လူတွေဟာ ကိုယ့်ကိုလာကြောရင် မခံချင်ကြတာများတယ်။ ကိုယ့်ဆီက ငွေကြေး၊ အချိန် တစ်ခုခုမပါသွားရင်တောင်မှ “အကြောခံလိုက်ရတယ်ကွာ…” ဆိုတဲ့ စိတ်ကဝင်နေတတ်တယ်။ တနုံ့နုံ့နဲ့ဖြစ်နေတတ်တယ်။ ရရင်ရသလို ပြန်ဆော်ထည့်လိုက်မယ်ဆိုတာမျိုး တွေးနေတတ်တယ်။ဒီလိုလုပ်ခြင်းမှာ ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိမလဲ ပြောပြချင်ပါတယ်။ (တရားဟောမှာ မဟုတ်ပါဘူး၊ Logic ကျကျပြောချင်တာပါ) ငါးတွေအပြည့်ရှိတဲ့ကန်ကြီးတစ်ကန်ရှိတယ် ဆိုပါစို့။ လူတွေက ဒီအကြောင်းကို သိပ်မသိသေးတော့ ငါးလာမျှားတာ ကိုယ်အပါအဝင် ၅ ယောက်ပဲရှိတယ်။ အစပိုင်းမှာတော့ ငါးမျှားတံလေးတစ်ချောင်းစီကိုင်ပြီး လာကြတာပေါ့။ ကိုယ်စားဖို့ တစ်ရက်စာရရင် ပြန်သွားကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဒီကန်ကြီးမှာ ငါးတွေနည်းမသွားနိုင်ဘူး ဆိုပါတော့။ ဒါပေမယ့် တစ်ရက်မှာ လူတစ်ယောက်က တစ်ရက်စာထက်ပိုပြီး မျှားနေတာကို တွေ့လိုက်ရတယ်။ မေးကြည့်တော့ ရောင်းစားဖို့မျှားနေတာတဲ့။ ဒါနဲ့ တစ်ယောက်တည်းပိုမျှားတာ မျှားပါစေဆိုပြီး ဘယ်သူ့ကိုမှ မပြောဘဲထားလိုက်တယ်။ စိတ်ထဲမှာတော့Continue reading “Cheater တွေကို ဘယ်လိုတုံ့ပြန်ကြမလဲ?”
Category Archives: SAGAN
ဆေးပညာမှာ အထောက်အထား (Evidence) တွေကို ဘယ်လိုသတ်မှတ်ထားလဲ?
အခုတလော ခေတ်စားနေတဲ့ ကြက်သွန်ဖြူစားမယ်၊ အရွက်တွေလျောက်ရှုမယ်ဆိုတာတွေဟာ လွဲမှားကြောင်း Facebook မှာ တင်ပြီးပါပြီ။ ဒါပေမယ့် အဲ့လိုတုံးတိကြီးပြောလိုက်တော့ လက်မခံချင်တဲ့သူတွေရှိမှာပါ။ငါ့အမေတုန်းက ဟိုအရွက်ရှုတာ ပျောက်သွားတယ်၊ ငါ့အဖွားကိုတော့ Vitamin D တွေတိုက်လိုက်တာ ကောင်းသွားတာပဲ ဆိုတာမျိုး စောဒဂတက်ချင်ကြတဲ့သူတွေ ရှိမှာပါ။ ကျွန်တော်တို့ Page မှာဒီလိုတွေ လာမပြောသေးပေမယ့် အခြားသူတွေတင်တဲ့ စာတွေမှာတော့ ပြောနေကြတာ တွေ့ရပါတယ်။ လူတွေကလည်း ဟုတ်တယ်၊ မှန်တယ်ဆိုပြီး ဝိုင်း Share ကြတော့ Information အမှားတွေက သံသရာလည်နေပါတယ်။ Facebook ပေါ်မှာ သတင်းမှားတွေ Share ပြီး ဒုက္ခများနေရတဲ့ အသိုင်းအဝိုင်းတစ်ခု ရှိနေပါတယ်။ ဒီတော့ ကိစ္စတစ်ခုကို လက်လွတ်စပယ်မပြောခင် အထောက်အထားခိုင်လုံဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ပြောပြချင်ပါတယ်။ ဆရာဝန်တွေ ဆေးပေးတဲ့အခါ ပေးချင်သလိုပေးနေတယ်လို့Continue reading “ဆေးပညာမှာ အထောက်အထား (Evidence) တွေကို ဘယ်လိုသတ်မှတ်ထားလဲ?”
