Facebook ပေါ်မှာ လူတွေဟာ သူတို့ လွန်ခဲ့တဲ့အချိန်တစ်ခု (၅နှစ်ဆိုကြပါစို့) က တင်ခဲ့တဲ့ Post တွေကို ပြန် Share ပြီး ဟာသအနေနဲ့ တင်ကြတာမြင်ဖူးမှာပါ။ တခါတခါလည်း သူငယ်ချင်းတွေ ပြန် up လုပ်လို့ အရင်ကရေးခဲ့တဲ့ ပေါတောတောစာတွေ၊ ကြောင်တောင်တောင် မျက်နှာတွေ ပြန်ပြန်တက်လာတတ်တယ်။ စိတ်ပညာအရတော့ လူတွေဟာ “လက်ရှိ သူတို့” သည် “အတိတ်က သူတို့” ထက် ပိုပြီး သာတယ်လို့ တွေးကြတယ်လို့ ဆိုတယ်။ ဒါကြောင့် သူတို့ရဲ့ အတိတ် Version ကို လှောင်ပြောင်နေကြတာပါ။ ကိုယ့်ကိုကိုယ် ပြန်မြင်ကြည့်ရင်လည်း အတိတ်ကထက် လက်ရှိကို ပိုသဘောကျကြတာများပါတယ်။အဲ့လိုဖြစ်အောင် ဦးနှောက် ဘယ်လိုတွန်းပို့နေလဲ ပြောပြချင်ပါတယ်။ လူတွေက ကိုယ့်ကိုကိုယ် “သာမန်” ဆိုပြီးContinue reading “စိတ်ကူးနဲ့လက်တွေ့ဘဝ အလွဲများ”
Category Archives: SAGAN
First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?
လူတွေက Snap Judgment ချတဲ့နေရာမှာ သိပ်ကျွမ်းကျင်ကြတယ်။ ဒီကောင်ကတော့ တက်တူးတွေနဲ့…. လူမိုက်ပဲနေမှာ…။ဒီကောင်မလေးက အတိုအပြတ်တွေတတ်တယ်… လျပ်ပေါ်လော်လီတဲ့သူပဲနေမှာ…။သူစကားပြောတာက ယဉ်ကျေးတယ်… လူကောင်းဖြစ်ဖို့များတယ်…။ခန္ဓာကိုယ် Posture က မတ်မတ်ပဲ… တည်ကြည်မယ့်သူဖြစ်ဖို့များတယ်… စသဖြင့် ကိုယ်မသိသေးတဲ့လူအကြောင်းကို အပေါ်ယံနဲ့ဆုံးဖြတ်နေကြတယ်။ ဒီတော့ First Impression က တော်တော်ကို အရေးကြီးပါတယ်။ မှန်တာများတဲ့အတွက်လည်း အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ရနေတာပါ။ မှားတဲ့အခါလည်း မှားတာပေါ့။ လူတွေက ဒီလူတစ်ယောက်ကို သိလာတဲ့အခါ ပိုနားလည်လာမယ်လို့ တွေးစရာရှိတယ်။ ဥပမာ First Impression သိပ်မကောင်းထားတဲ့ လူတစ်ယောက်က ကိုယ်နဲ့အလုပ်ကိစ္စအရ ဆက်ဆံမိရင်း ခင်မင်လာတဲ့အခါ သူ့ရဲ့ First Impression ကို မေ့သွားမယ်လို့ ထင်စရာရှိတယ်။ဒါပေမယ့် အဲ့လိုလွယ်လွယ်နဲ့ မမေ့တတ်ဘူးလို့ လေ့လာမှုတွေကဆိုတယ်။ စမ်းသပ်ထားတာတစ်ခုကို ပြောပြချင်ပါတယ်။ VolunteerContinue reading “First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?”
Fast Food များနှင့် မြန်မာပြည်
Fast Food ဆိုတာ အသင့်စားအစားအစာတွေမှန်း သိကြမှာပါ။ ဘာဂါ၊ ပီဇာကနေစလို့ အာလူးကြော်တွေအထိပါပါတယ်။ ဒါတွေကို မစားသင့်ဘူးဆိုတာ ခဏခဏကြားရလွန်းလို့ ရိုးအီနေလောက်ပါပြီ။ ဒါပေမယ့် စားမိနေသေးတဲ့လူတွေ အများကြီးပါ။ ကျွန်တော်လည်း တခါတခါ ဘာမှမဖြစ်ပါဘူးလေဆိုပြီး စားမိတာပါပဲ။ ဒီတော့ Fast Food တွေက ဘယ်လောက်ဆိုးလဲဆိုတာ ရေးပြချင်ပါတယ်။ (စားရင်းနဲ့ Guility ဖြစ်နေအောင်ပေါ့…) မစားခင်ကတည်းက လူတွေမှာ Cephalic Phase ဆိုတဲ့ စောင့်မျှော်နေတဲ့အဆင့်ရှိပါတယ်။ မုန့်ကို အနံ့ရတာ၊ မြင်တာနဲ့ တွယ်ဖို့ ခန္ဓာကိုယ်က ကြိုပြင်ထားတာပါ။ တံတွေးတွေပိုထွက်လာတယ်၊ ဗိုက်ကအသံပေးလာတယ်။ ဥပမာ သရက်သီးစိမ်းကို ငံပြာရည်၊ ငရုတ်သီးနဲ့နယ်ပြီး စားနေတာကို တွေးကြည့်ရုံနဲ့ သွားရည်ကျလာသလိုပေါ့။ ပါးစပ်ထဲကို Fast Food ရောက်ပြီဆိုတာနဲ့ ဦးနှောက်ရဲ့ ဆုပေးတဲ့နေရာContinue reading “Fast Food များနှင့် မြန်မာပြည်”
ကိုယ့်ဦးနှောက်ကို ယုံနေတုန်းပဲလား?
