အလကားရရင် ရေတောင်သေအောင်သောက်တတ်တဲ့ စိတ်

ခေါင်းစဉ်အတိုင်းပါပဲ။ လူတွေကအလကားရတာကို မသိစိတ်ကဖြစ်စေ၊ သိသိကြီးနဲ့ဖြစ်စေ ပိုလိုချင်တတ်ကြပါတယ်။ City Mart မှာ Coffee တွေ Free တိုက်နေလား၊ တက္ကသိုလ်မှာ Promotion လုပ်ဖို့ အအေးတွေ Free ဝေနေလား… ဆိုတာ စိတ်ဝင်စားကြပြီး Free ဝင်တွယ်ချင်တဲ့စိတ်ခံလေးတွေတော့ ရှိကြပါတယ်။ ခုရေးမယ့်စာက စီးပွားရေးဆန်ပါတယ်။ ပစ္စည်းတစ်ခုကို အလကားရလိုက်တာဟာ ကိုယ့်အနေနဲ့ တော်တော်နေလို့ ကောင်းပါတယ်။ ဒါပေမယ့် “အလကား” ဆိုတာဟာ စျေးနှုန်းတစ်မျိုးပဲလို့ သတ်မှတ်လို့မရပါဘူး။ သူက Another Level တစ်ခုမှာရောက်နေတာပါ။ရှင်းအောင်လို့ စမ်းသပ်ချက်တစ်ခုနဲ့ ပြောပြချင်ပါတယ်။ စမ်းသပ်တာကတော့ ချောကလက်တွေကို အဆောက်အအုံတစ်ခုရှေ့မှာ ရောင်းတာပါ။ ချောကလက် အမျိုးအစား ၂မျိုးကို ၂ဆိုင်ခွဲပြီး ရောင်းပါတယ်။ တစ်ခုက Quality ကောင်းတဲ့အတွက် 15 centsContinue reading “အလကားရရင် ရေတောင်သေအောင်သောက်တတ်တဲ့ စိတ်”

ကြောက်တတ်တယ်ဆိုပြီး ဘာလို့သရဲကားပဲရွေးကြည့်နေကြတာလဲ?

လူတိုင်းလိုလို အကြောက်တရားရှိကြပါတယ်။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့အရာတွေကိုလဲ မရှောင်ကြပြန်ပါဘူး။ တည့်တည့်ကိုဝင်တိုးကြပါတယ်။ ကြောက်တတ်တယ်ဆိုပြီး ကြည့်သမျှရုပ်ရှင်ကသရဲကားတွေပါ။ (စာရေးသူလဲအဲ့လိုပါပဲ) သရဲကားရုံတင်ရင်ပြေးကြည့်လိုက်ရမှ ကျေနပ်ကြပါတယ်။ Happy world သွားရင်လဲ သရဲအိမ်တို့၊ သရဲရထားတို့ဆိုတာ လူကြိုက်များတဲ့နေရာတွေပါ။ ပြည်သူ့ရင်ပြင်ရောက်ရင်လဲ roller coaster ကိုကြောက်ကြောက်နဲ့ စီးလိုက်ရမှ၊ ပင်လယ်ဓားပြလှေကိုလဲ အလွတ်မပေးဘဲတက်စီးလိုက်ရမှ အိမ်ပြန်ကြသူတွေပါ။ ဒါဖြင့်ရင် လူတွေက ကြောက်ရတာကို တကယ်ပဲကြိုက်နေကြတာလား။ ကြောက်ရမှာကို မကြောက်ကြဘဲ ဘာလို့ထပ်ထပ်လုပ်ချင်နေကြတာလဲ။ ကမ္ဘာဦးလူသားတွေအတွက်ကတော့ နေ့စဥ်ဘဝကြီးက သားရဲအန္တရာယ်တွေနဲ့မို့ ကြောက်လန့်နေရချိန်များပါတယ်။ကြောက်လန့်တဲ့အခါ ခန္ဓာကိုယ်ထဲက sympathetic nervous system ဆိုတဲ့ စနစ်ကြီးကအသက်ဝင်လာပါတယ်။ အဲ့စနစ်က adrenaline ဆိုတဲ့ဟော်မုန်းတွေထုတ်ပေးလို့ ခန္ဓာကိုယ်က ချက်ချင်းပြောင်းလဲသွားပါတယ်။ အမြင်အာရုံတွေနိုးကြားလာတယ်။နှလုံးခုန်နှုန်းတွေမြန်လာပြီး အသက်ရှူသံတွေကျယ်လာတယ်။ကြွက်သားတွေဆီကိုသွေးများများရောက်လို့ ခွန်အားတွေပိုတက်လာတယ်။စွမ်းအင်တွေပြည့်လာသလိုခံစားရတယ်။ အဲ့ဒီအခါ အန္တရာယ်ကို ပြန် ချရင်ချ။မချနိုင်ရင်ထွက်ပြေးလို့ရအောင် bodyContinue reading “ကြောက်တတ်တယ်ဆိုပြီး ဘာလို့သရဲကားပဲရွေးကြည့်နေကြတာလဲ?”

