ကြို့ထိုးတာကို လူတိုင်းကြုံဖူးတာမို့ တော်တော်စိတ်ရှုပ်စရာကောင်းမှန်းသိကြမှာပါ။ ဒါပေမယ့် ဘာလို့ ကြို့ထိုးရတာလဲ။ သဘာဝတရားကြီးက ဘာလို့ လူတွေ ကြို့ထိုးအောင်လုပ်ထားတာလဲ။ ကြို့ထိုးခြင်း (Hiccup) ဘာလို့ဖြစ်တာလဲဆိုတော့ Diaphragm လို့ခေါ်တဲ့ ဝမ်းခေါင်းထဲကကြွက်သားက သူ့အလိုလို တချက်တချက်ထထညှစ်တာပါ။ Diaphragm ဆိုတဲ့ကြွက်သားပြားကြီးက အသက်ရှူလို့ရအောင် လုပ်ပေးတဲ့ ကြွက်သားဖြစ်ပြီး ဗိုက်နဲ့ ရင်ခေါင်းကို ခြားထားပေးပါတယ်။ ကျနော်တို့ တခါတခါ မျက်ခွံလေးတွေ တဆက်ဆက်လှုပ်သလိုပဲ ဗိုက်ခေါင်းထဲက diaphragm ကြွက်သားကလဲတခါတခါ စိတ်နဲ့ထိန်းလို့မရဘဲ လှုပ်တဲ့အခါ ညှစ်တဲ့အခါ ကြို့ထိုးတယ်ဆိုတာဖြစ်လာတာပါ။ Diaphragm ကြွက်သားက ဘယ်နဲ့ညာဆိုပြီး ၂ခြမ်းရှိပါတယ်။ ကြို့ထိုးရင် အများအားဖြင့် တခြမ်းထဲကပဲ ကျုံ့လေ့ညှစ်လေ့ရှိပါတယ်။ အဲ့လို ကျုံ့လိုက် ညစ်လိုက်တဲ့အခါ ဗိုက်ထဲက လေတွေကအပေါ်ကို ပြန်ကန်တက်လာပြီး အစာပြွန်ထိပ်ကိုရောက်လာတယ်။ (လူတွင် အစာပြွန်က သပ်သပ်၊Continue reading “Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 1)”
Tag Archives: သိပ္ပံဗဟုသုတ
ဗုဒ္ဓက Physics မှာလက်ခံထားတဲ့ အခြေခံအမှုန်တွေ အကြောင်း ဟောခဲ့ဖူးလား?
ခု ရေးသားမယ့် ဘုရားအဟောများနှင့် တွက်ချက်မှုအချို့ကို ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ် ၁အုပ်မှ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။အတွေးအမြင်တစ်ခုရသွားမယ်လို့ မျှော်လင့်ပါတယ်။ စိတ်ရှင်းရှင်းထားပြီးဖတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဗုဒ္ဓက အခြေခံအမှုန်တွေကို ခွဲခြားရာမှာ Physics မှာလို ဂဏန်းတစ်ခုနဲ့ တန်းမပြောပါဘူး။ ခေါင်းက သန်းတစ်ကောင်ရဲ့အရွယ်ကနေ စံထားပြီး စပြောခဲ့ပါတယ်။တွက်ချက်ဖို့အတွက် သန်းတစ်ကောင်ကို ၁မီလီမီတာလို့ ယူပါတယ်။ ဦးခေါင်းက သန်းတစ်ကောင်ရဲ့ ၇ပုံ ၁ပုံဟာ လိက္ခာပိုးတစ်ကောင် (အရေပြားမှာ ယားနာဖြစ်စေတဲ့ပိုး)၁ မီလီမီတာ ÷ ၇ = ၀.၁၄၃ မီလီမီတာ လိက္ခာပိုးတစ်ကောင်ရဲ့ ၃၆ပုံ ၁ပုံဟာ ရထရေမြူ တစ်ခု (ဖုန်မှုန့် တစ်မှုန်ကို ပြောချင်တာပါ)၀.၁၄၃ မီလီမီတာ ÷ ၃၆ = ၀.၀၀၄ မီလီမီတာScience ကတော့ ဖုန်မှုန့်တစ်မှုန်ကို 5Continue reading “ဗုဒ္ဓက Physics မှာလက်ခံထားတဲ့ အခြေခံအမှုန်တွေ အကြောင်း ဟောခဲ့ဖူးလား?”
