သုတေသနလုပ်ထားတယ်ဆိုတိုင်း ယုံလို့ရပြီလား?

လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်က ကျနော် Facebook မှာ ဖြည့်စွက်စာကြော်ငြာ post တခုတွေ့ပါတယ်။ သူက တွေ့နေကျ လူပိန်းကြော်ငြာတွေနဲ့မတူဘဲ ဘယ်ဟာတွေကို ဘယ်လိုသုတေသနလုပ်ထားတယ်။ ဘယ်လိုအဖြေထွက်တယ်။ ဘယ်လိုစမ်းသပ်ထားတာ ဘာတွေကောင်းတယ်ဆိုပြီးသုတေသနစာတမ်းတွေနဲ့ အတိအကျရေးပြထားတာပါ။ ရုတ်တရက် သာမန်ကာလျှံကာဖတ်ကြည့်ရင်တော့ တကယ့်ဆေးပညာရှင်ရေးထားသလိုပဲ အချက်အလက်နဲ့ရေးထားတာမို့ ယုံချင်စရာကြီးပါ။ နိုင်ငံခြား website link တွေပါထည့်ထားတော့ (ဘယ်သူမှလဲဝင်မဖတ်မှန်းသိလို့လားမသိ) တကယ်ပဲ သူရောင်းတာတွေက သုတေသနလုပ်ထားပြီးသား အကျိုးရှိတယ်လို့ပဲ တွေးမိမှာပါ။ ကျနော်ကိုယ်တိုင်လဲ ဝါနုခဲ့စဥ်က ယုံမိတော့မလိုဖြစ်ခဲ့ဖူးပါတယ်။ သူ့ page ကိုဝင်ကြည့်တော့လဲ တခြားဆေးနဲ့ပတ်သက်တာတွေကိုပါ ရေးပြထားတာတွေ့ရပါတယ်။ post တိုင်းလိုလိုကို သုတေသနအရ သုတေသနအရဆိုပြီး အပ်ကြောင်းထပ်နေအောင်ပြောထားပါတယ်။ စမ်းထားတဲ့ သုတေသနစာတွေကိုပါ ဝင်ဖတ်ပါဆိုပြီး link တွေထည့်ပေးထားပါတယ်။ အဲ့လိုအလားတူ post တွေမြင်ဖူးကြမှာပါ။ ဒါဆို မေးခွန်းလေးဖြေကြည့်ရအောင်။Continue reading “သုတေသနလုပ်ထားတယ်ဆိုတိုင်း ယုံလို့ရပြီလား?”

လက်တွေ့ဘဝထဲက ဂါလီဗာရဲ့ ခရီးစဥ်နဲ့ လီလီပုတို့တိုင်းပြည်

ကျနော် ကလေးဘဝတုန်းက ဂါလီဗာရဲ့စွန့်စားခန်းများပုံပြင်က အိပ်ရာဝင်ပုံပြင်ကောင်းတပုဒ်ဖြစ်ခဲ့ပါတယ်။ Gulliver’s Travels ဆိုတဲ့ လူတိုင်းကြားဖူးတဲ့ ပုံပြင်လေးက လက်တွေ့မှာရောတကယ်ဖြစ်နိုင်လောက်သလား။စိတ်ကူးယဥ်သက်သက်ပဲလားဆိုတာ ဆက်ဖတ်ကြည့်ရအောင်။ ပုံပြင်လေးအကျဥ်းလေးကတော့ ဂါလီဗာဆိုတဲ့ သင်္ဘောသားက သင်္ဘောပျက်ပြီး ထူးဆန်းတဲ့ကျွန်းကိုရောက်သွားပါတယ်။ အဲ့ကျွန်းကလူတွေကို လီလီပု (Lilliput) လို့ခေါ်ပြီး ဂါလီဗာနဲ့ ယှဥ်ရင်အလွန်သေးငယ်တဲ့လူလေးတွေဖြစ်နေပါတယ်။ ဂါလီဗာက လူကောင်အဆမတန်ကြီးနေတာမဟုတ်ဘဲ လီလီပုတွေကိုက အရမ်းသေးနေတာပါ။ ဂါလီဗာက လီလီပုတို့တိုင်းပြည်မှာနေရင်း အကူအညီတွေပေးခဲ့သလို လီလီပုတို့ကလဲ ဂါလီဗာ အိမ်ပြန်ဖို့ကူညီပေးခဲ့ပါတယ်။ ဂါလီဗာအိမ်ပြန်ရောက်တော့ လီလီပုတို့တိုင်းပြည်အကြောင်းပြောပြတော့ ဘယ်သူမှသူ့ကိုမယုံကြပါဘူးတဲ့။ စာဖတ်သူတို့ရော ဂါလီဗာပုံပြင်လေးက တကယ်ဖြစ်နိုင်တယ်လို့ထင်ပါသလား? ဆေးပညာအရ ဂါလီဗာပုံပြင်ထဲက ရောဂါက Alice in the Wonderland syndrome နဲ့ဆင်တူနေပါတယ်။ AWS လို့အတိုခေါ်တဲ့ Alice in the Wonderland syndrome ဆိုတာကိုယ့်အနားကလူတွေကContinue reading “လက်တွေ့ဘဝထဲက ဂါလီဗာရဲ့ ခရီးစဥ်နဲ့ လီလီပုတို့တိုင်းပြည်”

