ကျွန်တော်တို့ လက်ခံထားတဲ့ “Personality ကဘာလဲ” ဆိုတဲ့အမြင်မှာ ဟာကွက်အကြီးကြီးတစ်ခုရှိနေပါတယ်။ အခုအဲ့ဒီအကြောင်းကို ပြောချင်တာပါ။ ငယ်စဉ်ဘဝထဲက အရမ်းတော်တဲ့၊ တည်ကြည်ဖြောင့်မတ်တဲ့ လူတစ်ယောက် ရှိတယ်ဆိုပါစို့။ အပေါင်းအသင်းတွေ ကြားထဲမှာလည်း ဒီလိုမျိုး အရည်အချင်းတွေ ရှိကြောင်း နာမည်ကြီးတယ်။ တစ်နေ့မှာ သူကြိုက်တဲ့သူနဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်တယ်။ တည်ကြည်တဲ့သူဖြစ်လို့ အိမ်ထောင်ရေးမှာလည်း အရှုတ်အရှင်းကင်းတယ်။ ဒီလိုနဲ့ သူက သူ့မြို့မှာ မြို့တော်ဝန်ဖြစ်ဖို့ ဝင်အရွေးခံမယ်ဆိုပြီး တွေးမိတယ်။ သူ့ရဲ့ဂုဏ်သတင်းကို တစ်မြို့လုံးသိနေတော့ သူနိုင်မယ်လို့ ထင်တယ်။ ရွေးကောက်ပွဲမှာ တကယ်ပဲနိုင်သွားတယ်။ မြို့တော်ဝန်ဖြစ်နေတဲ့ကာလမှာလည်း ပြည်သူတွေရဲ့အခွန်တွေကို အလွဲသုံးစားမလုပ်ဘူး။ အစိုးရကောင်းကျိုးအတွက် အမြတ်များများရအောင် လုပ်ဆောင်ပေးနိုင်တယ်။ ဒီလို နေရာမျိုးကိုရထားတာတောင် လာဘ်မစားဘူးဆိုတော့ တော်တော်တည်ကြည့်ဖြောင့်မတ်တဲ့သူလို့ ပြောလို့ရတာပေါ့။ ခုချိန်ထိ ဒီလူရဲ့ Character ကိုသုံးသပ်ကြည့်ရင် မဟုတ်တာ ဘာမှမလုပ်တဲ့ လူမှန်တစ်ယောက်၊Continue reading “လူတွေရဲ့ Personality အပေါ်မြင်တဲ့အမြင် အလွဲများ”
Category Archives: SAGAN
ကိုယ်ခံစားနေရတာတွေကို တဖက်လူက လွယ်လွယ်နဲ့သိသလား?
ဟိုတစ်နေ့က လူတွေကိုယ့်ကို ဝိုင်းကြည့်နေတယ်လို့ ကိုယ့်ဘာသာတွေးမိတတ်တဲ့ အကြောင်း ရေးပြီးပါပြီ။ စိတ်ဝင်စားရင် ဒီမှာဖတ်ပေးပါ။ “ငါတော့… အရှက်ကွဲတော့မှာပဲ…” နှင့် ခေါင်းထဲက အတွေးများစွာhttps://ouo.io/KqsXbNI ဒီနေ့ပြောချင်တာက အဲ့ဒီရဲ့အဆက်လို့ ပြောလို့ရပါတယ်။ ကျွန်တော့အတွေ့အကြုံနဲ့ပဲ ပြောပြချင်ပါတယ်။ ဆေးကျောင်းပထမနှစ်ရောက်တဲ့အချိန်မှာ ငယ်ငယ်ကတက်ခဲ့တဲ့ မူလကျောင်းက ဆယ်တန်းမှာ ဂုဏ်ထူးပါတဲ့သူတွေကို ပြန်ခေါ်ပြီး ဆုပေးပါတယ်။ အဲ့ဒီတော့ ကျောင်းကိုပြန်ရောက်သွားတာပေါ့။ ငယ်ငယ်က ပေါင်းခဲ့တဲ့သူတွေနဲ့လည်း အဲ့ကျတော့မှ ပြန်တွေ့ရတယ်။ ကလေးတွေကို ဆုမပေးခင် ကြီးကောင်ကြီးမားတွေကို အရင်ဆုပေးတာပေါ့။ ဆုပေးပြီးရင် ပြီးပြီလို့ ထင်ခဲ့ပေမယ့် ကျွန်တော်နဲ့ခင်တဲ့ ကျောင်းစောင့်ကြီးက ကျွန်တော့အတွက် Surprise ကြီးတစ်ခုစီစဉ်ထားတာကိုတော့ ကြိုမသိခဲ့ပါဘူး။ Surprise ကတော့ ကျေးဇူးတင်စကား စင်ပေါ်တက်ပြောခိုင်းတာပါ။ အဲ့လိုပြောခိုင်းတာကို ဘယ်အချိန်မှသိလဲဆိုတော့ “ကို_____ ကျေးဇူးတင်စကား ပြောကြားပေးဖို့အတွက် စင်မြင့်ပေါ်ကိုကြွပါ” ဆိုပြီးContinue reading “ကိုယ်ခံစားနေရတာတွေကို တဖက်လူက လွယ်လွယ်နဲ့သိသလား?”
အရှုံးပေးရင် နှလုံးအေးတယ်ဆိုတာ မှန်လား?
ပင်လယ်ဂဏန်းတွေက အချင်းချင်းချပြီး ရှုံးသွားရင် တစ်သက်လုံးအရှုံးသမားဘဝနဲ့ နေသွားကြတယ်ဆိုတာ အရင်ကရေးဖူးပါတယ်။အခုပြောချင်တာက အဲ့ဒါနဲ့ ဆက်စပ်မှုရှိပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် ပျောက်ကွယ်ခြင်းhttps://ouo.io/DkMqWo ခေါင်းလောင်းထိုးပြီး ခွေးကိုအစာကျွေးတဲ့စမ်းသပ်မှုကို သိကြမှာပါ။ ခုတစ်ခါတော့ ခွေးကို အစာမကျွေးပဲ ဓာတ်လိုက်အောင်လုပ်ပါတယ်။ ခေါင်းလောင်းထိုးတာနဲ့ ဓာတ်လိုက်တော့မယ်ဆိုတာ သိအောင် Train လုပ်လိုက်တာပေါ့။ ပြီးတော့ ခွေးကို ခြံသေးသေးလေး ၂ခုထဲထည့်လိုက်ပါတယ်။ ဒီတော့ ခေါင်းလောင်းထိုးတာနဲ့ သူပြေးချင်ရင် ခြံကျော်ပြီးပြေးလို့ရပါတယ်။ ဒါပေမယ့် ခွေးတွေက မပြေးကြဘူးလို့ ဆိုတယ်။ ဒီလို Train မလုပ်ထားတဲ့ ခွေးကိုထည့်တဲ့အခါမှာ ဓာတ်လိုက်အောင်လုပ်တော့မယ်ဆိုတာနဲ့ ခြံကျော်ပြီးပြေးတော့တာပေါ့။ လူတွေကလည်း ခွေးတွေလိုပါပဲ။ ခဲမှန်ဖူးတဲ့ စာသူငယ်ဟာ ခဲမြင်ရုံနဲ့ လန့်တတ်ပါတယ်။ ကိုယ့်မှာ ထွက်ပေါက်မရှိတော့ဘူးဆိုတာ သေချာသွားရင် ဘာမှကို မယုံတော့တဲ့ Nihilist တွေဖြစ်လာတော့တာပါပဲ။ စိတ်ကျရောဂါရှိတယ်လို့Continue reading “အရှုံးပေးရင် နှလုံးအေးတယ်ဆိုတာ မှန်လား?”
