Personality disorder အကြောင်း ပြောကြရာဝယ် (Part 1)

အောက်ပါအကြောင်းရာများသည် စာရေးသူဖတ်ရူနားလည်သလောက် ပြန်လည်တင်ပြခြင်းဖြစ်ရာ မိမိထက် တတ်သိနားလည်သောပညာရှင်များ အနေဖြင့်နားလည်သည်းခံ ထောက်ပြအကြံပြုနိုင်ပါသည်။ Personality ဆိုတဲ့စကားလုံးကို ဗမာလို ကိုယ်ရည်ကိုယ်သွေးလို့ ဘာသာပြန်ထားကြပေမယ့်အဓိပ္ပာယ်ကျယ်ပြန့်လှပါတယ်။ Personality ကို တချို့က“What makes you is your personality”လို့ဆိုပြီး သင့်ကို သင်လို့ သိသာစေတဲ့ ၊ ဖြစ်တည်စေတဲ့ ဝိသေသလက္ခဏာ အပြုအမူစိတ်ထား အားလုံးအကျုံးဝင်ပါတယ်။ သင်ဟာ ဘဝမှာ ပေါ့ပေါ့ပါးပါးနေထိုင်တတ်သူလား? အရာရာကို စိတ်ပူစိုးရိမ်ပြီး အတွေးများတတ်သူလား? အကောင်းမြင်တတ်သူလား? အဆိုးမြင်တတ်သူလား? စိတ်ဓာတ်ကြံ့ခိုင်ပြီး တော်ရုံမတုန်လှုပ်တတ်သူလား? တချိန်လုံး drama ဆန်နေတတ်သူလား? ဘယ်လို အကျင့်စရိုက်မျိုးပဲ ဖြစ်ဖြစ်အားလုံးဟာ သင့်ကိုယ်ပိုင် personality typeပါပဲ။ သင်ဟာသင်ပါပဲ။ သင့် personality ဟာ ဘယ်လောက်ပဲ ကောင်းကောင်း ဘယ်လောက်ပဲဆိုးဆိုး သင့်အတွက်တော့Continue reading “Personality disorder အကြောင်း ပြောကြရာဝယ် (Part 1)”

စိတ်ဓာတ်ကျခြင်း အနုပညာ . . .

ကျွန်​တော်​တို့ဟာ လူသား​တွေပါစိတ်​ဓာတ်​ကျတတ်​ကြပါတယ်​ ဘယ်​အချိန်​တွေမှာ စိတ်​ဓာတ်​ကျတတ်​ပါသလဲ ? လုပ်​ချင်​တာ မလုပ်​ရတဲ့အခါ . . . မလုပ်​ချင်​တာ လုပ်​ရတဲ့အခါ . . . ဖြစ်​ချင်​တာ မဖြစ်​လာတဲ့အခါ . . . မဖြစ်​ချင်​တာ ဖြစ်​လာတဲ့အခါ . . . အထက်​က အချက်​တွေထဲက တစ်​ခုခုကို တစ်​ယောက်​ယောက်​ဆီမှာ ထုတ်​ပြောလို့မရတဲ့အခါ . . . အထက်​က အချက်​တွေ​ကြောင့်​စိတ်​ဓာတ်​ကျ​နေပြီး ကိုယ်​စိတ်​ဓာတ်​ကျ​နေ​ကြောင်း တစ်​ယောက်​ယောက်​ဆီမှာ ထုတ်​ပြောလို့မရတဲ့အခါ . . . ကိုယ်​စိတ်​ဓာတ်​ကျ​နေတဲ့အ​ကြောင်း ထုတ်​ပြောသည့်​တိုင်​အနုတ်​လက္ခဏာ​ဆောင်​တဲ့ အပြုအမူ (Negative manner) ဖြင့်​တုန့်​ပြန်​ခံရတဲ့အခါ . . . ကျွန်​တော်​တို့ စိတ်​ဓာတ်​ကျတတ်​ကြပါတယ်​. . . စိတ်​ဓာတ်​ကျ​နေသူတစ်​ယောက်​ရဲ့Continue reading “စိတ်ဓာတ်ကျခြင်း အနုပညာ . . .”

“လိင်အင်္ဂါကျုံ့ဝင်သွားသောရောဂါဆန်း (သို့) Koro syndrome”

[သတိပေးချက်။ ။ အောက်ပါအကြောင်းရာများသည် လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်သော အသုံးနှုန်းများ အကြောင်းရာများ (adult contents & sensitive issues) ပါဝင်မည်ဖြစ်ရာအသက်မပြည့်သေးသူများနှင့် စိတ်နှလုံးအားနည်းမတည်ငြိမ်သူများ မဖတ်ရူသင့်ပါ။ဖတ်ရူလိုသူများကို အသိပေးလိုသည်မှာ ဤအကြောင်းရာများကို ဆေးပညာနှင့် စိတ်ရောဂါရူထောင့်မှ ရေးသားထားခြင်းဖြစ်ရာ မျိုးဆက်ပွားကျန်းမာရေးဗဟုသုတအဖြစ်သာ တွေးမြင်ဖတ်ရူပေးစေလိုပါသည်။ ] ကျနော်တို့လူသားများကို မိမိတို့နေထိုင်ရာပတ်ဝန်းကျင်ရဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာ အစဥ်အလာများ ၊ ဆိုရိုးစကား ယုံတမ်းပုံပြင်များက အနည်းနှင့်အများဆိုသလို လွှမ်းမိုးထားလေ့ရှိပါတယ်။ ဒီလို ပတ်ဝန်းကျင် ရိုးရာအဆိုအမိန့်တွေရဲ့ လွှမ်းမိုးမှုကြောင့် အချို့သော ကျန်းမာရေးပြဿနာများ ၊ အယူအဆလွဲများ မကြာခဏကြုံတွေ့ရတတ်ပါတယ်။ ကျနော်တို့ ငယ်ငယ်က ရောဂါဆန်းတမျိုးကို အရပ်ထဲမှာ တိုးတိုးတိတ်တိတ်ပြောကြတာ ကြားဖူးကြမှာပါ။ အဲ့ရောဂါကတော့ လိင်အင်္ဂါကျုံ့ဝင်ခြင်းရောဂါ (သို့)အရပ်အခေါ်အရ တိုနာရောဂါ ပဲဖြစ်ပါတယ်။ အရပ်စကားအရ ဒီရောဂါကို ခံစားရသူများဟာContinue reading ““လိင်အင်္ဂါကျုံ့ဝင်သွားသောရောဂါဆန်း (သို့) Koro syndrome””

