Delusion, Hallucination နဲ့ Illusion တို့အကြောင်း

စိတ်ပညာအကြောင်းပြောကြတဲ့အခါ စကားလုံး ၃လုံးကို ကွဲကွဲပြားပြားသိဖို့လိုလာပါတယ်။ Delusion ဆိုတာဘာလဲ။Hallucination ကရော ဘာလဲ။Illusion နဲ့ရော ဘာကွာခြားသလဲ။ Delusion ဆိုတာ ဗမာလိုဆိုရင် ယုံမှားခြင်းလို့ဆိုကြပါတယ်။အယူအဆအမှားတခု အတွေးအခေါ်မှားတခုကို မှားယွင်းစွာယုံကြည်နေပြီး ဘယ်လိုမှအမှန်ပြင်မရတာကို Delusion လို့ဆိုပါတယ်။ Delusion ရနေတဲ့သူတွေက psychological disorder တွေနဲ့တွဲရှိနေတတ်ပါတယ်။အထူးသဖြင့် စိတ်ကစဥ့်ကလျားဖြစ်တဲ့ရောဂါ (Schizophrenia) သမားတွေက Delusion အမျိုးမျိုးရှိတတ်ကြပါတယ်။ ဥပမာ ငါက တကယ်တော့ စကြဝတေးမင်းအလောင်းအလျာပဲ… မင်းတို့အကုန်လုံးငါ့ကိုခစားကြဆိုပြီး လျှောက်ပြောနေတဲ့ စိတ်ဝေဒနာရှင်တွေက Delusion of grandiose ရနေတာပါ။ သူများတွေထက် မြင့်မြတ်တယ်၊ ပိုပြီးအစွမ်းထက်တယ်ဆိုပြီး နားထင်သွေးရောက်နေတဲ့သူတွေပါ။ Delusion of jealousy ဆိုတာကကျကိုယ့်ရဲ့အိမ်ထောင်ဖက် (သို့) ချစ်သူက ဖောက်ပြန်နေတယ်လို့ အမြဲတမ်းတွေးပြီး သစ္စာမရှိဘူးလို့ စွပ်စွဲနေတာမျိုးပါ။ပတ်ဝန်းကျင်က ဝိုင်းရှင်းပြလဲContinue reading “Delusion, Hallucination နဲ့ Illusion တို့အကြောင်း”

ရေစင်ရေမန်းတော်ကြီးနှင့် ယုံကြည်မှုကို ဂျင်းကုကုခြင်း

ဆေးပညာမှာ ယုံကြည်မှုကိုအခြေခံပြီး ကုသတဲ့နည်းနာတွေရှိပါတယ်။ အဲ့တာကို Placebo effect လို့ခေါ်ပါတယ်။ Latin စကားမှာတော့ placebo ဆိုတာ I shall be pleasing လို့ဆိုသတဲ့။ ကောင်းချီးပေးခံရတယ်… ကျေနပ်စေတယ်ဆိုတဲ့သဘောပေါ့။ ယုံကြည်မှုနဲ့ဆေးကုတာက တကယ်ရောသက်သာလားဆိုတော့ သက်သာတဲ့ သာဓကတွေရှိပါတယ်။ စမ်းသပ်မှုတခုမှာ ဒူးနာနေတဲ့ လူနာတွေကိုရှာပြီးအုပ်စု၂စုခွဲလိုက်တယ်။ ပထမအုပ်စုကို ဒူးနာပျောက်ဆေးလို့ရေးထားတဲ့ ပုလင်းထဲက ဆေးကိုလိမ်းပေးလိုက်တယ်။ နောက်တအုပ်စုကိုကျတော့ ဘာမှရေးမထားတဲ့ပုလင်းထဲက ဆေးကိုလိမ်းပေးလိုက်တယ်။ နောက်ထပ် နာရီအနည်းငယ်ကြာတော့ ပထမအုပ်စုက ဒူးနာသက်သာတဲ့သူများပြီး ဒုတိယအုပ်စုကတော့ တံဆိပ်မပါတဲ့ မဟုတ်တဲ့ဆေးတွေလိမ်းခိုင်းတယ်ဆိုပြီး ပိုတောင် ဒူးနာကြပါသတဲ့။ တကယ်တမ်းက အဲ့ဆေး ၂မျိုးလုံးက အတူတူပါပဲ။ဆေးမဟုတ်ဘဲ ရိုးရိုးဟင်းချက်ဆီတွေပါ။ ပုလင်းပဲကွာတာပါ။ ပထမအုပ်စုက ဒူးနာပျောက်ဆေးလို့ ယုံကြည်စွာနဲ့ လိမ်းတဲ့အခါ တကယ်လဲ နာတာသက်သာသွားပါတယ်။ ဒုတိယအုပ်စုကျတော့ ပြောင်းပြန်ပါ။Continue reading “ရေစင်ရေမန်းတော်ကြီးနှင့် ယုံကြည်မှုကို ဂျင်းကုကုခြင်း”