ဗေဒင်၊ ယတြာ၊ တားရော့၊ Horoscope နှင့် Astrology အလွဲများ
နိဒါန်းချီမနေတော့ပါဘူး။အောက်မှာရေးထားတဲ့ စာကိုဖတ်ပြီး ဘယ်သူ့ကိုသွားသတိရမိလဲ စဉ်းစားကြည့်ပါဦး။ “သင်ဟာ လူတွေကိုယ့်ကို သဘောကျလေးစားတာ ခံချင်တယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကိုယ် ချက်ကျလက်ကျတွေးခေါ်သုံးသပ်တတ်တယ်။ကိုယ့်မှာအားနည်းချက်တွေရှိပေမယ့် ယေဘုယျအားဖြင့် ဒါတွေကို မကြုံရအောင် အကောင်းဆုံးကြိုးစားပြီး နေထိုင်တတ်တယ်။ကိုယ့်မှာ ကိုယ့်အကျိုးအတွက် အသုံးမချရသေးတဲ့ စိတ်စွမ်းအားတွေရှိနေတယ်။ အပေါ်ယံကြည့်ရင်တော့ စာဖတ်သူဟာ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တယ်။ စည်းကမ်းရှိတယ်။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ စိတ်မလုံမလဲဖြစ်တာတွေ၊ စိုးရိမ်ပူပန်တာတွေ ရှိနေတယ်။ တခါတခါ ကိုယ်ဆုံးဖြတ်လိုက်တာ မှန်မှမှန်ပါ့မလားလို့ ဒွိဟလေးတွေ ဝင်နေတတ်တယ်။လွတ်လပ်မှုကို မြတ်နိုးတယ်။ အတော်အသင့် ပြောင်းလဲမှုကို လက်ခံနိုင်တယ်။ ချုပ်ချယ်တာ၊ ကန့်သတ်တာတွေကို မကြိုက်တတ်ဘူး။ ကိုယ့်ကိုကိုယ် တွေးခေါ်တတ်တယ်လို့ ထင်တယ်။ သူများပြောသမျှကို လက်ခံလောာက်တဲ့ အထောက်အထား သက်သေမခိုင်လုံဘဲနဲ့ မယုံတတ်ဘူး။ကိုယ်က ပွင့်ပွင့်လင်းလင်းရှိပေမယ့် အခြားလူတွေကို ကိုယ့်အကြောင်းပြောပြနေရတာ မကြိုက်ဘူး။တခါတခါ ကိုယ်က Extrovert တစ်ယောက်ဖြစ်နေတယ်။Continue reading “ဗေဒင်၊ ယတြာ၊ တားရော့၊ Horoscope နှင့် Astrology အလွဲများ”
ငြင်းခုန်ခြင်း နောက်တစ်မျိုးနှင့် Body Shaming
ငြင်းခုန်ကြတဲ့အခါ မျက်စိမှိတ်၊ ဖင်ပိတ်ငြင်းတတ်တဲ့ လူတွေအကြောင်းရေးပြီးပါပြီ။ စိတ်ဝင်စားရင် ဒီမှာသွားဖတ်ပေးပါ။ မျက်စိမှိတ် ဖင်ပိတ်ငြင်းခြင်းရဲ့နောက်ကွယ်https://ouo.io/EDMOXJ ခုရေးချင်တာလည်း ငြင်းခုန်ကြတဲ့အကြောင်းပါပဲ။ ဒီစာမှာတော့ တစ်ဖက်လူကို တိုက်ခိုက်ရန်ရှာတဲ့အကြောင်းရေးချင်တာပါ။ငြင်းခုန်ကြရင်း အရမ်း Heat တက်လာတဲ့အခါ တစ်ဖက်လူရဲ့ Argument ကိုငြင်းမနေတော့ဘဲ လူကို