တချို့ကပြောတယ်၊ လှအောင်နေရင် confidence တက်စေသတဲ့။ ဒါဖြင့်ရင် လှမှန်းဘယ်လို သိကြမလဲ။ အဆိုတစ်ခုတိုင်းမှာ ဘာကြောင့်လဲ ဘယ်လိုလဲဆိုတဲ့ မေးခွန်းတွေ ရှိရှိလာတာကိုက ဒဿနိကပညာရဲ့ အလှလို့ ပြောလို့ရပါတယ်။ လှတယ် မလှဘူးကို လူတွေက ဆုံးဖြတ်တာကိုတော့ ဘယ်သူမှ မငြင်းကြဘူးမလား။ ဒါဖြင့် လူတွေကို နှစ်မျိုးပြန်ခွဲမယ်။ မိမိနဲ့ အခြားပေါ့။ ဘိုလိုဆိုရင် self and non-self ပေါ့။ ကိုယ်က confidence တက်ချင်လို့ လှအောင်နေပါပြီဆိုပါစို့။ ကိုယ်လှနေကြောင်းကို တစ်ယောက်ယောက်ကတော့ အတည်ပြုပေးရမှာပဲ။ ဒါငြင်းမရတဲ့ အမှန်တရား။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုတော့ လှတယ်ထင်ကြတာပဲ။ ထင်ရတာပဲ။ ဒါကိုပဲ self-confidence လို့ ပြောကြတာ မဟုတ်ဘူးလား။ လှတဲ့သူတွေလှနေလို့ (လှတယ်လို့ ဝိုင်းပြောကြတာတွေ့ရလို့) မလှဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေသူတွေContinue reading “အလှတရား – ဘာလဲ”
Category Archives: Lucifer
အမှားတွေဟာ ပကတိတန်ဖိုး ရှိနေမလား ???
ပကတိတန်ဖိုးဆိုတာ အလယ်တန်း သင်္ချာမှာပါခဲ့တဲ့ concept တစ်ခုပဲ။ အပေါင်းတွေ အနုတ်တွေ လုံးဝမပါတဲ့ တန်ဖိုးလို့ ပြောကြတယ်။ -3 ရဲ့ ပကတိက 3 ပဲ။ 3 ဆိုတာ အပေါင်းလည်း မဟုတ်ဘူး၊ အနုတ်လည်း မဟုတ်ဘူး။ 3 က 3 ပဲ။ ဘာမှမဟုတ်နေပဲနဲ့ သူ့အတိုင်းရှိနေတာကိုက ပကတိတန်ဖိုးပဲ။ ဒါဆိုရင်ရော အမှားတစ်ခုဟာ ပကတိဖြစ်နေမလား။ ရုတ်တရက်ဆို အူကြောင်ကြောင် နိုင်နေမယ်။ အမှားဆိုတာ အမှားပဲပေါ့။ အမှားမဟုတ်ရင် အမှန်ပဲလို့ ယူဆစရာ ရှိတယ်။ ဒါပေမယ့် တချို့ကိစ္စတွေမှာ အမှားတွေက ပကတိတန်ဖိုးများ ရှိနေမလားလို့ တွေးမိတယ်။ ဥပမာ ကျွန်ပိုင်ရှင်စနစ်ဆိုတာ မှားလားလို့ အခုနေမေးရင် လူတိုင်းမှားတယ် ဖြေမှာပဲ။ ဒုက္ခရောက်တဲ့သူတွေ နည်းမှ မနည်းခဲ့ဘဲ။Continue reading “အမှားတွေဟာ ပကတိတန်ဖိုး ရှိနေမလား ???”