Fast Food များနှင့် မြန်မာပြည်

Fast Food ဆိုတာ အသင့်စားအစားအစာတွေမှန်း သိကြမှာပါ။ ဘာဂါ၊ ပီဇာကနေစလို့ အာလူးကြော်တွေအထိပါပါတယ်။ ဒါတွေကို မစားသင့်ဘူးဆိုတာ ခဏခဏကြားရလွန်းလို့ ရိုးအီနေလောက်ပါပြီ။ ဒါပေမယ့် စားမိနေသေးတဲ့လူတွေ အများကြီးပါ။ ကျွန်တော်လည်း တခါတခါ ဘာမှမဖြစ်ပါဘူးလေဆိုပြီး စားမိတာပါပဲ။ ဒီတော့ Fast Food တွေက ဘယ်လောက်ဆိုးလဲဆိုတာ ရေးပြချင်ပါတယ်။ (စားရင်းနဲ့ Guility ဖြစ်နေအောင်ပေါ့…) မစားခင်ကတည်းက လူတွေမှာ Cephalic Phase ဆိုတဲ့ စောင့်မျှော်နေတဲ့အဆင့်ရှိပါတယ်။ မုန့်ကို အနံ့ရတာ၊ မြင်တာနဲ့ တွယ်ဖို့ ခန္ဓာကိုယ်က ကြိုပြင်ထားတာပါ။ တံတွေးတွေပိုထွက်လာတယ်၊ ဗိုက်ကအသံပေးလာတယ်။ ဥပမာ သရက်သီးစိမ်းကို ငံပြာရည်၊ ငရုတ်သီးနဲ့နယ်ပြီး စားနေတာကို တွေးကြည့်ရုံနဲ့ သွားရည်ကျလာသလိုပေါ့။ ပါးစပ်ထဲကို Fast Food ရောက်ပြီဆိုတာနဲ့ ဦးနှောက်ရဲ့ ဆုပေးတဲ့နေရာContinue reading “Fast Food များနှင့် မြန်မာပြည်”

ဆေးပညာမှာ အထောက်အထား (Evidence) တွေကို ဘယ်လိုသတ်မှတ်ထားလဲ?

အခုတလော ခေတ်စားနေတဲ့ ကြက်သွန်ဖြူစားမယ်၊ အရွက်တွေလျောက်ရှုမယ်ဆိုတာတွေဟာ လွဲမှားကြောင်း Facebook မှာ တင်ပြီးပါပြီ။ ဒါပေမယ့် အဲ့လိုတုံးတိကြီးပြောလိုက်တော့ လက်မခံချင်တဲ့သူတွေရှိမှာပါ။ငါ့အမေတုန်းက ဟိုအရွက်ရှုတာ ပျောက်သွားတယ်၊ ငါ့အဖွားကိုတော့ Vitamin D တွေတိုက်လိုက်တာ ကောင်းသွားတာပဲ ဆိုတာမျိုး စောဒဂတက်ချင်ကြတဲ့သူတွေ ရှိမှာပါ။ ကျွန်တော်တို့ Page မှာဒီလိုတွေ လာမပြောသေးပေမယ့် အခြားသူတွေတင်တဲ့ စာတွေမှာတော့ ပြောနေကြတာ တွေ့ရပါတယ်။ လူတွေကလည်း ဟုတ်တယ်၊ မှန်တယ်ဆိုပြီး ဝိုင်း Share ကြတော့ Information အမှားတွေက သံသရာလည်နေပါတယ်။ Facebook ပေါ်မှာ သတင်းမှားတွေ Share ပြီး ဒုက္ခများနေရတဲ့ အသိုင်းအဝိုင်းတစ်ခု ရှိနေပါတယ်။ ဒီတော့ ကိစ္စတစ်ခုကို လက်လွတ်စပယ်မပြောခင် အထောက်အထားခိုင်လုံဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ပြောပြချင်ပါတယ်။ ဆရာဝန်တွေ ဆေးပေးတဲ့အခါ ပေးချင်သလိုပေးနေတယ်လို့Continue reading “ဆေးပညာမှာ အထောက်အထား (Evidence) တွေကို ဘယ်လိုသတ်မှတ်ထားလဲ?”

PMS နှင့် Mood Swing

PMS လို့ပြောလိုက်ရင် တော်တော်များများကြားဖူးကြပြီးသားဖြစ်မှာပါ။အများစုကတော့ ဒေါသထွက်တာမျိုး စိတ်အမျိုးမျိုး ပြောင်းတာမျိုးကို ပြေးမြင်ကြမှာပါ။တကယ်တော့ PMS ဆိုတာ Premenstrual syndrome လို့ခေါ်တဲ့ အမျိုးသမီးတွေ ရာသီမလာခင် ခံစားရတဲ့ လက္ခဏာတွေကို ဆိုလိုတာပါဓမ္မတာလာတဲ့ မိန်းကလေးတွေတိုင်းနီးပါးလိုလို ခံစားရတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ရာသီလာတဲ့ မိန်းမ ၄ ယောက်မှာ ၃ ယောက်လောက် ဟာ PMS ရှိကြတယ်လို့ဆိုကြပါတယ်။PMS က ရာသီမလာခင် တစ်ပတ် (သို့) နှစ်ပတ်လောက်မှာ စတတ်ပြီး ရာသီစလာရင် (သို့) ရာသီစပြီးနောက် ၄ ရက် အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ PMS မှာ mood swing အပြင် တစ်ခြား လက္ခဏာတွေပါပါတယ်ရင်သားနာခြင်း ဝက်ခြံတွေထွက်လာခြင်း ဗိုက်ပူလာခြင်း အချိုတွေစားချင်လာခြင်း စိတ်တိုလွယ်ခြင်း စိတ်ဓါတ်ကျခြင်း စသဖြင့်Continue reading “PMS နှင့် Mood Swing”

Design a site like this with WordPress.com
Get started