တိုက်ခိုက်တာပါ။ ဥပမာ မင်းက ဂျပုလေးမို့ မင်းပြောတဲ့စကားတွေက ဘောင်မဝင်ဘူး… တို့၊ အသားမည်းတဲ့ကောင်တွေပြောတာ မကြားချင်ဘူးကွာ… တို့ဆိုပါတော့။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူပြောတဲ့အကြောင်းအရာတွေကို ငြင်းဆိုရလွယ်သွားစေတယ်။ စောင်ဂျပုစကား စိတ်ထဲထားနေစရာမလိုပါဘူးကွာ…၊ စောင်အသားမဲကောင်ရဲ့ စကားကို အချိန်ပေးပြီး နားထောင်မနေတော့ဘူးကွာ… ဆိုတာမျိုး ဖြစ်သွားတာပေါ့။ဒီလိုလုပ်လိုက်လို့ စိတ်သက်သာရာရပေမယ့် ကိုယ်ပြောတဲ့စကားတွေက ပိုမှန်မလာသလို၊ သူပြောတဲ့စကားတွေကလည်း ပိုပြီး မှားမသွားပါဘူး။ တရားခွင်မှာ Jury တွေနဲ့ဆုံးဖြတ်တယ်ဆိုရင် ရှေ့နေတစ်ယောက်အနေနဲ့ ဒီလူအများကြီးကို Convince ဖြစ်အောင် လုပ်နိုင်မှContinue reading “ငြင်းခုန်ခြင်း နောက်တစ်မျိုးနှင့် Body Shaming”
ဆရာကို ဆရာပြန်လုပ်သင့်လား?
အခုရေးမယ့်စာက တော်တော်များများလက်ခံကြတဲ့ အမြင်နဲ့ ဆန့်ကျင်နေနိုင်ပါတယ်။ ဒါပေမယ့် လောကကြီးက အမြဲတမ်းမေတ္တာနဲ့ လည်ပတ်နေတာမဟုတ်တော့ ဒီအကြောင်းကို သိသင့်ပါတယ်။ စာဖတ်ပြီး စိတ်ထဲတမျိုးဖြစ်သွားရင် ခုကတည်းက ကြိုပြီးတောင်းပန်ပါတယ်။ ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဆိုတာ ရှိကြပါတယ်။ အိမ်က အဖေ၊ အမေ အပါအဝင် ကျောင်းဆရာ၊ ဆရာမတွေလည်း ပါတာပေါ့။ ဒီလိုနဲ့ တက္ကသိုလ်ရောက်သွားပြီး ဘွဲ့တွေရကြတယ်။ အဲ့ကနေမှ အလုပ်ထဲရောက်ကုန်ကြတာပေါ့။ ပြောချင်တာက အလုပ်ထဲရောက်တဲ့အချိန်ကိုပါ။ ဒီအချိန်မှာ ဆရာဆိုတာ သင်ဆရာတွေ အများစုဖြစ်နေပါပြီ။ဆရာ၊ တပည့်ဆက်ဆံရေးထက် လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေး ဘက်ကို ပိုရောက်နေပါပြီ။ ဒီတော့ ဆရာ၊ တပည့်ဆိုတဲ့ ကန့်သတ်ချက်ကို မေ့လာကြတာရှိပါတယ်။ ဆရာကို ဆရာလို့မမြင်တော့ဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားလိုက်ပါတယ်။ (အလုပ်တူတူလုပ်နေမှတော့ လုပ်ဖော်ကိုင်ဖက်လို့ပဲ သဘောထားတာ မဆန်းပါဘူး…)Continue reading “ဆရာကို ဆရာပြန်လုပ်သင့်လား?”