ကျနော် ငယ်ငယ်တုန်းက Health digest တို့လို စာစောင်တွေဖတ်ကြည့်ရင် သတင်းတွေမှာ တစ်ခုက coffee သောက်တာကောင်းပါတယ်လို့ သုတေသနတစ်ခုက သက်သေပြကြောင်းဆိုတဲ့ သတင်းတစ်ခုရယ်၊ coffee သောက်တာ မကောင်းဘူးဆိုတဲ့ သုတေသန သတင်းတစ်ခုရယ် အဲ့လို သတင်း၂ခု ပြိုင်တူဖတ်ခဲ့ရဖူးပါတယ်။ စိတ်ထဲမှာတော့ ဒီလူတွေက ဘာလဲပေါ့။ တစ်ဖွဲ့ကကောင်းတယ် ပြောပြီး နောက်တစ်ဖွဲ့က မကောင်းဘူးပြောတယ်။ ၂ခုလုံးကလည်း သုတေသနစာတမ်းတွေ ဆိုတော့ ဘယ်ဟာကို ယုံရမှန်းမသိဖြစ်ခဲ့ပါတယ်။ (ဘယ်လို သုတေသန စာတမ်းမျိုးကို ယုံသင့်လဲဆိုတာကိုတော့ ကျနော် နောက်မှ သပ်သပ်အကျယ်တဝင့်ရေးပါ့မယ်) အခုတစ်ခေါက်ရေးမယ့်အကြောင်းအရာကတော့ Coffee သောက်ခြင်းနဲ့ coffee မှာပါတဲ့ caffeine ဓာတ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ရေးမှာဖြစ်ပါတယ်။ Caffeine ဓာတ်အကြောင်း Caffeine ဓာတ်ကို coffeeContinue reading “Coffee သောက်ရမလား မသောက်သင့်ဘူးလား (သို့) Caffeine ဓာတ်နှင့်ကျန်းမာရေး”
Category Archives: Dr. Jason
Drone အကြောင်း သိသမျှ (Part 3)
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒုက္ခပေးမယ့် drone ရှိတယ်ဆိုပါစို့၊ ဒီလိုအခြေအနေမျိုးမှာပေါ့။ ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်ပါသလဲ။ ဒါတွေကို မပြောခင် တော်တော်များများ ပြောလေ့မေးလေ့ရှိတာတွေကို ဖြေပါမယ်။ မေး။ ။ Drone ကို ဖုန်းက Bluetooth ဖွင့်ပြီး ဖျက်လို့မရဘူးလား။ဖြေ။ ။ မရပါဘူး။ Smart phone တွေကပေးနိုင်တဲ့ bluetooth က range လည်းတိုသလို drone နဲ့ controller ကြားထဲက ချိတ်ဆက်မှုကို ပြတ်တောက်သွားနိုင်လောက်အောင် အားမကောင်းပါဘူး။ မေး။ ။ ဒါဆို ဖုန်းတွေအားလုံး bluetooth ဝိုင်းဖွင့်မယ်လေ။ အဲ့တာဆို wave ကြီးကြီး range ကျယ်ကျယ်ရပြီး drone ကို ဖျက်ချလို့ရပြီပေါ့။ဖြေ။ ။ ပြောရမှာတော့ အားနာပေမယ့် ဒီနည်းလမ်းက ကလေးအတွေးလို့ပဲContinue reading “Drone အကြောင်း သိသမျှ (Part 3)”
Drone အကြောင်း သိသမျှ (Part 2)
ဒီတစ်ခေါက်မှာတော့ drone အခြေခံ သဘောတရား၊ drone တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ Drone တစ်ခုဟာ သဘောတရား ၃ မျိုးနဲ့ အလုပ်တွေကိုလုပ်ဆောင်ပါတယ်။ (၁) Fixed wing အမျိုးအစားတွေမှာ Bernoulli’s principle ကို အသုံးချပြီး တည်ဆောက်ထားတဲ့ တောင်ပံတွေနဲ့ လေထဲမှာ ပျံဝဲနိုင်အောင် လုပ်ဆောင်ပါတယ်။ Bernoulli’s principle အရ လေထုကို pressure နည်းအောင်လုပ်ခြင်းအားဖြင့် speed များအောင် စွမ်းဆောင်နိုင်ပါတယ်။ လေယာဥ် တောင်ပံတွေရဲ့ တည်ဆောက်ပုံမှာ တောင်ပံရှေ့ပိုင်း (leading edge) နဲ့ အနောက်ပိုင်း (trailing edge) ဆိုပြီးရှိပါတယ်။ တောင်ပံတွေရဲ့ အပေါ်ပိုင်းကို ခုံးထားခြင်းဖြင့် လေဟာ leadingContinue reading “Drone အကြောင်း သိသမျှ (Part 2)”
