လူသားတို့၏ brain သည် ဘယ်တခြမ်း ညာတခြမ်းစီရှိပြီး ဘယ်ဖက် brain သည် ညာဖက် body ကိုထိန်းချုပ်၍ ညာဖက် brain ကမူ ဘယ်ဖက် body ကိုထိန်းချုပ်ထားသည်။ ဤသည်ကို ဆေးပညာအရ Contralateral control of the brain ဟုဆိုကြသည်။ အဘယ်ကြောင့် ဤသို့ ဘက်မတူသော body ကိုမတူညီသော brain ကထိန်းချုပ်နေရသနည်း။ အကြောင်းရင်းကတော့ brain မှဆင်းလာသော ခိုင်းစေသည့် output (motor) tracts များ နဲ့ brain သို့သွားသော အာရုံခံ (sensory) tracts များသည် တဖက်တချက်စီသို့ ဖြတ်သွားသောကြောင့်ဖြစ်ပါတယ်။ ဒါကို “Midline crossing” or “Decussation” ဟုခေါ်ပါတယ်။Continue reading “ဘာကြောင့် ဦးနှောဏ်တခြမ်းစီက ဘက်မတူသောခန္ဓာကိုယ်တခြမ်းစီကို ထိန်းချုပ်ရသနည်း?”
Tag Archives: ကျန်းမာရေးဗဟုသုတ
မိဘဘိုးဘွားတွေအတွက် ၁၀နှစ်အတွင်း နှလုံးသွေးကြောပိတ်နိုင်ချေ တွက်ပေးကြည့်ပြီးပြီလား?
မတွက်ပေးရသေးရင် တွက်ရမယ့်နည်းလမ်းလေးတွေကို အောက်မှာဖတ်ကြည့်ရအောင်! အသက်ရွယ်ကြီးရင့်လာသည့်နှင့်အမျှ နှလုံးရောဂါတိုက်ခိုက်ခံရနိုင်ချေ လေဖြတ်နိုင်ချေများ တစတစမြင့်မားလာပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ နှစ်စဥ် သေနှုန်းအမြင့်ဆုံးရောဂါမှာနှလုံးသွေးကြောကျဥ်း၍ နှလုံးကြွက်သားပုပ်သောရောဂါကြောင့်ဖြစ်ပါတယ်။ ဆယ်နှစ်အတွင်း နှလုံးသွေးကြောပိတ်၍ နှလုံးတိုက်ခိုက်ခံရနိုင်ခြေ(10 Years Atherosclerotic Cardiovascular Risk) ကို တွက်ချက်နိုင်ဖို့အတွက်အောက်ပါအချက်အလက်များထည့်သွင်းစဥ်းစားရပါတယ်။ -အသက် (Age)-ကျား/မ (Gender)-ဆီးချိုသွေးချိုရှိ/မရှိ (Diabetes)-ဆေးလိပ်သောက်ခြင်းရှိ/မရှိ (Smoking History)-အပေါ်သွေးပေါင်ချိန် (Systolic Blood Pressure)-ကိုယ်အလေးချိန်နှင့်အရပ်အချိုး (Body Mass Index) အထက်ပါအချက်အလက်များကိုအသုံးပြု၍ အောက်ပါဇယားထဲတွင် ဆန်းစစ်ကြည့်နိုင်ပါသည်။ အစိမ်းရောင်နှင့် အဝါရောင်အကွက်ထဲတွင်ကျရောက်ပါက လက်ရှိအချိန်တွင်နှလုံးသွေးကြောကျဥ်းနိုင်ချေနည်းပြီး လိမ္မော်ရောင်နှင့် အနီရောင်အကွက်ထဲတွင်ကျရောက်ပါက လက်ရှိအချိန်တွင် နှလုံးသွေးကြောပိတ်နိုင်ချေမြင့်မားသဖြင့် နီးစပ်ရာ ဆရာဝန်သမားတော်များနှင့် သွားရောက်ပြသပြီး ဆက်လက်စစ်ဆေးသင့်ပါသည်။ သင့်ထံတွင် ၂ပတ်အတွင်းစစ်ဆေးထားသော သွေးတွင်းအဆီဓာတ် ဆေးစစ်ချက်အဖြေများရှိပါက အောက်ပါ linkတွင်လဲသွားရောက်တွက်ချက်ကြည့်နိုင်ပါသည်။ https://tools.acc.org/ascvd-risk-estimator-plus/#!/calculate/estimate/ Thanks forContinue reading “မိဘဘိုးဘွားတွေအတွက် ၁၀နှစ်အတွင်း နှလုံးသွေးကြောပိတ်နိုင်ချေ တွက်ပေးကြည့်ပြီးပြီလား?”
ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 3)
ဒီအပိုင်းမှာတော့ လိုအပ်တဲ့စွမ်းအင်ကိုပြည့်မီအောင် ဘယ်လိုစားကြမလဲဆိုတာ ပြောပြပေးပါမယ်။ကိုယ်နေ့စဉ် သွားရည်စာအဖြစ်နဲ့ စားသောက်နေကြတဲ့ အာလူးကြော်၊ အအေး၊ မာလရှမ်းကော တို့မှာ calories ဘယ်လောက်ပါသလဲဆိုတာ သိသင့်ပါတယ်။အချို့အစားအစာတွေမှာ Calories ဆိုပြီးသေချာရေးထားပေမယ့် အချို့မှာတော့ ပါဝင်တဲ့ ပစ္စည်းများကိုသာ ဂရမ်နဲ့ရေးထားပါတယ်။ (ပြည်တွင်းဖြစ်မုန့်များမှာ တွေ့ရများတယ်) အထက်ပါ Label ပုံစံကိုကြည့်ပါ။ အားလုံးနဲ့ရင်းနှီးကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ထွေထွေထူးထူး မဖတ်မိကြတဲ့လူတွေလည်း ရှိနိုင်သလို၊ ဖတ်ပြီးသေချာနားမလည်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။Label မှာ Calories 250 ဆိုပြီး ခပ်ကြီးကြီးရေးပြထားပါတယ်။ ဒါဆို တစ်ထုတ်လုံးစားမှ 250 ပဲတက်မှာဆိုပြီး အထင်မစောစေလိုပါ။သူ့အပေါ်မှာ 6 servings per container လို့ရေးထားပါတယ်။ တစ်ထုတ်ကို ၆ခါစားစေဖို့ ရည်ရွယ်ထားတာဖြစ်တယ်။ 250 calories ဆိုတာ တစ်ခါစားကိုပြောတာပါ။၆ခါစာကို တစ်ထိုင်တည်းစားမိရင် 1500Continue reading “ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 3)”
ပိုးသတ်ဆေး Metro ကို လွဲမှားစွာသုံးကြခြင်းအန္တရာယ်
ဝမ်းပျက်ဝမ်းကိုက်တိုင်း ပိုးသတ်ဆေး Metro သောက်နေမိပါသလား? ဒါဆိုသင်သောက်လိုက်တဲ့ပိုးသတ်ဆေးက အာနိသင်မရှိဘဲ ဘေးထွက်ဆိုးကျိုးများစွာသာဖြစ်ပေါ်စေတဲ့အကြောင်းကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ဝမ်းကိုက်ခြင်းကိုဆေးပညာအရ Gastroenteritis (GE) လို့ခေါ်ပြီးရောဂါကြာချိန်ပေါ်မူတည်၍ရေတိုဝမ်းပျက်ခြင်း (Acute Gastroenteritis)နှင့် ကာလကြာရှည်ဝမ်းပျက်ခြင်း (Chronic Gastroenteritis) ဟု ၂မျိုးခွဲခြားထားပါတယ်။ ရောဂါကြာချိန်သည် ၂ပတ်အတွင်း ဖြစ်ပါက Acute GE ဟုသတ်မှတ်ပြီး ၂ပတ်ကျော်လာပါက Chronic GE ဟုသတ်မှတ်ထားပါတယ်။ ရေတိုဝမ်းပျက်ခြင်းတိုင်းသည် ရောဂါပိုးကြောင့်ဝမ်းပျက်ရခြင်းမဟုတ်ပါ။ တချို့သော ဝမ်းပျက်ရခြင်းတွေဟာ မတည့်တဲ့အစားအစာ၂ခုကိုတွဲစားမိလို့ (သို့) ဓာတ်မတည့်သည့်အဆိပ်များ (toxin) ပါဝင်သော အစာများကိုစားမိသောကြောင့်ဖြစ်တတ်ပြီး စားပြီးမကြာခင်မှာပဲ အော့အန်ဗိုက်နာဝမ်းသွားတာမျိုးခံစားရကာ အချိန်ခဏအတွင်းသူ့အလိုလို သက်သာသွားလေ့ရှိပါတယ်။မည်သည့်ပိုးသတ်ဆေးမျှသောက်စရာမလိုပါ။ ရောဂါပိုးကြောင့် ဝမ်းပျက်ဝမ်းလျှောကြတဲ့အခါ ဝမ်းပျက်စေတဲ့ပိုးအများစုဟာ ဗိုင်းရပ်စ် (Virus) တွေကြောင့်ဖြစ်ပြီး ပိုးသတ်ဆေး (Antibiotics) သောက်ရန်မလိုဘဲ ၁Continue reading “ပိုးသတ်ဆေး Metro ကို လွဲမှားစွာသုံးကြခြင်းအန္တရာယ်”
ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 2)
လူတိုင်း သင့်တော်တဲ့အစာကို ရွေးချယ်စားသုံးတတ်ဖို့ အရေးကြီးတယ်။ဒီအပြင် ကိုယ်တစ်နေ့ကို စွမ်းအင်ဘယ်လောက်လိုအပ်လဲဆိုတာ အကြမ်းဖျင်းသိသင့်ပါတယ်။နေ့စဉ်စွမ်းအင်ဘယ်လောက်လိုအပ်လဲ သေချာမသိရင် စွမ်းအင် အပို၊ အလိုများရှိနေနိုင်ပြီး ကိုယ့်ဆန္ဒမပါဘဲ ပိန်ခြင်း၊ ဝခြင်းများကိုဖြစ်စေနိုင်ပါတယ်။ကိုယ်နေ့စဉ်လိုအပ်တဲ့ စွမ်းအင် (Calorie) ပမာဏကို တွက်ချက်ပြီး စားသုံးနိုင်ရင် ပိုကောင်းတယ်။အဲ့တော့ တစ်နေ့စွမ်းအင်ဘယ်လောက်လိုအပ်လဲ ဘယ်လိုတွက်ကြမလဲ။ ကိုယ်အလေးချိန်ကိုသိရုံနဲ့ အောက်ပါဇယားကိုကြည့်ပြီး တွက်ချက်ကြည့်နိုင်ပါတယ်။ ဥပမာ သင်ဟာ 50kg (110 ပေါင်) ရှိတဲ့ အသက် ၁၈-၃၀ ကြားအမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုပါစို့။(14.7 x 50) + 496 = 1231 calories (အခြေခံလိုအပ်သော စွမ်းအင်) ပြီးရင် ကိုယ်ဘယ်လောက် ခန္ဓာကိုယ်လှုပ်ရှားမှုရှိလဲ တွက်ဆကြည့်ရမယ်။အထိုင်များတဲ့လူ – 0.2လမ်းအနည်းငယ်လျှောက်သူ (၂မိုင်ထက်မပို) – 0.3အထိုင်နည်းပြီး လှုပ်ရှားမှုများတဲ့သူ (စက်ဘီးနင်း၊ တင်းနစ်ကစား)Continue reading “ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 2)”