ခုခေတ်မှာ Brand ကြိုက်တဲ့သူတွေ တော်တော်များလာပါတယ်။ အထူးသဖြင့် သူဌေးတွေပေါ့။ကျွန်တော်ကတော့ Brand မကြိုက်ပါဘူး။ စျေးကြီးပေးပြီး မဝယ်နိုင်တာလည်း ပါသလို Brand တွေရဲ့ Quality က ထူးထူးခြားခြားပိုကောင်းတယ်ဆိုတာကို လက်မခံနိုင်တာပါ။ဒီတော့ Brand နဲ့ Brand မဟုတ်တာနဲ့ကြားမှာ ဝိဝါဒကွဲပြားမှုတွေ စလာပါတယ်။ ခုချိန်အထိ Mac နဲ့ PC လည်း ဘယ်ဟာက ပိုကောင်းလဲဆိုတာ ငြင်းခုန်နေကြဆဲပါ။ iPhone နဲ့ Android လည်း ဒီလိုပါပဲ။ ဒါ့အပြင် အခု PS5 နဲ့ Xbox Series X ငြင်းနေကြပါတယ်။ ဘယ်လိုနေရာတွေမှာ ငြင်းခုန်မှုတွေများလဲဆိုတော့ စျေးကြီးပေးဝယ်ရတဲ့ပစ္စည်းတွေမှာပါ…။ အပေါ်က ပြောခဲ့တဲ့ IT ပစ္စည်းတွေသာမက အင်္ကျီ၊ ဘောင်းဘီ၊ လက်ကိုင်အိတ်၊ နာရီContinue reading “Branded ကြိုက်သူများနှင့် Fanboys, Fangirls များအကြောင်း”
Category Archives: SAGAN
LGBT စိတ်ပညာ တိုးတက်လာမှုများ
အရင်ခေတ်က LGBT Psychology ဆိုတာ မရှိခဲ့ပါဘူး။ စိတ်ပညာမှာ တကယ်ပွင့်လင်းလာတာက ၁၉၈၀ နောက်ပိုင်းမှပါ။ အဲ့တုန်းကတောင် Gay နဲ့ Lesbian ဆိုတာပဲရှိပါသေးတယ်။ နောက်ပိုင်းမှသာ Bisexual, Transgender, ထည့်ပြီး LGBT ဆိုတာဖြစ်လာတာပါ။ အခုတော့ Queer, Intersex ဆိုပြီးထပ်ထည့်လိုက်လို့ LGBTQI ဆိုပြီး ဖြစ်နေပါပြီ။ ဘယ်လောက်ထိ ဖြစ်နေပြီလဲဆိုတာ အောက်ကပုံမှာသာကြည့်ကြပါတော့။ နာမည်ပေး ကင်ပွန်းတပ်တာတောင် ဒီလောက်ရှုပ်ထွေးနေရင် လေ့လာတဲ့အခါမှာလည်း ရှုပ်ထွေးမှုတွေရှိနေပါတယ်။Same sex ကိုပဲလေ့လာတဲ့ LGB ကိုပဲပြောရမလား၊ Trans တွေ Intersex တွေလိုမျိုး မွေးလာတဲ့ Sex ကိုပြောင်းလဲလိုက်တဲ့လူတွေကိုရော လေ့လာရမလား၊Queer တွေကိုရောလေ့လာကြမလား ဆိုတာတွေရှိလာပါတယ်။ (Queer ဆိုတာ အရင်ခေတ်ကတော့ Homosexual တွေကို နံနှိမ်ပြီးခေါ်တဲ့နာမည်ပါ၊Continue reading “LGBT စိတ်ပညာ တိုးတက်လာမှုများ”
ဆရာကြီးများနှင့် သူတို့ဆရာကြီးဖြစ်နေရခြင်း အကြောင်းများ
ဒီခေါင်းစဉ်ကို ရေးချင်နေတာကြာပါပြီ။ ခုမှပဲ ရေးဖြစ်တော့တယ်။ဆရာကြီးဟေ့… ဆိုရင် ခုခေတ်မှာတော့ အဖြူနဲ့အစိမ်းဝတ်စုံဝတ်ထားတဲ့ အသက်ကြီးကြီး ပုဂ္ဂိုလ်တစ်ယောက်ကို မြင်မှာ မဟုတ်တော့ပါဘူး။ Facebook ပေါ်မှာ စဆရက လုပ်တတ်တဲ့ Keyboard Fighters တွေကို တွေးမိကြမှာပါ။သူတို့က ဘာတွေ ထူးခြားနေလဲဆိုတာ ဆက်ဖတ်ပေးပါ။ ငယ်ငယ်က Dota တစ်ခေတ်ထခဲ့တဲ့အချိန်ကို ယောက်ျားလေးတွေ မှတ်မိကြဦးမှာပါ။ (Dota 2 မထွက်သေးပါဘူး၊ Dota 1 ခေတ်ပါ) ဂိမ်းဆိုင်တွေကိုသွားပြီး သူငယ်ချင်းတွေနဲ့တူတူ ထမင်းမေ့ ဟင်းမေ့ဆော့ခဲ့ကြတယ်။ အားရင် Dota ပဲခုတ်ခဲ့ကြတာပေါ့။ဂိမ်းဆိုင်မှာ တစ်သင်းကို ၅ယောက် အမြဲပြည့်တယ်ဆိုပါတော့။ ဒီတော့ ဆော့ရင်းနဲ့ ဘယ်ကောင်က ဘယ် Role မှာ ကောင်းတယ်ဆိုတာ သိလာကြပြီး အဖွဲ့လေးတွေ ဖွဲ့ထားတတ်ကြတယ်။ (သဘောတရားတွေ တူတူပဲမို့Continue reading “ဆရာကြီးများနှင့် သူတို့ဆရာကြီးဖြစ်နေရခြင်း အကြောင်းများ”
မျက်စိမမြင်တဲ့သူတွေ လောကကြီးကို ဘယ်လိုမြင်ကြလဲ?
