(Part 1,2,3 အရင်ဖတ်ပြီးမှ Part 4 ကိုဆက်ဖတ်ပေးပါခင်ဗျ) ဒီအပိုင်းမှာတော့ Cluster A“Weird” type (ဂေါက်ကြောင်အုပ်စု) ထဲက တခုစီကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ Cluster A ထဲမှာ disorder 3 မျိုး ပါဝင်ပါတယ်။ Paranoid personality disorder Schizoid personality disorder Schizotypal personality disorder တို့ဖြစ်ပါတယ်။ Paranoid personality disorder ကိုစပြောရရင် “သံသယကောင်” လို့ လွယ်လွယ်မှတ်ထားလို့ရပါတယ်။ Male တွေမှာ ပိုတွေ့ရတတ်ပြီး သူ့ရဲ့ပုံစံက အမြဲတမ်းလိုလို သံသယစိတ်နဲ့ ပြည့်နေတာပါပဲ။ တယောက်ယောက်က သူ့ကိုအမြဲလိမ်ညာနေတယ်။ မကောင်းကြံနေတယ်။ လုပ်ကြံဖို့ကြိုးစားနေတယ်လို့ပဲ အမြဲတွေးနေတယ်။ ဘယ်သူ့ကိုမှလဲ မယုံသလို သူ့ကိုစကားတခွန်းသွားပြောလိုက်ရင် အဲ့စကားက ဘာသဘောနဲ့ပြောတာလဲ။Continue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 4)”
Category Archives: လင်းမူ
Personality disorder အကြောင်းပြောကြရာဝယ် (Part 3)
လူတယောက်ရဲ့ Personality တခုကို disorder လို့ခေါင်းစဥ်တပ်ဖို့အတွက် အချက်တွေအများကြီးထည့်သွင်းစဥ်းစားရပါတယ်။ By definition အရတော့“Long-lasting, inflexible & maladaptive personality traits” are personality disorders လို့ဆိုကြတယ်။ Trait တစ်ခုက လိုတာထက်ပိုပြီးလွန်ကဲလာမယ်။ အချိန်ကာလတစ်ခုမှာပဲ ခဏဖြစ်တာမဟုတ်တော့ဘဲ အချိန်ကြာရှည်စွာ လွှမ်းမိုးလာမယ်။ အသက် ၁၈ မတိုင်ခင်က စသတိထားမိလာပြီး အရွယ်ရောက်လာတဲ့အထိ ဆက်လက်ရှိနေမယ်။(တချို့စာအုပ်များက personality disorder လို့ခေါင်းစဥ်တပ်ဖို့ အသက်၁၈နှစ်ပြည့်ပြီးဖြစ်ရမယ်လို့လဲဆိုကြတယ်။) မိမိကိုယ်ကို ထိခိုက်မှုတွေရှိလာမယ်။Social life ကို မဝင်ဆန့်ဖြစ်လာမယ်။အများသူငါနဲ့ အလုပ်အတူတွဲလုပ်လို့မရဘဲ လုပ်ငန်းခွင်ဘဝပါ ထိခိုက်လာမယ်။ Suicidal tendency ရှိလာမယ်။ ပတ်ဝန်းကျင်ကသူတွေကိုပါ ဘေးရန်ဖြစ်စေလာမယ်။ ဒီလိုအချက်တွေဖြစ်လာပြီဆိုရင် trait အဆင့်ကနေ disorder အဆင့်ဖြစ်လာပြီလို့ပြောလို့ရပါပြီ။ ဒါ့အပြင် PersonalityContinue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 3)”
Personality disorder အကြောင်းပြောကြရာဝယ် (Part 2)
ဒီတခါမှာတော့ disorder အကြောင်းမသွားခင် Personality trait အမျိုးအစားများနဲ့Personality ကိုစစ်ဆေးတဲ့ test လေးတွေအကြောင်း အကျဥ်းပြောပြပါရစေ။ Psychology မှာ personality trait ကို အမျိုးစားခွဲတဲ့အခါ တကျောင်းတဂါထာဆန်းဆိုသလို အမျိုးမျိုးခွဲကြပါတယ်။ Allport’s Trait theory မှာတော့ Cardinal traits (အခြေခံအမူအကျင့်) Central traits (ပင်မအမူအကျင့်) Secondary traits (အခြေနေတခုအရထွက်ပေါ်လာသောအမူအကျင့် ဥပမာ စင်ပေါ်မှာစကားပြောခိုင်းမှ စိတ်လှုပ်ရှားလာခြင်း) ဆိုပြီး၃မျိုးခွဲထားပါတယ်။ Raymond Cattell ဆိုတဲ့ psychologist ကတော့ trait 16 မျိုးဟု ခွဲခြမ်းစိတ်ဖြာပြခဲ့ပြီး Hans Eysenck ဆိုတဲ့ psychologist ကမူ trait များကို Dimension ၃မျိုးနဲ့ ဖော်ပြပြန်ပါတယ်။ အများလက်ခံကြတဲ့Continue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 2)”
