Part 1 ဖတ်ချင်ရင် ဖတ်နိုင်ပါတယ်။ သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)https://ouo.io/T2uFrk ၄။ ပန်ကာလေနဲ့အိပ်ရင် လေဖြတ်သလား? ဒီကိစ္စကလဲ လူတိုင်းလိုလိုအမှတ်မှားနေတဲ့ကိစ္စတခုပါ။ ပန်ကာအကြာကြီးခံရင် လေဖြတ်သေတတ်တယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကိုယုံတဲ့သူတွေကို မဟုတ်ဘူးပြောရတာအတော်ကို လက်ပေါက်ကပ်တဲ့ကိစ္စတခုပါပဲ။ ကျနော်ဖတ်ဖူးတဲ့စာအုပ်ထဲမှာဆိုရင် Fan death (ပန်ကာအကြာကြီးခံပြီးသေတာ) ကို တောင်ကိုရီးယားကပြည်သူတွေကလည်း တကယ်ပဲယုံကြည်ကြတယ်လို့ဆိုပါတယ်။(ဆိုတော့ အိုပါးတွေလဲယုံတာပဲ…ကျမတို့လဲယုံမှာပဲဆိုလဲ သဘောပါ) တောင်ကိုရီးယားမှာ ဘယ်လောက်တောင် ပန်ကာအစွဲရှိသလဲဆိုရင် ပန်ကာထုတ်လုပ်တဲ့စက်ရုံတွေက အချိန်တခုရောက်ရင် အလိုလိုပိတ်တဲ့စနစ်ထည့်ပေးရတဲ့အထိ ဖြစ်လာပါတယ်။ အလိုလိုပိတ်တဲ့စနစ်မပါတဲ့ ပန်ကာဆို ဘယ်သူမှမဝယ်ကြတဲ့အထိပါပဲ။ ဒါဆို ပန်ကာခံပြီးလေဖြတ်သွားတဲ့သူ တွေ့ဖူးလားမေးတဲ့အခါ ၁၀၀ မှာ ၉၉ ယောက်လောက်က မတွေ့ဖူးပါဘူး… သူများပြောလို့ လိုက်မလုပ်တာပဲဖြစ်တာပါ။ တယောက်သောသူကတော့ ပန်ကာခံပြီးလေဖြတ်သွားတာတွေ့ဖူးချင်တွေ့ဖူးပါလိမ့်မယ်။ ဒါကလဲ လေဖြတ်ရတာ ပန်ကာလေကြောင့်မဟုတ်နိုင်ပါဘူး။Continue reading “သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 2)”
Category Archives: Dr. Venice
သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)
အများကမှန်တယ်လို့ ယူဆထားတဲ့ကျန်းမာရေးအကြောင်းအရာတချို့က ဆေးပညာအရလွဲနေပါတယ်။ဒါတွေကို အပိုင်းလိုက်ရေးသွားပေးမှာဖြစ်ပါတယ်။ ၁။ အစပ်များများစားရင် အစာအိမ်မှာအနာဖြစ်တတ်သလား? ဒီအချက်က အစပ်ကြိုက်တတ်သူတွေမကြာခဏပြောတတ်တဲ့ကိစ္စပါ။ အစပ်တွေစားမိလို့ အစာအိမ်မှာအနာဖြစ်တယ်ဆိုတာ ဆေးပညာအရမမှန်ပါဘူး။ Stomach ulcer ဆိုတဲ့ အစာအိမ်မှာအနာဖြစ်ရခြင်းက Helicobacter pylori လို့ခေါ်ဘက်တီးရီးယားပိုးကြောင့်အဓိကဖြစ်တာပါ။ဒါ့အပြင် အကိုက်အခဲပျောက်ဆေးတွေခဏခဏသောက်ရင်လဲ အစာအိမ်အနာဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်တတ်တဲ့သူတွေမှာလဲ အစာအိမ်အနာပိုဖြစ်တတ်ပါတယ်။နောက်ပြီးစိတ်ဖိစီးတာကြောင့်ဖြစ်စေ ၊ Physical stress တခုခုကြောင့်ဖြစ်စေ အစာအိမ်ကိုသွေးရောက်တာနည်းပြီး အနာဖြစ်တတ်ပါတယ်။ ဒါကြောင့် အစပ်စားလို့ အစာအိမ်ကိုအနာဖြစ်တယ်ဆိုတာ မမှန်ပါဘူး။သို့သော် အပူအစပ်များများစားရင် နဂိုရှိပြီးသားအနာကိုတော့ ပိုဆိုးစေ ပိုနာစေပါတယ်။အရက်သောက်တာဖြစ်ဖြစ်၊ အပူအစပ်တွေအများကြီးစားလိုက်တာဖြစ်ဖြစ် ရှိပြီးသားအနာက အစပ်နဲ့ထိပြီး ပိုနာတတ်ပါတယ်။ ဥပမာ ပါးစပ်ထဲမှာ အနာတခုခုရှိရင် အစပ်စားတဲ့အခါ ပိုစပ်တဲ့သဘောပဲဖြစ်ပါတယ်။ စပ်တာစားရင် ရှိပြီးသားအနာကိုတော့ ပိုစပ်စေပေမယ့် အနာကိုတော့မဖြစ်စေပါဘူး။ အစာအိမ်အနာရှိရင် ဆရာဝန်နဲ့ပြပြီး လိုအပ်တဲ့ဆေးကုသမှုခံယူသင့်ပါတယ်။ ၂။ အတွင်းခံဘောင်းဘီကြပ်ကြပ်ဝတ်ရင်Continue reading “သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)”
သုတေသနလုပ်ထားတယ်ဆိုတိုင်း ယုံလို့ရပြီလား?
လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်က ကျနော် Facebook မှာ ဖြည့်စွက်စာကြော်ငြာ post တခုတွေ့ပါတယ်။ သူက တွေ့နေကျ လူပိန်းကြော်ငြာတွေနဲ့မတူဘဲ ဘယ်ဟာတွေကို ဘယ်လိုသုတေသနလုပ်ထားတယ်။ ဘယ်လိုအဖြေထွက်တယ်။ ဘယ်လိုစမ်းသပ်ထားတာ ဘာတွေကောင်းတယ်ဆိုပြီးသုတေသနစာတမ်းတွေနဲ့ အတိအကျရေးပြထားတာပါ။ ရုတ်တရက် သာမန်ကာလျှံကာဖတ်ကြည့်ရင်တော့ တကယ့်ဆေးပညာရှင်ရေးထားသလိုပဲ အချက်အလက်နဲ့ရေးထားတာမို့ ယုံချင်စရာကြီးပါ။ နိုင်ငံခြား website link တွေပါထည့်ထားတော့ (ဘယ်သူမှလဲဝင်မဖတ်မှန်းသိလို့လားမသိ) တကယ်ပဲ သူရောင်းတာတွေက သုတေသနလုပ်ထားပြီးသား အကျိုးရှိတယ်လို့ပဲ တွေးမိမှာပါ။ ကျနော်ကိုယ်တိုင်လဲ ဝါနုခဲ့စဥ်က ယုံမိတော့မလိုဖြစ်ခဲ့ဖူးပါတယ်။ သူ့ page ကိုဝင်ကြည့်တော့လဲ တခြားဆေးနဲ့ပတ်သက်တာတွေကိုပါ ရေးပြထားတာတွေ့ရပါတယ်။ post တိုင်းလိုလိုကို သုတေသနအရ သုတေသနအရဆိုပြီး အပ်ကြောင်းထပ်နေအောင်ပြောထားပါတယ်။ စမ်းထားတဲ့ သုတေသနစာတွေကိုပါ ဝင်ဖတ်ပါဆိုပြီး link တွေထည့်ပေးထားပါတယ်။ အဲ့လိုအလားတူ post တွေမြင်ဖူးကြမှာပါ။ ဒါဆို မေးခွန်းလေးဖြေကြည့်ရအောင်။Continue reading “သုတေသနလုပ်ထားတယ်ဆိုတိုင်း ယုံလို့ရပြီလား?”