စိတ်ညစ်စရာတွေကြားထဲမှာ စိတ်ဖြေသာစရာနည်းလမ်းများ ၁၀၁

တနေ့တနေ့ မြင်နေကြားနေရတာတွေက စိတ်ညစ်စရာကောင်းလောက်အောင် ဖြစ်နေပြီလား? သင် motivation ပျောက်နေပြီလားMood ကျလိုက် ကျလိုက် ပိုကျလိုက်ဖြစ်နေပြီလား? ဘာလုပ်ရမှန်းမသိ…အနာဂတ်ပျောက် လမ်းပျောက်နေပြီလား? ဒါဆို စိတ်မပူပါနဲ့တော့။စာဖတ်သူတယောက်ထဲမဟုတ်ပါဘူး။ ကျနော်တို့အကုန် လမ်းပျောက်နေတာပါ။(ငိုသံနဲနဲထည့် ဖတ်ရန်) ဒါကိုအကုန် ဖြေရှင်းဖို့ နည်းလမ်းကို အခုပြောပြပေးသွားမှာ… မဟုတ်ပါဘူး။(ကျနော်လဲ အကုန်ဖြေရှင်းလို့ရမယ့်နည်းလမ်းကို မသိသေးပါ….သိခဲ့ရင်လက်တို့ခဲ့ကြပါဦး) ဒါဆို ဘာမှလဲမပြောမယ့် ကိစ္စကို စာတပုဒ် လုပ်ရေးနေတာလားပေါ့။ ဖတ်ရတာအချိန်ကုန်တယ်ဆိုပြီး ဆန္ဒမစောပါနဲ့ဗျာ။ သိပ်မကြာသေးခင်က ကျနော် နိုင်ငံဂျားမှာနေတဲ့ psychotherapist ဆရာမတယောက်ဆီက အကြံဉာဏ်တချို့ရခဲ့လို့ အဲ့ထဲက ကောင်းနိုးရာရာလေးတွေ ပြောပြချင်လို့ပါ။ ဖတ်ကြည့်လို့ အလုပ်ဖြစ်တယ် ကောင်းတယ်ထင်ရင် ယူသုံးကြည့်ပေါ့… နည်းလမ်းတိုင်းကတော့ သင့်အတွက် ဖြစ်ချင်မှဖြစ်မှာပါ။ ပထမဆုံးနည်းလမ်းကတော့ Know your limitations ပါ။ လူတိုင်းမှာ ကန့်သတ်ချက် အားနည်းချက်ရှိပါတယ်။Continue reading “စိတ်ညစ်စရာတွေကြားထဲမှာ စိတ်ဖြေသာစရာနည်းလမ်းများ ၁၀၁”

ဘာလို့ မျက်ခမ်းလှုပ်ရတာလဲ?