သင့်ကိုဘလိုင်းကြီးအမြင်ကတ်နေတဲ့သူနဲ့ ခင်အောင်ပေါင်းနည်း

ဒီကိစ္စက ရပ်ကွက်ထဲမှာဆို ပိုသိသာပါတယ်။ ကိုယ်နဲ့လဲ စကားလဲမပြောဖူးတဲ့၊ သိလဲမသိတဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေက ဘလိုင်းကြီးလာလာ မျက်စောင်းထိုးနေတာပါ။ ဘာတွေများ စမုံတုံးအောင် အမြင်ကတ်အောင် နေခဲ့မိလို့လဲမသိပါဘူးဗျာ။ ကိုယ်ဖြတ်သွားရင် မျက်နှာလွှဲပစ်လိုက်တာတို့၊ ဘေးနားကလူက လက်ကုတ်ပြီး အတင်းတုတ်နေတာတို့ ကြုံဖူးသလားတော့မသိဘူး။ “ကျနော်တို့ရပ်ကွက်ထဲမှာဒီလိုပဲရှိတယ်… ကျနော်တို့ရပ်ကွက်ထဲမှာဒီလိုပဲ…” လို့ဆိုရအောင် ဘလိုင်းကြီး မျက်စိဆံပင်မွှေးစူးနေကြတဲ့သူတွေရှိမှာပါ။ ဒီ post မှာတော့ သင့်ကိုအမြင်ကတ်နေသူတွေ ဒါမှမဟုတ် သင်နဲ့အမြင်မကြည်တဲ့သူတွေကို ကိုယ့်ဖက်ပါလာအောင် ကိုယ်နဲ့တည့်လာအောင် စိတ်ကစားနည်းလေးပြောပြမှာပါ။ ဒီစိတ်လှည့်ကွက်လေးကို Benjamin Franklin effect လို့ခေါ်ကြပါတယ်။ Benjamin Franklin ဆိုတဲ့ပုဂ္ဂိုလ်ကြီးကတော့ အမေရိကန်ဒေါ်လာတစ်ရာတန်မှာပါတဲ့သူပါပဲ။ အမေရိကန်ရဲ့ခေါင်းဆောင်ဖခင်ကြီးတွေထဲက တယောက်ပေါ့။ ဒီ effect ကဘာလဲဆိုတော့“သင်က သင်သဘောကျတဲ့သူကိုပဲ ကူညီတယ်” ဆိုတာမဟုတ်ပါဘူးတဲ့။ “သင်ကူညီမိလိုက်တဲ့သူကို သဘောကျသွားတာပါ” တဲ့။ ရုတ်တရက်ဆိုကြောင်သွားလောက်ပါတယ်။Continue reading “သင့်ကိုဘလိုင်းကြီးအမြင်ကတ်နေတဲ့သူနဲ့ ခင်အောင်ပေါင်းနည်း”