ကိုဗစ်အတွက် ဘယ် mask ကိုရွေးကြမလဲ?
ကိုဗစ်ကာကွယ်ဖို့ mask တပ်ရမယ်ဆိုတဲ့အသိရှိကြပေမယ့် ဘယ် mask ကိုရွေးရမလဲဆိုတာ သေချာမသိကြပါဘူး။ မှန်ကန်တဲ့ mask ကိုတပ်မှပဲ ကိုဗစ်ကိုကာကွယ်မှာပါ။ လူအသေအပျောက်များခဲ့တဲ့ India မှာဆို ၅၀% လောက်က mask မတပ်ကြသလို Mask တပ်တဲ့လူရဲ့ ၅၀% လောက်ကလဲ mask ကိုမှားယွင်းစွာတပ်ထားကြတာ တွေ့ရပါတယ်။ စာတွေအများကြီးနဲ့မရေးပေးတော့ဘဲ ပုံလေးတွေအဓိကထည့်ပေးထားလို့ တပုံချင်းကြည့်လိုက်ရအောင်။ သင်တပ်ထားတဲ့ mask က အောက်ကလို လေဝင်ပေါက်(valve)ပါတဲ့ maskမျိုးဆို လုံးဝမတပ်သင့်ပါဘူး။ အောက်ကပုံလိုမျိုး အလှတပ်တဲ့ mask မျိုးတွေလဲမတပ်သင့်ပါဘူး။ကိုဗစ်ရောဂါပိုးကအလွန်သေးငယ်တဲ့အတွက် ဒီလိုအလှတပ် mask တွေကမကာကွယ်နိုင်ပါဘူး။ အခုလို ခြုံပဝါတွေ၊ မာဖာလာတွေကိုလဲ mask အနေနဲ့ မသုံးသင့်ပါဘူး။ အောက်ကပုံထဲကလို face shield မျက်နှာအကာကိုလဲ သူတခုထဲလုံးဝမတပ်သင့်ပါ။ face shieldContinue reading “ကိုဗစ်အတွက် ဘယ် mask ကိုရွေးကြမလဲ?”
သတိပြုဖွယ် မျက်နှာပေါ်က Danger နေရာ
သင့်မျက်နှာပေါ်မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတနေရာရှိပါတယ်။ အဲ့နေရာက လူသိပ်မသိကြပေမယ့် ပိုးဝင်ခဲ့ရင် ဆိုးဆိုးရွားရွားဖြစ်တတ်ပြီး ဦးနှောက်ထဲအထိ ပိုးရောက်နိုင်ပါတယ်။ အခန့်မသင့်ရင် ပိုးဆိပ်သင့်ကာ အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ အဲ့နေရာလေးကို Danger area of the face လို့ခေါ်ပြီး အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားတဝိုက် တြိဂံပုံနေရာလေးဖြစ်ပါတယ်။ မျက်နှာပေါ်က အဲ့နေရာလေးရဲ့ သွေးပြန်ကြောတွေဟာ ဦးခေါင်းအတွင်းထဲမှာရှိတဲ့ Cavernous sinus လို့ခေါ်တဲ့ သွေးအိုင်နေရာနဲ့ တိုက်ရိုက်ဆက်သွယ်မှုရှိပါတယ်။ Cavernous sinus သွေးအိုင်လေးထဲမှာ အာရုံကြောမကြီး ၄ချောင်းနဲ့ သွေးလွှတ်ကြောမကြီး တချောင်းရှိပါတယ်။ အဲ့သွေးအိုင်ထဲကသွေးတွေက ဦးနှောက်နဲ့ ဦးနှောက်အမြှေးပါးဆီ သွားရောက်ဆက်သွယ်ထားပါတယ်။ ဒါကြောင့် ဝက်ခြံတို့ ၊ အပူနာတို့၊ မွေးကျွတ်နာ စတဲ့ အနာတွေ danger area မှာပေါက်လာရင် သန့်ရှင်းရေးကို အလွန်ဂရုစိုက်သင့်ပါတယ်။Continue reading “သတိပြုဖွယ် မျက်နှာပေါ်က Danger နေရာ”