ဦးနှောက်ကို ယုံလို့မရမှန်း ခဏခဏရေးနေတော့ ဦးနှောက်က အမြင်ကတ်နေလောက်ပါပြီ။ ခုလည်း သူမကောင်းတဲ့အကြောင်းကို သူ့အကူအညီနဲ့ ဆက်ရေးပါဦးမယ်။(အရင်က ရေးထားတာကို ဖတ်ချင်ရင် ဒီမှာသွားဖတ်ပေးပါ) ကိုယ့်ဦးနှောက်က ပြောတာတွေကို ယုံသင့်သလား?https://ouo.io/0d8Kiu ၂၀၀၄ ခုနှစ်တုန်းက လူ ၁၄၈ ယောက်ပါတဲ့လေယာဉ်ကြီးဟာ ကိုင်ရိုကနေ ပဲရစ်ကို ပျံသန်းလာပါတယ်။ လေဆိပ်က ပျံတက်ပြီး ၂မိနစ်လောက်နေတော့ ရေဒါကနေ ပျောက်သွားရော…။ လေယာဉ်မှူးတွေက အတွေ့အကြုံရင့်နေတဲ့သူတွေပါ။ပုံမှန်ပျံသန်းရမယ့် လမ်းကြောင်းက ပျံတက်ပြီးခဏကြာတာနဲ့ ဘယ်ဘက်ကို ခေါင်းလှည့်ပြီး ဆက်သွားရမှာပါ။ ဒါပေမယ့် လေယာဉ်က ဘယ်ဘက်ကို မလှည့်ဘဲ ညာဘက်ကို လှည့်သွားပါတယ်။ ပြီးတော့ စောင်းစောင်းကြီး ဆက်ပြီး ပျံသန်းနေပါတယ်။ ဒီတော့ တဖြည်းဖြည်းနဲ့အောက်ကို စိုက်လာတာပေါ့။ နောက်ဆုံးမှာတော့ ခေါင်းနဲ့ ပင်လယ်ထဲထိုးဆင်းသွားပါတယ်။ ပါသမျှလူအကုန်သေတာပေါ့။ အစပိုင်းတုန်းကတော့ Bomb ကြောင့်ဖြစ်မယ်ဆိုပြီးContinue reading “ကိုယ့်ဦးနှောက်ကို ယုံနေတုန်းပဲလား?”
သိပ္ပံနည်းကျ Telepathy
လူတွေမှာ အာရုံငါးပါးရှိတော့ ဒီ ငါးပါးနဲ့ပဲ အချင်းချင်းဆက်သွယ်ကြတာပေါ့။ ဆက်သွယ်တယ်ဆိုတဲ့ သဘောကိုမြင်အောင် အရင်ပြောချင်ပါတယ်။ကိုယ်က စကားတစ်ခွန်းပြောလိုက်တယ်ဆိုရင် ဒီစကားရဲ့အစဟာ ဦးနှောက်ထဲက လျှပ်စီးကြောင်းတွေပါပဲ။ အဲ့ကနေမှ အသံအဖြစ်နဲ့ တစ်ဖက်လူကကြားရတာပါ။ အသံက နားထဲကို ရောက်သွားပြီး တုန်ခါခြင်းတွေကနေ လျှပ်စီးကြောင်းအဖြစ် ပြောင်းသွားပါတယ်။ ဒီတော့မှ ဦးနှောက်က သိပါတယ်။ မြင်တာ၊ ထိထာ၊ အနံ့၊ အရသာတွေဟာလည်း ဒီသဘောပါပဲ။ ဒီတော့ ကိုယ့်ဦးနှောက်နဲ့ တစ်ဖက်လူရဲ့ဦးနှောက်ကို အာရုံငါးပါးကြားခံပြီး ဆက်သွယ်နေတာပေါ့။ ဒါဆိုရင် အာရုံငါးပါး ကြားမှာခံမနေနဲ့တော့… ဦးနှောက် ၂လုံးကို တိုက်ရိုက်ဆက်သွယ်လို့ရမလား?ပြောချင်တာက ဒီဘက်ဦးနှောက်က လျှပ်စီးကြောင်းကို ဟိုဘက်ဦးနှောက်ထဲ တိုက်ရိုက်ပြောင်းလိုက်လို့ရသလား? ဒါဟာ အရင်ကတော့ သီအိုရီအရဖြစ်နိုင်တယ်လို့ တွက်ခဲ့ကြတယ်။ ခုနောက်ပိုင်းရောက်လာမှ တကယ်လက်တွေ့လုပ်လို့ရကြောင်း သိလာကြတာပါ။ဒါဟာ Telepathy လိုမျိုး Pseudoscience မဟုတ်ဘဲContinue reading “သိပ္ပံနည်းကျ Telepathy”