သင်ကခေါက်ဆွဲပြုတ်ကြိုက်တဲ့သူဆိုရင် ဒီစာကသင့်အတွက်ဖြစ်ပါတယ်။ ကျနော်လဲခေါက်ဆွဲပြုတ်ကြိုက်တတ်သူမို့လို့ ခေါက်ဆွဲပြုတ်ကိုမကြာခဏစားလေ့ရှိပါတယ်။လူကြီးတွေကတော့ ခေါက်ဆွဲပြုတ်တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပြီး မစားခိုင်းတာ ခဏခဏကြားရမှာပါ။ လူကြီးတွေက ခေါက်ဆွဲခြောက်တွေမစားအောင် အမျိုးမျိုးခြောက်ကြပါတယ်။ ခေါက်ဆွဲပြုတ်တွေစားရင်ဘာဖြစ်တတ်တယ်… ညာဖြစ်တတ်တယ်… ဆိုပြီးပြောတတ်ပါတယ်။ ဒီ post မှာတော့ အဲ့လိုခြောက်လှန့်တဲ့စကားတွေက တကယ်မှန်မမှန် ပြောပြပေးသွားပါမယ်။ ၁။ ခေါက်ဆွဲခြောက်ထဲမှာ ဖယောင်းတွေပါတယ်။ ဒီသတင်းက social media မှာဘယ်သူစပြီးလွှင့်လိုက်သလဲမသိပေမယ့် လူတိုင်းစီကို ဒီသတင်းရောက်နေတာသေချာပါတယ်။ ခေါက်ဆွဲခြောက်တွေမကျိုးမကြေပဲ တောင့်တင်းနေအောင်၊ ကြာကြာအထားခံအောင် ဖယောင်းကိုအပြင်ကနေအုပ်ထားတယ်ဆိုပြီး ပြောကြတာပါ။ ဒါက သတင်းမှားတခုပါပဲ။နိုင်ငံတကာ FDA တွေရဲ့စမ်းသပ်ချက်တွေအရ ဖယောင်းပါတယ်ဆိုတာမဟုတ်ကြောင်း ပြောထားပြီးပါပြီ။ ခေါက်ဆွဲခြောက်စက်ရုံတွေကလဲ ဒီသတင်းကိုပြန်လည်ရှင်းပြထားပါတယ်။ ခေါက်ဆွဲခြောက်ကိုထုတ်လုပ်တဲ့နေရာမှာ ရေပါဝင်မှုနည်းအောင်လုပ်ရတဲ့အဆင့်တွေရှိပါတယ်။ ခေါက်ဆွဲခြောက်ကို ရေနည်းသွားအောင် ပေါင်းခံတာ၊ အခြောက်ကြော်တာ စတဲ့နည်းတွေနဲ့လုပ်လိုက်တဲ့အခါ ခေါက်ဆွဲခြောက်ကပုံသွင်းခံရသလိုဖြစ်ပြီး တွန့်လိမ်တဲ့ပုံစံဖြစ်သွားတာပါ။ မည်သည့်ဖယောင်းမှ တကူးတကသုံးထားတာမရှိပါဘူး။ တကယ်လို့များ ဖယောင်းပါတယ်ပဲထား…Continue reading “ခေါက်ဆွဲပြုတ်ကြိုက်သူများရဲ့ အိပ်မက်ဆိုး ၃ခုအကြောင်း”
Tag Archives: ကျန်းမာရေးဗဟုသုတ
ဇာတ်တူသားစားခြင်းအလေ့အထ
ဇာတ်တူသားစားတဲ့အလေ့အထကို Cannibalism လို့ခေါ်ပါတယ်။ Cannibalism က တိရစ္ဆာန်တွေထဲမှာတော့ မရှားပါးလှပါဘူး။ ရေနေသတ္တဝါတွေထဲမှာဆိုရင် အသားစားငါးများနဲ့ပုစွန်မျိုးစိတ်တချို့ဟာ ဇာတ်တူသားစားတတ်ကြပါတယ်။ ကုန်းနေရေနေသတ္တဝါထဲမှာဆိုရင် ဖားပြုတ်မျိုးနွယ်တွေနဲ့ အင်းဆက်ထဲမှာဆို ပင့်ကူမျိုးစိတ်တချို့က cannibalism နဲ့နာမည်ကြီးကြပါတယ်။ ဇာတ်တူသားစားတာကောင်းတဲ့အကျင့်လားဆိုရင် ဖြေရခက်ပါတယ်။ သဘာဝတရားကြီးက တချို့အကောင်တွေကို မျိုးစိတ်တူချင်းပြန်စားခွင့်ပေးထားပါတယ်။အသားစားတိရစ္ဆာန်တွေမှာပဲ တွေ့ရတာမဟုတ်ပါဘူး။အပင်စားတိရစ္ဆာန်တွေမှာလဲ ငတ်မွတ်ခေါင်းပါးလာတဲ့အခါ stress တွေပိလာတဲ့အခါ ပြန်စားတတ်တယ်လို့ဆိုပါတယ်။ အမဲလိုက်တတ်တဲ့တိရစ္ဆာန်တွေဆိုရင် အမဲလိုက်စရာတခြားတောကောင်တွေရှားပါးလာတဲ့အခါဖြစ်စေ၊ ကိုယ့်အမျိုးတွေသိပ်များလာတာတဲ့အခါဖြစ်စေ အုပ်စုအရေအတွက်လျော့ကျသွားအောင် ဇာတ်တူသားစားပြီး အမျိုးဖြုတ်ကြပါတယ်။ ဖားပြုတ်သားလောင်းလေးတွေမှာဆိုရင် မောင်နှမအချင်းချင်းပြန်စားတာပါ။ ဖားတပိုင်းငါးတပိုင်းလေးတွေက တကယ်လို့သူတို့ပေါက်ထားတဲ့ရေအိုင် ရေခမ်းခြောက်လာရင် အကုန်သေကုန်မှာဖြစ်ပါတယ်။ အဲ့လိုအကုန်အသေခံကြမယ့်အစား တချို့သားလောင်းတွေက အရွယ်အစားသေးတဲ့သားလောင်းတွေကို ပြန်စားပလိုက်ပါတယ်။အဲ့လိုစားလိုက်တဲ့အခါ အင်အားတွေတိုးလာပြီး တမုဟုတ်ချင်းကို အကောင်ကြီးလာပါတယ်။ အဲ့လိုခွန်အားသန်လာတော့မှ ရေခမ်းလာတဲ့အိုင်ကိုခုန်ကျော်ပြီး လွတ်ရာကျွတ်ရာကို ကူးခတ်သွားနိုင်တာပါ။ ဖားလောင်းအကုန်လုံး အသေခံမယ့်အစား ဇာတ်တူသားစားပစ်ပြီး ရှင်လို့ရသလောက်ရှင်ကြတဲ့သဘောပါ။ဒါကို survival cannibalismContinue reading “ဇာတ်တူသားစားခြင်းအလေ့အထ”
ဆံပင်အစောကြီးဖြူကုန်တာ စိတ်ဖိစီးတာနဲ့ဆိုင်လား?
ဆံပင်ဖြူပေါက်တာက အသက်ကြီးမှပေါက်တာလို့သိထားကြပေမယ့် တကယ်တမ်းတော့ လူငယ်တွေလဲ ဆံပင်ဖြူစောပေါက်တတ်ပါတယ်။ တချို့လူငယ်တွေဆို အသက်မကြီးသေးဘဲ ခေါင်းကတော်တော်ဖွေးနေပါပြီ။ အခုခေတ်မှာတော့ ဆံပင်ဆေးဆိုးလိုက်ရုံနဲ့ ခေါင်းဖြူတဲ့ပြဿနာကိုရှင်းလို့ရပေမယ့် ဆံပင်ဖြူစောစောပေါက်တဲ့အကြောင်းရင်းကိုလဲသိထားသင့်ပါတယ်။ ဆံပင်တချောင်းကို နက်မှောင်နေအောင် အရောင်ခြယ်ပေးထားတာက မယ်လနင် (melanin) လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းပါ။ မယ်လနင်ထုတ်ပေးတဲ့ဆဲလ်ကို Melanocytes လို့ခေါ်ပါတယ်။ Melanocytes တွေက ဆံပင်ရဲ့အမြစ်ထဲမှာရှိနေပြီးဆံပင်ကိုမည်းနေအောင်လုပ်ပေးပါတယ်။ Melanocytes တွေကလဲသက်တမ်းရှိပါတယ်။ သက်တမ်းပြည့်ရင် သေသွားတတ်ပါတယ်။ ဒါပေမယ့် Melanocytes တွေသေရင် ပြန်အစားထိုးပေးတဲ့ stem cell ဆိုတာကျန်ပါသေးတယ်။ ဒါကြောင့် ဆံပင်တွေက နှစ်တွေအကြာကြီး နက်မှောင်နေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာတော့ Melanocytes တွေလဲသေကုန်သလို stem cell တွေလဲနည်းလာတော့ မယ်လနင်ဓာတ်နည်းလာပြီး ဆံပင်တွေဖြူကုန်ပါတယ်။ ချက်ချင်းတန်းမဖြူသေးဘဲ မီးခိုးရောင်၊ ငွေရောင်၊ အဖြူနုရောင်၊ ဖွေးဖွေးဆွတ် စသဖြင့် အရောင်ပြောင်းလာပါတယ်။Continue reading “ဆံပင်အစောကြီးဖြူကုန်တာ စိတ်ဖိစီးတာနဲ့ဆိုင်လား?”