Freedom of Speech နဲ့ Freedom of Reach
လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ဟိုးအရင်ကတည်းက ရနေပြီးသားပဲ။ ဘာမပြောနဲ့ ညာမပြောနဲ့လို့ ဘယ်လိုတားတား တစ်ယောက်တည်းရှိနေတဲ့ချိန်တော့ ပြောလို့ရတယ် မဟုတ်လား။ မသကာ လျှာဖြတ်ပစ်မှပဲ ပွဲကပြတ်သွားတာ။ အဲ့တာကြောင့် ရှေးခေတ် ပဒေသရာဇ်စနစ်မှာ ဘုရင်ကို ပေါက်ကရဆဲရင် လျှာဖြတ်ရင်ဖြတ်၊ မဖြတ်ရင် လျှာပါတဲ့ ခေါင်းကိုဖြတ်ပစ်တာပဲ။ Freedom of Reach ကတော့ လူတွေသိပ်တွေးမိကြမှာ မဟုတ်ဘူး။ လွတ်လပ်စွာ ပေါက်ရောက်မှုလို့ ဘာသာပြန်မယ်လေ။ ကိုယ်ရဲ့ ပြောဆိုရေးသားမှုတွေက တစ်ဖက်နားကို ပေါက်ရောက်တာကို ပြောချင်တာ။ မြင်သာမြင် မသိစေနဲ့ ဆိုတာက Freedom of Reach ကို ပိတ်ပင်လိုက်တာပဲ။ ဒါကို လူတွေ တွေးမိမှာ မဟုတ်ဘူး။ အခုခေတ်မှာ ဆက်သွယ်ရေး ဖွံ့ဖြိုးလာမှုနဲ့အတူ Freedom of Reach ကContinue reading “Freedom of Speech နဲ့ Freedom of Reach”
စစ်ပွဲနဲ့ စွန့်လွှတ်ခြင်းများ
၉တန်းလောက်တုန်းက 5 plus channel မှာ ယောင်းဂယ်ဆိုမွန်ဆိုတဲ့ ကိုရီးယား သမိုင်း ဇာတ်လမ်းတွဲလာတယ်။ ဂျူမုံထက်တောင် ကျနော်ပိုကြိုက်သေးတယ်။ ဇာတ်လမ်းက တရုတ်ပြည် တန်မင်းဆက်ခေတ်မှာ ဂိုဂူလျောလို့ ခေါ်တဲ့ အခုမြောက်ကိုရီးယားကို သွားသိမ်းတဲ့အကြောင်း ရိုက်ထားတာ။ ဂိုဂူလျောဆိုတာ ဂျူမုံကိုယ်တိုင် တရုတ် လွှမ်းမိုးမှုအောက်ကနေ ပြန်တည်ထောင်ထားတယ်ဆိုတာ သိကြမှာပဲ။ ဒီနေရာမှာ ပြောချင်တာက အခု ကိုရီးယားကျွန်းဆွယ်မှာ တောင်မြောက် ၂ခြမ်းကွဲနေသလို အရင်တုန်းကလည်း မြောက်ဘက်မှာ ဂိုဂူလျော၊ တောင်ဘက်မှာ ရှီလာနဲ့ ဘတ်ဂျယ်ဆိုပြီး ၃နိုင်ငံ ကွဲနေခဲ့တာပါ။ တရုတ် တန်မင်းဆက်က ဂိုဂူလျောကို စစ်တိုက်တော့ အစကမနိုင်ဘူး။ နောက်လည်း နိုင်မှာ မဟုတ်တော့ တောင်ဘက်က ရှီလာနဲ့ ပေါင်းပြီး ဂိုဂူလျောကို သိမ်းဖို့ကြံတယ်။ ဂိုဂူလျောကို တရုတ်က တိုက်နေချိန်Continue reading “စစ်ပွဲနဲ့ စွန့်လွှတ်ခြင်းများ”
ဒါကြီး မပြီးကြစေချင်သူများ
အဲလ်ဗတ်ကမူးအကြောင်း စာတစ်အုပ်မှာ ဖတ်မိတော့ သူရေးဖူးတဲ့ စည်းအပြင်ကလူ၊ ပလိပ်၊ မနုဿပျက်ခန်း (The Fall ကို တော်ကောင်းမင်း ဘာသာပြန်)၊ လူတစ်ယောက်ရဲ့ အရိုးသားဆုံးဖွင့်ဟဝန်ခံချက် (စာအုပ်တူတူကိုပဲ နရီမင်းက ဘာသာပြန်)၊ The Myth of Sisyphus (အခုဖတ်နေ၊ ထွက်ထားတဲ့ Kdrama က အဲ့ဝတ္ထုကို ရိုက်ထားတာမဟုတ်) တွေကို သတိရမိပါတယ်။ အဲဗတ်ကမူးက သူကိုယ်တိုင် ဖြစ်တည်မှုဝါဒီတစ်ဦး မဟုတ်ဘူးလို့ ငြင်းလင့်ကစား သူရေးတဲ့ စာတွေ အက်ဆေးတွေမှာ လူသားတစ်ဦး၏ ပုဂ္ဂလဖြစ်တည်မှုကိုပဲ ခံစားချက်သက်သက်နဲ့ ရေးဖွဲ့ထားတာတွေ ဖတ်ရလေ့ရှိပါတယ်။ အဲ့ဒီထဲမှာမှ ပလိပ်ဆိုတဲ့ ထင်လင်းဘာသာပြန် ဝတ္ထုကို ပြေးသတိရမိတယ်။ အဲ့ဝတ္ထုကြီးထဲက အကြောင်းအရာတွေ ဖြစ်စဥ်တွေက ကျနော်တို့ အခုကြုံတွေ့နေရတဲ့ ဒဿန အကျပ်အတည်းနဲ့ သိပ်တူတာပဲ။Continue reading “ဒါကြီး မပြီးကြစေချင်သူများ”