သင့်မျက်နှာပေါ်မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတနေရာရှိပါတယ်။ အဲ့နေရာက လူသိပ်မသိကြပေမယ့် ပိုးဝင်ခဲ့ရင် ဆိုးဆိုးရွားရွားဖြစ်တတ်ပြီး ဦးနှောက်ထဲအထိ ပိုးရောက်နိုင်ပါတယ်။ အခန့်မသင့်ရင် ပိုးဆိပ်သင့်ကာ အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ အဲ့နေရာလေးကို Danger area of the face လို့ခေါ်ပြီး အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားတဝိုက် တြိဂံပုံနေရာလေးဖြစ်ပါတယ်။ မျက်နှာပေါ်က အဲ့နေရာလေးရဲ့ သွေးပြန်ကြောတွေဟာ ဦးခေါင်းအတွင်းထဲမှာရှိတဲ့ Cavernous sinus လို့ခေါ်တဲ့ သွေးအိုင်နေရာနဲ့ တိုက်ရိုက်ဆက်သွယ်မှုရှိပါတယ်။ Cavernous sinus သွေးအိုင်လေးထဲမှာ အာရုံကြောမကြီး ၄ချောင်းနဲ့ သွေးလွှတ်ကြောမကြီး တချောင်းရှိပါတယ်။ အဲ့သွေးအိုင်ထဲကသွေးတွေက ဦးနှောက်နဲ့ ဦးနှောက်အမြှေးပါးဆီ သွားရောက်ဆက်သွယ်ထားပါတယ်။ ဒါကြောင့် ဝက်ခြံတို့ ၊ အပူနာတို့၊ မွေးကျွတ်နာ စတဲ့ အနာတွေ danger area မှာပေါက်လာရင် သန့်ရှင်းရေးကို အလွန်ဂရုစိုက်သင့်ပါတယ်။Continue reading “သတိပြုဖွယ် မျက်နှာပေါ်က Danger နေရာ”
Tag Archives: ကျန်းမာရေးဗဟုသုတ
စိတ်ညစ်စရာတွေကြားထဲမှာ စိတ်ဖြေသာစရာနည်းလမ်းများ ၁၀၁
တနေ့တနေ့ မြင်နေကြားနေရတာတွေက စိတ်ညစ်စရာကောင်းလောက်အောင် ဖြစ်နေပြီလား? သင် motivation ပျောက်နေပြီလားMood ကျလိုက် ကျလိုက် ပိုကျလိုက်ဖြစ်နေပြီလား? ဘာလုပ်ရမှန်းမသိ…အနာဂတ်ပျောက် လမ်းပျောက်နေပြီလား? ဒါဆို စိတ်မပူပါနဲ့တော့။စာဖတ်သူတယောက်ထဲမဟုတ်ပါဘူး။ ကျနော်တို့အကုန် လမ်းပျောက်နေတာပါ။(ငိုသံနဲနဲထည့် ဖတ်ရန်) ဒါကိုအကုန် ဖြေရှင်းဖို့ နည်းလမ်းကို အခုပြောပြပေးသွားမှာ… မဟုတ်ပါဘူး။(ကျနော်လဲ အကုန်ဖြေရှင်းလို့ရမယ့်နည်းလမ်းကို မသိသေးပါ….သိခဲ့ရင်လက်တို့ခဲ့ကြပါဦး) ဒါဆို ဘာမှလဲမပြောမယ့် ကိစ္စကို စာတပုဒ် လုပ်ရေးနေတာလားပေါ့။ ဖတ်ရတာအချိန်ကုန်တယ်ဆိုပြီး ဆန္ဒမစောပါနဲ့ဗျာ။ သိပ်မကြာသေးခင်က ကျနော် နိုင်ငံဂျားမှာနေတဲ့ psychotherapist ဆရာမတယောက်ဆီက အကြံဉာဏ်တချို့ရခဲ့လို့ အဲ့ထဲက ကောင်းနိုးရာရာလေးတွေ ပြောပြချင်လို့ပါ။ ဖတ်ကြည့်လို့ အလုပ်ဖြစ်တယ် ကောင်းတယ်ထင်ရင် ယူသုံးကြည့်ပေါ့… နည်းလမ်းတိုင်းကတော့ သင့်အတွက် ဖြစ်ချင်မှဖြစ်မှာပါ။ ပထမဆုံးနည်းလမ်းကတော့ Know your limitations ပါ။ လူတိုင်းမှာ ကန့်သတ်ချက် အားနည်းချက်ရှိပါတယ်။Continue reading “စိတ်ညစ်စရာတွေကြားထဲမှာ စိတ်ဖြေသာစရာနည်းလမ်းများ ၁၀၁”
CDC ရယ် WHO ရယ်နဲ့ Mask ကိစ္စ
ကိုဗစ်အရေးပြောကြတဲ့အခါ Mask တပ်တဲ့ကိစ္စကလဲ ပြည်သူတွေအကြား အငြင်းပွားစရာတွေဖြစ်ရပါတယ်။ မကြာသေးခင်က CDC (Centers for Disease Control and Prevention) က Mask ၂ထပ်တပ်ဖို့စတင်အကြံပြုလိုက်တော့ အတော်လေး အုတ်အုတ်ကြတ်ကြတ် ဖြစ်သွားကြပါတယ်။ Mask တထပ်နဲ့တောင် မကာနိုင်တော့ဘူး။ ပိုးကအခြေအနေသိပ်ဆိုးနေပြီဆိုပြီး အကုန်လန့်ကုန်ကြပါတယ်။ Mask တွေပြေးဝယ်ကြ ၊ ၂ထပ် တပ်ကြနဲ့ ပေါ့။ များမကြာခင်မှာပဲ ပို့စ်တခုထပ်တက်လာပါတယ်။ WHO က mask ၂ထပ်တပ်ဖို့ မပြောပါဘူးဆိုတဲ့ ခေါင်းစီးကြီး နဲ့ပေါ့။ အားလုံးကလဲ share ကြပြန်တာပေါ့။ တွေ့လား ငါပြောသားပဲ ပိုးကမဆိုးပါဘူးပေါ့။ Mask တထပ်ဆိုရပါပြီ ပြန်ဖြစ်ကြပြန်ပါတယ်။ အဲ့တော့ ဘယ်လိုတပ်ကြမှာလဲ… တထပ်ပဲတပ်မှာလား. ၂ထပ်တပ်ကြမလား။ CDC အမေရိကန်ဂိုဏ်းအတိုင်း လိုက်နာမှာလား?Continue reading “CDC ရယ် WHO ရယ်နဲ့ Mask ကိစ္စ”
