လူတိုင်း သင့်တော်တဲ့အစာကို ရွေးချယ်စားသုံးတတ်ဖို့ အရေးကြီးတယ်။ဒီအပြင် ကိုယ်တစ်နေ့ကို စွမ်းအင်ဘယ်လောက်လိုအပ်လဲဆိုတာ အကြမ်းဖျင်းသိသင့်ပါတယ်။နေ့စဉ်စွမ်းအင်ဘယ်လောက်လိုအပ်လဲ သေချာမသိရင် စွမ်းအင် အပို၊ အလိုများရှိနေနိုင်ပြီး ကိုယ့်ဆန္ဒမပါဘဲ ပိန်ခြင်း၊ ဝခြင်းများကိုဖြစ်စေနိုင်ပါတယ်။ကိုယ်နေ့စဉ်လိုအပ်တဲ့ စွမ်းအင် (Calorie) ပမာဏကို တွက်ချက်ပြီး စားသုံးနိုင်ရင် ပိုကောင်းတယ်။အဲ့တော့ တစ်နေ့စွမ်းအင်ဘယ်လောက်လိုအပ်လဲ ဘယ်လိုတွက်ကြမလဲ။ ကိုယ်အလေးချိန်ကိုသိရုံနဲ့ အောက်ပါဇယားကိုကြည့်ပြီး တွက်ချက်ကြည့်နိုင်ပါတယ်။ ဥပမာ သင်ဟာ 50kg (110 ပေါင်) ရှိတဲ့ အသက် ၁၈-၃၀ ကြားအမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုပါစို့။(14.7 x 50) + 496 = 1231 calories (အခြေခံလိုအပ်သော စွမ်းအင်) ပြီးရင် ကိုယ်ဘယ်လောက် ခန္ဓာကိုယ်လှုပ်ရှားမှုရှိလဲ တွက်ဆကြည့်ရမယ်။အထိုင်များတဲ့လူ – 0.2လမ်းအနည်းငယ်လျှောက်သူ (၂မိုင်ထက်မပို) – 0.3အထိုင်နည်းပြီး လှုပ်ရှားမှုများတဲ့သူ (စက်ဘီးနင်း၊ တင်းနစ်ကစား)Continue reading “ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 2)”
Category Archives: SAGAN
ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 1)
ဝိတ်တက်လိုက်ကြလိုက်၊ ဖောင်းလိုက်ပိန်လိုက်နဲ့ သံသရာလည်နေသူတွေ ပတ်ဝန်းကျင်မှာ အမြဲတွေ့နေရမှာပါ။ဝိတ်ချတုန်းခဏ ပိန်သွားပြီး ရပ်လိုက်တဲ့အခါ ဆက်ပိန်မနေတော့ဘဲ ပြန်ဝလာသူတွေလည်း ဒုနဲ့ဒေးပါပဲ။လူအတော်များများရဲ့စိတ်ပျော်ရွှင်မှုဟာ မိမိရဲ့ကိုယ်အလေးချိန်ပေါ်မှာ မီတည်တယ်လို့ မိမိဘာသာ သိသိနဲ့ဖြစ်စေ၊ မသိဘဲဖြစ်စေ သတ်မှတ်ထားတတ်ကြတယ်။အရင်က ဝတယ်ပြောရင်ဂုဏ်ယူခဲ့ကြတဲ့ မျိုးဆက်တစ်ခုရှိခဲ့ဖူးပေမယ့် ယနေ့လူငယ်တွေမှာတော့ အဲ့လိုခံယူချက်မျိုးမရှိကြတော့ပါဘူး။ပိန်ချင်ပိန်၊ ဝချင်ဝ မိမိအခွင့်အရေးပဲလို့ခံယူကြပါတယ်။ ဒါဟာလက်ခံသင့်တဲ့ အမှန်တရားတစ်ခုပါ။ဒါပေမယ့် ပိန်ခြင်း၊ ဝခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို သိထားသင့်ပါတယ်။ ပိန်လွန်းရင် ဗီတာမင်နဲ့သတ္တုဓာတ်တွေချို့တဲ့တယ်။ ကိုယ်ခံအားလည်းမကောင်းလို့ ရောဂါပိုးတွေ ခဏခဏဝင်နိုင်တော့ မကြာမကြာဖျားနာတတ်တယ်။ အိမ်ထောင်ပြုရင် ကလေးမရနိုင်တဲ့ အကြောင်းအရင်းထဲမှာ ပိန်လွန်းတာလည်း တစ်ခုအပါအဝင်ပဲ။ ငယ်စဉ်ဘဝကတည်းက အာဟာရမပြည့်ခဲ့ရင် လူကောင်သေးသေးညှက်ညှက်ဖြစ်နိုင်တယ်။ ဝလွန်းရင်ဖြစ်နိုင်တဲ့နောက်ဆက်တွဲများကိုတော့ လူတိုင်းနီးပါး ကြားဖူးနားဝရှိကြမှာပါ။ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ သည်းခြေအိတ်မှာ ကျောက်တည်၊ လေဖြတ်၊ အရိုးနာရောဂါတွေ ဖြစ်နိုင်တယ်။ အိပ်ရင်ဟောက်ပြီး အသက်ရှုခဏရပ်သွားတတ်တယ်။Continue reading “ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 1)”
ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 2)
(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) မိန်းမက ယောကျာ်းကို သူကြုံခဲ့ရသောကိစ္စတစ်ခုကို ပြန်ပြောပြနေတယ်လို့ မြင်ယောင်ကြည့်ပါ။ယောကျာ်းက နားထောင်ပြီး အကြံပေး အဖြေရှာပေးသောအခါ မိန်းမကစိတ်ဆိုးသွားလျှင် မိမိကို ယုံကြည်လေးစားမှုမရှိတော့ဟု မှတ်ယူသွားတတ်ကြသည်။ထိုအခါ မိန်းမပြောသော complaint များကို ဆက်လက်နားထောင်လိုစိတ် လျော့နည်းလာသည်။မိန်းမသည်လည်း မိမိပြောသမျှကို နားမထောင်ဘဲ ပြောချင်ရာစွတ်ပြောပြီး အဖြေများကိုသာပေးနေသော ယောကျာ်းကို စိတ်ပျက်လာသည်။ဒီလိုဆိုရင် ပြဿနာကိုစာဖတ်သူ မြင်နိုင်မယ်ထင်ပါသည်။ အနာသိရင်ဆေးရှိဆိုသလို ပြဿနာကိုသိလျှင် ဖြေရှင်းဖို့နည်းလမ်းလည်း ရှိပါသည်။ယောကျာ်းတို့အနေဖြင့် အဖြေ (Solution) များကို မတောင်းဘဲနှင့် မပေးဘဲ မိန်းမတို့ပြောသမျှသေချာနားထောင်ပေးရလိမ့်မည်။လိုအပ်ရင် လိုအပ်သလိုContinue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 2)”
ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 1)
ယောကျာ်းနှင့်မိန်းမ ယေဘုယျအားဖြင့် တူတူပဲဆိုတဲ့ အတွေးမျိုး တော်တော်များများမှာရှိကြတယ်။အဲ့ဒါကြောင့်လည်း ငါကြိုက်တာကိုမကြိုက်ရကောင်းလား၊ ငါခံစားရသလို မခံစားရကောင်းလားဆိုတာမျိုး တွေးမိပြီး အချင်းချင်းကြားမှာ ပြဿနာတွေ ရှိနေကြတာဖြစ်တယ်။သူသာ ကိုယ့်ကိုတကယ်ချစ်ရင် ကိုယ်ချစ်ရင်ပြုမူသလို