ခေါင်းစဥ်ကို စိတ်ဝင်စားအောင်ပေးထားတာဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ဒီလိုစိတ်ဝေဒနာမျိုးက ဗုဒ္ဓဘာသာတခုတည်းမှာကြုံရတာမဟုတ်ပါဘူး။ ဘာသာတရားတိုင်းမှာလိုလို ဘာသာရေးနဲ့ စိတ်အစွဲတွေရောပြီးဖြစ်တတ်တဲ့ စိတ်ရောဂါအုပ်စုကိုခြုံပြီးဆိုလိုချင်တာဖြစ်ပါတယ်။ အဲ့လိုဖြစ်တဲ့ရောဂါကို Scrupulosity လို့ခေါ်ပါတယ်။ ဘာသာရေးအရဖြစ်ဖြစ် ကျင့်ဝတ်အရဖြစ်ဖြစ်မသင့်လျော်တဲ့ ကိစ္စတွေကို တွေးမိ လုပ်ချင်မိတဲ့စိတ်ရောဂါဆန်းဖြစ်ပြီးတော့ OCD (Obsessive Compulsive Disorder) ရဲ့အခွဲရောဂါတခုပါပဲ။ OCD အကြောင်းကိုတော့ အောက်က link မှာဖတ်ကြည့်လို့ရပါတယ်။ https://ouo.io/JHL0t7 ဒီရောဂါကဘာဖြစ်တာလဲဆိုတော့ ဘုရားဆင်းတုတွေမြင်ရင် ဆဲချင်လာတာတို့၊ ဘုရားပုံတော်ကိုမြင်မိရင် လိင်ပိုင်းဆိုင်ရာအတွေးတွေဝင်လာတာတို့၊ ဘုရားနဲ့ ညစ်ညမ်းတဲ့ပုံတွေကိုတွဲမြင်နေတာတို့ စတာတွေပါဝင်ပါတယ်။ တခါတုန်းက facebook မှာ အဲ့အကြောင်းဝန်ခံထားတဲ့ post တခုတောင်ဖတ်မိပါသေးတယ်။Post ပိုင်ရှင်အမျိုးသမီးက သူ့စိတ်ကြောင့် သူစိတ်ညစ်ရပုံကို ရေးထားတာပါ။ သူရေးထားတာကိုမှတ်မိသလောက်ပြန်ပြောပြရရင် သူကဘာသာတရား လိုက်စားပါတယ်။ဒါပေမယ့် ဘုရားရှိခိုးနေရင်း ဘုရားကိုအာရုံပြုနေရင်း ညစ်ညမ်းတဲ့ပုံတွေနဲ့ ဘုရားကိုတွဲမြင်မြင်မိနေပါတယ်တဲ့။ သူကမကောင်းမှန်းသိပေမယ့် စိတ်ကလုံးဝဖျောက်လို့မရဘဲContinue reading “ဘုရားပုံတော်ကိုမြင်ရင် ပြစ်မှားချင်လာသော စိတ်အခြေအနေ”
Tag Archives: ကျန်းမာရေးဗဟုသုတ
ဖျောက်မရသောအစွဲများနှင့် Obsessive compulsive disorder (OCD)
အရင့်အရင် post တွေတုန်းက OCD အကြောင်းကို အနည်းငယ်ဖော်ပြဖူးပါတယ်။အခုတော့ တောင်းဆိုတဲ့သူတွေများလာလို့ OCD သီးသန့်ရေးပေးလိုက်ပါတယ်။ OCD ဆိုတာ စိတ်ဝေဒနာတမျိုးဖြစ်ပြီး Obsessive Compulsive Disorder လို့ခေါ်ပါတယ်။ သူ့အကြောင်းကို ၂ပိုင်းခွဲမြင်လို့ရပါတယ်။သူ့နာမည်အတိုင်းပဲ Obsessive အပိုင်းနဲ့ Compulsive အပိုင်းတို့ဖြစ်ပါတယ်။ Obsessive ဖြစ်တယ်ဆိုတာ အစွဲအလမ်းစိတ်တခုဖြစ်တာကိုဆိုလိုတာပါ။တနည်းအားဖြင့် အတွေးတခု ကိစ္စတခုကို စိတ်အာရုံထဲမှာဖျောက်လို့မရဘဲ ထပ်တလဲလဲတွေးမိနေတာမျိုးပါ။ ဥပမာ ညအိပ်ခါနီး ငါတံခါးတွေပိတ်ပြီးပြီလား… သူခိုးတွေဝင်လာရင်ဘယ်လိုလုပ်မလဲလို့ တွေးမိတာပါ။ ပုံမှန်လူဆိုရင် တခါတွေးမိမယ်။ တံခါးသွားပိတ်မယ်။ ပြီးရင် စိတ်ချလက်ချအိပ်မယ်ပေါ့။ OCD သမားကကျတော့ တွေးမိပြီး တံခါးသွားပိတ်လိုက်ပေမယ့် အိပ်ရာထဲရောက်ရင် ထပ်တွေးမိပြန်ပါတယ်။ ငါတံခါးပိတ်တာ သေချာရော သော့ခတ်မိရဲ့လားလို့ တွေးကာ နောက်တခါသွားစစ်ပြန်ပါတယ်။ တခါအိပ်ရာထဲရောက်ရင် တံခါးပိတ်ပြီးသလားကိုပဲထပ်တွေးမိပြန်ပါတယ်။ “ငါကိုယ်တိုင်သေချာပိတ်ခဲ့တာပဲလေ” လို့ဖြေတွေးတွေးလို့မရအောင်ကို ဖြစ်နေတာပါ။“နင်ကအမြဲContinue reading “ဖျောက်မရသောအစွဲများနှင့် Obsessive compulsive disorder (OCD)”
သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 3)