Credit တလုံးဆောင်၍ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ကြသူများ
“Dr. Ariksan သည် အမေရိကန်နိုင်ငံ၊ ဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်နေသော ကိုဗစ်အထူးကုဆရာဝန်ကြီးဖြစ်သည်။ ဆရာဝန်ကြီးက ကိုဗစ်ရောဂါအတွက် အထူးလိုက်နာရန် အောက်ပါတို့ကိုလုပ်ဆောင်ဖို့ အကြံပြုထားသည်။ ဝင်ဖတ်ပါကသင်တယောက်ပဲသိမည်။Copy paste နဲ့ ပြန်တင်ပေးရင် အားလုံးသိမယ် \@€*•[€[•[\^|#$|@©£¿¿ ဘလာဘလာ ######ဘလာဘလာ######” အပေါ်ကစာမျိုးတွေ စာဖတ်သူတို့ ဘယ်နှခါလောက် share ပြီးကြပြီလဲ… အလားတူစာမျိုးတွေကိုရော copy paste ပြီး ဘယ်နှခါလောက်ပြန်တင်ပြီးကြပြီလဲ… အပေါ်ကစာကို ဖတ်တာနဲ့ တခါထဲတန်းယုံတော့တာပဲလား။ ဘာမှကိုမစဥ်းစားတော့ဘဲ ဆရာဝန်လို့ပြောထားတာနဲ့ နိုင်ငံခြားကလို့ပြောထားတာနဲ့ မျက်လုံးမှိတ်ယုံပြီး share လိုက်ကြတာပဲလား။ ကိုယ့်မိဘဆွေမျိုးတွေကိုရော ပြန်ပြောပြကြတာပဲလား။ ဒီခေတ်ကြီးထဲမှာ အကြောင်းအရာတခုမှန်မမှန်စစ်ရတာ သိပ်လွယ်ပါတယ်။ အင်္ဂလိပ်လိုဆယ်တန်းအောင်တယောက် level ဖတ်တတ်ရင်တောင် အတော်လေးရှာဖတ်ကြည့်လို့ရပါတယ်။ အဲ့လိုပြန်ရှာဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင် ယုံကြည်ရတဲ့ Page တွေ၊ Source သေချာတဲ့သူတွေရေးတဲ့ စာတွေContinue reading “Credit တလုံးဆောင်၍ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ကြသူများ”
လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 2)
(Part 1 ဖတ်ချင်ရင် ဖတ်နိုင်ပါတယ်) https://ouo.io/g62l4Y ခေါင်းစဉ်ကြည့်ပြီး လိမ်နေတာဖြစ်မယ်လို့ တွေးမိရင်တော့ လိမ်တာမဟုတ်ဘဲ တကယ်ပါလို့ ဦးစွာပထမ ပြောထားပါရစေ။ ဒါပေမယ့် စာဖတ်သူအတွေးမလွန်ခင် ဒါလေးတစ်ခုတော့ ကြိုပြောချင်ပါတယ်။ရောဂါဆိုမှတော့ မကောင်းတာလေးတွေလည်း ပါတာပေါ့။ ဒါပေမယ့် ကောင်းတဲ့အချက်တွေလည်း တပါတည်း ရှိနေတာကိုပြောချင်တာပါ။(ဒါကြောင့် quote, unquote ထည့်ထားတာပါ) ပြောတဲ့အခါမှာ ရောဂါအကြောင်း အကျဉ်းပဲပြောပါမယ်။ရောဂါလက္ခဏာတွေ၊ စစ်ဆေးတဲ့နည်းတွေ၊ ကုသတဲ့နည်းတွေကတော့ ဆေးကျောင်းသားတွေကို စာသင်နေတာမဟုတ်လို့ မပြောတော့ပါဘူး။ဒီလောက်ဆိုရင် ဆက်ပြောလို့ရပြီထင်ပါတယ်။ Myostatin-Related Muscle Hypertrophy ဒီရောဂါရှိဟာ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်တာပါ။ တော်တော်ရှားပါတဲ့ရောဂါပါ။ယောကျာ်းလေးတွေတော့ တော်တော်သဘောကျမှာပါ။ ဘာလို့လဲဆိုတော့ ဒီရောဂါဖြစ်ရင် ခန္ဓာကိုယ်မှာ အဆီဆဲလ် (Fat Cells) တွေနည်းသွားပြီး ကြွက်သားတွေ (Muscle) များလာလို့ပါ။ဘယ်လောက်တောင်များလာလဲဆိုရင် ပုံမှန်ရှိနေကျ ကြွက်သားထက် ၂ဆတောင်Continue reading “လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 2)”