွေကအပေါ်ကို ပြန်ကန်တက်လာပြီး အစာပြွန်ထိပ်ကိုရောက်လာတယ်။ (လူတွင် အစာပြွန်က သပ်သပ်၊Continue reading “Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 1)”

သင် ကိုယ့်အကြောင်းကိုယ် ဘယ်လောက်သိပြီလို့ထင်ပါသလဲ။

ဒီ post ကို မဖတ်ခင် Id, Ego နဲ့ Superego အကြောင်းရေးထားတဲ့ post ကိုအရင်သွားဖတ်သင့်ပါတယ်။အောက်မှာ link တခါထဲထည့်ပေးလိုက်ပါတယ်။ သင့်ပခုံးထက်မှာ အမြဲရှိနေတဲ့ Angel တပါး နဲ့ Devil တကောင်အကြောင်းhttps://ouo.io/BVg03o သင့် ကိုယ်သင် မေးခွန်းတခွန်းပြန်မေးကြည့်ရအောင်။ သင့်အကြောင်း သင်ဘယ်လောက်သိထားလဲ။ သေချာတာတခုကတော့ ဘယ်သူမှ ရာနှုန်းပြည့် ကိုယ့်ကိုယ်ကို မသိကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသိစိတ်မှာ အဆင့် ၃ဆင့်ရှိနေလို့ပါ။ 1. Conscious mind (သိစိတ်)2. Preconscious or subconscious mind (တိမ်မြုပ်နေသော စိတ်)3. Unconscious mind (မသိစိတ်) ဆိုပြီး ၃ဆင့်ရှိနေပါတယ်။ ကျနော်တို့ တကယ်သိရတာက Conscious mind ဆိုတဲ့ အပေါ်ယံContinue reading “သင် ကိုယ့်အကြောင်းကိုယ် ဘယ်လောက်သိပြီလို့ထင်ပါသလဲ။”

Design a site like this with WordPress.com
Get started