Delusion, Hallucination နဲ့ Illusion တို့အကြောင်း
စိတ်ပညာအကြောင်းပြောကြတဲ့အခါ စကားလုံး ၃လုံးကို ကွဲကွဲပြားပြားသိဖို့လိုလာပါတယ်။ Delusion ဆိုတာဘာလဲ။Hallucination ကရော ဘာလဲ။Illusion နဲ့ရော ဘာကွာခြားသလဲ။ Delusion ဆိုတာ ဗမာလိုဆိုရင် ယုံမှားခြင်းလို့ဆိုကြပါတယ်။အယူအဆအမှားတခု အတွေးအခေါ်မှားတခုကို မှားယွင်းစွာယုံကြည်နေပြီး ဘယ်လိုမှအမှန်ပြင်မရတာကို Delusion လို့ဆိုပါတယ်။ Delusion ရနေတဲ့သူတွေက psychological disorder တွေနဲ့တွဲရှိနေတတ်ပါတယ်။အထူးသဖြင့် စိတ်ကစဥ့်ကလျားဖြစ်တဲ့ရောဂါ (Schizophrenia) သမားတွေက Delusion အမျိုးမျိုးရှိတတ်ကြပါတယ်။ ဥပမာ ငါက တကယ်တော့ စကြဝတေးမင်းအလောင်းအလျာပဲ… မင်းတို့အကုန်လုံးငါ့ကိုခစားကြဆိုပြီး လျှောက်ပြောနေတဲ့ စိတ်ဝေဒနာရှင်တွေက Delusion of grandiose ရနေတာပါ။ သူများတွေထက် မြင့်မြတ်တယ်၊ ပိုပြီးအစွမ်းထက်တယ်ဆိုပြီး နားထင်သွေးရောက်နေတဲ့သူတွေပါ။ Delusion of jealousy ဆိုတာကကျကိုယ့်ရဲ့အိမ်ထောင်ဖက် (သို့) ချစ်သူက ဖောက်ပြန်နေတယ်လို့ အမြဲတမ်းတွေးပြီး သစ္စာမရှိဘူးလို့ စွပ်စွဲနေတာမျိုးပါ။ပတ်ဝန်းကျင်က ဝိုင်းရှင်းပြလဲContinue reading “Delusion, Hallucination နဲ့ Illusion တို့အကြောင်း”
ယုံရခက်တဲ့ စိတ်ရောဂါအဆန်းများ
စိတ်ဆိုတာ အလွန်ဆန်းကြယ်တဲ့ အရာတခုပါ။ စိတ်ကြောင့်ဖြစ်လာတဲ့ ရောဂါတွေကလဲ “မယုံစဖူး ကြုံဖူးမှသိ” လို့ဆိုရအောင် ထူးခြားလှပါတယ်။ ဒီ post မှာ စိတ်ရောဂါဆန်း တချို့ကို ရှာပြီးတင်ပေးလိုက်ပါတယ်။ ပထမဆုံး ရောဂါကတော့ Paris syndrome လို့ခေါ်ပါတယ်။ ဒီရောဂါကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပဲရစ်ကိုရောက်တဲ့ ခရီးသည်တွေက သူတို့ထင်ထားသလို ခမ်းနားတဲ့ ရှေးဟောင်းဆန်တဲ့ ပဲရစ်မြို့နဲ့ လက်တွေ့ဘဝထဲက ပဲရစ်မြို့ မတူတာကိုမြင်ပြီး culture shock တွေရ၊ စိတ်တွေကမှောက်ကမ ဖြစ်ကုန်တာပါ။ အထူးသဖြင့် အနောက်နိုင်ငံကိုအခုမှစရောက်ဖူးတဲ့ အရှေ့တိုင်းကခရီးသည်တွေမှာ အဖြစ်များပြီး ဂျပန်လူမျိုးတွေမှာ အတွေ့ရဆုံးဖြစ်ပါတယ်။ မျှော်လင့်ထားသလို တည်ငြိမ်တဲ့ ပဲရစ်မဟုတ်ဘဲ လူတွေပျားပန်းခတ်မျှရှုပ်ယှက်ခတ်ကာ ကားတွေပြည့်ကြပ်နေတတ်တဲ့ ပဲရစ်မြို့မှာ ခရီးပန်းတဲ့ဒဏ်နဲ့ စိတ်ဂယောင်ဂချားတွေဖြစ်ကုန်တာပါ။ စိတ်တွေမောလာပြီး ချွေးစီးတွေထွက်လာတာ၊ အထင်တွေလွဲမှားပြီး မမြင်ရ မကြားရတာတွေ မြင်နေသလိုContinue reading “ယုံရခက်တဲ့ စိတ်ရောဂါအဆန်းများ”