Part 1, 2 ကိုအောက်က link တွေမှာပြန်ဖတ်လို့ရပါတယ်။ သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)https://ouo.io/T2uFrk သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 2)https://ouo.io/r2xvHh ၆။ နေမကောင်းရင် ရေချိုးလို့မရဘူးဆိုတာဟုတ်လား? ဒီကိစ္စကလဲ အတော်ကို ဒွိဟဖြစ်စရာကိစ္စပါ။ဆရာဝန်တွေအချင်းချင်းမှာလဲ တယောက်တပေါက်ပြောနေကြတာ ကြုံဖူးမှာပါ။ လူတွေက သွေးနွေးသတ္တဝါတွေဖြစ်ကြပါတယ်။ ဆိုလိုတာက ပတ်ဝန်းကျင်က ပူပဲပူပူ အေးပဲအေးအေး body ထဲက အပူချိန်ကိုအများကြီးလိုက်မပြောင်းအောင် ထိန်းပေးထားပါတယ်။ အဲ့လိုထိန်းပေးတာက brain ကလုပ်ပေးတာပါ။ Brain က ကိုယ်အပူချိန်ကို 37°C (သို့) 98.6°F လောက်နားကိုပဲ အမြဲဖြစ်နေအောင်ထိန်းပေးထားပါတယ်။ ဖျားလာပြီ ကိုယ်ပူတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ယောင်ယမ်းမှုကိုဖြစ်စေတဲ့ chemical တွေထွက်လာလို့ပါ။ ဆေးပညာမှာတော့ proinflammatory cytokines လို့ခေါ်ပါတယ်။ အဲ့ဒီ chemicalContinue reading “သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 3)”
ဘီလူးစီးခြင်း (Sleep Paralysis) အကြောင်း
အိပ်နေရင်း တစ်ယောက်ယောက်က ကိုယ့်ကိုလာဖိပြီး လုံးဝ လှုပ်မရတာ၊ အော်နေလဲ အသံထွက်မလာတာ မျိုးကြုံဖူးကြမှာပါ။ဘီလူးစီးတယ်လို့ ခေါ်လေ့ရှိကြပါတယ်။ ကံနိမ့်လို့၊ မကောင်းဆိုးဝါးတွေ ရှိနေလို ကိုယ့်ကိုယ် လာဒုက္ခပေးတယ်လို့ ထင်လေ့ရှိကြတယ်။ ဒါပေမယ့် တကယ်က အဲ့လိုမဟုတ်ပါဘူး။ဆေးပညာမှာတော့ sleep paralysis လို့ခေါ်ပါတယ်။Sleep paralysis က sleep disorders ထဲမှာပါပါတယ်။ တော်တော်များများဖြစ်လေ့ဖြစ်ထရှိပြီး စိုးရိမ်စရာလဲ မလိုပါဘူး။ဘီလူးစီးတယ်ဆိုတာ တကယ်တော့ ခန္ဓာကိုယ်မနိုးခင် ဦးနှောက်က အရင်နိုးလာတဲ့သဘောပါ။ လူတွေ လှုပ်ရှားသွားလာဖို့ ခန္ဓာကိုယ်က ကြွက်သားတွေက ကျုံခြင်း၊ ဆန့်ခြင်းတွေ ပြုလုပ်ပေးရပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာတော့ အသက်ရှုဖို့လိုတဲ့ ကြွက်သားတွေကလွဲလို့ ကျန်တဲ့ကြွက်သားတွေက ပြေလျော့(relaxed state) နေပါတယ်။ ဦးနှောက်ကလဲ သိစိတ်မှာ မရှိတော့ပါဘူး။ခန္ဓာကိုယ်က ပြေလျော့နေပေမယ့် ဦးနှောက်က သိစိတ်ရှိလာတဲ့ အခါမှာတော့ ဘီလူးစီးခြင်းကိုContinue reading “ဘီလူးစီးခြင်း (Sleep Paralysis) အကြောင်း”
Detox လုပ်တာဟာ တကယ်ပဲ အသုံးဝင်လား?
မနေ့က Facebook ပွတ်ရင်းနဲ့ Detox လုပ်ဖို့ လိုကြောင်း ပြောနေကြတာတွေ့လိုက်လို့ ဒီစာကို ရေးဖို့အကြံရသွားတာပါ။ Detox က မြန်မာပြည်မှာ ခေတ်မစားဘူးလို့ ထင်ခဲ့ပေမယ့် ရှာကြည့်လိုက်တော့မှ တော်တော်များများရှိနေပါလားဆိုတာ သိလိုက်ရပါတယ်။ အဲ့တော့ Detox လုပ်တဲ့ဖျော်ရည်တွေ၊ ကပ်ခွာတွေ၊ ခြေထောက်စိမ်တဲ့ဟာတွေက ထိရောက်လားဆိုတာ ပြောပြချင်ပါတယ်။ Detox Foot Baths အကြောင်းပထမဦးဆုံး ပြောပြချင်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။ ဒီပုံအရ လုပ်ပြီး (After) ရေဟာ မလုပ်ခင် (Before) ရေထက် သိသိသာသာ မဲလာတာကို တွေ့ရမှာပါ။ ဒီတော့ တကယ်ပဲ ခန္ဓာကိုယ်က အဆိပ်တွေ (Toxin) ထွက်သွားတာလို့ ထင်စရာရှိပါတယ်။ Detox ကိုညွှန်းထားတဲ့ Interview တစ်ခုကို ပြောပြချင်ပါတယ်။ “ပထမဦးဆုံး စလုပ်တဲ့နေ့ကဆိုရင် ရေကContinue reading “Detox လုပ်တာဟာ တကယ်ပဲ အသုံးဝင်လား?”