CDC ရယ် WHO ရယ်နဲ့ Mask ကိစ္စ

ကိုဗစ်အရေးပြောကြတဲ့အခါ Mask တပ်တဲ့ကိစ္စကလဲ ပြည်သူတွေအကြား အငြင်းပွားစရာတွေဖြစ်ရပါတယ်။ မကြာသေးခင်က CDC (Centers for Disease Control and Prevention) က Mask ၂ထပ်တပ်ဖို့စတင်အကြံပြုလိုက်တော့ အတော်လေး အုတ်အုတ်ကြတ်ကြတ် ဖြစ်သွားကြပါတယ်။ Mask တထပ်နဲ့တောင် မကာနိုင်တော့ဘူး။ ပိုးကအခြေအနေသိပ်ဆိုးနေပြီဆိုပြီး အကုန်လန့်ကုန်ကြပါတယ်။ Mask တွေပြေးဝယ်ကြ ၊ ၂ထပ် တပ်ကြနဲ့ ပေါ့။ များမကြာခင်မှာပဲ ပို့စ်တခုထပ်တက်လာပါတယ်။ WHO က mask ၂ထပ်တပ်ဖို့ မပြောပါဘူးဆိုတဲ့ ခေါင်းစီးကြီး နဲ့ပေါ့။ အားလုံးကလဲ share ကြပြန်တာပေါ့။ တွေ့လား ငါပြောသားပဲ ပိုးကမဆိုးပါဘူးပေါ့။ Mask တထပ်ဆိုရပါပြီ ပြန်ဖြစ်ကြပြန်ပါတယ်။ အဲ့တော့ ဘယ်လိုတပ်ကြမှာလဲ… တထပ်ပဲတပ်မှာလား. ၂ထပ်တပ်ကြမလား။ CDC အမေရိကန်ဂိုဏ်းအတိုင်း လိုက်နာမှာလား?Continue reading “CDC ရယ် WHO ရယ်နဲ့ Mask ကိစ္စ”

Credit တလုံးဆောင်၍ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ကြသူများ

“Dr. Ariksan သည် အမေရိကန်နိုင်ငံ၊ ဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်နေသော ကိုဗစ်အထူးကုဆရာဝန်ကြီးဖြစ်သည်။ ဆရာဝန်ကြီးက ကိုဗစ်ရောဂါအတွက် အထူးလိုက်နာရန် အောက်ပါတို့ကိုလုပ်ဆောင်ဖို့ အကြံပြုထားသည်။ ဝင်ဖတ်ပါကသင်တယောက်ပဲသိမည်။Copy paste နဲ့ ပြန်တင်ပေးရင် အားလုံးသိမယ် \@€*•[€[•[\^|#$|@©£¿¿ ဘလာဘလာ ######ဘလာဘလာ######” အပေါ်ကစာမျိုးတွေ စာဖတ်သူတို့ ဘယ်နှခါလောက် share ပြီးကြပြီလဲ… အလားတူစာမျိုးတွေကိုရော copy paste ပြီး ဘယ်နှခါလောက်ပြန်တင်ပြီးကြပြီလဲ… အပေါ်ကစာကို ဖတ်တာနဲ့ တခါထဲတန်းယုံတော့တာပဲလား။ ဘာမှကိုမစဥ်းစားတော့ဘဲ ဆရာဝန်လို့ပြောထားတာနဲ့ နိုင်ငံခြားကလို့ပြောထားတာနဲ့ မျက်လုံးမှိတ်ယုံပြီး share လိုက်ကြတာပဲလား။ ကိုယ့်မိဘဆွေမျိုးတွေကိုရော ပြန်ပြောပြကြတာပဲလား။ ဒီခေတ်ကြီးထဲမှာ အကြောင်းအရာတခုမှန်မမှန်စစ်ရတာ သိပ်လွယ်ပါတယ်။ အင်္ဂလိပ်လိုဆယ်တန်းအောင်တယောက် level ဖတ်တတ်ရင်တောင် အတော်လေးရှာဖတ်ကြည့်လို့ရပါတယ်။ အဲ့လိုပြန်ရှာဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင် ယုံကြည်ရတဲ့ Page တွေ၊ Source သေချာတဲ့သူတွေရေးတဲ့ စာတွေContinue reading “Credit တလုံးဆောင်၍ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ကြသူများ”

လူတိုင်းဆရာဝန်ဖြစ်ကုန်ရင် ပိုမကောင်းဘူးလား?

အခုတလော Facebook ပေါ်မှာ ဆေးသောက်နည်း post တွေ၊ oxygen သုံးနည်း post တွေ ၊ ပိုးသတ်ဆေးသောက်နည်း post တွေ ပလူပျံနေတာတွေ့မိပါတယ်။ ဘယ်လိုလက္ခဏာဖြစ်ရင် ဘာဖြစ်နေပြီနော်၊ အဲ့တာဆို test kit ဝယ်ပြီး ကိုယ့်ဘာသာစစ်နော်၊ အတံလေးကိုဒီလိုဖောက် ၊ နှာခေါင်းထဲကို ဒီလိုထည့် ၊ ဒီလိုစစ်ပါလား….ဟိုလိုအဖြေထွက်လာရင် ဘယ်လိုနော် စသဖြင့် ရေးသားနေကြတာ ဒုနဲ့ဒေးဖြစ်လာပါပြီ။ ကိုဗစ်ဖြစ်ရင် ဘယ်ဆေးကို ဘယ်လိုသောက်၊ အောက်ဆီဂျင်ဘယ်လောက်ကျရင် ဘယ်ဆေးစထိုးတော့ ၊ ထပ်ကျလာရင် ဘယ်ဆေးမှနိုင်တော့မှာ၊ ဒါဆိုဘယ်လိုလုပ် စသဖြင့် “အတွေ့အကြုံလေးဝေမျှတာပါ ၊ဆရာကြီးလုပ်တာမဟုတ်ပါဘူး” ဆိုပြီး တင်သူကလဲ တင် Share သူကလဲ share ကြ Copy paste ပြီး ကူးသွားမယ်နော်Continue reading “လူတိုင်းဆရာဝန်ဖြစ်ကုန်ရင် ပိုမကောင်းဘူးလား?”

Design a site like this with WordPress.com
Get started