ကျနော်တို့ တခါတခါ မျက်ခမ်းသားလေးကလှုပ်လှုပ်တတ်လို့ တချို့ကလန့်တတ်ပါတယ်။ ဘာလို့လှုပ်တာလဲဆိုပြီး ဗေဒင်တွေမေးရ ၊ အတိတ်နိမိတ်ကောက်ရနဲ့ အလုပ်ရှုပ်တတ်ပါတယ်။ အပေါ်မျက်ခွံလှုပ်ရင်ဘာဖြစ်တာအောက်မျက်ခွံဆိုရင်ဘာဖြစ်တာ စသဖြင့်အယူတွေလဲရှိပြန်ပါတယ်။ ဒီနေ့မှာပြောပြမှာက ဆေးပညာအရ မျက်ခမ်းလှုပ်တာဘာလို့လဲဆိုတာ ရှင်းပြပါမယ်။ ဆေးပညာလိုတော့ မျက်ခမ်းလှုပ်တာကို Myokymia လို့ခေါ်ပြီး စိတ်နဲ့ထိန်းလို့မရဘဲ သူ့ဘာသာသူတချက်ချက်လှုပ်တာဖြစ်ပါတယ်။ အများအားဖြင့် တဖက်ထဲလှုပ်တတ်ပြီး အောက်မျက်ခွံက လှုပ်တာအများဆုံးကြုံရတတ်ပါတယ်။ ဘာလို့လှုပ်တာလဲ အတိအကျတော့မသိပေမယ့် အာရုံကြောစည်းချက်မမှန်ဘဲ တချက်ချက် spontaneous firing discharge တွေထုတ်လို့ဖြစ်တတ်ပါတယ်။ ဘာအကြောင်းတွေကြောင့် မျက်ခွံလှုပ်တတ်လဲဆိုတော့ ၁။ စိတ်ဖိစီးမှုများခြင်း Stress သိပ်များခြင်းက မျက်ခမ်းလှုပ်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းတခုပါ။ ၂။ ပင်ပန်းနွမ်းနယ်လွန်းတာ အလုပ်ပင်ပန်းတဲ့အခါ ၊ တနေ့ကုန်အလုပ်ရှုပ်ပြီးမောပန်းတဲ့အခါ မျက်ခွံလှုပ်တတ်ပါတယ်။ ၃။ အိပ်ရေးမဝတာ ညဖက်မအိပ်ရတာ ရက်ဆက်ဖြစ်လာရင်လဲ မျက်ခွံကစားတတ်ပါတယ်။ကော်ဖီသောက်တာများတာ ကဖင်းဓာတ်သောက်တာများထားရင်လဲ ဖြစ်တတ်ပါတယ်။Continue reading “ဘာလို့ မျက်ခမ်းလှုပ်ရတာလဲ?”

သင်ကြားဖူးလောက်မည်မဟုတ်သော ထူးထူးဆန်းဆန်း Phobia ၁၀ မျိုး

လူတမျိုး စိတ်တကိုယ်ဆိုကြသလို တယောက်နဲ့တယောက်အကြိုက်ချင်း မတူနိုင်ပါ။ ကြောက်တတ်ပုံချင်းလဲတူမည် မဟုတ်ပါ။ တခုခုကို စွဲစွဲလမ်းလမ်း ကြောက်ရွံခြင်းကို Phobia ဟုခေါ်ပြီး တချို့လူတွေက တစုံတခုကို အလွန်အကြူး ကြောက်လန့်တတ်ကြပါတယ်။ တခုခုကို ကြောက်တတ်တိုင်း Phobia လို့မခေါ်ပါ။အချိန်ကာလ ၆လကျော်အောင် ကြောက်နေ လန့်နေပြီး နေ့စဥ်ဘဝကိုအနှောင့်အယှက်ဖြစ်လောက်အောင် လွန်ကဲလာမှသာ Phobia လို့ခေါ်ပါတယ်။ ဒီနေ့မှာတော့ ထူးဆန်းတဲ့ Phobia 10 မျိုးကို ပြောပြပေးပါမယ်။ သင့်မှာရော ဘယ်လို Phobia တွေရှိနေမလဲ….ဖတ်ကြည့်ကြည့်ပါဦး။(အောက်တွင် ပုံများပါဝင်သဖြင့် အမှန်တကယ် Phobia တခုခုရှိပါက မကြည့်သင့်ကြောင်း ကြိုတင်သတိပေးပါရစေ) Alliumphobia ဒါက ကြက်သွန်ဖြူကိုကြောက်တဲ့ရောဂါပါတဲ့။ကြက်သွန်ဖြူကိုမကြိုက်ရုံတင်မဟုတ်ဘဲ မြင်တာနဲ့ တုန်နေအောင်ကြောက်တာမျိုး ၊ အနံ့ရတာနဲ့ အသက်မရူလောက်အောင် လန့်တာမျိုးဖြစ်တတ်ပါတယ်တဲ့။တချို့ကလဲ ဒီလိုကြက်သွန်ဖြူကိုကြောက်တတ်တာ Vampire အနွယ်ဝင်တွေမို့လို့ ကြောက်တာလို့လဲContinue reading “သင်ကြားဖူးလောက်မည်မဟုတ်သော ထူးထူးဆန်းဆန်း Phobia ၁၀ မျိုး”

Design a site like this with WordPress.com
Get started