မောင်းသူမဲ့လေယာဥ် Drone အကြောင်း သိသမျှ (Part 1)
Drone လို့အများကခေါ်ကြတဲ့ Unmanned aerial vehicles (UAV) တွေဟာ 2010 အလွန်ကာလတွေမှာ တော်တော်လေးတွင်ကျယ်ရေပန်းစားတဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ Drone တွေပေါ်ကာစမှတော့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေအတွက်ပဲ သုံးခဲ့ကြပေမယ့် အခုခေတ်မှာတော့ စူးစမ်းလေ့လာရေး၊ စိုက်ပျိုးရေး၊ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်တွေမှာ ကူညီကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ သာမန်လူတွေအတွက် အပန်းဖြေဖို့နဲ့ စီးပွားရေးအကျိုးအမြတ်ရရှိရေးတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးချလာကြတာကိုတွေ့ရပါတယ်။ Drone တွေရဲ့သမိုင်း မောင်းသူမဲ့လေယာဥ်တွေနဲ့ ပတ်သက်တဲ့ concept တစ်ခုကို စတင်တွေ့ရှိခဲ့တာကတော့ ၁၈၄၉ ခုနှစ် အီတလီနဲ့ သြစတီးယား (Austria) စစ်ပွဲမှာ ဖြစ်ပါတယ်။ အဲဒီ့စစ်ပွဲမှာ သြစတီးယားစစ်သားတွေဟာ ဗင်းနစ်မြို့ထဲကို ဗုံးတွေချိတ်ထားတဲ့ hydrogen နဲ့ helium မိုးပျံဗူဗောင်းကြီးတွေ လွှတ်တင်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ ပထမကမ္ဘာစစ်အတွင်း ၁၉၁၈ မှာ အမေရိကန်က မောင်းသူမဲ့ flyingContinue reading “မောင်းသူမဲ့လေယာဥ် Drone အကြောင်း သိသမျှ (Part 1)”
ဓားရှည်ရှည်နဲ့ ကျမ်းကြေကြေ ဘာရွေးမလဲ ညီကိုတို့
ညီကိုတို့ရေ…. ညီကိုတို့တွေက တစ်နေ့တစ်နေ့ ဂျပန်သိုင်းကား အမေရိကန်သိုင်းကားတွေကြည့်ပြီး အဲ့သိုင်းကားတွေထဲက မင်းသားကိုင်တဲ့ ဓားရှည်ရှည်ခိုင်ခိုင် ကောင်းကောင်းတွေကို ကြည့်ပြီး အားကျနေကြမှာပဲ။ အဲ့လိုအားကျပြီးတဲ့သကာလ ကိုယ့်ရဲ့ ဓားကို ကြည့်ပြီး သိမ်ငယ်ကောင်း သိမ်ငယ်မယ်။ ဓားကို ရှည်အောင် ကောင်းအောင် ဆိုပြီး နည်းမျိုးစုံ သုံးမယ် ပန်းပဲဖိုဆီ သွားကြမယ်။ ပန်းပဲဖိုက တော်ရင်တော့ တစ်မျိုးပေါ့။ အဲ့ ပန်းပဲဖိုက ဂျင်းဆိုလို့ကတော့ ညီကိုတို့ရှိပြီးသား ဓားတွေက ရှည်ပါရဲ့ ကြီးပါရဲ့ အရွယ်အစားမမှန် အသွားမထက် ကြာရင် ပျက်ဆီးပုပ်ပွပြီး ဓားတစ်ချောင်းလုံး ပစ်ရတဲ့အထိ ဖြစ်သွားမယ်ဆိုတာလေးလည်း သတိရှိကြဖို့ပါ။ တကယ်တော့ ညီကိုတို့ သတိမထားမိတာ မေ့နေတာက ဓားရှည်ရှည်ကိုင်ထားလည်း သိုင်းမတတ်ရင် ကားယားကားယားနဲ့ အလကားပါပဲ ရန်သူကိုလည်း နိုင်မှာမဟုတ်ပါဘူး။ အရေးကြီးတာက သိုင်းကျမ်းကြေညက်ဖို့ပါလို့Continue reading “ဓားရှည်ရှည်နဲ့ ကျမ်းကြေကြေ ဘာရွေးမလဲ ညီကိုတို့”