ကျန်းမာချင်လား ငှက်ပျောသီးစား!

“An apple a day keeps the doctor away” ဆိုတဲ့ slogan လေးကို ကြားဖူးကြမှာပါ။ စားကြည့်တော့ သိပ်မထူးခြားဘူးဖြစ်နေလား??..ငှက်ပျောသီးပြောင်းစားကြည့်ပါလား! လေ့ကျင့်ခန်းလုပ်တာတို့ အချိန်မှန်မှန်အိပ်တာတို့က နှလုံးရောဂါ၊ လေဖြတ်တာတွေကို ကာကွယ်ဖို့နည်းလမ်းကောင်းတွေပါ။ ဒါပေမယ့် သင်စားတဲ့အစားအစာတွေကိုလဲ လျှော့မတွက်ပါနဲ့။ အမေရိကန်နိုင်ငံ အလာဘားမားတက္ကသိုလ်က သုတေသနသမားတွေလေ့လာထားတဲ့ စစ်တမ်းတစ်ခုအရ နေ့တိုင်းငှက်ပျောသီးစားပေးရင် နှလုံးရောဂါနဲ့ လေဖြတ်တာကို ကာကွယ်ပေးပါတယ်တဲ့။ သုတေသနကတော့ သွေးထဲမှာရှိတဲ့ ပိုတက်စီယမ်တွေက သွေးလွှတ်ကြောတွေနဲ့ သွေးလှည်ပတ်မှုအပေါ်ဘယ်လိုအကျိုးသက်ရောက်လဲ လေ့လာတာဖြစ်ပါတယ်။ သူတို့ရဲ့စစ်တမ်းအရ ‘ပိုတက်စီယမ်ဓာတ်’ နည်းနေတဲ့ကြွက်တွေရဲ့သွေးလွှတ်ကြောတွေက များနေတဲ့ကြွက်တွေရဲ့သွေးလွှတ်ကြောတွေထက် ပို မာနေတာကိုတွေ့ရပါတယ်တဲ့။ ပိုတက်စီယမ် များတဲ့ကြွက်တွေရဲ့ သွေးလွှတ်ကြောမကြီးကလဲ ပိုပြီးပျော့ပြောင်းပါတယ်တဲ့။ ၂၀၁၁ခုနှစ်က “Journal of American College of Cardiology” မှာ ဖော်ပြခဲ့တဲ့Continue reading “ကျန်းမာချင်လား ငှက်ပျောသီးစား!”

လူရဲ့စိတ်ကို ထိန်းချုပ်နိုင်သော Mind-controlling Virus အကြောင်း

အခုရေးသားမယ့် Virus ဟာ သူအသက်ရှင်ရပ်တည်ဖို့အတွက် လူရဲ့စိတ်ကိုပြောင်းလဲအောင် လုပ်ပစ်နိုင်တယ်။လူဟာ သေဆုံးတဲ့အချိန်အထိ Virus ရဲ့ထိန်းချုပ်မှုအောက်က ရုန်းမထွက်နိုင်တော့ဘူး။ ဒီ Virus အကြောင်းမပြောခင် Bacteria နဲ့ Virus ဘယ်လိုမတူလဲဆိုတာ အရင်ပြောပြချင်ပါတယ်။ အခုကာလမှာ COVID ဖြစ်ရင် ဒီစကားလုံး ၂လုံးကို ထည်လဲ ကြားရပါတယ်။ Virus ဝင်ပြီးရင် Secondary Bacterial Infection ဝင်တယ်ဆိုတာ ကြားဖူးကြမှာပါ။ ဒီ ၂ခုဝင်တာကို Infection ဝင်တယ်လို့ ရောပြီးခေါ်ကြပေမယ့် လက်တွေ့မှာ သူတို့ ၂ခုက အပုံကြီးကွာပါတယ်။ ပုံရဲ့အပေါ်ဘယ်ထောင့်မှာ သွေးနီဥနဲ့ Bacteria ကိုယှဥ်ပြထားပါတယ်။ ကျန်တဲ့ပုံတွေက Bacteria နဲ့ Virus ကိုယှဥ်ပြထားတာပါ။ ဘယ်လောက်သေးလဲဆိုတာ မြင်နိုင်မယ်ထင်ပါတယ်။ သူတို့က ဖြစ်တဲ့ရောဂါတွေဟာလည်း မတူကြပါဘူး။Continue reading “လူရဲ့စိတ်ကို ထိန်းချုပ်နိုင်သော Mind-controlling Virus အကြောင်း”

Design a site like this with WordPress.com
Get started