Ex ကိုမမေ့နိုင်ခြင်းနောက်ကွယ်က စိတ်ပညာ

ခေါင်းစဉ်အကြောင်းကို တန်းမပြောခင် ကြိုသိထားသင့်တဲ့အရာတွေ ရှိပါတယ်။ စီးပွားရေးတော့ ဆန်ပါမယ်။ လူတွေရဲ့စိတ်အခံကို အရင်သိဖို့အတွက်တော့ ပြောရမှာပါ။ ပုလဲကုန်သည်တစ်ယောက်ကို တစ်နေ့မှာ လူတစ်ယောက်က စျေးကွက်မဝင်တဲ့ ပုလဲနက် (Black Pearl) တွေကို ရောင်းဖို့သူ့ကို လာကမ်းလှမ်းတယ်။ သူလည်း အဆွယ်ကောင်းလို့ လက်ခံလိုက်တယ်။ ဒါပေမယ့် ဝယ်လိုအားကမရှိတော့ ဘယ်လိုရောင်းရောင်းမထွက်သွားဘူး။ ပုလဲတွေက ခပ်ညိုညို၊ ခပ်ကြီးကြီးဆိုတော့ လူတွေက မကြိုက်ကြဘူး။ နောက်ဆုံးမှာတော့ သူနဲ့ခင်တဲ့ရတနာအရောင်းဆိုင်ဆီသွားပြီး ဒီပုလဲတွေကို စျေးကြီးကြီးနဲ့ တင်ရောင်းခိုင်းတယ်။ သတင်းစာတွေမှာလည်း ဘယ်လောက်လှကြောင်း ကြော်ငြာတာပေါ့။ ဒီလိုနဲ့ အစပိုင်းမှာ ဝယ်လိုအားမရှိတဲ့ ပုလဲနက်တွေက စျေးကွက်ဝင်သွားတယ်။Mark Twain ကတော့ “လူတွေပစ္စည်းတစ်ခုကို တန်ဖိုးထားစေချင်ရင် ရှားပါးအောင်လုပ်လိုက်ပါ” လို့ ပြောခဲ့ဖူးတယ်။ ငန်းဘဲပေါက်လေးတွေဟာ သူတို့ဥကထွက်လာပြီး ပထမဦးဆုံးမြင်တဲ့လှုပ်ရှားတဲ့အရာကို သူတို့အမေလို့ထင်ကြတယ်။ အဲ့ဒီအခါမှာContinue reading “Ex ကိုမမေ့နိုင်ခြင်းနောက်ကွယ်က စိတ်ပညာ”

အချောင်ခိုခြင်းနဲ့ စိတ်ပညာ

ကိစ္စကြီးကြီးမားမားတစ်ခုကို ပြီးမြောက်အောင် အချိန်တွေ၊ လုပ်အားတွေလိုပါတယ်။ ဒါပေမယ့် လူအင်အားတော့ များများစားစား သိပ်မလိုဘူး။ ဘာလို့လဲဆိုတော့ လူတွေဟာ အစုအဖွဲ့နဲ့ဖြစ်သွားရင် အချောင်ခိုတတ်တယ်လို့ ဆိုပါတယ်။ သာမန်အတွေးနဲ့ စဉ်းစားကြည့်ရင်တော့ အလုပ်များများကို မြန်မြန်ပြီးစေချင်ရင် လူများများသုံးရမယ်လို့ တွေးမိမှာပါ။ ဒါပေမယ့် လူတွေဟာ တစ်ယောက်တည်းအလုပ်လုပ်တာထက်စာရင် အဖွဲ့နဲ့အလုပ်လုပ်တဲ့အခါ ပိုပြီး အသားခိုတတ်တယ်လို့ လေ့လာမှုတွေအရတွေ့ရပါတယ်။ ဒါကို စမ်းသပ်ထားတာရှိပါတယ်။ လူတွေကို မျက်စိကို Blindfold လုပ်ပြီး လွန်ဆွဲခိုင်းတာပါ။ သူတို့စိတ်ထဲမှာတော့ တဖက်က အဖွဲ့နဲ့ပြိုင်ဆွဲနေရတယ်ထင်အောင် ကြိုးကို စက်တစ်ခုမှာ ချိတ်ထားလိုက်ပါတယ်။ ကိုယ်တစ်ယောက်ထဲဆွဲရတဲ့အခါ ရှိသလို လူအများနဲ့ဆွဲရတဲ့အခါလည်း ရှိပါတယ်။ ထူးခြားတာက အများနဲ့ဆွဲရတဲ့အခါ အားကို ၁၈% လျော့ပြီးဆွဲတယ်ဆိုတာပါ။ (Gym မှာ Grip Strength ကိုတိုင်းတဲ့စက်နဲ့ တိုင်းသလား မပြောတတ်ပါဘူး)Continue reading “အချောင်ခိုခြင်းနဲ့ စိတ်ပညာ”

Design a site like this with WordPress.com
Get started