ကိုယ့်ကို ဘယ်အရာက Trigger ဖြစ်စေလဲ?

နိဒါန်းတွေသိပ်ပြောမနေတော့ဘဲ ရေးလိုက်ပါတယ်။ သပိတ်လွယ်ငှက် (Robin) အထီးတွေဟာ သူတို့ပိုင်နက်ထဲကို တခြားအထီးတစ်ကောင်ဝင်လာရင် ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်ကြတယ်။ဝင်လာတဲ့အထီးရဲ့ ရင်ဘတ်ကအမွှေးအရောင်က တိုက်ခိုက်ရမယ်လို့ သိစေတာပါ။ (လိမ္မော်ရောင် ရင်ဘတ်မွှေးမြင်လိုက်ရုံနဲ့ Triggered ဖြစ်ပြီး ဒေါသူပုန်ထတာပေါ့…) ဒီတော့ ပညာရှင်တွေက သူ့ကို ရင်ဘတ်အမွှေးပဲ သွားပြလိုက်တယ်။ အကောင်အထည်မရှိပေမယ့် အဲ့ဒီအမွှေးကို တိုက်ခိုက်တာပဲ။ဒါနဲ့တမျိုးပြောင်းစမ်းကြပြန်တယ်။အမွှေးလိမ္မော်ရောင်မဟုတ်တဲ့ Robin ငှက်ပုံစံအရုပ်လေးကို သွားချပေးထားရင်တော့ ဘာမှမလုပ်ဘူး။ဒီအမွှေးကိုမြင်ရင် သူ ဒေါသထွက်တာသေချာသွားတယ်။ တိရစ္ဆာန်တွေမှာ အလိုအလျောက်တုံ့ပြန်မှု (Reflex) တွေရှိကြတယ်။သူတို့ဦးနှောက်ကသေးတော့ လူတွေလို အသေးစိတ်မစဉ်းစားနိုင်ဘဲ ဒါမြင်ရင် ဒါလုပ်၊ ဟိုဟာမြင်ရင် ဒါမလုပ်နဲ့ ဆိုတာမျိုး Instruction သီးသန့်ရှိကြတယ်။ရှေ့မှာ ရေးခဲ့ဖူးသလိုပဲ အန္တရာယ်ကြုံလာရင် တိရစ္ဆာန်တွေက ပြေးမလား၊ ပြန်ချမလား (Fight or flight) ရွေးကြပေမယ့် လူတွေကတော့ ဒီ ၂ခုထဲကတင်မဟုတ်ဘဲContinue reading “ကိုယ့်ကို ဘယ်အရာက Trigger ဖြစ်စေလဲ?”

သင် ကိုယ့်အကြောင်းကိုယ် ဘယ်လောက်သိပြီလို့ထင်ပါသလဲ။

ဒီ post ကို မဖတ်ခင် Id, Ego နဲ့ Superego အကြောင်းရေးထားတဲ့ post ကိုအရင်သွားဖတ်သင့်ပါတယ်။အောက်မှာ link တခါထဲထည့်ပေးလိုက်ပါတယ်။ သင့်ပခုံးထက်မှာ အမြဲရှိနေတဲ့ Angel တပါး နဲ့ Devil တကောင်အကြောင်းhttps://ouo.io/BVg03o သင့် ကိုယ်သင် မေးခွန်းတခွန်းပြန်မေးကြည့်ရအောင်။ သင့်အကြောင်း သင်ဘယ်လောက်သိထားလဲ။ သေချာတာတခုကတော့ ဘယ်သူမှ ရာနှုန်းပြည့် ကိုယ့်ကိုယ်ကို မသိကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသိစိတ်မှာ အဆင့် ၃ဆင့်ရှိနေလို့ပါ။ 1. Conscious mind (သိစိတ်)2. Preconscious or subconscious mind (တိမ်မြုပ်နေသော စိတ်)3. Unconscious mind (မသိစိတ်) ဆိုပြီး ၃ဆင့်ရှိနေပါတယ်။ ကျနော်တို့ တကယ်သိရတာက Conscious mind ဆိုတဲ့ အပေါ်ယံContinue reading “သင် ကိုယ့်အကြောင်းကိုယ် ဘယ်လောက်သိပြီလို့ထင်ပါသလဲ။”

ခံစားချက်များကို ကြိုးကိုင်ခြင်း

COVID-19 မြန်မာပြည်မှာဖြစ်တဲ့အခါ Lockdown ချဖို့သတင်းသဲ့သဲ့ကြားတော့ လူတွေ Market တွေကိုသွားပြီး ပစ္စည်းတွေရသလောက် ပြေးဝယ်ကြတာမှတ်မိဦးမှာပါ။City Mart ထဲဝင်ဖို့ လူတန်းရှည်ကြီးစောင့်ရတာ ကျွန်တော့အနေနဲ့ ဘဝမှာ ပထမဆုံးကြုံဖူးတာပဲ။အဲ့ဒီလို မဝယ်ဖို့တားလည်း မရပါဘူး။ Facebook ပေါ်မှာ အကြောက်တရားက အရမ်းကြီးသွားပြီကို…။ ၁၉၈၃ ခုနှစ်တုန်းက ပါလစ္စတိုင်းကောင်မလေးတစ်ယောက် စာသင်ခန်းထဲမှာ ချောင်းတွေဆိုး၊ အသက်ရှုတွေကြပ်ဖြစ်လာတယ်။အတန်းထဲကလူတွေလည်း သိပ်မကြာဘူး၊ သူ့လိုရောဂါလက္ခဏာတွေပြလာတယ်။စုစုပေါင်း လူ ၉၀၀ ကျော် ဒီလိုလက္ခဏာတွေပြလာခဲ့တယ်။ အဲ့ဒီအထဲမှာ အစ္စရေးစစ်သားတွေလည်းပါလာတယ်။ဒီလိုနဲ့ ပါလစ္စတိုင်းတွေက အစ္စရေးတွေကို Chemical လက်နက်သုံးတယ်လို့ စွတ်စွဲတယ်၊ အစ္စရေးကလည်း လံကြုတ်တွေဆိုပြီး ပြန်ပြောတယ်။တကယ်လည်း စစ်ဆေးကြည့်လိုက်ရော ဘာရောဂါမှ ရှိမနေကြဘူး။လက္ခဏာတွေက Psychosomatic လို့ဆိုတယ်။ စိတ်ကြောင့် ဖြစ်လာတာပေါ့။ ဒါကို Mass Hysteria လို့လည်း ခေါ်ကြတယ်။Continue reading “ခံစားချက်များကို ကြိုးကိုင်ခြင်း”

ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 2)

ပထမပိုင်းက အိပ်မက် ၁၀မျိုးကို အခု တခုစီ အဖြေရှာကြည့်ကြရအောင်။ အောက်မှာပြောပြမယ့် အိပ်မက်တွေရဲ့ message တွေက အများလက်ခံယူဆထားတဲ့ အယူအဆ (Freud theory) ပေါ်မူတည်ပြီး ဖွင့်ဆိုထားတာဖြစ်ပါတယ်။ သိပ္ပံနည်းကျ 100% မှန်ကန်မည်လို့တော့ အာမ မခံနိုင်ပါခင်ဗျ။ ၁။ အဆင်သင့်မဖြစ်သေးတဲ့ စာမေးပွဲတွေဖြေရတယ်လို့ မက်တတ်ကြပါတယ်။ လူတိုင်းလိုလို အဲ့လို အိပ်မက်တွေမက်ဖူးကြပြီး တယောက်နဲ့တယောက် စာမေးပွဲအမျိုးအစားမတူကြပါဘူးတဲ့။ ဥပမာ ဆယ်တန်းစာမေးပွဲဖြေဖူးတဲ့သူက ဆယ်တန်းကိုပြန်စွဲပြီး မက်ကြတယ်။ သရုပ်ဆောင်မင်းသားမင်းသမီးတွေဆို သရုပ်ဆောင်လူရွေးပွဲကိုမက်လေ့ရှိတယ်။ ဝန်ထမ်းတွေဆို အလုပ်ဝင်စာမေးပွဲ interview စတာတွေကိုမက်တတ်ပါတယ်။ မက်လိုက်တိုင်း အေးအေးဆေးဆေး စာမေးပွဲကိုမဖြေရတတ်ဘဲ စာတွေမေ့ကုန်တာ ၊ အချိန်မမှီတော့တာ ၊ interview ဆိုရင် ပြောရမယ့်စကားတွေမေ့ကုန်တာ ထစ်ကုန်တာ စတဲ့ အလွဲအချော်တွေပဲမက်လေ့ရှိပါတယ်။ ဒီလို အိပ်မက်တွေရဲ့Continue reading “ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 2)”

ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 1)

လူတွေဘာလို့ အိပ်မက်မက်ရတာလဲ။ အိပ်မက်မက်ခြင်းက အတိတ်ကဖြစ်ရပ်ကိုစွဲပြီးမက်ကြတာလား။ ဒါမှမဟုတ် မဖြစ်သေးတဲ့ အနာဂတ်ရဲ့ ရှေ့ပြေးနိမိတ်ပုံအနေနဲ့ အိပ်မက်မက်ကြတာလား။ အိပ်မက်ထဲက အရာတွေက ဘာအဓိပ္ပာယ်တွေရှိကြလဲ။ အမှန်ပြောရရင် သိပ္ပံပညာရှင်များအနေနဲ့ အပေါ်ကမေးခွန်းတွေကို ယနေ့တိုင် မဖြေနိုင်သေးပါဘူး။ လူတွေအိပ်ရင် ဘာလို့ အိပ်မက်မက်တာလဲ ကိုလဲ လေ့လာနေဆဲ အဖြေရှာနေဆဲပါ။ အိပ်မက်တွေနဲ့ပတ်သက်ပြီး စိတ်ပညာရှင်တွေကတော့ အယူအဆအမျိုးမျိုးရှိပါတယ်။ အိပ်မက်အယူအဆတွေထဲမှာ ဆရာကြီး Sigmund Freud ရဲ့ အယူအဆက တော်တော်လွှမ်းမိုးမှုရှိပါတယ်။ သူ့ယုံကြည်ချက်အရ လက်တွေ့ဘဝရဲ့ မပြည့်ဝသေးတဲ့ ဆန္ဒတွေ ၊ အတွေးတွေ ၊ ဖိနှိပ်ခံထားရတဲ့ ခံစားချက်တွေ ၊ ငုံလျှိုးနေတဲ့ စိတ်ကူးတွေ ထင်ဟပ်ပြီး အိပ်မက်မက်အနေနဲ့ ပေါ်ထွက်လာတာလို့ ဆိုပါတယ်။ Freud က အိပ်မက်တခုစီကို အနက်ဖွင့်တဲ့အခါ ၂ပိုင်းရှိတယ်လို့ ဆိုပါတယ်။Continue reading “ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 1)”

Design a site like this with WordPress.com
Get started