Motivation မရှိခြင်းပြဿနာ
အောင်မြင်တိုးတက်ရေး သဘောမျိုးပါတဲ့ စာတွေရေးတဲ့အခါ လူတွေက ဘာမေးလဲဆိုတော့ Motivation ရှိအောင်ဘယ်လိုလုပ်ရမလဲတဲ့။ Motivation ရှိပေမယ့် ကောက်ရိုးမီးလိုဖြစ်နေတယ် လို့ပြောကြတယ်။ ဒီတော့ အခု Motivation အကြောင်းပြောချင်ပါတယ်။ ဒီစာကို မနေ့ကရေးခဲ့တဲ့ အတွေးမလွန်ဘဲလုပ်မလား ရဲ့ နောက်ဆက်တွဲအနေနဲ့ မြင်ကြည့်လို့ရပါတယ်။ အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?https://ouo.io/vZ5H4D လူတွေက တခါတခါမှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သေချာမသိကြပါဘူး။ စိတ်ထဲမှာတော့ ငါက စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ချင်တယ်ပေါ့။ ဒါပေမယ့် ဒါကိုလည်း တကယ်ဖြစ်ချင်တာ ဟုတ်ချင်မှ ဟုတ်တာပါ။ မိန်းကလေးသူငယ်ချင်းတွေကို ခုကာလမှာ ဘာဖြစ်ချင်လဲ မေးကြည့်တဲ့အခါ “ယောက်ျားယူချင်တယ်” လို့ တော်တော်များများက ပြောကြပါတယ်၊ ဘယ်အချိန်မေးလိုက်မေးလိုက် ဒီအဖြေပဲရတဲ့အတွက် ဒါဟာ သူတို့ရဲ့ True Passion ဖြစ်နေနိုင်ပါတယ်…။ ဒီတော့ ကိုယ်က သိပ်စိတ်မဝင်စားဘဲContinue reading “Motivation မရှိခြင်းပြဿနာ”
အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?
ချော်တောငေါ့မနေတော့ဘဲ စလိုက်ချင်ပါတယ်။မောင်မောင်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ချင်တယ်။ ပညာမတတ်လည်း ပိုက်ဆံရှိရင် ပညာတတ်တွေကို ခိုင်းစားလို့ရတယ်လို့ ထင်တယ်။ သူက အခုအချိန်မှာတော့ သူများအလုပ်မှာ အလုပ်သမားဝင်လုပ်နေတယ်။ အားတိုင်း ဒီအကြောင်းကို စိတ်ကူးယဉ်တတ်တယ်။ အမြဲတမ်းခေါင်းထဲမှာ အကြံတွေအပြည့်ပဲ။ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ပြင်ဆင်ချင်တဲ့အတွက် အလုပ်ကနေ ခွင့် ၂ပတ်ယူလိုက်တယ်။ ပထမဦးဆုံးလုပ်တာက Research ပေါ့။ Youtube တွေကြည့်တယ်၊ စာတွေလိုက်ဖတ်တယ်။ သူ့အတွေးကတော့ မစခင် ထောင့်စေအောင်၊ အကုန်သိအောင် ကြိုပြင်ထားသင့်တယ်ဆိုပါတော့။ ဒါပေမယ့် လုပ်စရာတွေ များလွန်းတော့ ဘာမှမလုပ်နိုင်တော့ဘူး။ သူလုပ်ချင်တာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆိုတဲ့ နာမည်ပဲရှိတာ… ဝန်ထမ်းတွေကို ဘယ်လို Manage လုပ်မလဲ၊ လစာဘယ်လောက်ပေးမလဲ၊ ကိုယ့်ပစ္စည်းက စျေးကွက်ရောရှိရဲ့လား၊ အခွန်က ဘယ်လောက်တောင် ဆောင်ရမှာလဲ၊ လုပ်ငန်းကို ဘယ်နေရာမှာလုပ်မှာလဲ…? ဒါတွေContinue reading “အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?”