တစ်ဖက်လူကပြုမူမယ်လို့ အတွေးရှိကြတယ်။ဒီလိုအတွေးမျိုးရှိခြင်းဟာ ကိုယ်စိတ်ချမ်းသာဖို့ သူတစ်ပါးအပေါ်မှီတည်နေလို့ စိတ်ပျက်ခြင်းကိုသာ ဖြစ်စေလိမ့်မယ်။ယောကျာ်းနှင့်မိန်းမ ပြောပုံဆိုပုံ၊ တွေးတောပုံ၊ စိတ်အလုပ်လုပ်ပုံခြင်း အခြေခံကစပြီး မတူကြပါ။ဒီအချက်ကို သေချာနားလည်လျင် ချစ်သူရည်းစားများသာမက အိမ်ထောင်ဖက်များကြားတွင်ပါ မလိုအပ်သော ပြဿနာများကို ရှောင်ရှားနိုင်မှာဖြစ်တယ်။ (ဆက်လက်ရေးမည့် အကြောင်းအရာများထဲတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) ဘာပြောပြောနားမထောင်သော ယောကျာ်း ဘာပြောပြော နားထောင်ချင်ယောင်ဆောင်သည်။Continue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 1)”
ကားမူးခြင်းနှင့် Evolution
အရင်ဆုံး Evolution ကို အကျဉ်းချုံ့အရင်ရှင်းပြချင်ပါတယ်။လူဟာမျောက်က ဆင်းသက်လာတယ်ဆိုပြီး လွယ်လွယ်ပြောကြတာ Evolution ပါပဲ။တကယ်တော့ ဒီလောက်နှင့်မပြီးသွားပါ။သက်ရှိအားလုံး၏အစသည် ရေထဲမှာရှိသော Algae ခေါ် ရေညှိလေးများမှဖြစ်သည်။(Evolution အကြောင်းပြောမှာမဟုတ်လို့ ဒီလောက်နဲ့ပဲရပ်ထားပါမယ်) ခေါင်းစဉ်ပါ အကြောင်းအရာကိုမပြောခင် လူတွေရှင်သန်ဖို့ လမ်းလျှောက်ခြင်းအရေးပါခဲ့ပုံကို အရင်ပြောလိုပါတယ်။ကျောက်ခေတ်ကတည်းက လူတွေဟာ ရေကြည်ရာ မြက်နုရာ ခြေဆန့်ပြီး ရွှေ့ပြောင်းနေထိုင်ကြတယ်။လမ်းလျှောက်ခြင်းဆိုတာ လူရဲ့နေ့တဓူဝကိစ္စဖြစ်တဲ့အလျောက် “ဘယ်ခြေ ညာလက်၊ ညာခြေ ဘယ်လက်” ဆိုပြီးတွေးနေစရာတောင်မလိုဘဲ ခရီးတွင်ခဲ့တယ်။အသက်ရှင်ရပ်တည်ဖို့အတွက် ခြေနှစ်ဖက်ဟာ မရှိမဖြစ်လိုအပ်ခဲ့တယ်။ အတွင်းနားထဲမှာ ခန္ဓာကိုယ်လှဲနေလား ထိုင်နေလား ပြေးနေလား ခုန်ဆွနေလားဆိုတာသိနိုင်တဲ့ အရည်တွေရှိတယ်။ Vestibular System ထဲမှာရှိနေတာ။အဲ့အရည်တွေက ခန္ဓာကိုယ်လှုပ်ရင် လိုက်လှုပ်တယ်။ လမ်းလျှောက်ရင်လည်း လိုက်လှုပ်တာပဲ။ ကိုယ့်ရဲ့လှုပ်ရှားမှုကိုလိုက်ပြီး အရည်ရဲ့ လှုပ်ပုံလှုပ်နည်းတော့ကွာသွားတယ်။တစ်ချိန်တည်းမှာပဲ မျက်စိကလည်း ပတ်ဝန်းကျင်က ရွှေ့လျားနေသမျှကို မြင်တယ်။ဦးနှောက်က နားထဲကအရည်လှုပ်ရှားမှုပုံစံရယ်Continue reading “ကားမူးခြင်းနှင့် Evolution”