Personality disorder အကြောင်း ပြောကြရာဝယ် (Part 1)
အောက်ပါအကြောင်းရာများသည် စာရေးသူဖတ်ရူနားလည်သလောက် ပြန်လည်တင်ပြခြင်းဖြစ်ရာ မိမိထက် တတ်သိနားလည်သောပညာရှင်များ အနေဖြင့်နားလည်သည်းခံ ထောက်ပြအကြံပြုနိုင်ပါသည်။ Personality ဆိုတဲ့စကားလုံးကို ဗမာလို ကိုယ်ရည်ကိုယ်သွေးလို့ ဘာသာပြန်ထားကြပေမယ့်အဓိပ္ပာယ်ကျယ်ပြန့်လှပါတယ်။ Personality ကို တချို့က“What makes you is your personality”လို့ဆိုပြီး သင့်ကို သင်လို့ သိသာစေတဲ့ ၊ ဖြစ်တည်စေတဲ့ ဝိသေသလက္ခဏာ အပြုအမူစိတ်ထား အားလုံးအကျုံးဝင်ပါတယ်။ သင်ဟာ ဘဝမှာ ပေါ့ပေါ့ပါးပါးနေထိုင်တတ်သူလား? အရာရာကို စိတ်ပူစိုးရိမ်ပြီး အတွေးများတတ်သူလား? အကောင်းမြင်တတ်သူလား? အဆိုးမြင်တတ်သူလား? စိတ်ဓာတ်ကြံ့ခိုင်ပြီး တော်ရုံမတုန်လှုပ်တတ်သူလား? တချိန်လုံး drama ဆန်နေတတ်သူလား? ဘယ်လို အကျင့်စရိုက်မျိုးပဲ ဖြစ်ဖြစ်အားလုံးဟာ သင့်ကိုယ်ပိုင် personality typeပါပဲ။ သင်ဟာသင်ပါပဲ။ သင့် personality ဟာ ဘယ်လောက်ပဲ ကောင်းကောင်း ဘယ်လောက်ပဲဆိုးဆိုး သင့်အတွက်တော့Continue reading “Personality disorder အကြောင်း ပြောကြရာဝယ် (Part 1)”
“လိင်အင်္ဂါကျုံ့ဝင်သွားသောရောဂါဆန်း (သို့) Koro syndrome”
[သတိပေးချက်။ ။ အောက်ပါအကြောင်းရာများသည် လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်သော အသုံးနှုန်းများ အကြောင်းရာများ (adult contents & sensitive issues) ပါဝင်မည်ဖြစ်ရာအသက်မပြည့်သေးသူများနှင့် စိတ်နှလုံးအားနည်းမတည်ငြိမ်သူများ မဖတ်ရူသင့်ပါ။ဖတ်ရူလိုသူများကို အသိပေးလိုသည်မှာ ဤအကြောင်းရာများကို ဆေးပညာနှင့် စိတ်ရောဂါရူထောင့်မှ ရေးသားထားခြင်းဖြစ်ရာ မျိုးဆက်ပွားကျန်းမာရေးဗဟုသုတအဖြစ်သာ တွေးမြင်ဖတ်ရူပေးစေလိုပါသည်။ ] ကျနော်တို့လူသားများကို မိမိတို့နေထိုင်ရာပတ်ဝန်းကျင်ရဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာ အစဥ်အလာများ ၊ ဆိုရိုးစကား ယုံတမ်းပုံပြင်များက အနည်းနှင့်အများဆိုသလို လွှမ်းမိုးထားလေ့ရှိပါတယ်။ ဒီလို ပတ်ဝန်းကျင် ရိုးရာအဆိုအမိန့်တွေရဲ့ လွှမ်းမိုးမှုကြောင့် အချို့သော ကျန်းမာရေးပြဿနာများ ၊ အယူအဆလွဲများ မကြာခဏကြုံတွေ့ရတတ်ပါတယ်။ ကျနော်တို့ ငယ်ငယ်က ရောဂါဆန်းတမျိုးကို အရပ်ထဲမှာ တိုးတိုးတိတ်တိတ်ပြောကြတာ ကြားဖူးကြမှာပါ။ အဲ့ရောဂါကတော့ လိင်အင်္ဂါကျုံ့ဝင်ခြင်းရောဂါ (သို့)အရပ်အခေါ်အရ တိုနာရောဂါ ပဲဖြစ်ပါတယ်။ အရပ်စကားအရ ဒီရောဂါကို ခံစားရသူများဟာContinue reading ““လိင်အင်္ဂါကျုံ့ဝင်သွားသောရောဂါဆန်း (သို့) Koro syndrome””