ဒီခေါင်းစဉ်က တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ Daredevil ဇာတ်လမ်းကိုကြည့်ဖူးရင် ကျွန်တော်ပြောချင်တာကို သိမှာပါ။ ဒါပေမယ့် အဲ့ဒီလောက်တော့ အစွမ်းထက်မနေဘူးပေါ့ဗျာ။မျက်စိမမြင်ရတဲ့သူတွေက လုံးဝကြီး မမြင်ရတာတော့ မဟုတ်နေဘူး။ မြင်နေရတာကို ပြောချင်တာလည်း မဟုတ်ပါဘူး။ ခေါင်းရှုတ်သွားမယ်ဆိုတာ သိပါတယ်။ ဆက်ဖတ်ပေးရင် နားလည်လာပါလိမ့်မယ်။ မျက်စိမမြင်ဘူးဆိုတာမှာ အမျိုးအစားတွေ အများကြီးရှိပါတယ်။ပထမတစ်မျိုးက လုံးဝမမြင်တာ (Total Blindness) ပါ။ သူကကျတော့ မျက်စိ (သို့) အမြင်အာရုံကြော (Optic Nerve) တစ်ခုခု ထိခိုက်ပျက်စီးသွားလို့ဖြစ်တာပါ။ မွေးကတည်းက ဖြစ်နိုင်သလို၊ မတော်တဆမှုတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလူတွေမှာ ဘာမြင်ရသလဲလို့ မေးတဲ့အခါ ဘာမှ မမြင်ရဘူးလို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် သာမန်လူတွေက ဒါကို သူတို့မျက်စိမှိတ်လိုက်ရင် မြင်ရသလိုမျိုး ထင်တတ်ကြပါတယ်။ အမည်းရောင်ကြီးကို မြင်နေတယ်ဆိုပါတော့။တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ ဘာမှမမြင်ရဘူးဆိုတာ ဘာမှကိုContinue reading “မျက်စိမမြင်တဲ့သူတွေ လောကကြီးကို ဘယ်လိုမြင်ကြလဲ?”
တည်ငြိမ်လွန်းတာလား၊ အကြောက်လွန်သွားတာလား?
ဒါမျိုးခပ်ဆင်ဆင် တစ်ပုဒ်တော့ အရင်ကရေးဖူးပါတယ်။ ဒါပေမယ့် အခုရေးမှာက ဒီအကြောင်းတစ်ခုတည်းကို ရည်ရွယ်ပြီးရေးမှာပါ။လူတွေဟာ ကိုယ့်ကိုကိုယ် ပြဿနာတွေကြားမှာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတယ်လို့ ထင်တတ်ကြတယ်။ ဒါဟာ တကယ်ပဲလား… ဆိုတာ သေချာသိအောင် ပြောချင်ပါတယ်။စကားသိပ်မရှည်တော့ပါဘူး။ စလိုက်ပါတော့မယ်။ လူတွေက ပြဿနာကြီးကြီးမားမားတစ်ခုကို ကြုံလာတဲ့အခါ ဒီပြဿနာကို ပုံမှန်ဖြတ်သန်းနေတဲ့ နေ့စဉ်ဘဝထဲက အမြင်နဲ့ပဲ ရှုမြင်တတ်ကြပါတယ်။ဘယ်လောက်ပဲ မကြုံဖူးတဲ့ကိစ္စ၊ ထူးဆန်းတဲ့ကိစ္စပဲဖြစ်ဖြစ် ပုံမှန်အတိုင်းပဲမြင်ပြီး တုံ့ပြန်တတ်ပါတယ်။ တစ်ခုပဲ စဉ်းစားကြည့်ပါ။ ကိုယ်စီးလာတဲ့ လေယာဉ်က လေယာဉ်ကွင်းထဲဆင်းတဲ့အချိန်မှာ ဘီးချော်ပြီး မှောက်သွားတယ်၊ မီးထလောင်တယ်ဆိုရင် ဘာလုပ်မလဲ?ကိုယ်နဲ့ ပါလာတဲ့သူကို ဆွဲပြီး လွတ်ရာအပေါက်ကနေ ပြေးမှာပေါ့ဟ… လို့ ဖြေကြမှာပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာ လူတော်တော်များများက အဲ့လိုမတုံ့ပြန်နိုင်ဘူးဆိုရင် ယုံနိုင်မလား။ ၁၉၇၇ ခုနှစ်တုန်းက ကနေရီကျွန်းက လေယာဉ်ကွင်းတစ်ခုမှာ လေယာဉ်နှစ်စင်းတိုက်မိဖူးတယ်။Continue reading “တည်ငြိမ်လွန်းတာလား၊ အကြောက်လွန်သွားတာလား?”