Drone အကြောင်း သိသမျှ (Part 3)
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒုက္ခပေးမယ့် drone ရှိတယ်ဆိုပါစို့၊ ဒီလိုအခြေအနေမျိုးမှာပေါ့။ ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်ပါသလဲ။ ဒါတွေကို မပြောခင် တော်တော်များများ ပြောလေ့မေးလေ့ရှိတာတွေကို ဖြေပါမယ်။ မေး။ ။ Drone ကို ဖုန်းက Bluetooth ဖွင့်ပြီး ဖျက်လို့မရဘူးလား။ဖြေ။ ။ မရပါဘူး။ Smart phone တွေကပေးနိုင်တဲ့ bluetooth က range လည်းတိုသလို drone နဲ့ controller ကြားထဲက ချိတ်ဆက်မှုကို ပြတ်တောက်သွားနိုင်လောက်အောင် အားမကောင်းပါဘူး။ မေး။ ။ ဒါဆို ဖုန်းတွေအားလုံး bluetooth ဝိုင်းဖွင့်မယ်လေ။ အဲ့တာဆို wave ကြီးကြီး range ကျယ်ကျယ်ရပြီး drone ကို ဖျက်ချလို့ရပြီပေါ့။ဖြေ။ ။ ပြောရမှာတော့ အားနာပေမယ့် ဒီနည်းလမ်းက ကလေးအတွေးလို့ပဲContinue reading “Drone အကြောင်း သိသမျှ (Part 3)”
Drone အကြောင်း သိသမျှ (Part 2)
ဒီတစ်ခေါက်မှာတော့ drone အခြေခံ သဘောတရား၊ drone တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ Drone တစ်ခုဟာ သဘောတရား ၃ မျိုးနဲ့ အလုပ်တွေကိုလုပ်ဆောင်ပါတယ်။ (၁) Fixed wing အမျိုးအစားတွေမှာ Bernoulli’s principle ကို အသုံးချပြီး တည်ဆောက်ထားတဲ့ တောင်ပံတွေနဲ့ လေထဲမှာ ပျံဝဲနိုင်အောင် လုပ်ဆောင်ပါတယ်။ Bernoulli’s principle အရ လေထုကို pressure နည်းအောင်လုပ်ခြင်းအားဖြင့် speed များအောင် စွမ်းဆောင်နိုင်ပါတယ်။ လေယာဥ် တောင်ပံတွေရဲ့ တည်ဆောက်ပုံမှာ တောင်ပံရှေ့ပိုင်း (leading edge) နဲ့ အနောက်ပိုင်း (trailing edge) ဆိုပြီးရှိပါတယ်။ တောင်ပံတွေရဲ့ အပေါ်ပိုင်းကို ခုံးထားခြင်းဖြင့် လေဟာ leadingContinue reading “Drone အကြောင်း သိသမျှ (Part 2)”
ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?
ဗုဒ္ဓရဲ့တရားတွေနဲ့ Science အကြောင်းရေးလာတာ ၄ပိုင်းရှိပါပြီ။ဒါကြောင့် ထွေထွေထူးထူး နိဒါန်းချီမနေတော့ပါဘူး။ စိတ်ရှင်းရှင်းထားပြီး ဖတ်ပေးဖို့ပဲ ပြောချင်ပါတယ်။ ဗုဒ္ဓက ကမ္ဘာမြေတည်နေပုံကို ဟောခဲ့ပါတယ်။“မြေထုနှင့်ရေထုကို လေထုကြီးက ပင့်မ သယ်ဆောင်ထားသည်။ ဤလေထုကြီး၏အောက်တွင် အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီးတည်ရှိသည်။ဤကမ္ဘာသည် အထက်ကောင်းကင်၊ အောက်ကောင်းကင် ၂ခုအကြားတွင် တည်ရှိနေသည်။ လေထုကသယ်ဆောင်ထားသောကြောင့် လေ၏သဘာဝအတိုင်း ရွေ့လျားမှုရှိနေမည်။လ စသော အခြားဂြိုလ်များကဲ့သို့ အာကာသတွင်းမှာ တွဲလွဲတည်ရှိနေသည်။ ဤကမ္ဘာမြေအောက်တွင် မီးဟုန်းဟုန်းတောက်လောင်နေသော သံမြေများ၊ ကျိုက်ကျိုက်ဆူပွက်နေသော ရေများ ရှိသည်။” Science နဲ့မချိတ်ခင် ဒီစာကို အရင်ရှင်းရမှာပါ။မြေထုနှင့်ရေထုကို လေထုက ပင့်ထားတယ်ဆိုတာ ဘယ်လိုကြီးလဲလို့ မေးစရာရှိပါတယ်။ တကယ်ဆို ပြောင်းပြန်ဖြစ်သင့်တာမဟုတ်ဘူးလား။ လေထုရဲ့အောက်မှာ အဆုံးမရှိတဲ့ကောင်းကင်ကြီး ရှိတယ်လို့ဆိုပါသေးတယ်။ ဒါကတော့ အာကသ (Space) ကိုပြောချင်တာပါ။ဒီတော့ ဒီစာကိုမြင်ကြည့်ရရင် မြေထုနဲ့ရေထု၊ သူ့အောက်ကContinue reading “ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?”