ခေါင်းစဉ်အတိုင်းပါပဲ။ လူတွေကအလကားရတာကို မသိစိတ်ကဖြစ်စေ၊ သိသိကြီးနဲ့ဖြစ်စေ ပိုလိုချင်တတ်ကြပါတယ်။ City Mart မှာ Coffee တွေ Free တိုက်နေလား၊ တက္ကသိုလ်မှာ Promotion လုပ်ဖို့ အအေးတွေ Free ဝေနေလား… ဆိုတာ စိတ်ဝင်စားကြပြီး Free ဝင်တွယ်ချင်တဲ့စိတ်ခံလေးတွေတော့ ရှိကြပါတယ်။ ခုရေးမယ့်စာက စီးပွားရေးဆန်ပါတယ်။ ပစ္စည်းတစ်ခုကို အလကားရလိုက်တာဟာ ကိုယ့်အနေနဲ့ တော်တော်နေလို့ ကောင်းပါတယ်။ ဒါပေမယ့် “အလကား” ဆိုတာဟာ စျေးနှုန်းတစ်မျိုးပဲလို့ သတ်မှတ်လို့မရပါဘူး။ သူက Another Level တစ်ခုမှာရောက်နေတာပါ။ရှင်းအောင်လို့ စမ်းသပ်ချက်တစ်ခုနဲ့ ပြောပြချင်ပါတယ်။ စမ်းသပ်တာကတော့ ချောကလက်တွေကို အဆောက်အအုံတစ်ခုရှေ့မှာ ရောင်းတာပါ။ ချောကလက် အမျိုးအစား ၂မျိုးကို ၂ဆိုင်ခွဲပြီး ရောင်းပါတယ်။ တစ်ခုက Quality ကောင်းတဲ့အတွက် 15 centsContinue reading “အလကားရရင် ရေတောင်သေအောင်သောက်တတ်တဲ့ စိတ်”
Category Archives: SAGAN
ဂဏန်းအချက်အလက် (Statistics) တွေကို ယုံကြည်လို့ရသလား?
ကျွန်တော်တို့ Channel မှာ အထောက်အထားတွေကို ကြည့်ပါ၊ Research ဆိုတာ ဘယ်လိုဘယ်ပုံသတ်မှတ်ထားသလဲ စတာတွေကို တင်ဖူးပါတယ်။ ဒီတော့ ဒါတွေနဲ့ မဖြစ်မနေတွဲပါလာတာက Statistics တွေပါပဲ။ Statistics တွေ ဘယ်လောက် အင်အားကြီးမားလဲဆိုတာ ဥပမာနဲ့ ရေးပြချင်ပါတယ်။ ၂၀၀၂ ခုနှစ်တုန်းက Target ဟာ သူ့ဖောက်သည်တွေထဲက ဘယ်သူတွေ ကိုယ်ဝန်ရှိနေမလဲဆိုတာကိုသိအောင် Statistics နည်းနဲ့ ကြံစည်ခဲ့ဖူးပါတယ်။ (Target ဆိုတာ မြန်မာပြည်က City Mart လိုပါပဲ) အမျိုးသမီးတွေရဲ့ စျေးဝယ်တဲ့ Data ကိုကြည့်ပြီး ဘယ်သူက ဗိုက်ကြီးနေမလဲ… ခန့်မှန်းတဲ့ Algorithm ဆွဲတာမျိုးပါ။ ဥပမာ Lotion တွေတိုးဝယ်တာမျိုး၊ Vitamin တွေပိုဝယ်တာမျိုးပေါ့။ ဒီလိုလုပ်တာဟာ ဥပဒေကို ချိုးဖောက်ရာမရောက်တဲ့အတွက် သူတို့ကိုContinue reading “ဂဏန်းအချက်အလက် (Statistics) တွေကို ယုံကြည်လို့ရသလား?”
Ex ကိုမမေ့နိုင်ခြင်းနောက်ကွယ်က စိတ်ပညာ
ခေါင်းစဉ်အကြောင်းကို တန်းမပြောခင် ကြိုသိထားသင့်တဲ့အရာတွေ ရှိပါတယ်။ စီးပွားရေးတော့ ဆန်ပါမယ်။ လူတွေရဲ့စိတ်အခံကို အရင်သိဖို့အတွက်တော့ ပြောရမှာပါ။ ပုလဲကုန်သည်တစ်ယောက်ကို တစ်နေ့မှာ လူတစ်ယောက်က စျေးကွက်မဝင်တဲ့ ပုလဲနက် (Black Pearl) တွေကို ရောင်းဖို့သူ့ကို လာကမ်းလှမ်းတယ်။ သူလည်း အဆွယ်ကောင်းလို့ လက်ခံလိုက်တယ်။ ဒါပေမယ့် ဝယ်လိုအားကမရှိတော့ ဘယ်လိုရောင်းရောင်းမထွက်သွားဘူး။ ပုလဲတွေက ခပ်ညိုညို၊ ခပ်ကြီးကြီးဆိုတော့ လူတွေက မကြိုက်ကြဘူး။ နောက်ဆုံးမှာတော့ သူနဲ့ခင်တဲ့ရတနာအရောင်းဆိုင်ဆီသွားပြီး ဒီပုလဲတွေကို စျေးကြီးကြီးနဲ့ တင်ရောင်းခိုင်းတယ်။ သတင်းစာတွေမှာလည်း ဘယ်လောက်လှကြောင်း