သင့် ခန္ဓာကိုယ်ပေါ်က မှဲ့တွေဟာ သင်ထင်သလောက်မရိုးရှင်းလှပါဘူး။ မှဲ့တွေဟာ အရေပြားမှာရှိတဲ့ epidermal melanocytes (ရောင်ခြယ်ဆဲလ်) များကနေဖြစ်ပေါ်လာပြီး လူတိုင်းလိုလိုမှာရှိတတ်ပါတယ်။ ရိုးရိုးမှဲ့လေးတွေကို melanocytic nevus လို့ခေါ်ပြီးကင်ဆာဖြစ်စေတဲ့ မှဲ့တွေကိုတော့ Malignant melanoma လို့ခေါ်ပါတယ်။ ရိုးရိုးမှဲ့လေးတွေထဲမှာ တချို့တဝက်က ကင်ဆာပြောင်းသွားတတ်လို့ စောစောသိဖို့ အရေးကြီးလှပါတယ်။ ဒါဆို ဘယ်လိုမှဲ့တွေက ကင်ဆာလက္ခဏာတွေရှိနေတာလဲ။ အလွယ်ပြောရရင် ABCDE လို့မှတ်လို့ရပါတယ်။ A = Asymmetry(မှဲ့တခြမ်းနဲ့တခြမ်း မညီမညာဖြစ်လာမယ်) B = Border irregular(မှဲ့ရဲ့ ဘေးပတ်ပတ်လည်ဟာ ပုံမှန်မဟုတ်ဘဲ မညီမညာဖြစ်လာမယ်) C = Colour irregular(အရင်ကအရောင်နဲ့မတူဘဲ အရောင်ရုတ်တရက်ပြောင်းလာမယ်) D = Diameter > 0.5 cm(မှဲ့အရွယ်အစားက ပိုပိုကြီးကြီးလာမယ်) E =Continue reading “သင့်မှာ မှဲ့ကင်ဆာရှိမရှိ အလွယ်သိနိုင်မယ့် အချက်များ”
Category Archives: လင်းမူ
ကျောက်ချဥ်က တကယ်ပဲချွေးနံ့ပျောက်စေသလား
အရပ်ထဲမှာ စျေးထဲမှာ ကျောက်ချဥ်အတုံးလေးတွေက အလွယ်တကူ ဝယ်ယူရှာဖွေနိုင်တဲ့ အရာလေးတခုပါ။ ကျောက်ချဥ် (Alum) ရဲ့ Chemical name ကတော့Hydrated double sulfate salt of aluminium ဖြစ်ပြီး အဓိကပါဝင်တဲ့ သတ္တုကတော့ Aluminium ပါ။ Potassium နဲ့ပေါင်းနေတဲ့ alum ကို potassium alum လို့ခေါ်ပြီး (ရှင်းသွားမှာပဲ) Sodium alum တို့ Ammonium alum တို့လဲရှိပါတယ်။ Alum လို့ခေါ်တဲ့ ကျောက်ချဥ်က ရေဆိုးတွေကို သန့်စင်တဲ့နေရာမှာ (water purification) မှာသုံးကြတာတော့ သိကြမှာပါ။ ဒါပေမယ့် ကျောက်ချဥ်ကို ချွေးနံ့ပျောက်အောင် လိမ်းကြတာလဲရှိပါတယ်။ ဒါကတကယ်ပဲ အလုပ်ဖြစ်ရဲ့လား။ ကျောက်ချဥ်ကိုသွေးပြီးဖြစ်ဖြစ် ရေနဲ့စိမ်ထားပြီးပဲဖြစ်ဖြစ် ရလာတဲ့အရည်ကို ချိုင်းကြားမှာContinue reading “ကျောက်ချဥ်က တကယ်ပဲချွေးနံ့ပျောက်စေသလား”
အတူနေအမျိုးသမီးများတွင် ရာသီစက်ဝန်းတူလာတတ်ခြင်းနှင့် Evolution ကိုလေ့လာကြည့်ခြင်း
အဆောင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အမျိုးသမီးများစုပေါင်းနေထိုင်ကြတဲ့အခါ ရာသီစက်ဝန်းစတင်သည့်ရက်များ တူလာတတ်ကြတာကို သတိထားမိကြပါလိမ့်မယ်။ ဒါဟာ ဘာကြောင့်ပါလဲ။ ဒီလိုဖြစ်တာကို သာမန်ပြည်သူများသာမက သိပ္ပံပညာရှင်များကပါ သတိထားမိကြပြီး ဆွေးနွေးငြင်းခုန်စရာ ခေါင်းစဥ်တခုဖြစ်လာရပါတယ်။ အထင်ရှားဆုံး Theory တခုကတော့ “Pheromones” သီအိုရီပဲဖြစ်ပါတယ်။ Pheromones ဆိုတာ မျိုးစိတ်တူ သတ္တဝါအချင်းချင်း ထုတ်လွှတ်အသိပေးသော အချက်ပေး အမှုန်လေးများ (odorant particles) ဖြစ်ပါတယ်။ ဒီအချက်ပေးအမှုန်လေးတွေက လူနဲ့ပရိုင်းမိတ်တွေထက် အဆင့်နိမ့်တဲ့တိရစ္ဆာန်တွေမှာ အလွန်အရေးပါလှပါတယ်။ မျိုးစိတ်တူ အချင်းချင်း အဆိုပါ အမှုန်များထုတ်လွှတ်ကာ အန္တရာယ်ကိုအချက်ပေးခြင်း ၊ မိတ်လိုက်ဖို့ လှုံ့ဆော်ခြင်း ၊ အုပ်စုအချင်းချင်းအသိပေးခြင်း ၊ လမ်းပြခြင်း စတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ပါတယ်။ အဆိုပါ တိရစ္ဆာန်တွေရဲ့ နှာခေါင်းအတွင်းဖက်မှာVomeronasal organ (VNO) ဆိုတဲ့ အစိတ်အပိုင်းပါရှိပြီး အနံ့ခံတဲ့နေရာတခု အပိုပါနေသလိုဖြစ်နေပါတယ်။Continue reading “အတူနေအမျိုးသမီးများတွင် ရာသီစက်ဝန်းတူလာတတ်ခြင်းနှင့် Evolution ကိုလေ့လာကြည့်ခြင်း”
ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များအကြောင်း (Part 3)
(ယခုစာကိုရေးသားရခြင်းမှာ psychiatric disorder များနှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များကို တွဲဖက်လေ့လာမိစေရန် ရည်ရွယ်ပြီး လမ်းညွှန်မိတ်ဆက်သဘောမျှသာ ရေးသားမည်ဖြစ်ရာ အမှားအယွင်းတစုံတရာပါဝင်ခဲ့ပါက စာရေးသူ၏ လေ့လာမှုအားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်။) ယခု တတိယအပိုင်းတွင် ရွေးချယ်ထားသောစာအုပ်သည် ဆရာ့၏ နာမည်ကျော်လူသိများသော ရုပ်ရှင်အဖြစ်လဲ အသက်သွင်းထားသော “မိုးညအိပ်မက်မြူ” ဝတ္ထုပဲဖြစ်ပါတယ်။ ဒီဝတ္ထုလေးမှာ လူတို့ရဲ့ စိတ်များ ဆန်းကြယ်လှပုံ ၊ စိတ်ကိုရင့်ကျက်တည်ငြိမ်အောင် မွေးမြူရာတွင် ငယ်ငယ်ကတည်းက မိဘမေတ္တာအပြည့်အဝရရှိခိုလှုံမှသာ လောကဓံကို ကြံ့ကြံ့ခံနိုင်သော စိတ်ဓာတ်မျိုးရရှိမည်ဖြစ်ကြောင်း အထင်ရှားဆုံးတွေ့ရပါသည်။ ဒီဇာတ်လမ်းထဲမှာ စိတ်ရောဂါပညာရှင်ဆရာမလေး မသက်ရီဟာ သူ့မိတ်ဆွေ တယောက်ကြုံတွေ့နေရတဲ့ မိသားစုပြဿနာတခုကို ဖြေရှင်းပေးဖို့ ဖိတ်ခေါ်ခံရပါတယ်။ မသက်ရီရဲ့ မိတ်ဆွေအိမ်မှာ တည်းခိုနေစဥ် ထူးခြားသောလူတယောက်နဲ့ တွေ့ဆုံရပါတယ်။ သူ့နာမည်က မောင်ညိုမှိုင်းတဲ့။ ပိုထူးခြားတာက သူတို့၂ဦးဟာ အရင်က တခါမှမတွေ့ဖူးပေမယ့် မောင်ညိုမှိုင်းကContinue reading “ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များအကြောင်း (Part 3)”
ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များအကြောင်း (Part 2)
(ယခုစာကိုရေးသားရခြင်းမှာ psychiatric disorder များနှင့် ဆရာတက္ကသိုလ်ဘုန်းနိုင် စာအုပ်များကို တွဲဖက်လေ့လာမိစေရန် ရည်ရွယ်ပြီး လမ်းညွှန်မိတ်ဆက်သဘောမျှသာ ရေးသားမည်ဖြစ်ရာ အမှားအယွင်းတစုံတရာပါဝင်ခဲ့ပါက စာရေးသူ၏လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်ပါသည်။) ဒုတိယပိုင်းမှာရွေးချယ်ထားတဲ့ စာအုပ်ကတော့ ဆရာရဲ့လက်ရာကောင်းတပုဒ်ဖြစ်သော“သာ၍ဝေးရာဆီကိုပါ” ပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဇာတ်ကောင်က ရထားစီးပြီး တကိုယ်ထဲ ခြေဦးတည့်ရာ ခရီးထွက်လာခဲ့တယ်။ သူ့မှာသွားစရာ နေစရာမရှိလို့ ရောက်တတ်ရာရာသွားနေရင်း ဒေသတခုကိုရောက်လာပြီး ထမင်းစားဖို့မရှိလို့ နယ်ခံတချို့က ထမင်းကျွေးရာက ရင်းနှီးသွားခဲ့တယ်။ သူ့ကိုနာမည်မေးတော့လဲ မဖြေနိုင်။ ဘယ်ကလာသလဲဆိုတော့လဲ သံသရာခရီးသွားတဦးပါတဲ့။ အရပ်ထဲကလူတွေက သူ့ကို “ကိုသာဓု” လို့နာမည်ပေးရင်း အရူးတယောက်ရောက်လာတယ်လို့ပဲ တွေးကြတယ်။ ကိုသာဓုဆိုတဲ့ လူနဲ့ ပေါင်းသင်းဆက်ဆံတဲ့ အခါ ပညာတတ်ပုံစံပေါက်နေပြီး ဘာလို့ဒီဒေသကိုရောက်လာလဲဆိုတာ ပုစ္ဆာတပုဒ်လိုဖြစ်နေပါတော့တယ်။ အထူးသဖြင့် သူ့ကိုတွေ့စက ဝတ်ထားတဲ့ အင်္ကျီက မြို့နေလူတန်းစားဝတ် အကောင်းစား တက်ထရွန်စဖြစ်နေခြင်း ၊ကော်လာကContinue reading “ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များအကြောင်း (Part 2)”