ကြော်ငြာတာပေါ့။ ဒီလိုနဲ့ အစပိုင်းမှာ ဝယ်လိုအားမရှိတဲ့ ပုလဲနက်တွေက စျေးကွက်ဝင်သွားတယ်။Mark Twain ကတော့ “လူတွေပစ္စည်းတစ်ခုကို တန်ဖိုးထားစေချင်ရင် ရှားပါးအောင်လုပ်လိုက်ပါ” လို့ ပြောခဲ့ဖူးတယ်။ ငန်းဘဲပေါက်လေးတွေဟာ သူတို့ဥကထွက်လာပြီး ပထမဦးဆုံးမြင်တဲ့လှုပ်ရှားတဲ့အရာကို သူတို့အမေလို့ထင်ကြတယ်။ အဲ့ဒီအခါမှာContinue reading “Ex ကိုမမေ့နိုင်ခြင်းနောက်ကွယ်က စိတ်ပညာ”
အချောင်ခိုခြင်းနဲ့ စိတ်ပညာ
ကိစ္စကြီးကြီးမားမားတစ်ခုကို ပြီးမြောက်အောင် အချိန်တွေ၊ လုပ်အားတွေလိုပါတယ်။ ဒါပေမယ့် လူအင်အားတော့ များများစားစား သိပ်မလိုဘူး။ ဘာလို့လဲဆိုတော့ လူတွေဟာ အစုအဖွဲ့နဲ့ဖြစ်သွားရင် အချောင်ခိုတတ်တယ်လို့ ဆိုပါတယ်။ သာမန်အတွေးနဲ့ စဉ်းစားကြည့်ရင်တော့ အလုပ်များများကို မြန်မြန်ပြီးစေချင်ရင် လူများများသုံးရမယ်လို့ တွေးမိမှာပါ။ ဒါပေမယ့် လူတွေဟာ တစ်ယောက်တည်းအလုပ်လုပ်တာထက်စာရင် အဖွဲ့နဲ့အလုပ်လုပ်တဲ့အခါ ပိုပြီး အသားခိုတတ်တယ်လို့ လေ့လာမှုတွေအရတွေ့ရပါတယ်။ ဒါကို စမ်းသပ်ထားတာရှိပါတယ်။ လူတွေကို မျက်စိကို Blindfold လုပ်ပြီး လွန်ဆွဲခိုင်းတာပါ။ သူတို့စိတ်ထဲမှာတော့ တဖက်က အဖွဲ့နဲ့ပြိုင်ဆွဲနေရတယ်ထင်အောင် ကြိုးကို စက်တစ်ခုမှာ ချိတ်ထားလိုက်ပါတယ်။ ကိုယ်တစ်ယောက်ထဲဆွဲရတဲ့အခါ ရှိသလို လူအများနဲ့ဆွဲရတဲ့အခါလည်း ရှိပါတယ်။ ထူးခြားတာက အများနဲ့ဆွဲရတဲ့အခါ အားကို ၁၈% လျော့ပြီးဆွဲတယ်ဆိုတာပါ။ (Gym မှာ Grip Strength ကိုတိုင်းတဲ့စက်နဲ့ တိုင်းသလား မပြောတတ်ပါဘူး)Continue reading “အချောင်ခိုခြင်းနဲ့ စိတ်ပညာ”
လူတိုင်းမှာရှိသော်လည်း သေချာမသိတဲ့ မှတ်ဉာဏ်အမှားများ
ဦးနှောက်ကို မယုံဖို့အခါခါရေးခဲ့ဖူးပါတယ်။ အခုတစ်ခါတော့ မှတ်ဉာဏ်တွေကိုရော ယုံလို့ရလားဆိုတာ ရေးချင်ပါတယ်။ ခုချိန်မှာ ကိုယ့်ရဲ့ငယ်ဘဝကို စဉ်းစားလိုက်ရင် မှတ်မိတယ်လို့ ထင်စရာရှိပါတယ်။ အရာရာဟာ အစဉ်အတိုင်းပဲ ဖြစ်နေတယ်လို့ တွေးမိမှာပါ။ သူငယ်တန်းမှာ စပြီး ရင်ခုန်တတ်တယ်၊ ၁ တန်းတုန်းက ချော်လဲပြီး ခေါင်းပေါက်သွားတယ်၊ ၇ တန်းမှာ ဆရာမနဲ့ ပြဿနာအကြီးအကျယ်တက်ဖူးတယ် စသဖြင့်ပေါ့။ ဒါပေမယ့် ဒါတွေဟာ တကယ်မှန်ကန်လားဆိုတာ ပြောရခက်ပါတယ်။ ကိစ္စတစ်ခုကို ကိုယ်ထင်တဲ့ Version နဲ့ သူငယ်ချင်းတွေထင်တဲ့ Version ၂မျိုး သိသိသာသာ ကွဲလွဲနေတယ်လို့ ကျွန်တော်တို့ကို လာပြောကြတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့တွေရဲ့ မှတ်ဉာဏ်ကိုလာပြီး Challenge လုပ်မယ့်သူမရှိမရင် ဒါတွေကို မှန်တယ်လို့ပဲ တွေးမိနေမှာပါ။ တကယ်မှန်နေလား၊ မှားနေလားဆိုတာ သိနိုင်ဖို့တော့ ခက်ခဲပါတယ်။ ဒါပေမယ့်Continue reading “လူတိုင်းမှာရှိသော်လည်း သေချာမသိတဲ့ မှတ်ဉာဏ်အမှားများ”